ဗဟုဝင်ရိုး ကမ္ဘာ၏ အသီးအပွင့်များ ခံစားနေရပြီလား

 273

သန်းထိုက်စိုး (NP News) - ဖေဖော်ဝါရီ ၂ဝ

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ပထဝီနိုင်ငံရေး မြင်ကွင်းတွင်ဗဟိုချက်ပြုရမည့် ဇာတ်ကောင်တစ်ကောင်အဖြစ် ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ နိုင်ငံစုံ အဖွဲ့အစည်းများတွင် တက်ကြွစွာပါဝင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ဆောင်ရွက်နေသကဲ့သို့ ပထဝီမြေအနေအထားအရ အရေးပါသည့် နေရာ၌တည်ရှိနေခြင်းကလည်း သဘာဝတရား၏မျက်နှာသာပေးမှုကို ရရှိထားခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ဝန်ကြီးချုပ်မိုဒီ၏ ဦးဆောင်မှုအောက်တွင် ပိုမိုလွတ်လပ်သည့် နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးနေသကဲ့သို့ ရုရှား၊ အနောက်နိုင်ငံများနှင့် မျှခြေရှိသည့်ဆက်ဆံရေးတစ်ရပ်ရရှိ နိုင်ရန် ဂရုတစိုက် ကျင့်သုံးနေသည်ကိုလည်း တွေ့ရ သည်။ တစ်ချိန်တည်းမှာပင် အင်ဒို- ပစိဖိတ်ဒေသတွင် ဒေသဆိုင်ရာလွှမ်းမိုးမှု တိုးချဲ့နိုင်ရေးကိုလည်း ကြိုးပမ်းလျက်ရှိသည်။ ဝန်ကြီးချုပ် မိုဒီသည် ၎င်း၏ အစိုးရ သက်တမ်း(၁၀)နှစ်ကျော် ကာလအတွင်း နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်သကဲ့သို့ အိန္ဒိယနိုင်ငံကို လည်း နိုင်ငံတကာနယ်ပယ်၏ ဗဟိုချက်အဖြစ် ဖန်တီးပုံဖော်လျက်ရှိသည်။ Bharatiya Janata Party (BJP) ပါတီသည် (၂၀၁၄) ခုနှစ်မှစ၍ အိန္ဒိယလွှတ်တော်တွင် မဲအများစုအနိုင်ရရှိခဲ့ရာ အိန္ဒိယနိုင်ငံအနေ ဖြင့် တရုတ်၊ ပါကစ္စတန် စသည့် အိမ်နီးချင်းနိုင်ငံ များ၊ BRICS ကဲ့သို့သောအဖွဲ့အစည်းများနှင့် ပိုမို တက် ကြွသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ခဲ့သည်။ (၂၀၂၃) ခုနှစ်တွင် G-20 ထိပ်သီးအစည်းအဝေးကို အိန္ဒိယနိုင်ငံတွင် လက်ခံကျင်းပခဲ့ပြီး ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့ပါဝင်သည့် Quad ril­ateral Security Dialogue (QUAD) ထိပ်သီးအစည်းအဝေးကိုလည်း (၂၀၂၅)ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန်လည်းရှိနေသည်။
ဝန်ကြီးချုပ်မိုဒီ ခေါင်းဆောင်သည့်အိန္ဒိယနိုင်ငံသည် ရုရှား၊ အနောက်နိုင်ငံများနှင့်လည်း ပါဝါ ဟန်ချက်ညီ အောင် ကြိုးပမ်းခဲ့သည်။ အထူးသဖြင့် (၂၀၂၂) ခုနှစ် ဖေဖော်ဝါရီလ ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားပြီးနောက် ကမ္ဘာ့ခေါင်းဆောင်များ၏ အိန္ဒိ ယနိုင်ငံအပေါ်အာရုံစိုက်မှုကိုလည်း အပြုသဘောဆောင်သည့်ချဉ်းကပ်မှုဖြင့် လိမ်မာပါးနပ်စွာ ဖြေရှင်းနိုင်ခဲ့သည်။ ဝန်ကြီးချုပ်မိုဒီသည် သမ္မတဟောင်း ဂျိုးဘိုင်ဒန်နှင့် (၂၀၂၄) ခုနှစ် စက်တင်ဘာလတွင် တွေ့ဆုံခဲ့သည်။ ထို့နောက် (၂၀၂၄) ခုနှစ် အောက်တိုဘာလတွင် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် လည်း တွေ့ဆုံခဲ့သည်။ အိန္ဒိယနိုင်ငံ၏ရပ်တည်ချက်မှာ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကိုဖော်ဆောင်ရာတွင် အခြားနိုင်ငံများအပေါ် မှီခိုခြင်းမရှိဘဲ ကိုယ့်ခြေ‌ထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရေးကို အစဉ်ရှေးရှုသည်ကို တွေ့ရသည်။ အိန္ဒိယနိုင်ငံသည် (၁၉၅၅)ခုနှစ် ဘန်ဒေါင်းကွန်ဖရင့်အရ သဘောတူညီခဲ့သည့် စည်းမျဉ်းအရ ဘက်မလိုက်လှုပ်ရှားမှု၏ အရေးကြီး ဦးဆောင် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ခဲ့သည်။ ထိုစဉ်က စစ်အေးခေတ် ကာလည်းဖြစ်သည်။ စစ်အေးခေတ်ကာလ အတွင်း အိန္ဒိယနိုင်ငံ၏ ဘက်မလိုက်ရပ်တည်မှုသည် နိုင်ငံဖွံ့ဖြိုးရေး အတွက် အထောက်အကူပြုခဲ့သည်ဟု ဆိုနိုင်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် ဆိုဗီယက်ပြည်ထောင်စုနှင့် နီးကပ်သည့် သံတမန်ဆက်ဆံရေးထူ ထောင်ခဲ့သည်။ အလားတူ အမေရိကန်နှင့်လည်း ဆက်ဆံရေးကောင်းရှိခဲ့သည်။ (၁၉၈၀) ပြည့်နှစ်ကုန် (၁၉၉၀)ပြည့်နှစ်အစ ကွန်မြူနစ်အုပ်စုပြိုလဲပြီးနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံအနေဖြင့် ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ အခင်းအကျင်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ အိန္ဒိယနှင့်ရုရှားနိုင်ငံတို့သည် ကာကွယ်ရေးနှင့် ရေနံ ကဏ္ဍတို့တွင် သဘောတူညီချက် အများအပြားရှိခဲ့ သည်။ အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့်ရေနံစိမ်းတို့ကို ဝယ်ယူခဲ့သည်။ (၂၀၂၄)ခုနှစ် အောက်တိုဘာလ တွင် အမေရိကန်အစိုးရ အခြားနိုင်ငံပိုင်ပစ္စည်းများထိန်းချုပ်ရေးဘဏ္ဍာရေးဌာနသည် အိန္ဒိယနိုင်ငံမှ လူပုဂ္ဂိုလ်နှစ်ဦးနှင့် ကုမ္ပဏီ(၁၉)ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ခဲ့သည်။ ရုရှားနိုင်ငံကို ဘဏ္ဍာရေး အရဖြစ်စေ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် နည်းပညာအရဖြစ်စေ တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်၍ ထောက်ပံ့ ပေးခြင်းဖြစ်သည့်အတွက် ဒဏ်ခတ်ပိတ်ဆို့မှု များချမှတ်ခြင်းဖြစ်သည်ဟုသုံးသပ်ကြသည်။ ဒေါ်နယ်ထရမ့် အစိုးရသစ်သည် အိန္ဒိယနိုင်ငံအပေါ် ချဉ်းကပ်မှုပုံစံပြောင်းလဲကောင်း ပြောင်းလဲလာနိုင်သည်။ မည်သို့ပင် ဖြစ်စေ အိန္ဒိယနိုင်ငံသည် အမေရိကန်နိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ဆက်ရှိနေမည်မှာ သေချာသည်။
သမိုင်းကြောင်းအရ အမျိုးသားအကျိုးစီးပွားအတွက် မည်သည့်နိုင်ငံအပေါ်ကိုမှ မှီခိုခြင်းမရှိဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်သည့် (Strategic autonomy) အတိုင်း ရပ်တည်နိုင်ရန်ကြိုးပမ်းခြင်း သည် လက်ရှိဗဟုဝင်ရိုးကမ္ဘာ့အထိုင်နှင့် ချိန်သားကိုက်ဖြစ်သည်။ လက်ရှိအချိန်သည် ပါဝါကို နေရာအ တော်များများတွင် ဖြန့်ကြက်ချထားချိန်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက်ရပ်တည်ချက်နှင့် နိုင်ငံခြားရေးမူဝါဒသည် အနောက်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့ကြား ဟန်ချက်ညီအောင်ရပ်တည်နိုင်သကဲ့ သို့ ပြိုင်ဘက်အဖွဲ့အစည်းများကြား တွင်လည်း ကြားနေရေးပုံစံဟောင်းအတိုင်း ရပ်တည်နိုင်ရန် ကြိုးပမ်း နေခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် BRICS ၊ G- 20 နှင့် ကုလသမဂ္ဂကဲ့သို့သော နိုင်ငံစုံအဖွဲ့အစည်း များကြားတွင်လည်း ၎င်း၏ ဩဇာချဲ့ထွင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ှအမအေနါငခ ကေအသည­သာပ ကိုကျင့်သုံးခဲ့သည်မှာ အချိန်အတော် ကြာပြီဖြစ် သည်။ ထိုသို့ကျင့်သုံးခြင်းမှာလည်း နိုင်ငံတစ်နိုင်ငံတည်းအပေါ်တွင် အလွန်အကျွံမှီခိုခြင်းကို ရှောင်ရှားပြီး နိုင်ငံတကာဆက်ဆံရေးတွင် လိုက်လျောညီထွေ ဖြစ်မှုကိုထိန်းသိမ်းနိုင်ရန်အတွက် ရည် ရွယ်ကျင့်သုံးနေခြင်းဖြစ်သည်။ ကမ္ဘာ့အထိုင်သည် ဗဟုဝင်ရိုးကမ္ဘာအဖြစ် ပိုမိုရုပ်လုံးပေါ်လာသည်နှင့်အမျှ အမေရိကန်၊ တရုတ်၊ ရုရှား၊ အီးယူ စသည့်အင်အားကြီးနိုင်ငံများနှင့် မိတ်ဖက်မျိုးစုံဆက်ဆံရေးတစ်ရပ်ကို ထူထောင်ထား သည်။ တစ်ချိန်တည်းမှာပင် ဆုံးဖြတ်ချက်ချရာတွင်လည်း လွတ်လပ်ပြီး အမှီအခို ကင်း ကင်းချမှတ်နိုင်ရေး မူကို ထိန်းသိမ်းထားသည်။ အိန္ဒိယနိုင်ငံသည် စီးပွား ရေး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံအပါအဝင်ဖြစ်ရာ နိုင်ငံတကာကုန်သွယ်ရေးတွင် အရေးပါသည့် ပလေယာတစ်ခုဖြစ်လာနေပြီဖြစ်သည်။ တစ်နည်းအားဖြင့် အိန္ဒိယနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ဗဟုဝင်ရိုးကမ္ဘာတွင် အရေးပါသည့်ဖက်တာတစ်ခုဖြစ်သည်။
