မြန်မာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၃ ဒသမ ၅) သန်းကျော်အထိ ရှိနေပြီဖြစ်ကြောင်း UNOCHA ဆို

400

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၀
မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၃ ဒသမ ၅) သန်းကျော်အထိ ရှိနေပြီဖြစ်ကြောင်း United Nations OCHA Myanmar မှ ဖေဖော်ဝါရီ ၁၉ ရက်တွင်အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဖြစ်ပေါ်လာခဲ့သည့်ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေသည် ခန့်မှန်းခြေအားဖြင့် (၃ ဒသမ ၅)သန်းကျော်အထိ စံချိန်တင်ကာ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများမြင့်တက်လာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အရပ်သားများအနေဖြင့် ပဋိပက္ခများအပြင် ဘေးအန္တရာယ်များ၊ ရောဂါများ၊ စားနပ်ရိက္ခာမလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်းနှင့် အရေးကြီးသည့် ပြည်သူ့ဝန်ဆောင်မှုများ ပုံမှန်မရရှိခြင်းများ အပါအဝင် အကျပ်အတည်းမျိုးစုံကို တပြိုင်နက်တည်း ရင်ဆိုင်လာရကြောင်း UNOCHA Myanmar က ဆိုထားသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူ ဦးရေမှာ ထိခိုက်မှုပြင်းထန်သော အခြားနိုင်ငံများထက်ကျော်လွန်ကာ ကမ္ဘာ့အများဆုံးဖြစ်ခဲ့ကြောင်း UNOCHA Myanmar က ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ (၄ ဒသမ ၂)သန်းအား အကူအညီပေးနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် လူသားချင်းဆိုင်ရာ လိုအပ်ချက်များအရ လူဦးရေ (၅ ဒသမ ၅)သန်းကို လူမှုဘဝကယ်ဆယ်ရေး အကူအညီပေးနိုင်ရန် ရည်မှန်းထားပြီး အမေရိကန်ဒေါ်လာ (၁ ဒသမ ၁) ဘီလျံ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version:
ျမန္မာတြင္ ျပည္တြင္းေနရပ္စြန႔္ခြာသူဦးေရ (၃ ဒသမ ၅) သန္းေက်ာ္အထိ ရွိေနၿပီျဖစ္ေၾကာင္း UNOCHA ဆို
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၀
ျမန္မာႏိုင္ငံတြင္ ျပည္တြင္းေနရပ္စြန႔္ခြာသူဦးေရ (၃ ဒသမ ၅) သန္းေက်ာ္အထိ ရွိေနၿပီျဖစ္ေၾကာင္း United Nations OCHA Myanmar မွ ေဖေဖာ္ဝါရီ ၁၉ ရက္တြင္အသိေပးထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစ၍ ျဖစ္ေပၚလာခဲ့သည့္ပဋိပကၡမ်ားေၾကာင့္ ျပည္တြင္းေနရပ္စြန႔္ခြာသူဦးေရသည္ ခန႔္မွန္းေျခအားျဖင့္ (၃ ဒသမ ၅)သန္းေက်ာ္အထိ စံခ်ိန္တင္ကာ ကာကြယ္ေစာင့္ေရွာက္ေရးဆိုင္ရာ စိုးရိမ္ဖြယ္ရာမ်ားျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အရပ္သားမ်ားအေနျဖင့္ ပဋိပကၡမ်ားအျပင္ ေဘးအႏၲရာယ္မ်ား၊ ေရာဂါမ်ား၊ စားနပ္ရိကၡာမလုံေလာက္မႈ၊ ေငြေၾကးေဖာင္းပြမႈ၊ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ား ပ်က္စီးဆုံးရႈံးျခင္းႏွင့္ အေရးႀကီးသည့္ ျပည္သူ႔ဝန္ေဆာင္မႈမ်ား ပုံမွန္မရရွိျခင္းမ်ား အပါအဝင္ အက်ပ္အတည္းမ်ိဳးစုံကို တၿပိဳင္နက္တည္း ရင္ဆိုင္လာရေၾကာင္း UNOCHA Myanmar က ဆိုထားသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံ၌ ေျမျမႇဳပ္မိုင္း ႏွင့္ ေပါက္ကြဲေစတတ္ေသာ စစ္လက္နက္မ်ားေၾကာင့္ ေသဆုံးသူ ဦးေရမွာ ထိခိုက္မႈျပင္းထန္ေသာ အျခားႏိုင္ငံမ်ားထက္ေက်ာ္လြန္ကာ ကမာၻ႔အမ်ားဆုံးျဖစ္ခဲ့ေၾကာင္း UNOCHA Myanmar က ဆိုသည္။
ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္အတြင္း လူဦးေရ (၄ ဒသမ ၂)သန္းအား အကူအညီေပးႏိုင္ခဲ့ၿပီး ၂၀၂၅ ခုႏွစ္ လူသားခ်င္းဆိုင္ရာ လိုအပ္ခ်က္မ်ားအရ လူဦးေရ (၅ ဒသမ ၅)သန္းကို လူမႈဘဝကယ္ဆယ္ေရး အကူအညီေပးႏိုင္ရန္ ရည္မွန္းထားၿပီး အေမရိကန္ေဒၚလာ (၁ ဒသမ ၁) ဘီလ်ံ လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။