ဘာသာရေးလွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံ(၂) (ဘာသာပြန်ဆောင်းပါး)

 120

ဖြိုးဝေလင်း (ပုသိမ်) NP News - ဖေဖော်ဝါရီ ၂၁

- ယခင်တစ်ပတ်မှအဆက် -

အမေရိကန်နိုင်ငံတွင် (၂၀ဝ၁) ခုနှစ် စက်တင် ဘာလ(၁၁) ရက်တွင်ဖြစ်ပွားသော(၉/၁၁) အကြမ်း ဖက်မှုအပြီး အမေရိကန်ဖက်ဒရယ်အစိုးရမှ ထုတ်ပြန်ဆောင်ရွက်သော PENTTBOM investigation, Absconder Apprehension Initiative, Closed Removal Proceedings, USA PATRIOT Act, Canada–U.S. Safe Third Country Agreement (STCA), Countering Violent Extremism (CVE) Programs, Visa Waiver Program Improvement and Terrorist Travel Prevention Act of 2015 တို့သည် မွတ်စလင်များ အပေါ်ပစ်မှတ်ထားကာ ခွဲခြားဆက်ဆံနေသဖြင့် နိုင်ငံတကာ နှင့် ပြည်တွင်းအဖွဲ့အစည်းများမှ ကန့်ကွက်ကြသော်လည်း ယခုထိတိုင် အသက်ဝင် ဆောင်ရွက်လျက်ရှိသေးသည်။ ထို့အတူ (၂၀ဝ၁) ခုနှစ်မှ (၂၀၂၄) ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၏ (၄၄) ပြည်နယ်များတွင်လည်း မွတ်စလင် ဆန့်ကျင် ရေးဥပဒေ၊ ဘာသာရေးဆိုင်ရာခွဲခြားခြင်း ဥပဒေ၊ အစ္စလာမ်ဘာသာရဲ့ဥပဒေစနစ်ဖြစ်သော ရှရီယာ ဥပဒေကို ဆန့်ကျင်သည့်ဥပဒေမူကြမ်း၊ မွတ်စလင် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များတားမြစ်သည့်ဥပဒေ မူကြမ်းစသည့် ဥပဒေမူ ကြမ်းပေါင်း (၂၃၃) ခုအား တင်သွင်းခဲ့ပြီး အသက်ဝင်ပြဋ္ဌာန်းခဲ့သည့်ဥပဒေပေါင်း (၇၇) ခု ရှိနေပြီဖြစ်သည်။
ပါကစ္စတန်နိုင်ငံ Rawalpindi မြို့တွင်လည်း ယခုနှစ် ဇန်နဝါရီ (၂၅) ရက်တွင် အစ္စလာမ်ဘာသာ ရေးပုဂ္ဂိုလ် တွေနှင့် ကုရ်အာန်ကျမ်းတို့ကို ဆိုရှယ်မီဒီယာပေါ်မှာ စော်ကားမှုတို့အတွက် လူလေးဦးကို ပါကစ္စတန်တရားရုံးက သေဒဏ်ချမှတ်ခဲ့သည်။ သေဒဏ်ချ မှတ်မှုအပြင် ဒေါ်လာ (၁၆၅၀ဝ)နှင့် ညီမျှသည့် ရူပီး (၄.၆) သန်းကို ဒဏ်ငွေအဖြစ် ချမှတ်ခဲ့သေးကြောင်း ဖော်ပြခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အစ္စလာမ်ဘာသာ အား နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းထားသော ပါကစ္စတန်နိုင်ငံ ၏ ရာဇာသတ်ကြီး ပုဒ်မ (၂၉၅) မှ (၂၉၈) သည် နိုင်ငံတော်ဘာသာနှင့် နိုင်ငံတော် ဘာသာဝင်တို့ကို စော်ကားမှုများ အတွက် ချမှတ်မည့် ပြစ်ဒဏ်များဖြစ်ပြီး ပုဒ်မ (၂၉၅)(ဂ)တွင် တမန် တော်အား ကဲ့ရဲ့ရှုတ်ချပြောဆိုပါက သေဒဏ်ထိချ မှတ်နိုင်ကြောင်း ဖော်ပြထားသည်။ ပုဒ်မ ၂၉၈ (ခ) နှင့် ၂၉၈ (ဂ) တို့တွင် Ahmadiyya မွတ်စလင်များကို မွတ်စလင်များ အဖြစ်သတ်မှတ်ခြင်းနှင့် ၎င်းတို့၏ ကိုးကွယ်ယုံကြည်မှုကို ကျင့်သုံးခြင်းမှ ထိရောက်စွာ တားမြစ်ထားသည်။
