နိုင်ငံ၏သယံဇာတများကို ဥပဒေမဲ့ခိုးထုတ်ပြီး အကြမ်းဖက်များအား ထောက်ပံ့နေမှုများကို စိစစ်ဖော်ထုတ်၍ တိုက်ဖျက်မည်ဟု နစကဆို

 1693

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၀

နိုင်ငံသယံဇာတများကို ဥပဒေမဲ့ခိုးထုတ်ပြီး အကြမ်းဖက်များအား ထောက်ပံ့နေမှုများကို စိစစ်ဖော်ထုတ်၍ တိုက်ဖျက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
နစကမှ ယမန်နေ့(ဖေဖော်ဝါရီ ၁၉ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် နဲ့ လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံးရဲ့ ပင်ရင်းပိုင်ရှင်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းပြဋ္ဌာန်းထားပြီး သယံဇာတထုတ်ယူခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ခွင့်ပြုထားကြောင်း သိရသည်။
သို့သော် လက်ရှိတွင် နိုင်ငံတော်အတွင်းရှိ ဒေသအချို့တွင် ဖြစ်ပေါ်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများကို အခွင့်ကောင်းယူပြီး မတော်လောဘ စီးပွားရေးသမားတွေက နိုင်ငံပိုင် သယံဇာတပစ္စည်းများကို ဥပဒေမဲ့ ခိုးထုတ်နေကြပြီး အကြမ်းဖက်အုပ်စုတွေကို ထောက်ပံ့ခြင်း၊ လက်နက်ကိုင် သောင်းကျန်းသူများကို ထောက်ပံ့ခြင်းများကို လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုသို့ မတော်‌လောဘဖြင့် ဥပဒေမဲ့ နိုင်ငံပိုင်သယံဇာတပစ္စည်းများကို ခိုးထုတ်ကြရာတွင် ဥပဒေကို မသိနားမလည် သည့်အပြင် ဆင်းရဲနွမ်းပါးသည့် ဒေသခံပြည်သူများကို ငွေကြေးဖြင့်ဆွဲဆောင်စည်းရုံးကာ အလုပ်လုပ်ကိုင် စေလျက်ရှိသည်ကိုလည်းတွေ့ရကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုကို အားပေးမှုမြောက်ကြောင်း ထိုကဲ့သို့ ဥပဒေမဲ့ခိုးထုတ်မှုများတွင် ဝင်ရောက်လုပ်ကိုင် နေကြသည့် ပြည်သူများကို သတိပြုရန် နစကမှ အသိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မတော်လောဘဖြင့် နိုင်ငံ၏ သယံဇာတပစ္စည်းများကို ဥပဒေမဲ့ခိုးထုတ်နေကြပြီး အကြမ်းဖက်အုပ်စုများနှင့် လက်နက်ကိုင် သောင်းကျန်သူများကို ထောက်ပံ့နေမှုများအား စိစစ်ဖော်ထုတ်၍ လိုအပ်သလို တိုက်ဖျက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ႏိုင္ငံ၏သယံဇာတမ်ားကို ဥပေဒမဲ့ခိုးထုတ္ၿပီး အၾကမ္းဖက္မ်ားအား ေထာက္ပံ့ေနမႈမ်ားကို စိစစ္ေဖာ္ထုတ္၍ တိုက္ဖ်က္မည္ဟု နစကဆို
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၀

ႏိုင္ငံသယံဇာတမ်ားကို ဥပေဒမဲ့ခိုးထုတ္ၿပီး အၾကမ္းဖက္မ်ားအား ေထာက္ပံ့ေနမႈမ်ားကို စိစစ္ေဖာ္ထုတ္၍ တိုက္ဖ်က္မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္ထားသည္။
နစကမွ ယမန္ေန႔(ေဖေဖာ္ဝါရီ ၁၉ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ႏိုင္ငံေတာ္သည္ ႏိုင္ငံေတာ္ရွိ ေျမအားလုံး၊ ေျမေပၚေျမေအာက္၊ ေရေပၚေရေအာက္ နဲ႔ ေလထုအတြင္းရွိ သယံဇာတ ပစၥည္းအားလုံးရဲ႕ ပင္ရင္းပိုင္ရွင္ျဖစ္ေၾကာင္း ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ အတိအလင္းျပ႒ာန္းထားၿပီး သယံဇာတထုတ္ယူျခင္း လုပ္ငန္းမ်ားကို သက္ဆိုင္ရာဥပေဒမ်ားႏွင့္အညီ ေဆာင္႐ြက္ခြင့္ျပဳထားေၾကာင္း သိရသည္။
သို႔ေသာ္ လက္ရွိတြင္ ႏိုင္ငံေတာ္အတြင္းရွိ ေဒသအခ်ိဳ႕တြင္ ျဖစ္ေပၚေနေသာ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား၊ လက္နက္ကိုင္ေသာင္းက်န္းမႈမ်ားကို အခြင့္ေကာင္းယူၿပီး မေတာ္ေလာဘ စီးပြားေရးသမားေတြက ႏိုင္ငံပိုင္ သယံဇာတပစၥည္းမ်ားကို ဥပေဒမဲ့ ခိုးထုတ္ေနၾကၿပီး အၾကမ္းဖက္အုပ္စုေတြကို ေထာက္ပံ့ျခင္း၊ လက္နက္ကိုင္ ေသာင္းက်န္းသူမ်ားကို ေထာက္ပံ့ျခင္းမ်ားကို လုပ္ေဆာင္ေနေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

ထိုသို႔ မေတာ္‌ေလာဘျဖင့္ ဥပေဒမဲ့ ႏိုင္ငံပိုင္သယံဇာတပစၥည္းမ်ားကို ခိုးထုတ္ၾကရာတြင္ ဥပေဒကို မသိနားမလည္ သည့္အျပင္ ဆင္းရဲႏြမ္းပါးသည့္ ေဒသခံျပည္သူမ်ားကို ေငြေၾကးျဖင့္ဆြဲေဆာင္စည္း႐ုံးကာ အလုပ္လုပ္ကိုင္ ေစလ်က္ရွိသည္ကိုလည္းေတြ႕ရေၾကာင္း သိရသည္။
ထိုသို႔ ေဆာင္႐ြက္ျခင္းသည္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒအရ အၾကမ္းဖက္မႈကို အားေပးမႈေျမာက္ေၾကာင္း ထိုကဲ့သို႔ ဥပေဒမဲ့ခိုးထုတ္မႈမ်ားတြင္ ဝင္ေရာက္လုပ္ကိုင္ ေနၾကသည့္ ျပည္သူမ်ားကို သတိျပဳရန္ နစကမွ အသိေပးထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ မေတာ္ေလာဘျဖင့္ ႏိုင္ငံ၏ သယံဇာတပစၥည္းမ်ားကို ဥပေဒမဲ့ခိုးထုတ္ေနၾကၿပီး အၾကမ္းဖက္အုပ္စုမ်ားႏွင့္ လက္နက္ကိုင္ ေသာင္းက်န္သူမ်ားကို ေထာက္ပံ့ေနမႈမ်ားအား စိစစ္ေဖာ္ထုတ္၍ လိုအပ္သလို တိုက္ဖ်က္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Picture

09750868687

20/02/2025 16:30

ရန်ကုန်တိုင်းတစ်ခုတည်းမှာတရားဥပ​ဒေအပြည့်အဝစိုးမိုးမှုရှိ​အောင်ပဲ အရင်ဦးဆုံး​ဆောင်ရွက်ကြည့်ပါဦး။

Related news

© 2021. All rights reserved.