လုံခြုံရေးပိုင်းကိုကြည့်မည်ဆိုပါကလည်း ဗဟုဝင်ရိုးကမ္ဘာတွင် အိန္ဒိယနိုင်ငံ၏အခန်းကဏ္ဍမှာ ထင်သာမြင်သာရှိလာသည်။ ဒေသတွင်းလုံခြုံရေးအထူးသဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင် အရေးကြီး သည့် ပလေယာတစ်ခုဖြစ်သည်။ QUAD ကဲ့သို့ သောဖိုရမ်များတွင် အိန္ဒိယနိုင်ငံ၏အခန်းကဏ္ဍမှာ လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားခြင်းပင် ဖြစ် သည်။ အိန္ဒိယနိုင်ငံအနေဖြင့် ကာကွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ အစ္စရေး၊ ပြင်သစ်နှင့် ဗြိတိန် ကဲ့သို့ သော နိုင်ငံများနှင့်လည်းဆက်ဆံရေးကောင်းများတည်ဆောက်ထားသည်။ အိန္ဒိယရေ တပ်နှင့်လေ တပ် စွမ်းရည်မှာ တောင်အာရှဒေသတွင် သာမကဘဲ ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းလုံခြုံရေးတွင်လည်း လုံခြုံ ရေးထောက်ပံ့ပေးသူအဖြစ်နေရာယူထားနိုင်ပြီဖြစ်သည်။
ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်ဖူလုံရေး နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးစသည့် မဖြေရှင်းနိုင် သေးသည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများရှိနေသည့် တိုင် အိန္ဒိယနိုင်ငံ၏အင်အားသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရာတွင်အရေး ကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာသည်။ ကုလသ မဂ္ဂလုံခြုံရေး ကောင်စီ ပြုပြင်ပြောင်းလဲရေးအတွက် တက်တက်ကြွ ကြွလုပ်ဆောင်လာသကဲ့သို့ ပိုမိုမျှတ သည့် ကမ္ဘာ့အထိုင်တစ်ရပ် ပေါ်ပေါက်လာရေးအတွက်လည်း သံခင်းတမန်ခင်းနည်းလမ်းဖြင့် ဆောင်ရွက် လာသည်ကို တွေ့ရသည်။
နိုင်ငံ၏ပထဝီအရ အရေးပါသည့်နေရာတွင်တည်ရှိမှုသည်လည်း အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံကို တန်ပြန်ထိန်းညှိနိုင်ရေးအတွက် ၎င်း၏စွမ်းဆောင်ရည်ကိုအထောက်အကူဖြစ်စေသည် ဟု သုံးသပ်မှုများလည်းရှိသည်။ ထိုကဲ့သို့ တည်ရှိနေခြင်းကြောင့် ရေကြောင်းလုံခြုံရေးဆောင်ရွက်ရာ တွင်ဖြစ်စေ၊ ကမ္ဘာတွင် အများဆုံးအသုံးပြုသည့် ရေလမ်း ကြောင်းများအနက်တစ်ခုဖြစ်သည့် ကုန်သွယ် ရေးလမ်းကြောင်းများကိုထိန်းသိမ်းရာတွင်ဖြစ်စေ ဗဟိုချက်တစ်ခု ဖြစ်လာနေသည်။ QUAD ကဲ့သို့သော အဖွဲ့အစည်း၏မူဘောင်အောက်တွင် အိန္ဒိယနိုင်ငံ၏ မိတ်ဖက်ဖြစ်မှုဆိုသည်မှာ ဒေသတွင်း ပါဝါဟန်ချက် မညီဖြစ်နေမှုကို လျော့နည်းစေသကဲ့သို့ စည်းမျဉ်းအခြေပြုအထိုင်ကိုလည်း ပြန်လည်အားသစ်လောင်း ပေးရာရောက်စေသည်။
သို့သော် အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားနိုင်ငံ နှင့် စီးပွားရေး၊ စစ်ရေးအရ ထိတွေ့ဆက်ဆံမှု ဆက်ရှိ နေခြင်းသည် ဒဏ်ခတ်ပိတ်ဆို့ခံရမှုများရှိလာနိုင်သကဲ့ သို့ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးယိုယွင်းမှု ကိုလည်းဖြစ်စေနိုင်သည်ဟု ယူဆချက်များလည်းရှိနေသည်။ နှစ်ဖက်လုံးနှင့် အလိုင်းမင်းညှိရန် ကြိုးပမ်း ခြင်းသည် နှစ်ဖက်လုံး၏မိတ်ဖက်ဖြစ်မှု အစစ်အမှန်ကိုမရနိုင်ဘဲ အိန္ဒိယနိုင်ငံကို ၎င်း၏နိုင်ငံခြားရေးမူဝါဒ အပေါ် ထိန်းသိမ်းရန်ကြိုးပမ်းမှုကို ရှုပ်ထွေးစေနိုင်သည်။
