ကျားဖြန့်နှင့် တရားမဝင်အလောင်းကစားလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သော တရုတ်နိုင်ငံသား (၂၀၀) ကို ပြန်လည်လွှဲပြောင်းခဲ့

210

ချယ်ရီ(NP News )- ဖေဖော်ဝါရီ ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင် ခဲ့ကြသော တရုတ်နိုင်ငံသား (၂၀၀) ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းပေးလျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၀၀)ဦးကို ယမန်နေ့(ဖေဖော်ဝါရီလ ၂၀)ရက်က ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
လွှဲပြောင်းပေးခဲ့သည့် တရုတ်နိုင်ငံသားများကို ထိုင်းနိုင်ငံ၊ မဲဆောက်လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ ပြီးနောက် တရုတ်နိုင်ငံသားများ၏ ဖွင့်ဟဝန်ခံချက်များအရ အများစုသည် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့လည်းကောင်း၊ ထိုမှတဆင့် မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့သို့ ကနဦးရောက်ရှိကြပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်း ကိုယ်စားလှယ်များက ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ကို တရားမဝင်ဖြတ်ကျော်ခေါ်ဆောင်ကာ မြဝတီ- KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှု များ၊ အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်လုပ်ဆောင်ရန် စေခိုင်းခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Zawgyi Version:
က်ားျဖန႔္ႏွင့္ တရားမဝင္အေလာင္းကစားလုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ခဲ့ေသာ တ႐ုတ္ႏိုင္ငံသား (၂၀၀) ကို ျပန္လည္လႊဲေျပာင္းခဲ့
ခ်ယ္ရီ(NP News )- ေဖေဖာ္ဝါရီ ၂၁
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕-ေ႐ႊကုကၠိဳလ္ႏွင့္ KK Park နယ္ေျမမ်ားတြင္ တရားမဝင္ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ ဒုစ႐ိုက္မႈမ်ားလုပ္ေဆာင္ ခဲ့ၾကေသာ တ႐ုတ္ႏိုင္ငံသား (၂၀၀) ကို ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္းလိမ္လည္မႈႏွင့္ ဒုစ႐ိုက္မႈလုပ္ငန္းမ်ားကို အိမ္နီးခ်င္းႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံတကာမွ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ ျပတ္ျပတ္သားသား စုံစမ္းေဖာ္ထုတ္တိုက္ဖ်က္လ်က္ရွိၿပီး အဆိုပါလုပ္ငန္းမ်ားတြင္ ဆက္စပ္ပါဝင္ခဲ့ၾကသည့္ ျပည္ပႏိုင္ငံသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ စနစ္တက်လႊဲေျပာင္းေပးလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ လႊဲေျပာင္းေပးလ်က္ရွိရာ ျမန္မာႏိုင္ငံအတြင္းသို႔ နယ္စပ္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္ေနထိုင္ၿပီး ကရင္ျပည္နယ္ ျမဝတီၿမိဳ႕-ေ႐ႊကုကၠိဳလ္ႏွင့္ KK Park နယ္ေျမမ်ားတြင္ တရားမဝင္ Online ေလာင္းကစားမႈမ်ား၊ Online လိမ္လည္မႈမ်ားႏွင့္ ဒုစ႐ိုက္မႈမ်ားလုပ္ေဆာင္ခဲ့ၾကသည့္ တ႐ုတ္ႏိုင္ငံသား (၂၀၀)ဦးကို ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၀)ရက္က ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက်လႊဲေျပာင္း ေပးအပ္ခဲ့ေၾကာင္း သိရသည္။
လႊဲေျပာင္းေပးခဲ့သည့္ တ႐ုတ္ႏိုင္ငံသားမ်ားကို ထိုင္းႏိုင္ငံ၊ မဲေဆာက္ေလဆိပ္မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ ဆက္လက္ပို႔ေဆာင္ေပးခဲ့ ၿပီးေနာက္ တ႐ုတ္ႏိုင္ငံသားမ်ား၏ ဖြင့္ဟဝန္ခံခ်က္မ်ားအရ အမ်ားစုသည္ တ႐ုတ္ႏိုင္ငံမွ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕သို႔လည္းေကာင္း၊ ထိုမွတဆင့္ ျမန္မာ-ထိုင္းနယ္စပ္ၿမိဳ႕ျဖစ္သည့္ မဲေဆာက္ၿမိဳ႕သို႔ ကနဦးေရာက္ရွိၾကၿပီး အြန္လိုင္းလိမ္လည္မႈလုပ္ငန္း ကိုယ္စားလွယ္မ်ားက ထိုင္း-ျမန္မာနယ္စပ္ရွိ ေသာင္ရင္းျမစ္ကို တရားမဝင္ျဖတ္ေက်ာ္ေခၚေဆာင္ကာ ျမဝတီ- KK Park နယ္ေျမအတြင္းရွိ အြန္လိုင္းလိမ္လည္မႈ မ်ား၊ အြန္လိုင္းေလာင္းကစားမႈမ်ားတြင္ ပါဝင္လုပ္ေဆာင္ရန္ ေစခိုင္းျခင္းခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အေနျဖင့္ Online Scam Center လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသူမ်ားႏွင့္ ေနာက္ကြယ္မွႀကိဳးကိုင္ေသာ ႏိုင္ငံျခားသားမ်ားကို ေဖာ္ထုတ္ဖမ္းဆီးၿပီး ထိထိေရာက္ေရာက္ ျပင္းျပင္းထန္ထန္အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡေရာက္ေနၾကေသာ ႏိုင္ငံျခားသားမ်ားႏွင့္ လူကုန္ကူးခံရသည့္ ႏိုင္ငံျခားသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံးျပည္ႏွင္လႊဲေျပာင္းေပးႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။