တိုက်ပွဲဖြစ်ပွားနေသော ဗန်းမော်မြို့ရှိ သိမ်မဟာစေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ရတနာရွှေကြုပ် ပျောက်ဆုံးနေ

 1285

စော (NP News) - ဖေဖော်ဝါရီ ၂၀

တိုက်ပွဲဖြစ်ပွားနေသော ဗန်းမော်မြို့ရှိ သိမ်မဟာစေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ရတနာရွှေကြုပ် ပျောက်ဆုံးနေ ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ သိမ်မဟာစေတီတော်ကြီးသည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်ကျောင်းတိုက်အတွင်း တည်ရှိကြောင်းသိရသည်။
“ဘယ်လိုမျိုးမှတော့ မ‌ဆောင်ရွက်နိုင်သေးပါဘူး။ စစ်ပြေးနေတာဆိုတော့။ ပျောက်တဲ့ရက်တော့ အတိအကျတော့ မသိဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ဇန်နဝါရီလ လဆန်းပိုင်းလောက်က သိမ်တော်ကြီးဝန်းထဲမှာ ဝင်ပြီးမှ သွားကြည့်တဲ့ ဦးဇင်းတစ်ပါးက ထီးတော်ရဲ့အပေါ်မှာ စိန်ဖူးတော်နဲ့ ရတနာရွှေကြုပ်မရှိတော့တဲ့ဟာ သိတာပါ။ တိုက်ပွဲဖြစ်တာ ကကျတော့ ဒီဇင်ဘာလ ၄ ရက်က စဖြစ်တာလေ” ဟု ၎င်းက ပြောသည်။
ထိုသို့ စိန်ဖူးတော်ပျောက်ဆုံးနေချိန်၌ သိမ်တော်ကြီးကျောင်းထိုင်ဆရာတော်ကြီး ရှင်ပညိန္ဒာလင်္ကာရ အပါအဝင် အခြားသော သံဃာတော်များကလည်း စစ်ရှောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ကျောင်းတိုက်မှာ (၁၈)နှစ်ကြာ သတင်းသုံးခဲ့တဲ့ ဓမ္မကထိကဆရာတော်တစ်ပါး ပြောပြတာပေါ့။ သပိတ်လိုမျိုး လုံးလုံးပဲ၊ စက်ဝိုင်းလိုမျိုးဟာကို နှစ်ခြမ်းကို စကူတွေနဲ့ ဟိုဘက်ဒီဘက်ကို ဆွဲပိတ်ထားတဲ့ပုံစံ။ အရင်တုန်းက တစ်ခါ ဘုရားစိန်ဖူးတော်တစ်ခါပျောက်ဖူးတယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် ဗန်းမော်မြို့သည် တစ်စစီပျက်စီးနေပြီး စစ်ဘေး‌ရှောင်ပြည်သူများ၏ ပိုင်ဆိုင်မှု များကို အုပ်စုဖွဲ့ကာ ယူဆောင်နေကြကြောင်း သိရသည်။

Zawgyi Version:
တိုက္ပြဲျဖစ္ပြားေနေသာ ဗန္းေမာ္ၿမိဳ႕ရွိ သိမ္မဟာေစတီေတာ္ႀကီး၏ စိန္ဖူးေတာ္ႏွင့္ ရတနာေ႐ႊၾကဳပ္ ေပ်ာက္ဆုံးေန
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၀

တိုက္ပြဲျဖစ္ပြားေနေသာ ဗန္းေမာ္ၿမိဳ႕ရွိ သိမ္မဟာေစတီေတာ္ႀကီး၏ စိန္ဖူးေတာ္ႏွင့္ ရတနာေ႐ႊၾကဳပ္ ေပ်ာက္ဆုံးေန ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။
အဆိုပါ သိမ္မဟာေစတီေတာ္ႀကီးသည္ ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕၊ မင္းကုန္းရပ္ကြက္ရွိ မဟာသိမ္ေတာ္ႀကီး ပရိယတၱိစာသင္ေက်ာင္းတိုက္အတြင္း တည္ရွိေၾကာင္းသိရသည္။
“ဘယ္လိုမ်ိဳးမွေတာ့ မ‌ေဆာင္႐ြက္ႏိုင္ေသးပါဘူး။ စစ္ေျပးေနတာဆိုေတာ့။ ေပ်ာက္တဲ့ရက္ေတာ့ အတိအက်ေတာ့ မသိဘူး။ ဒါေပမယ့္ ၿပီးခဲ့တဲ့ဇန္နဝါရီလ လဆန္းပိုင္းေလာက္က သိမ္ေတာ္ႀကီးဝန္းထဲမွာ ဝင္ၿပီးမွ သြားၾကည့္တဲ့ ဦးဇင္းတစ္ပါးက ထီးေတာ္ရဲ႕အေပၚမွာ စိန္ဖူးေတာ္နဲ႔ ရတနာေ႐ႊၾကဳပ္မရွိေတာ့တဲ့ဟာ သိတာပါ။ တိုက္ပြဲျဖစ္တာ ကက်ေတာ့ ဒီဇင္ဘာလ ၄ ရက္က စျဖစ္တာေလ” ဟု ၎က ေျပာသည္။
ထိုသို႔ စိန္ဖူးေတာ္ေပ်ာက္ဆုံးေနခ်ိန္၌ သိမ္ေတာ္ႀကီးေက်ာင္းထိုင္ဆရာေတာ္ႀကီး ရွင္ပညိႏၵာလကၤာရ အပါအဝင္ အျခားေသာ သံဃာေတာ္မ်ားကလည္း စစ္ေရွာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
“ေက်ာင္းတိုက္မွာ (၁၈)ႏွစ္ၾကာ သတင္းသုံးခဲ့တဲ့ ဓမၼကထိကဆရာေတာ္တစ္ပါး ေျပာျပတာေပါ့။ သပိတ္လိုမ်ိဳး လုံးလုံးပဲ၊ စက္ဝိုင္းလိုမ်ိဳးဟာကို ႏွစ္ျခမ္းကို စကူေတြနဲ႔ ဟိုဘက္ဒီဘက္ကို ဆြဲပိတ္ထားတဲ့ပုံစံ။ အရင္တုန္းက တစ္ခါ ဘုရားစိန္ဖူးေတာ္တစ္ခါေပ်ာက္ဖူးတယ္လို႔ သိရပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ တိုက္ပြဲမ်ားေၾကာင့္ ဗန္းေမာ္ၿမိဳ႕သည္ တစ္စစီပ်က္စီးေနၿပီး စစ္ေဘး‌ေရွာင္ျပည္သူမ်ား၏ ပိုင္ဆိုင္မႈ မ်ားကို အုပ္စုဖြဲ႕ကာ ယူေဆာင္ေနၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.