နေပြည်တော်တွင် ဝန်ထမ်းအိမ်ရာ (၄)လွှာမှ အမျိုးသားတစ်ဦး ခုန်ချအဆုံးစီရင်

744

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၀
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တွင် ဝန်ထမ်းအိမ်ရာ (၄)လွှာမှ အမျိုးသားတစ်ဦး ခုန်ချအဆုံးစီရင် သွားခဲ့ကြောင်း စိုးမိုးသူလူမှုကူညီရေးအဖွဲ့ချုပ်(နေပြည်တော်) မှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်)၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ တိုက်(၁၃၂၂)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဝန်ထမ်းတွေ အကုန်မရှိတော့တဲ့အချိန်မှာဖြစ်သွားတာ။ ဘာလို့ခုန်ချတယ်လို့ ယူဆရသလဲဆိုတော့ ကျွန်တော်တို့ သွားရောက်ကူညီတဲ့အချိန်မှာ သူ့ရဲ့ခြေဖဝါးတွေမှာ တံခါးပေါက်ကိုတက်ထားတော့ နံရံမှာ သုတ်ထားတဲ့ သင်္ဘောဆေးတွေက ခြေထောက်မှာပေထားတဲ့အရာ ရှိတယ်။ နောက်တစ်ခုက ကျတာက ပက်လက်လန်ကျသွား တာ။ တကယ်တမ်းဆိုရင် ခေါင်းနဲ့ဇောက်ထိုးကျတာမျိုးတွေ။ ခြေထောက်တွေ လက်တွေကျိုးတာမျိုးတွေ။ ရစရာ မရှိအောင်ဖြစ်တာမျိုးတွေဖြစ်တယ်လေ။ အမြင်က ပေ(၅၀)ကျော်မယ်” ဟု စိုးမိုးသူလူမှုကူညီရေးအဖွဲ့ချုပ် (နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ ခုန်ချသေဆုံးမှုကြောင့် အသက်(၃၅)နှစ်အရွယ်အမျိုးသားတွင် ဦးခေါင်းနောက်စေ့ပေါက်ကွဲဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့်သေဆုံးသူအမျိုးသားအား စိုးမိုးသူလူမှုကူညီရေးအဖွဲ့ချုပ်(နေပြည်တော်)က နေပြည်တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Zawgyi Version:
ေနျပည္ေတာ္တြင္ ဝန္ထမ္းအိမ္ရာ (၄)လႊာမွ အမ်ိဳးသားတစ္ဦး ခုန္ခ်အဆုံးစီရင္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၀
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္တြင္ ဝန္ထမ္းအိမ္ရာ (၄)လႊာမွ အမ်ိဳးသားတစ္ဦး ခုန္ခ်အဆုံးစီရင္ သြားခဲ့ေၾကာင္း စိုးမိုးသူလူမႈကူညီေရးအဖြဲ႕ခ်ဳပ္(ေနျပည္ေတာ္) မွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၁၉ ရက္)၊ မြန္းလြဲ ၂ နာရီအခ်ိန္ခန႔္က ဇမၺဴသီရိၿမိဳ႕နယ္၊ ဓနသိဒၶိရပ္ကြက္၊ တိုက္(၁၃၂၂)တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဝန္ထမ္းေတြ အကုန္မရွိေတာ့တဲ့အခ်ိန္မွာျဖစ္သြားတာ။ ဘာလို႔ခုန္ခ်တယ္လို႔ ယူဆရသလဲဆိုေတာ့ ကြၽန္ေတာ္တို႔ သြားေရာက္ကူညီတဲ့အခ်ိန္မွာ သူ႔ရဲ႕ေျခဖဝါးေတြမွာ တံခါးေပါက္ကိုတက္ထားေတာ့ နံရံမွာ သုတ္ထားတဲ့ သေဘၤာေဆးေတြက ေျခေထာက္မွာေပထားတဲ့အရာ ရွိတယ္။ ေနာက္တစ္ခုက က်တာက ပက္လက္လန္က်သြား တာ။ တကယ္တမ္းဆိုရင္ ေခါင္းနဲ႔ေဇာက္ထိုးက်တာမ်ိဳးေတြ။ ေျခေထာက္ေတြ လက္ေတြက်ိဳးတာမ်ိဳးေတြ။ ရစရာ မရွိေအာင္ျဖစ္တာမ်ိဳးေတြျဖစ္တယ္ေလ။ အျမင္က ေပ(၅၀)ေက်ာ္မယ္” ဟု စိုးမိုးသူလူမႈကူညီေရးအဖြဲ႕ခ်ဳပ္ (ေနျပည္ေတာ္) မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ ခုန္ခ်ေသဆုံးမႈေၾကာင့္ အသက္(၃၅)ႏွစ္အ႐ြယ္အမ်ိဳးသားတြင္ ဦးေခါင္းေနာက္ေစ့ေပါက္ကြဲဒဏ္ရာရရွိကာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ေသဆုံးသူအမ်ိဳးသားအား စိုးမိုးသူလူမႈကူညီေရးအဖြဲ႕ခ်ဳပ္(ေနျပည္ေတာ္)က ေနျပည္ေတာ္ ကုတင္ (၁၀၀၀) ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။