ICCPR အဖွဲ့ဝင်ဖြစ်သည့် အီရန်နိုင်ငံသည် အချို့သော အရှေ့အလယ်ပိုင်းနိုင်ငံများနည်းတူ အစ္စလာမ် မဟုတ်သည့် သာသနာပြုအဖွဲ့များအား လက်မခံခြင်း၊ နိုင်ငံတွင်း မွတ်စလင်ဘာသာမှ အခြား ဘာသာသို့ကူးပြောင်း ခွင့်မပြုခြင်းစသည်တို့ကို ဆောင်ရွက်သည့်အပြင် (၂၀၂၄) ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်တွင် မလေးရှားနိုင်ငံတွင် နှစ်ခြင်းခံယူလာသော အီရန်အမျိုးသမီး Ms. Laleh Saati အား ဖမ်းဆီးခဲ့ပြီး နိုင်ငံ၏ပြင်ပတွင် ဘာသာကူးပြောင်းလာမှု ကြောင့် ထောင်ဒဏ် (၂) နှစ် နှင့် ပြည်ပသို့ထွက်ခွာခွင့် (၂) နှစ် ပိတ်ပင်လိုက်ကြောင်းသိရှိရသည်။
ဘရူနိုင်းနိုင်ငံတွင် မွတ်စလင်တစ်ဦးသည် မိမိ ကိုယ်မိမိ မွတ်စလင် မဟုတ်တော့ပါဟု ကြေညာခြင်း (ဘာသာမဲ့အဖြစ်ကြေညာခြင်း / ဘာသာကူးပြောင်း ခြင်း)၊ ဘာသာကူးပြောင်းကြောင်း သက်သေ အထောက် အထားရှိ ခြင်း၊ ဘာသာကူးပြောင်းကြောင်း ဖော်ပြနိုင်သူ သက်သေ (၂) ဦးရှိပါက Shariah penal code order (၂၀၁၃) ပုဒ်မ (၁၁၂) အရ သေဒဏ်ကျခံရမည်ဟုဖော်ပြထားသည်။
ဘာသာရေးလွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံ
ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘာသာရေးလွတ်လပ် ခွင့်ကို UN Special Rapporteur on Freedom of Religion or Belief, European Union Agency for Fundamental Rights (FRA), Amnesty International? Human Rights Watch, Freedom House, U.S. Department of State – Office of International Religious Freedom, Pew Research Center – Religion & Public Life, နှင့် United States Commission on International Religious Freedom (USCIRF) ကဲ့သို့အဖွဲ့များက စောင့်ကြည့်လေ့လာကြပြီး နှစ်စဉ်အစီရင်ခံစာများထုတ်ပြန်လေ့ရှိသည်။ ထုတ်ပြန်သည့် အဖွဲ့အစည်းများသည် နိုင်ငံတစ်ခု၊ အုပ်စုတစ်ခု၏ ဩဇာခံများဖြစ်ကြသဖြင့် ၎င်းတို့ ထုတ်ပြန်သည့် အစီ ရင်ခံစာများတွင် ဘက်လိုက်မှုများ၊ တဖက်စောင်းနင်း စွပ်စွဲချက်များရှိနေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
သို့သော်လည်း ထိုစွပ်စွဲချက်များအပေါ် ပြန်လည်ချေပမှသာလျှင် နိုင်ငံတော်၏ ပုံရိပ် ပြန်လည်မြင့် တက်လာ မည်ဖြစ်သည်။ (၂၀၂၄) ခုနှစ်၊ အောက်တို ဘာ (၃၁) ရက်တွင် (USCIRF) မှ ထုတ်ပြန်သော မြန်မာနိုင်ငံတွင်း ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံအား ‘အထူးစိုးရိမ်ရ သည့်နိုင်ငံစာရင်း’ သို့မဟုတ် Countries of Particular Concern (CPC) အတွင်းသို့ ဆက်လက်ထည့်သွင်းရန် အကြံပြုထားသည်။ မြန်မာနိုင်ငံအား CPC စာရင်းထဲသို့ ထည့်သွင်းခဲ့သည့်မှာ (၁၉- ၉၉) ခုနှစ်ကတည်းမှဖြစ်သည်။ ဘာသာရေးလွတ် လပ်ခွင့်နှင့်ပတ်သတ်၍ နိုင်ငံသတ်မှတ်ချက်များကို အမေရိကန်သမ္မတမှ ပြဋ္ဌာန်းရာ ပထမအဆင့်အနေဖြင့် “အထူးစောင့်ကြည့်ရမည့်စာရင်း” Special Watch List (SWL) ၊ ဒုတိယအဆင့်အနေဖြင့် ‘‘အထူးစိုးရိမ်ရသည့်နိုင်ငံစာရင်း” Countries of Particular Concern (CPC) ၊ တတိယအဆင့် အနေဖြင့် “လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှု ကျုးလွန်သည့်နိုင်ငံစာရင်း” Genocide & War Crimes Watch List စသဖြင့် အဆင့် (၃) ဆင့် ခွဲ ခြားထားသည်။
မြန်မာနိုင်ငံ၏ဘာသာရေးလွတ်လပ်ခွင့်နှင့် ပတ်သတ်၍ လေ့လာကြည့်သောအခါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ပုဒ်မ (၃၆၁) ပါ ဗုဒ္ဓဘာသာအား ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့်ဘာသာသာသနာအဖြစ် နိုင်ငံတော်ကအသိ အမှတ်ပြုခြင်း၊ လူနည်းစုကိုးကွယ်ရာ ဘာသာရေးအဆောက်အအုံ နည်းပါးခြင်း နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် ကိုးကွယ်သည့်ဘာသာ ထည့်သွင်းခြင်း၊ ဘာသာခြားများအပေါ်ခွဲခြားဆက်ဆံခြင်းနှင့် (၁၉၈၂) မြန်မာနိုင်ငံသားဥပဒေ စသည့် အချက်များအပေါ်အသုံးပြု၍ အစဉ်အမြဲစွပ်စွဲထား သည်ကိုတွေ့ရသည်။
ဗုဒ္ဓဘာသာအား ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာအဖြစ် နိုင်ငံတော်က အသိ အမှတ် ပြုခြင်းနှင့်ပတ်သက်၍ ရှင်းလင်းရလျှင် ကမ္ဘာ့နိုင်ငံပေါင်း (၁၉၅) နိုင်ငံတွင် နိုင်ငံတော်ဘာသာ သတ်မှတ်ထားရှိသော နိုင်ငံပေါင်း (၄၄) နိုင်ငံရှိပြီး အစ္စလာမ်ဘာသာအား နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသည့်နိုင်ငံပေါင်း (၂၇) နိုင်ငံ၊ ခရစ် ယာန်ဘာသာအား နိုင်ငံတော်ဘာသာအဖြစ်သတ် မှတ်ထားသည့်နိုင်ငံပေါင်း (၁၄) နိုင်ငံ၊ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ်သတ်မှတ်ထားသည့်နိုင်ငံ (၂) နိုင်ငံ(ဘူတန်နှင့် ကမ္ဘောဒီးယား)၊ ဂျူးဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်သတ်မှတ်ထား‌သော အစ္စရေးနိုင်ငံတို့ဖြစ်ကြသည်။ ဥပဒေအားဖြင့် ပြဋ္ဌာန်း မထားသော်လည်း သမိုင်းအစဉ် အလာအရသော် လည်းကောင်း၊ နိုင်ငံသားအများစု၏ကိုးကွယ်ရာဖြစ်သောကြောင့်လည်းကောင်း ဘာသာတရား တစ်ခုအား အလေးအမြတ်ပြုထားသည့်နိုင်ငံပေါင်း (၃၅) ရှိပါသည်။ ခရစ်ယာန်ဘာသာကို အလေးအမြတ်ပြုထား သောနိုင်ငံပေါင်း (၂၈) နိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာကို အလေးအမြတ်ပြုထားသောနိုင်ငံ (၄) နိုင်ငံ (မြန်မာ၊ လာအို၊ မွန်ဂိုလီး ယားနှင့် သီရိလင်္ကာ)၊ အစ္စလာမ် ဘာသာကို အလေးအမြတ်ပြုထားသောနိုင်ငံ (၃) နိုင်ငံတို့ ဖြစ်ကြသည်။ အထက်ပါအချက်များကို လေ့လာခြင်းဖြင့် မြန်မာနိုင်ငံအနေဖြင့် ဗုဒ္ဓဘာသာအား နိုင်ငံတော်ဘာသာအဆင့် သတ်မှတ် ချက်မျိုးပင် မထားရှိဘဲ အလေးအမြတ်ပြုထားသည့်အဆင့်အနေ ဖြင့်သာ ထားရှိပါသည်။ (၂၀ဝ၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိပုဒ်မ (၃၄)၊ (၃၄၇)၊ (၃၄၈)၊ (၃၄၉)၊ (၃၅၂)၊ (၃၅၄)၊ (၃၆၂)၊ (၃၆၃) တို့သည် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံ ညွှန်းနှင့်များစွာ ကိုက်ညီမှုရှိသည်။ ထိုကဲ့သို့ ကိုက်ညီမှုရှိကြောင်းကို ဘာသာရေးနှင့် သက်ဆိုင်သောအစိုးရအဖွဲ့အစည်း များက နိုင်ငံတကာမှသိရှိလေ့လာနိုင်အောင် ဆောင်ရွက်ရမည်။
ဂျပန်နိုင်ငံအခြေစိုက် မီဒီယာတစ်ခုဖြစ်သော Pan Orient News မှ တင်ဆက်ထားသော Media Tour to Myanmar: Country of 4433 Mosques ရုပ်သံဖိုင်တွင် ဖော်ပြထားသည်မှာ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အနေဖြင့် နိုင်ငံလူဦးရေ (၅၁) သန်း၏ (၈၇) ရာခိုင်နှုန်းနှင့် ဘာသာရေး အဆောက်အအုံပေါင်း (၇၂၀ဝဝ) ရှိပြီး ခရစ်ယာန် ဘာသာ ဝင်အနေဖြင့် (၆ ဒသမ ၂) ရာခိုင်နှုန်း ဖြစ်သော လူဦးရေ (၃ သန်း ၁ သိန်း ၆ သောင်း)ကျော် ရှိကာ ခရစ်ယာန် ဘာသာရေး အဆောက်အအုံပေါင်း (၇၉၇၉) ရှိသည်။ အစ္စလာမ်ဘာဝင်အနေဖြင့် နိုင်ငံ့ လူဦးရေ၏ (၄ ဒသမ ၃) ရာခိုင်နှုန်းဖြစ်သော လူဦးရေ (၂ သန်း ၁သိန်း ၉ သောင်း) ကျော်ရှိပြီး ဘာသာရေးအဆောက်အအုံပေါင်း (၄၄၃၃) ခု ရှိသည်။ ဟိန္ဒူဘာသာဝင် အနေဖြင့် နိုင်ငံ့လူဦးရေ၏ (ဝ ဒသမ ၅ ) ရာခိုင်နှုန်းဖြစ်သော (၂) သိန်းခွဲ ကျော်ရှိပြီး ဘာသာရေးအဆောက်အအုံပေါင်း (၁၀ဝဝ) ကျော်ရှိသည်ဟု ဖော်ပြထားသည်။
အချက်အလက်များကို လေ့လာ၍ လူဦးရေနှင့် ဘာသာရေးအဆောက်အအုံကို အချိုးချကြည့်လျှင် ဗုဒ္ဓဘာသာ ဝင် ( ၆၁၆ ဒသမ ၂၅ ) ဦးသည် ဘာသာ ရေးအဆောက်အအုံ (၁) ခုကို ကိုးကွယ်ဆည်းကပ်ခွင့်ရမည်ဖြစ်ပြီး ခရစ်ယာန် ဘာသာဝင် (၃၉၆ ဒသမ ၂) ဦးသည် ဘာသာရေးအဆောက်အအုံ (၁)ခု၊ အစ္စ လာမ်ဘာသာဝင် (၄၉၄ ဒသမ ၆) ဦးလျှင် ဘာသာရေးအဆောက်အအုံ(၁) ခု၊ ဟိန္ဒူဘာသာဝင် (၂၅၅) ဦးလျှင် ဘာသာရေးအဆောက်အအုံ (၁) ခု အသီးသီး ကိုးကွယ်ဆည်းကပ်ခွင့်ရနေသည်ကို တွေ့ရပါ သည်။ လူဦးရေ (၆၁၆ ဒသမ ၂၅) ဦးသည် ဘုန်း တော်ကြီးကျောင်း (၁) ခုတည်းကိုသာ ဆည်းကပ်ခွင့်ရသော ဗုဒ္ဓဘာသာဝင်တို့၏ အခြေအနေကို လေ့လာခြင်းဖြင့် ဗုဒ္ဓဘာသာဝင်တို့အတွက် ဘာသာ ရေးအဆောက်အအုံ မည်မျှလိုအပ်လျက်ရှိနေ ကြောင်း သတိပြုနိုင်သကဲ့သို့ မြန်မာနိုင်ငံတွင် လူများ စုဖြစ်သော ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးအ ဆောက်အအုံများ များပြားနေသည်ဟူသော စွပ်စွဲချက် သည် အခြေအမြစ်မရှိ ကြောင်းကို တုံ့ပြန်နိုင်သည်။ မြန်မာနိုင်ငံထက် (၁၅) ဆ ပိုမိုကြီးမားပြီး နိုင်ငံ့ လူဦးရေ (၃၄၅) သန်းတွင် မွတ်စလင်ဦးရေ (၄ သန်း ၄ သိန်းခွဲ) ကျော်ရှိသော အမေရိကန်နိုင်ငံတွင် ခရစ်ယာန်ဘုရားကျောင်းပေါင်း (၃ သိန်းခွဲမှ ၄ သိန်း) ကြားရှိပြီး အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီပေါင်း (၂၇၆၉) သာရှိကြောင်း တွေ့ရသည်။ မွတ်စလင်ဦးရေ (၇ ဒသမ ၅) သန်းကျော်ရှိသည့် ထိုင်းနိုင်ငံတွင်လည်း ဗလီအရေအတွက် (၄၀၃၇) ခုသာရှိသည်။