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြည့်မည်ဆိုပါကလည်း အိန္ဒိယနိုင်ငံသည် ဆင်းရဲနွမ်းပါးမှု၊ တန်းတူရည်တူမရှိမှုနှင့် ရာသီဥတုပြောင်းလဲမှု စသည့်ကိစ္စရပ်များကိုဖြေရှင်းရာတွင် အဓိကကျသည့် နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်လာနေသည်။ Global South အတွက် ခိုင်မာအားကောင်းသည့်သဘောထား တစ် ရပ်ထုတ်ဖော်ရာတွင် အိန္ဒိယနိုင်ငံ၏ရပ်တည်ချက်မှာ အဓိကကျသည်။ အင်စတီကျူးရှင်းမျိုးစုံတွင် အိန္ဒိယနိုင်ငံ၏ရပ်တည်ချက်မှာ Global South တွင်လည်းကောင်း၊ အနောက်မဟုတ်သည့်နိုင်ငံများ၏ ရှုထောင့်အမြင်ကို ဖော်ပြရာတွင်လည်းကောင်း အခရာကျသကဲ့သို့ အမေရိကန်နှင့် ဥရောပအင်အားကြီး နိုင်ငံများ၏လွှမ်းမိုးမှုကို ဟန်ချက်ပြန်ထိန်းပေးနိုင်သည်။ အိန္ဒိယနိုင်ငံသည် ဗဟုဝင်ရိုးကမ္ဘာခေတ်တွင် နည်းပညာပိုင်း၌လည်းတိုးတက်လာရာ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာ၏ဗဟိုချက်အဖြစ် ပေါ်ထွက် လာသည်။ နည်း ပညာတိုးတက်သည်ဆိုရာတွင် သတင်းအချက်အ လက်နည်းပညာ၊ အာကာသနည်း ပညာနှင့် ဇီဝနည်းပညာပိုင်းတွင်ပါ တိုးတက်လာခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် နည်းပညာပိုင်းတွင် အံ့မခန်းတိုးတက်လာသည်ဖြစ်ရာ နည်းပညာသစ်များဖန်တီးရာတွင် ရှေ့ဆောင်နိုင်ငံ တစ်နိုင်ငံ ဖြစ်နိုင် သကဲ့သို့ အခြားနိုင်ငံများအတွက် နည်းပညာဖြန့်ဝေရာ နိုင်ငံတစ်နိုင်ငံလည်းဖြစ်နိုင်သည်။ သို့ဖြစ်ရာ အချက်အလက်လုံခြုံရေး၊ ဒီဂျစ်တယ် အခြေခံအဆောက်အအုံနှင့် ဆိုက်ဘာလုံခြုံရေးကဲ့သို့သော ကိစ္စရပ် များနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ သတ်မှတ်ရာတွင် လည်း အိန္ဒိယနိုင်ငံ၏အခန်းကဏ္ဍ ရှေ့တန်းရောက်လာသည်။
ပိုမိုကျယ်ပြန့်သည့် ဖွံ့ဖြိုးရေးဆိုင်ရာ ဦး တည်ချက်များနှင့် ၎င်း၏အမျိုးသားအကျိုးစီးပွားကို အလိုင်းမင်းညှိခြင်းဖြင့်လည်းကောင်း၊ နိုင်ငံစုံ ကြီးစိုး ရေးကိုမြှင့်တင်ခြင်းဖြင့်လည်းကောင်း အိန္ဒိယနိုင်ငံ ၏ ဩဇာတိက္ကမမှာလည်း ဖွံ့ဖြိုးဆဲနိုင်ငံများကြားတွင် ပိုမိုကြီးမားလာသည်ကိုတွေ့ရသည်။ သို့သော် ထိ ရောက်မှုရှိမရှိဆိုသည်မှာ ရုရှားနှင့် ထိတွေ့ဆက်ဆံမှုကြောင့်ရရှိလာသည့် အမေရိကန်နိုင်ငံ၏ ဒဏ်ခတ် ပိတ်ဆို့ခံရခြင်းကဲ့သို့သော ပြင်ပအကြောင်းအချက်များကို ဖြေရှင်းနိုင်မှုအပေါ်တွင်လည်း မူတည်သည်။ အလားတူ လူမှုစီးပွားကွာဟချက်နှင့် စွမ်းအင်လိုအပ်ချက်ကဲ့သို့သော ပြည်တွင်းအကြောင်းတရားများကို လည်း ဖြေရှင်းနိုင်ရန်လိုအပ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် ဒေသတွင်းဖိုရမ်များနှင့် ကမ္ဘာလုံးဆိုင်ရာ ဖိုရမ်များတွင် တက်တက်ြွကြွကပါဝင်လာခဲ့ရာ ဆင့်ကဲပြောင်းလဲလာနေသည့် ပထဝီနိုင် ငံရေးဆိုင်ရာမြင် ကွင်းတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်လာခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် ကိုယ့်ခြေ ထောက်ပေါ်ကိုယ်ရပ်တည်မည့် Strategic autonomy မူဝါဒ တစ်ရပ်ချမှတ်ခြင်း၊ မျိုးဖက်မျိုးဆုံဆက်ဆံ ရေးတစ် ရပ်ထူထောင်ခြင်းနှင့် လူဦးရေအားသာချက်နှင့် စီးပွား ရေးတိုးတက်မှုအရှိန်ကိုလည်း မြှင့်တင် လျက်ရှိရာ (၂၁)ရာစုကိုပုံဖော်ရာတွင် အရေးကြီးသည့် ပလေယာနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဒေသတွင်းလုံခြုံရေးနှင့် တရုတ်နိုင်ငံနှင့် ပြိုင်ဆိုင်မှုကဲ့သို့သော စိန်ခေါ်မှုများရှိနေသည့်တိုင် မတူ ကွဲပြားသည့် ကမ္ဘာလုံးဆိုင်ရာအကျိုးစီးပွားများကို ဟန်ချက်ထိန်းနိုင်ခြင်းသည် အိန္ဒိယနိုင်ငံကို ကမ္ဘာ့ ထိပ်တန်း အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွက်လာစေခဲ့သည်။ အိန္ဒိယနိုင်ငံသည် ဝန်ကြီးချုပ် မိုဒီ၏ဦးဆောင်မှုအောက်တွင် ဗဟုဝင်ရိုးကမ္ဘာ၌ ပေါ် ပေါက်လာသည့်အခွင့်အရေးများကို ထိထိရောက် ရောက်အသုံးချနေသကဲ့သို့ အသီးအပွင့်များကိုလည်း ခံစားနေရပြီဖြစ်ကြောင်း တင်ပြလိုက်ရသည်။

Zawgyi Version:
ဗဟုဝင္႐ိုး ကမာၻ၏ အသီးအပြင့္မ်ား ခံစားေနရၿပီလား
သန္းထိုက္စိုး (NP News) - ေဖေဖာ္ဝါရီ ၂ဝ

အိႏၵိယႏိုင္ငံသည္ ကမာၻ႔ပထဝီႏိုင္ငံေရး ျမင္ကြင္းတြင္ဗဟိုခ်က္ျပဳရမည့္ ဇာတ္ေကာင္တစ္ေကာင္အျဖစ္ ေပၚထြက္လာခဲ့ၿပီျဖစ္သည္။ ႏိုင္ငံစုံ အဖြဲ႕အစည္းမ်ားတြင္ တက္ႂကြစြာပါဝင္ေရးႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးကို အာ႐ုံစိုက္ေဆာင္႐ြက္ေနသကဲ့သို႔ ပထဝီေျမအေနအထားအရ အေရးပါသည့္ ေနရာ၌တည္ရွိေနျခင္းကလည္း သဘာဝတရား၏မ်က္ႏွာသာေပးမႈကို ရရွိထားျခင္းျဖစ္သည္။
အိႏၵိယႏိုင္ငံသည္ ဝန္ႀကီးခ်ဳပ္မိုဒီ၏ ဦးေဆာင္မႈေအာက္တြင္ ပိုမိုလြတ္လပ္သည့္ ႏိုင္ငံျခားေရး မူဝါဒကို က်င့္သုံးေနသကဲ့သို႔ ႐ုရွား၊ အေနာက္ႏိုင္ငံမ်ားႏွင့္ မွ်ေျခရွိသည့္ဆက္ဆံေရးတစ္ရပ္ရရွိ ႏိုင္ရန္ ဂ႐ုတစိုက္ က်င့္သုံးေနသည္ကိုလည္း ေတြ႕ရ သည္။ တစ္ခ်ိန္တည္းမွာပင္ အင္ဒို- ပစိဖိတ္ေဒသတြင္ ေဒသဆိုင္ရာလႊမ္းမိုးမႈ တိုးခ်ဲ႕ႏိုင္ေရးကိုလည္း ႀကိဳးပမ္းလ်က္ရွိသည္။ ဝန္ႀကီးခ်ဳပ္ မိုဒီသည္ ၎၏ အစိုးရ သက္တမ္း(၁၀)ႏွစ္ေက်ာ္ ကာလအတြင္း ႏိုင္ငံ၏ပုံရိပ္ကို ျမႇင့္တင္ေပးႏိုင္သကဲ့သို႔ အိႏၵိယႏိုင္ငံကို လည္း ႏိုင္ငံတကာနယ္ပယ္၏ ဗဟိုခ်က္အျဖစ္ ဖန္တီးပုံေဖာ္လ်က္ရွိသည္။ Bharatiya Janata Party (BJP) ပါတီသည္ (၂၀၁၄) ခုႏွစ္မွစ၍ အိႏၵိယလႊတ္ေတာ္တြင္ မဲအမ်ားစုအႏိုင္ရရွိခဲ့ရာ အိႏၵိယႏိုင္ငံအေန ျဖင့္ တ႐ုတ္၊ ပါကစၥတန္ စသည့္ အိမ္နီးခ်င္းႏိုင္ငံ မ်ား၊ BRICS ကဲ့သို႔ေသာအဖြဲ႕အစည္းမ်ားႏွင့္ ပိုမို တက္ ႂကြသည့္အခန္းက႑မွ ပါဝင္ေဆာင္႐ြက္ႏိုင္ခဲ့သည္။ (၂၀၂၃) ခုႏွစ္တြင္ G-20 ထိပ္သီးအစည္းအေဝးကို အိႏၵိယႏိုင္ငံတြင္ လက္ခံက်င္းပခဲ့ၿပီး ဩစေၾတးလ်၊ ဂ်ပန္ႏွင့္ အေမရိကန္ႏိုင္ငံတို႔ပါဝင္သည့္ Quad ril­ateral Security Dialogue (QUAD) ထိပ္သီးအစည္းအေဝးကိုလည္း (၂၀၂၅)ခုႏွစ္တြင္ အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားရန္လည္းရွိေနသည္။
ဝန္ႀကီးခ်ဳပ္မိုဒီ ေခါင္းေဆာင္သည့္အိႏၵိယႏိုင္ငံသည္ ႐ုရွား၊ အေနာက္ႏိုင္ငံမ်ားႏွင့္လည္း ပါဝါ ဟန္ခ်က္ညီ ေအာင္ ႀကိဳးပမ္းခဲ့သည္။ အထူးသျဖင့္ (၂၀၂၂) ခုႏွစ္ ေဖေဖာ္ဝါရီလ ယူကရိန္းပဋိပကၡ စတင္ျဖစ္ပြားၿပီးေနာက္ ကမာၻ႔ေခါင္းေဆာင္မ်ား၏ အိႏၵိ ယႏိုင္ငံအေပၚအာ႐ုံစိုက္မႈကိုလည္း အျပဳသေဘာေဆာင္သည့္ခ်ဥ္းကပ္မႈျဖင့္ လိမ္မာပါးနပ္စြာ ေျဖရွင္းႏိုင္ခဲ့သည္။ ဝန္ႀကီးခ်ဳပ္မိုဒီသည္ သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ႏွင့္ (၂၀၂၄) ခုႏွစ္ စက္တင္ဘာလတြင္ ေတြ႕ဆုံခဲ့သည္။ ထို႔ေနာက္ (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာလတြင္ ႐ုရွားသမၼတ ဗလာဒီမာပူတင္ ႏွင့္ လည္း ေတြ႕ဆုံခဲ့သည္။ အိႏၵိယႏိုင္ငံ၏ရပ္တည္ခ်က္မွာ ႏိုင္ငံ၏ အမ်ိဳးသား အက်ိဳးစီးပြားကိုေဖာ္ေဆာင္ရာတြင္ အျခားႏိုင္ငံမ်ားအေပၚ မွီခိုျခင္းမရွိဘဲ ကိုယ့္ေျခ‌ေထာက္ေပၚ ကိုယ္ရပ္တည္ႏိုင္ေရးကို အစဥ္ေရွးရႈသည္ကို ေတြ႕ရသည္။ အိႏၵိယႏိုင္ငံသည္ (၁၉၅၅)ခုႏွစ္ ဘန္ေဒါင္းကြန္ဖရင့္အရ သေဘာတူညီခဲ့သည့္ စည္းမ်ဥ္းအရ ဘက္မလိုက္လႈပ္ရွားမႈ၏ အေရးႀကီး ဦးေဆာင္ ႏိုင္ငံမ်ားအနက္ တစ္ႏိုင္ငံျဖစ္ခဲ့သည္။ ထိုစဥ္က စစ္ေအးေခတ္ ကာလည္းျဖစ္သည္။ စစ္ေအးေခတ္ကာလ အတြင္း အိႏၵိယႏိုင္ငံ၏ ဘက္မလိုက္ရပ္တည္မႈသည္ ႏိုင္ငံဖြံ႕ၿဖိဳးေရး အတြက္ အေထာက္အကူျပဳခဲ့သည္ဟု ဆိုႏိုင္သည္။ အိႏၵိယႏိုင္ငံအေနျဖင့္ ဆိုဗီယက္ျပည္ေထာင္စုႏွင့္ နီးကပ္သည့္ သံတမန္ဆက္ဆံေရးထူ ေထာင္ခဲ့သည္။ အလားတူ အေမရိကန္ႏွင့္လည္း ဆက္ဆံေရးေကာင္းရွိခဲ့သည္။ (၁၉၈၀) ျပည့္ႏွစ္ကုန္ (၁၉၉၀)ျပည့္ႏွစ္အစ ကြန္ျမဴနစ္အုပ္စုၿပိဳလဲၿပီးေနာက္ပိုင္းတြင္ အိႏၵိယႏိုင္ငံအေနျဖင့္ ယွဥ္ၿပိဳင္ရမည့္ ကမာၻ႔ အခင္းအက်င္းသစ္တစ္ခုကို ရွာေဖြေတြ႕ရွိခဲ့သည္။ အိႏၵိယႏွင့္႐ုရွားႏိုင္ငံတို႔သည္ ကာကြယ္ေရးႏွင့္ ေရနံ က႑တို႔တြင္ သေဘာတူညီခ်က္ အမ်ားအျပားရွိခဲ့ သည္။ အိႏၵိယႏိုင္ငံသည္ ႐ုရွားႏိုင္ငံမွ S-400 ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ႏွင့္ေရနံစိမ္းတို႔ကို ဝယ္ယူခဲ့သည္။ (၂၀၂၄)ခုႏွစ္ ေအာက္တိုဘာလ တြင္ အေမရိကန္အစိုးရ အျခားႏိုင္ငံပိုင္ပစၥည္းမ်ားထိန္းခ်ဳပ္ေရးဘ႑ာေရးဌာနသည္ အိႏၵိယႏိုင္ငံမွ လူပုဂၢိဳလ္ႏွစ္ဦးႏွင့္ ကုမၸဏီ(၁၉)ခုတို႔ကို ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့သည္။ ႐ုရွားႏိုင္ငံကို ဘ႑ာေရး အရျဖစ္ေစ၊ ႐ုပ္ဝတၳဳပိုင္းဆိုင္ရာႏွင့္ နည္းပညာအရျဖစ္ေစ တိုက္႐ိုက္(သို႔မဟုတ္) သြယ္ဝိုက္၍ ေထာက္ပံ့ ေပးျခင္းျဖစ္သည့္အတြက္ ဒဏ္ခတ္ပိတ္ဆို႔မႈ မ်ားခ်မွတ္ျခင္းျဖစ္သည္ဟုသုံးသပ္ၾကသည္။ ေဒၚနယ္ထရမ့္ အစိုးရသစ္သည္ အိႏၵိယႏိုင္ငံအေပၚ ခ်ဥ္းကပ္မႈပုံစံေျပာင္းလဲေကာင္း ေျပာင္းလဲလာႏိုင္သည္။ မည္သို႔ပင္ ျဖစ္ေစ အိႏၵိယႏိုင္ငံသည္ အေမရိကန္ႏိုင္ငံ၏ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္အျဖစ္ ဆက္ရွိေနမည္မွာ ေသခ်ာသည္။
သမိုင္းေၾကာင္းအရ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ မည္သည့္ႏိုင္ငံအေပၚကိုမွ မွီခိုျခင္းမရွိဘဲ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္သည့္ (Strategic autonomy) အတိုင္း ရပ္တည္ႏိုင္ရန္ႀကိဳးပမ္းျခင္း သည္ လက္ရွိဗဟုဝင္႐ိုးကမာၻ႔အထိုင္ႏွင့္ ခ်ိန္သားကိုက္ျဖစ္သည္။ လက္ရွိအခ်ိန္သည္ ပါဝါကို ေနရာအ ေတာ္မ်ားမ်ားတြင္ ျဖန႔္ၾကက္ခ်ထားခ်ိန္ျဖစ္သည္။ အိႏၵိယႏိုင္ငံ၏ မဟာဗ်ဴဟာေျမာက္ရပ္တည္ခ်က္ႏွင့္ ႏိုင္ငံျခားေရးမူဝါဒသည္ အေနာက္ႏိုင္ငံမ်ားႏွင့္ ႐ုရွားႏိုင္ငံတို႔ၾကား ဟန္ခ်က္ညီေအာင္ရပ္တည္ႏိုင္သကဲ့ သို႔ ၿပိဳင္ဘက္အဖြဲ႕အစည္းမ်ားၾကား တြင္လည္း ၾကားေနေရးပုံစံေဟာင္းအတိုင္း ရပ္တည္ႏိုင္ရန္ ႀကိဳးပမ္း ေနျခင္းျဖစ္သည္။ တစ္ခ်ိန္တည္းမွာပင္ BRICS ၊ G- 20 ႏွင့္ ကုလသမဂၢကဲ့သို႔ေသာ ႏိုင္ငံစုံအဖြဲ႕အစည္း မ်ားၾကားတြင္လည္း ၎၏ ဩဇာခ်ဲ႕ထြင္ႏိုင္ေရး ႀကိဳးပမ္းလ်က္ရွိသည္။
အိႏၵိယႏိုင္ငံအေနျဖင့္ ွအမေအနါငခ ေကအသည­သာပ ကိုက်င့္သုံးခဲ့သည္မွာ အခ်ိန္အေတာ္ ၾကာၿပီျဖစ္ သည္။ ထိုသို႔က်င့္သုံးျခင္းမွာလည္း ႏိုင္ငံတစ္ႏိုင္ငံတည္းအေပၚတြင္ အလြန္အကြၽံမွီခိုျခင္းကို ေရွာင္ရွားၿပီး ႏိုင္ငံတကာဆက္ဆံေရးတြင္ လိုက္ေလ်ာညီေထြ ျဖစ္မႈကိုထိန္းသိမ္းႏိုင္ရန္အတြက္ ရည္ ႐ြယ္က်င့္သုံးေနျခင္းျဖစ္သည္။ ကမာၻ႔အထိုင္သည္ ဗဟုဝင္႐ိုးကမာၻအျဖစ္ ပိုမို႐ုပ္လုံးေပၚလာသည္ႏွင့္အမွ် အေမရိကန္၊ တ႐ုတ္၊ ႐ုရွား၊ အီးယူ စသည့္အင္အားႀကီးႏိုင္ငံမ်ားႏွင့္ မိတ္ဖက္မ်ိဳးစုံဆက္ဆံေရးတစ္ရပ္ကို ထူေထာင္ထား သည္။ တစ္ခ်ိန္တည္းမွာပင္ ဆုံးျဖတ္ခ်က္ခ်ရာတြင္လည္း လြတ္လပ္ၿပီး အမွီအခို ကင္း ကင္းခ်မွတ္ႏိုင္ေရး မူကို ထိန္းသိမ္းထားသည္။ အိႏၵိယႏိုင္ငံသည္ စီးပြား ေရး လ်င္ျမန္စြာဖြံ႕ၿဖိဳးတိုးတက္မႈ အျမန္ဆုံးႏိုင္ငံမ်ားထဲတြင္ တစ္ႏိုင္ငံအပါအဝင္ျဖစ္ရာ ႏိုင္ငံတကာကုန္သြယ္ေရးတြင္ အေရးပါသည့္ ပေလယာတစ္ခုျဖစ္လာေနၿပီျဖစ္သည္။ တစ္နည္းအားျဖင့္ အိႏၵိယႏိုင္ငံ၏စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈမွာ ဗဟုဝင္႐ိုးကမာၻတြင္ အေရးပါသည့္ဖက္တာတစ္ခုျဖစ္သည္။
