လျောင်းတော်မူရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ခိုးခံရမှုမှ ကျူးလွန်သူများကို ဖမ်းဆီးရမိ

 1613

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ လျောင်းတော်မူရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ခိုးခံရမှုမှ ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
လျောင်းတော်မှုဗုဒ္ဓရုပ်ပွားတော်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်၊ နံနက်ပိုင်းက မဟာအောင်မြေ မြို့နယ်၊ ၈၂ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ ရှေးဟောင်းသမိုင်းဝင် ရွှေအိုးရစေတီအတွင်း ပူဇော်ခံထားစဉ် ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ယနေ့(ဖေဖော်ဝါရီ ၂ဝ ရက်) တွင် ခိုးယူခံရသည့် လျောင်းတော်မူရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်နှင့်အတူ ကျူးလွန်သူ(၄)ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်သည် သိန်းပေါင်းထောင်ချီတန်သော ရတနာပုံခေတ်လက်ရာ ကျောက်သား ဆင်းတုတော်တစ်ဆူဖြစ်ကြောင်းလည်း သိရသည်။
ခိုးယူခံရသည့် ရှေးဟောင်းရုပ်ပွာတော်သည် လွန်ခဲ့သည့် ၂၀၇ခုနှစ်က ပထမအကြိမ်ခိုးယူခြင်းခံခဲ့ရဖူးပြီး မြဝတီမြို့ တွင် ပြန်လည်ဖမ်းမိပြီးနောက် ရွှေအိုးရစေတီတော်တွင် ပြန်လည်ပူဇော်ခဲ့ရာ ဒုတိယအကြိမ် ထပ်မံခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ခိုးယူခံခဲ့ရသည့် ကျောက်သားဆင်းတုတော်ကို ကျူးလွန်သူများထံမှ ပြန်လည်ပင့်ဆောင်နိုင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲမှုးရုံးတွင် ခေတ္တယာယီ အပူဇော်ခံထားပြီး ကျူးလွန်သူ(၄)ဦးအား စစ်ဆေးအရေးယူထားကြောင်းသိရသည်။

Zawgyi Version:
ေလ်ာင္းေတာ္မူေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္ခိုးခံရမႈမွ က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၀

မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ေလ်ာင္းေတာ္မူေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္ခိုးခံရမႈမွ က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ေလ်ာင္းေတာ္မႈဗုဒၶ႐ုပ္ပြားေတာ္သည္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁၉ ရက္၊ နံနက္ပိုင္းက မဟာေအာင္ေျမ ၿမိဳ႕နယ္၊ ၈၂ လမ္း၊ ၃၆ လမ္းႏွင့္ ၃၇ လမ္းၾကားရွိ ေရွးေဟာင္းသမိုင္းဝင္ ေ႐ႊအိုးရေစတီအတြင္း ပူေဇာ္ခံထားစဥ္ ခိုးယူခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ယေန႔(ေဖေဖာ္ဝါရီ ၂ဝ ရက္) တြင္ ခိုးယူခံရသည့္ ေလ်ာင္းေတာ္မူေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္ႏွင့္အတူ က်ဴးလြန္သူ(၄)ဦးအား ျပန္လည္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေလ်ာင္းေတာ္မူဗုဒၶ႐ုပ္ပြားေတာ္သည္ သိန္းေပါင္းေထာင္ခ်ီတန္ေသာ ရတနာပုံေခတ္လက္ရာ ေက်ာက္သား ဆင္းတုေတာ္တစ္ဆူျဖစ္ေၾကာင္းလည္း သိရသည္။
ခိုးယူခံရသည့္ ေရွးေဟာင္း႐ုပ္ပြာေတာ္သည္ လြန္ခဲ့သည့္ ၂၀၇ခုႏွစ္က ပထမအႀကိမ္ခိုးယူျခင္းခံခဲ့ရဖူးၿပီး ျမဝတီၿမိဳ႕ တြင္ ျပန္လည္ဖမ္းမိၿပီးေနာက္ ေ႐ႊအိုးရေစတီေတာ္တြင္ ျပန္လည္ပူေဇာ္ခဲ့ရာ ဒုတိယအႀကိမ္ ထပ္မံခိုးယူခံခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ခိုးယူခံခဲ့ရသည့္ ေက်ာက္သားဆင္းတုေတာ္ကို က်ဴးလြန္သူမ်ားထံမွ ျပန္လည္ပင့္ေဆာင္ႏိုင္ခဲ့ၿပီး မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲမႈး႐ုံးတြင္ ေခတၱယာယီ အပူေဇာ္ခံထားၿပီး က်ဴးလြန္သူ(၄)ဦးအား စစ္ေဆးအေရးယူထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.