(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
ဘာသာေရးလြတ္လပ္ခြင့္ႏွင့္ ျမန္မာႏိုင္ငံ(၂) (ဘာသာျပန္ေဆာင္းပါး)
ၿဖိဳးေဝလင္း (ပုသိမ္) NP News - ေဖေဖာ္ဝါရီ ၂၁

- ယခင္တစ္ပတ္မွအဆက္ -

အေမရိကန္ႏိုင္ငံတြင္ (၂၀ဝ၁) ခုႏွစ္ စက္တင္ ဘာလ(၁၁) ရက္တြင္ျဖစ္ပြားေသာ(၉/၁၁) အၾကမ္း ဖက္မႈအၿပီး အေမရိကန္ဖက္ဒရယ္အစိုးရမွ ထုတ္ျပန္ေဆာင္႐ြက္ေသာ PENTTBOM investigation, Absconder Apprehension Initiative, Closed Removal Proceedings, USA PATRIOT Act, Canada–U.S. Safe Third Country Agreement (STCA), Countering Violent Extremism (CVE) Programs, Visa Waiver Program Improvement and Terrorist Travel Prevention Act of 2015 တို႔သည္ မြတ္စလင္မ်ား အေပၚပစ္မွတ္ထားကာ ခြဲျခားဆက္ဆံေနသျဖင့္ ႏိုင္ငံတကာ ႏွင့္ ျပည္တြင္းအဖြဲ႕အစည္းမ်ားမွ ကန႔္ကြက္ၾကေသာ္လည္း ယခုထိတိုင္ အသက္ဝင္ ေဆာင္႐ြက္လ်က္ရွိေသးသည္။ ထို႔အတူ (၂၀ဝ၁) ခုႏွစ္မွ (၂၀၂၄) ခုႏွစ္အတြင္း အေမရိကန္ျပည္ေထာင္စု၏ (၄၄) ျပည္နယ္မ်ားတြင္လည္း မြတ္စလင္ ဆန႔္က်င္ ေရးဥပေဒ၊ ဘာသာေရးဆိုင္ရာခြဲျခားျခင္း ဥပေဒ၊ အစၥလာမ္ဘာသာရဲ႕ဥပေဒစနစ္ျဖစ္ေသာ ရွရီယာ ဥပေဒကို ဆန႔္က်င္သည့္ဥပေဒမူၾကမ္း၊ မြတ္စလင္ ယဥ္ေက်းမႈဆိုင္ရာကိစၥရပ္မ်ားတားျမစ္သည့္ဥပေဒ မူၾကမ္းစသည့္ ဥပေဒမူ ၾကမ္းေပါင္း (၂၃၃) ခုအား တင္သြင္းခဲ့ၿပီး အသက္ဝင္ျပ႒ာန္းခဲ့သည့္ဥပေဒေပါင္း (၇၇) ခု ရွိေနၿပီျဖစ္သည္။
ပါကစၥတန္ႏိုင္ငံ Rawalpindi ၿမိဳ႕တြင္လည္း ယခုႏွစ္ ဇန္နဝါရီ (၂၅) ရက္တြင္ အစၥလာမ္ဘာသာ ေရးပုဂၢိဳလ္ ေတြႏွင့္ ကုရ္အာန္က်မ္းတို႔ကို ဆိုရွယ္မီဒီယာေပၚမွာ ေစာ္ကားမႈတို႔အတြက္ လူေလးဦးကို ပါကစၥတန္တရား႐ုံးက ေသဒဏ္ခ်မွတ္ခဲ့သည္။ ေသဒဏ္ခ် မွတ္မႈအျပင္ ေဒၚလာ (၁၆၅၀ဝ)ႏွင့္ ညီမွ်သည့္ ႐ူပီး (၄.၆) သန္းကို ဒဏ္ေငြအျဖစ္ ခ်မွတ္ခဲ့ေသးေၾကာင္း ေဖာ္ျပခဲ့သည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ အစၥလာမ္ဘာသာ အား ႏိုင္ငံေတာ္ဘာသာအျဖစ္ျပ႒ာန္းထားေသာ ပါကစၥတန္ႏိုင္ငံ ၏ ရာဇာသတ္ႀကီး ပုဒ္မ (၂၉၅) မွ (၂၉၈) သည္ ႏိုင္ငံေတာ္ဘာသာႏွင့္ ႏိုင္ငံေတာ္ ဘာသာဝင္တို႔ကို ေစာ္ကားမႈမ်ား အတြက္ ခ်မွတ္မည့္ ျပစ္ဒဏ္မ်ားျဖစ္ၿပီး ပုဒ္မ (၂၉၅)(ဂ)တြင္ တမန္ ေတာ္အား ကဲ့ရဲ႕ရႈတ္ခ်ေျပာဆိုပါက ေသဒဏ္ထိခ် မွတ္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။ ပုဒ္မ ၂၉၈ (ခ) ႏွင့္ ၂၉၈ (ဂ) တို႔တြင္ Ahmadiyya မြတ္စလင္မ်ားကို မြတ္စလင္မ်ား အျဖစ္သတ္မွတ္ျခင္းႏွင့္ ၎တို႔၏ ကိုးကြယ္ယုံၾကည္မႈကို က်င့္သုံးျခင္းမွ ထိေရာက္စြာ တားျမစ္ထားသည္။