လုံၿခဳံေရးပိုင္းကိုၾကည့္မည္ဆိုပါကလည္း ဗဟုဝင္႐ိုးကမာၻတြင္ အိႏၵိယႏိုင္ငံ၏အခန္းက႑မွာ ထင္သာျမင္သာရွိလာသည္။ ေဒသတြင္းလုံၿခဳံေရးအထူးသျဖင့္ အင္ဒို-ပစိဖိတ္ေဒသတြင္ အေရးႀကီး သည့္ ပေလယာတစ္ခုျဖစ္သည္။ QUAD ကဲ့သို႔ ေသာဖိုရမ္မ်ားတြင္ အိႏၵိယႏိုင္ငံ၏အခန္းက႑မွာ လြတ္လပ္၍ ပြင့္လင္းေသာ အင္ဒို-ပစိဖိတ္ေဒသကို ထိန္းသိမ္းသြားမည္ျဖစ္ေၾကာင္း ကတိကဝတ္ျပဳထားျခင္းပင္ ျဖစ္ သည္။ အိႏၵိယႏိုင္ငံအေနျဖင့္ ကာကြယ္ေရးက႑ႏွင့္ပတ္သက္၍ အစၥေရး၊ ျပင္သစ္ႏွင့္ ၿဗိတိန္ ကဲ့သို႔ ေသာ ႏိုင္ငံမ်ားႏွင့္လည္းဆက္ဆံေရးေကာင္းမ်ားတည္ေဆာက္ထားသည္။ အိႏၵိယေရ တပ္ႏွင့္ေလ တပ္ စြမ္းရည္မွာ ေတာင္အာရွေဒသတြင္ သာမကဘဲ ကမာၻလုံးဆိုင္ရာ ေရေၾကာင္းလုံၿခဳံေရးတြင္လည္း လုံၿခဳံ ေရးေထာက္ပံ့ေပးသူအျဖစ္ေနရာယူထားႏိုင္ၿပီျဖစ္သည္။
ရာသီဥတုေျပာင္းလဲမႈ၊ စြမ္းအင္ဖူလုံေရး ႏွင့္ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးေရးစသည့္ မေျဖရွင္းႏိုင္ ေသးသည့္ ကမာၻလုံးဆိုင္ရာစိန္ေခၚမႈမ်ားရွိေနသည့္ တိုင္ အိႏၵိယႏိုင္ငံ၏အင္အားသည္ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကိုျမႇင့္တင္ရာတြင္အေရး ႀကီးသည့္ အခန္းက႑မွ ပါဝင္လာသည္။ ကုလသ မဂၢလုံၿခဳံေရး ေကာင္စီ ျပဳျပင္ေျပာင္းလဲေရးအတြက္ တက္တက္ႂကြ ႂကြလုပ္ေဆာင္လာသကဲ့သို႔ ပိုမိုမွ်တ သည့္ ကမာၻ႔အထိုင္တစ္ရပ္ ေပၚေပါက္လာေရးအတြက္လည္း သံခင္းတမန္ခင္းနည္းလမ္းျဖင့္ ေဆာင္႐ြက္ လာသည္ကို ေတြ႕ရသည္။
ႏိုင္ငံ၏ပထဝီအရ အေရးပါသည့္ေနရာတြင္တည္ရွိမႈသည္လည္း အင္ဒို-ပစိဖိတ္ေဒသတြင္ တ႐ုတ္ႏိုင္ငံကို တန္ျပန္ထိန္းညႇိႏိုင္ေရးအတြက္ ၎၏စြမ္းေဆာင္ရည္ကိုအေထာက္အကူျဖစ္ေစသည္ ဟု သုံးသပ္မႈမ်ားလည္းရွိသည္။ ထိုကဲ့သို႔ တည္ရွိေနျခင္းေၾကာင့္ ေရေၾကာင္းလုံၿခဳံေရးေဆာင္႐ြက္ရာ တြင္ျဖစ္ေစ၊ ကမာၻတြင္ အမ်ားဆုံးအသုံးျပဳသည့္ ေရလမ္း ေၾကာင္းမ်ားအနက္တစ္ခုျဖစ္သည့္ ကုန္သြယ္ ေရးလမ္းေၾကာင္းမ်ားကိုထိန္းသိမ္းရာတြင္ျဖစ္ေစ ဗဟိုခ်က္တစ္ခု ျဖစ္လာေနသည္။ QUAD ကဲ့သို႔ေသာ အဖြဲ႕အစည္း၏မူေဘာင္ေအာက္တြင္ အိႏၵိယႏိုင္ငံ၏ မိတ္ဖက္ျဖစ္မႈဆိုသည္မွာ ေဒသတြင္း ပါဝါဟန္ခ်က္ မညီျဖစ္ေနမႈကို ေလ်ာ့နည္းေစသကဲ့သို႔ စည္းမ်ဥ္းအေျချပဳအထိုင္ကိုလည္း ျပန္လည္အားသစ္ေလာင္း ေပးရာေရာက္ေစသည္။
သို႔ေသာ္ အိႏၵိယႏိုင္ငံအေနျဖင့္ ႐ုရွားႏိုင္ငံ ႏွင့္ စီးပြားေရး၊ စစ္ေရးအရ ထိေတြ႕ဆက္ဆံမႈ ဆက္ရွိ ေနျခင္းသည္ ဒဏ္ခတ္ပိတ္ဆို႔ခံရမႈမ်ားရွိလာႏိုင္သကဲ့ သို႔ အေနာက္ႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရးယိုယြင္းမႈ ကိုလည္းျဖစ္ေစႏိုင္သည္ဟု ယူဆခ်က္မ်ားလည္းရွိေနသည္။ ႏွစ္ဖက္လုံးႏွင့္ အလိုင္းမင္းညႇိရန္ ႀကိဳးပမ္း ျခင္းသည္ ႏွစ္ဖက္လုံး၏မိတ္ဖက္ျဖစ္မႈ အစစ္အမွန္ကိုမရႏိုင္ဘဲ အိႏၵိယႏိုင္ငံကို ၎၏ႏိုင္ငံျခားေရးမူဝါဒ အေပၚ ထိန္းသိမ္းရန္ႀကိဳးပမ္းမႈကို ရႈပ္ေထြးေစႏိုင္သည္။