ICCPR အဖြဲ႕ဝင္ျဖစ္သည့္ အီရန္ႏိုင္ငံသည္ အခ်ိဳ႕ေသာ အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားနည္းတူ အစၥလာမ္ မဟုတ္သည့္ သာသနာျပဳအဖြဲ႕မ်ားအား လက္မခံျခင္း၊ ႏိုင္ငံတြင္း မြတ္စလင္ဘာသာမွ အျခား ဘာသာသို႔ကူးေျပာင္း ခြင့္မျပဳျခင္းစသည္တို႔ကို ေဆာင္႐ြက္သည့္အျပင္ (၂၀၂၄) ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၃) ရက္တြင္ မေလးရွားႏိုင္ငံတြင္ ႏွစ္ျခင္းခံယူလာေသာ အီရန္အမ်ိဳးသမီး Ms. Laleh Saati အား ဖမ္းဆီးခဲ့ၿပီး ႏိုင္ငံ၏ျပင္ပတြင္ ဘာသာကူးေျပာင္းလာမႈ ေၾကာင့္ ေထာင္ဒဏ္ (၂) ႏွစ္ ႏွင့္ ျပည္ပသို႔ထြက္ခြာခြင့္ (၂) ႏွစ္ ပိတ္ပင္လိုက္ေၾကာင္းသိရွိရသည္။
ဘ႐ူႏိုင္းႏိုင္ငံတြင္ မြတ္စလင္တစ္ဦးသည္ မိမိ ကိုယ္မိမိ မြတ္စလင္ မဟုတ္ေတာ့ပါဟု ေၾကညာျခင္း (ဘာသာမဲ့အျဖစ္ေၾကညာျခင္း / ဘာသာကူးေျပာင္း ျခင္း)၊ ဘာသာကူးေျပာင္းေၾကာင္း သက္ေသ အေထာက္ အထားရွိ ျခင္း၊ ဘာသာကူးေျပာင္းေၾကာင္း ေဖာ္ျပႏိုင္သူ သက္ေသ (၂) ဦးရွိပါက Shariah penal code order (၂၀၁၃) ပုဒ္မ (၁၁၂) အရ ေသဒဏ္က်ခံရမည္ဟုေဖာ္ျပထားသည္။
ဘာသာေရးလြတ္လပ္ခြင့္ႏွင့္ ျမန္မာႏိုင္ငံ
ကမာၻ႔ႏိုင္ငံအသီးသီး၏ ဘာသာေရးလြတ္လပ္ ခြင့္ကို UN Special Rapporteur on Freedom of Religion or Belief, European Union Agency for Fundamental Rights (FRA), Amnesty International? Human Rights Watch, Freedom House, U.S. Department of State – Office of International Religious Freedom, Pew Research Center – Religion & Public Life, ႏွင့္ United States Commission on International Religious Freedom (USCIRF) ကဲ့သို႔အဖြဲ႕မ်ားက ေစာင့္ၾကည့္ေလ့လာၾကၿပီး ႏွစ္စဥ္အစီရင္ခံစာမ်ားထုတ္ျပန္ေလ့ရွိသည္။ ထုတ္ျပန္သည့္ အဖြဲ႕အစည္းမ်ားသည္ ႏိုင္ငံတစ္ခု၊ အုပ္စုတစ္ခု၏ ဩဇာခံမ်ားျဖစ္ၾကသျဖင့္ ၎တို႔ ထုတ္ျပန္သည့္ အစီ ရင္ခံစာမ်ားတြင္ ဘက္လိုက္မႈမ်ား၊ တဖက္ေစာင္းနင္း စြပ္စြဲခ်က္မ်ားရွိေနမည္မွာ မလြဲဧကန္ပင္ျဖစ္သည္။
သို႔ေသာ္လည္း ထိုစြပ္စြဲခ်က္မ်ားအေပၚ ျပန္လည္ေခ်ပမွသာလွ်င္ ႏိုင္ငံေတာ္၏ ပုံရိပ္ ျပန္လည္ျမင့္ တက္လာ မည္ျဖစ္သည္။ (၂၀၂၄) ခုႏွစ္၊ ေအာက္တို ဘာ (၃၁) ရက္တြင္ (USCIRF) မွ ထုတ္ျပန္ေသာ ျမန္မာႏိုင္ငံတြင္း ဘာသာေရးလြတ္လပ္ခြင့္ဆိုင္ရာ အစီရင္ခံစာတြင္ ျမန္မာႏိုင္ငံအား ‘အထူးစိုးရိမ္ရ သည့္ႏိုင္ငံစာရင္း’ သို႔မဟုတ္ Countries of Particular Concern (CPC) အတြင္းသို႔ ဆက္လက္ထည့္သြင္းရန္ အႀကံျပဳထားသည္။ ျမန္မာႏိုင္ငံအား CPC စာရင္းထဲသို႔ ထည့္သြင္းခဲ့သည့္မွာ (၁၉- ၉၉) ခုႏွစ္ကတည္းမွျဖစ္သည္။ ဘာသာေရးလြတ္ လပ္ခြင့္ႏွင့္ပတ္သတ္၍ ႏိုင္ငံသတ္မွတ္ခ်က္မ်ားကို အေမရိကန္သမၼတမွ ျပ႒ာန္းရာ ပထမအဆင့္အေနျဖင့္ “အထူးေစာင့္ၾကည့္ရမည့္စာရင္း” Special Watch List (SWL) ၊ ဒုတိယအဆင့္အေနျဖင့္ ‘‘အထူးစိုးရိမ္ရသည့္ႏိုင္ငံစာရင္း” Countries of Particular Concern (CPC) ၊ တတိယအဆင့္ အေနျဖင့္ “လူမ်ိဳးတုံးသတ္ျဖတ္မႈႏွင့္ စစ္ရာဇဝတ္မႈ က်ဳးလြန္သည့္ႏိုင္ငံစာရင္း” Genocide & War Crimes Watch List စသျဖင့္ အဆင့္ (၃) ဆင့္ ခြဲ ျခားထားသည္။
ျမန္မာႏိုင္ငံ၏ဘာသာေရးလြတ္လပ္ခြင့္ႏွင့္ ပတ္သတ္၍ ေလ့လာၾကည့္ေသာအခါ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ၏ ပုဒ္မ (၃၆၁) ပါ ဗုဒၶဘာသာအား ဂုဏ္ထူးဝိေသသႏွင့္ ျပည့္စုံသည့္ဘာသာသာသနာအျဖစ္ ႏိုင္ငံေတာ္ကအသိ အမွတ္ျပဳျခင္း၊ လူနည္းစုကိုးကြယ္ရာ ဘာသာေရးအေဆာက္အအုံ နည္းပါးျခင္း ႏိုင္ငံသားစိစစ္ေရးကတ္ျပားတြင္ ကိုးကြယ္သည့္ဘာသာ ထည့္သြင္းျခင္း၊ ဘာသာျခားမ်ားအေပၚခြဲျခားဆက္ဆံျခင္းႏွင့္ (၁၉၈၂) ျမန္မာႏိုင္ငံသားဥပေဒ စသည့္ အခ်က္မ်ားအေပၚအသုံးျပဳ၍ အစဥ္အၿမဲစြပ္စြဲထား သည္ကိုေတြ႕ရသည္။
ဗုဒၶဘာသာအား ဂုဏ္ထူးဝိေသသႏွင့္ ျပည့္စုံသည့္ ဘာသာသာသနာအျဖစ္ ႏိုင္ငံေတာ္က အသိ အမွတ္ ျပဳျခင္းႏွင့္ပတ္သက္၍ ရွင္းလင္းရလွ်င္ ကမာၻ႔ႏိုင္ငံေပါင္း (၁၉၅) ႏိုင္ငံတြင္ ႏိုင္ငံေတာ္ဘာသာ သတ္မွတ္ထားရွိေသာ ႏိုင္ငံေပါင္း (၄၄) ႏိုင္ငံရွိၿပီး အစၥလာမ္ဘာသာအား ႏိုင္ငံေတာ္ဘာသာအျဖစ္ သတ္မွတ္ထားသည့္ႏိုင္ငံေပါင္း (၂၇) ႏိုင္ငံ၊ ခရစ္ ယာန္ဘာသာအား ႏိုင္ငံေတာ္ဘာသာအျဖစ္သတ္ မွတ္ထားသည့္ႏိုင္ငံေပါင္း (၁၄) ႏိုင္ငံ၊ ဗုဒၶဘာသာကို ႏိုင္ငံေတာ္ ဘာသာအျဖစ္သတ္မွတ္ထားသည့္ႏိုင္ငံ (၂) ႏိုင္ငံ(ဘူတန္ႏွင့္ ကေမာၻဒီးယား)၊ ဂ်ဴးဘာသာကို ႏိုင္ငံေတာ္ဘာသာ အျဖစ္သတ္မွတ္ထား‌ေသာ အစၥေရးႏိုင္ငံတို႔ျဖစ္ၾကသည္။ ဥပေဒအားျဖင့္ ျပ႒ာန္း မထားေသာ္လည္း သမိုင္းအစဥ္ အလာအရေသာ္ လည္းေကာင္း၊ ႏိုင္ငံသားအမ်ားစု၏ကိုးကြယ္ရာျဖစ္ေသာေၾကာင့္လည္းေကာင္း ဘာသာတရား တစ္ခုအား အေလးအျမတ္ျပဳထားသည့္ႏိုင္ငံေပါင္း (၃၅) ရွိပါသည္။ ခရစ္ယာန္ဘာသာကို အေလးအျမတ္ျပဳထား ေသာႏိုင္ငံေပါင္း (၂၈) ႏိုင္ငံျဖစ္ၿပီး ဗုဒၶဘာသာကို အေလးအျမတ္ျပဳထားေသာႏိုင္ငံ (၄) ႏိုင္ငံ (ျမန္မာ၊ လာအို၊ မြန္ဂိုလီး ယားႏွင့္ သီရိလကၤာ)၊ အစၥလာမ္ ဘာသာကို အေလးအျမတ္ျပဳထားေသာႏိုင္ငံ (၃) ႏိုင္ငံတို႔ ျဖစ္ၾကသည္။ အထက္ပါအခ်က္မ်ားကို ေလ့လာျခင္းျဖင့္ ျမန္မာႏိုင္ငံအေနျဖင့္ ဗုဒၶဘာသာအား ႏိုင္ငံေတာ္ဘာသာအဆင့္ သတ္မွတ္ ခ်က္မ်ိဳးပင္ မထားရွိဘဲ အေလးအျမတ္ျပဳထားသည့္အဆင့္အေန ျဖင့္သာ ထားရွိပါသည္။ (၂၀ဝ၈) ဖြဲ႕စည္းပုံအေျခခံ ဥပေဒရွိပုဒ္မ (၃၄)၊ (၃၄၇)၊ (၃၄၈)၊ (၃၄၉)၊ (၃၅၂)၊ (၃၅၄)၊ (၃၆၂)၊ (၃၆၃) တို႔သည္ ႏိုင္ငံတကာလူ႔အခြင့္အေရးစံခ်ိန္စံ ၫႊန္းႏွင့္မ်ားစြာ ကိုက္ညီမႈရွိသည္။ ထိုကဲ့သို႔ ကိုက္ညီမႈရွိေၾကာင္းကို ဘာသာေရးႏွင့္ သက္ဆိုင္ေသာအစိုးရအဖြဲ႕အစည္း မ်ားက ႏိုင္ငံတကာမွသိရွိေလ့လာႏိုင္ေအာင္ ေဆာင္႐ြက္ရမည္။