တစ္ကမာၻလုံးအတိုင္းအတာျဖင့္ ၾကည့္မည္ဆိုပါကလည္း အိႏၵိယႏိုင္ငံသည္ ဆင္းရဲႏြမ္းပါးမႈ၊ တန္းတူရည္တူမရွိမႈႏွင့္ ရာသီဥတုေျပာင္းလဲမႈ စသည့္ကိစၥရပ္မ်ားကိုေျဖရွင္းရာတြင္ အဓိကက်သည့္ ႏိုင္ငံႀကီးတစ္ႏိုင္ငံ ျဖစ္လာေနသည္။ Global South အတြက္ ခိုင္မာအားေကာင္းသည့္သေဘာထား တစ္ ရပ္ထုတ္ေဖာ္ရာတြင္ အိႏၵိယႏိုင္ငံ၏ရပ္တည္ခ်က္မွာ အဓိကက်သည္။ အင္စတီက်ဴးရွင္းမ်ိဳးစုံတြင္ အိႏၵိယႏိုင္ငံ၏ရပ္တည္ခ်က္မွာ Global South တြင္လည္းေကာင္း၊ အေနာက္မဟုတ္သည့္ႏိုင္ငံမ်ား၏ ရႈေထာင့္အျမင္ကို ေဖာ္ျပရာတြင္လည္းေကာင္း အခရာက်သကဲ့သို႔ အေမရိကန္ႏွင့္ ဥေရာပအင္အားႀကီး ႏိုင္ငံမ်ား၏လႊမ္းမိုးမႈကို ဟန္ခ်က္ျပန္ထိန္းေပးႏိုင္သည္။ အိႏၵိယႏိုင္ငံသည္ ဗဟုဝင္႐ိုးကမာၻေခတ္တြင္ နည္းပညာပိုင္း၌လည္းတိုးတက္လာရာ ဆန္းသစ္တီထြင္မႈႏွင့္ နည္းပညာ၏ဗဟိုခ်က္အျဖစ္ ေပၚထြက္ လာသည္။ နည္း ပညာတိုးတက္သည္ဆိုရာတြင္ သတင္းအခ်က္အ လက္နည္းပညာ၊ အာကာသနည္း ပညာႏွင့္ ဇီဝနည္းပညာပိုင္းတြင္ပါ တိုးတက္လာျခင္းျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ နည္းပညာပိုင္းတြင္ အံ့မခန္းတိုးတက္လာသည္ျဖစ္ရာ နည္းပညာသစ္မ်ားဖန္တီးရာတြင္ ေရွ႕ေဆာင္ႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္ႏိုင္ သကဲ့သို႔ အျခားႏိုင္ငံမ်ားအတြက္ နည္းပညာျဖန႔္ေဝရာ ႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္ႏိုင္သည္။ သို႔ျဖစ္ရာ အခ်က္အလက္လုံၿခဳံေရး၊ ဒီဂ်စ္တယ္ အေျခခံအေဆာက္အအုံႏွင့္ ဆိုက္ဘာလုံၿခဳံေရးကဲ့သို႔ေသာ ကိစၥရပ္ မ်ားႏွင့္ပတ္သက္၍ ကမာၻလုံးဆိုင္ရာစံႏႈန္းမ်ား သတ္မွတ္ရာတြင္ လည္း အိႏၵိယႏိုင္ငံ၏အခန္းက႑ ေရွ႕တန္းေရာက္လာသည္။
ပိုမိုက်ယ္ျပန႔္သည့္ ဖြံ႕ၿဖိဳးေရးဆိုင္ရာ ဦး တည္ခ်က္မ်ားႏွင့္ ၎၏အမ်ိဳးသားအက်ိဳးစီးပြားကို အလိုင္းမင္းညႇိျခင္းျဖင့္လည္းေကာင္း၊ ႏိုင္ငံစုံ ႀကီးစိုး ေရးကိုျမႇင့္တင္ျခင္းျဖင့္လည္းေကာင္း အိႏၵိယႏိုင္ငံ ၏ ဩဇာတိကၠမမွာလည္း ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားၾကားတြင္ ပိုမိုႀကီးမားလာသည္ကိုေတြ႕ရသည္။ သို႔ေသာ္ ထိ ေရာက္မႈရွိမရွိဆိုသည္မွာ ႐ုရွားႏွင့္ ထိေတြ႕ဆက္ဆံမႈေၾကာင့္ရရွိလာသည့္ အေမရိကန္ႏိုင္ငံ၏ ဒဏ္ခတ္ ပိတ္ဆို႔ခံရျခင္းကဲ့သို႔ေသာ ျပင္ပအေၾကာင္းအခ်က္မ်ားကို ေျဖရွင္းႏိုင္မႈအေပၚတြင္လည္း မူတည္သည္။ အလားတူ လူမႈစီးပြားကြာဟခ်က္ႏွင့္ စြမ္းအင္လိုအပ္ခ်က္ကဲ့သို႔ေသာ ျပည္တြင္းအေၾကာင္းတရားမ်ားကို လည္း ေျဖရွင္းႏိုင္ရန္လိုအပ္သည္။ အိႏၵိယႏိုင္ငံအေနျဖင့္ ေဒသတြင္းဖိုရမ္မ်ားႏွင့္ ကမာၻလုံးဆိုင္ရာ ဖိုရမ္မ်ားတြင္ တက္တက္ျြႂကြကပါဝင္လာခဲ့ရာ ဆင့္ကဲေျပာင္းလဲလာေနသည့္ ပထဝီႏိုင္ ငံေရးဆိုင္ရာျမင္ ကြင္းတြင္ အေရးပါသည့္အခန္းက႑မွပါဝင္လာျခင္း ျဖစ္သည္။ အိႏၵိယႏိုင္ငံအေနျဖင့္ ကိုယ့္ေျခ ေထာက္ေပၚကိုယ္ရပ္တည္မည့္ Strategic autonomy မူဝါဒ တစ္ရပ္ခ်မွတ္ျခင္း၊ မ်ိဳးဖက္မ်ိဳးဆုံဆက္ဆံ ေရးတစ္ ရပ္ထူေထာင္ျခင္းႏွင့္ လူဦးေရအားသာခ်က္ႏွင့္ စီးပြား ေရးတိုးတက္မႈအရွိန္ကိုလည္း ျမႇင့္တင္ လ်က္ရွိရာ (၂၁)ရာစုကိုပုံေဖာ္ရာတြင္ အေရးႀကီးသည့္ ပေလယာႏိုင္ငံတစ္ႏိုင္ငံျဖစ္လာခဲ့ျခင္းျဖစ္သည္။
ေဒသတြင္းလုံၿခဳံေရးႏွင့္ တ႐ုတ္ႏိုင္ငံႏွင့္ ၿပိဳင္ဆိုင္မႈကဲ့သို႔ေသာ စိန္ေခၚမႈမ်ားရွိေနသည့္တိုင္ မတူ ကြဲျပားသည့္ ကမာၻလုံးဆိုင္ရာအက်ိဳးစီးပြားမ်ားကို ဟန္ခ်က္ထိန္းႏိုင္ျခင္းသည္ အိႏၵိယႏိုင္ငံကို ကမာၻ႔ ထိပ္တန္း အင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ေပၚထြက္လာေစခဲ့သည္။ အိႏၵိယႏိုင္ငံသည္ ဝန္ႀကီးခ်ဳပ္ မိုဒီ၏ဦးေဆာင္မႈေအာက္တြင္ ဗဟုဝင္႐ိုးကမာၻ၌ ေပၚ ေပါက္လာသည့္အခြင့္အေရးမ်ားကို ထိထိေရာက္ ေရာက္အသုံးခ်ေနသကဲ့သို႔ အသီးအပြင့္မ်ားကိုလည္း ခံစားေနရၿပီျဖစ္ေၾကာင္း တင္ျပလိုက္ရသည္။

Related news

© 2021. All rights reserved.