ဂ်ပန္ႏိုင္ငံအေျခစိုက္ မီဒီယာတစ္ခုျဖစ္ေသာ Pan Orient News မွ တင္ဆက္ထားေသာ Media Tour to Myanmar: Country of 4433 Mosques ႐ုပ္သံဖိုင္တြင္ ေဖာ္ျပထားသည္မွာ ျမန္မာႏိုင္ငံတြင္ ဗုဒၶဘာသာဝင္အေနျဖင့္ ႏိုင္ငံလူဦးေရ (၅၁) သန္း၏ (၈၇) ရာခိုင္ႏႈန္းႏွင့္ ဘာသာေရး အေဆာက္အအုံေပါင္း (၇၂၀ဝဝ) ရွိၿပီး ခရစ္ယာန္ ဘာသာ ဝင္အေနျဖင့္ (၆ ဒသမ ၂) ရာခိုင္ႏႈန္း ျဖစ္ေသာ လူဦးေရ (၃ သန္း ၁ သိန္း ၆ ေသာင္း)ေက်ာ္ ရွိကာ ခရစ္ယာန္ ဘာသာေရး အေဆာက္အအုံေပါင္း (၇၉၇၉) ရွိသည္။ အစၥလာမ္ဘာဝင္အေနျဖင့္ ႏိုင္ငံ့ လူဦးေရ၏ (၄ ဒသမ ၃) ရာခိုင္ႏႈန္းျဖစ္ေသာ လူဦးေရ (၂ သန္း ၁သိန္း ၉ ေသာင္း) ေက်ာ္ရွိၿပီး ဘာသာေရးအေဆာက္အအုံေပါင္း (၄၄၃၃) ခု ရွိသည္။ ဟိႏၵဴဘာသာဝင္ အေနျဖင့္ ႏိုင္ငံ့လူဦးေရ၏ (ဝ ဒသမ ၅ ) ရာခိုင္ႏႈန္းျဖစ္ေသာ (၂) သိန္းခြဲ ေက်ာ္ရွိၿပီး ဘာသာေရးအေဆာက္အအုံေပါင္း (၁၀ဝဝ) ေက်ာ္ရွိသည္ဟု ေဖာ္ျပထားသည္။
အခ်က္အလက္မ်ားကို ေလ့လာ၍ လူဦးေရႏွင့္ ဘာသာေရးအေဆာက္အအုံကို အခ်ိဳးခ်ၾကည့္လွ်င္ ဗုဒၶဘာသာ ဝင္ ( ၆၁၆ ဒသမ ၂၅ ) ဦးသည္ ဘာသာ ေရးအေဆာက္အအုံ (၁) ခုကို ကိုးကြယ္ဆည္းကပ္ခြင့္ရမည္ျဖစ္ၿပီး ခရစ္ယာန္ ဘာသာဝင္ (၃၉၆ ဒသမ ၂) ဦးသည္ ဘာသာေရးအေဆာက္အအုံ (၁)ခု၊ အစၥ လာမ္ဘာသာဝင္ (၄၉၄ ဒသမ ၆) ဦးလွ်င္ ဘာသာေရးအေဆာက္အအုံ(၁) ခု၊ ဟိႏၵဴဘာသာဝင္ (၂၅၅) ဦးလွ်င္ ဘာသာေရးအေဆာက္အအုံ (၁) ခု အသီးသီး ကိုးကြယ္ဆည္းကပ္ခြင့္ရေနသည္ကို ေတြ႕ရပါ သည္။ လူဦးေရ (၆၁၆ ဒသမ ၂၅) ဦးသည္ ဘုန္း ေတာ္ႀကီးေက်ာင္း (၁) ခုတည္းကိုသာ ဆည္းကပ္ခြင့္ရေသာ ဗုဒၶဘာသာဝင္တို႔၏ အေျခအေနကို ေလ့လာျခင္းျဖင့္ ဗုဒၶဘာသာဝင္တို႔အတြက္ ဘာသာ ေရးအေဆာက္အအုံ မည္မွ်လိုအပ္လ်က္ရွိေန ေၾကာင္း သတိျပဳႏိုင္သကဲ့သို႔ ျမန္မာႏိုင္ငံတြင္ လူမ်ား စုျဖစ္ေသာ ဗုဒၶဘာသာဝင္တို႔၏ ဘာသာေရးအ ေဆာက္အအုံမ်ား မ်ားျပားေနသည္ဟူေသာ စြပ္စြဲခ်က္ သည္ အေျခအျမစ္မရွိ ေၾကာင္းကို တုံ႔ျပန္ႏိုင္သည္။ ျမန္မာႏိုင္ငံထက္ (၁၅) ဆ ပိုမိုႀကီးမားၿပီး ႏိုင္ငံ့ လူဦးေရ (၃၄၅) သန္းတြင္ မြတ္စလင္ဦးေရ (၄ သန္း ၄ သိန္းခြဲ) ေက်ာ္ရွိေသာ အေမရိကန္ႏိုင္ငံတြင္ ခရစ္ယာန္ဘုရားေက်ာင္းေပါင္း (၃ သိန္းခြဲမွ ၄ သိန္း) ၾကားရွိၿပီး အစၥလာမ္ဘာသာဝင္မ်ား ဝတ္ျပဳရာ ဗလီေပါင္း (၂၇၆၉) သာရွိေၾကာင္း ေတြ႕ရသည္။ မြတ္စလင္ဦးေရ (၇ ဒသမ ၅) သန္းေက်ာ္ရွိသည့္ ထိုင္းႏိုင္ငံတြင္လည္း ဗလီအေရအတြက္ (၄၀၃၇) ခုသာရွိသည္။
(ဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.