‌ဒေါပုံတွင် သမီးယောက်ဖနှစ်ဦးစကားများရန်ဖြစ်ရာမှလူသတ်မှုဖြစ်ပွား

 1385

NP News ဖေဖေါ်ဝါရီ (၂၁)
ရန်ကုန်တိုင်း ဒေသကြီး ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် မာလာနွယ်လမ်းအမှတ် (188/5)လွှာ တွင် သားမီးယောက်ဖနှစ်ဦး စကားများရန်ဖြစ်ရာမှ ဖေဖေါ်ဝါရီည ၂၀ရက်နေ့ညပိုင်းက လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ‌ဒေသခံ ပရဟိတအဖွဲ့များထံမှသိရသည်။

“သေဆုံးသူရဲ့ညီမယောကျ်ားက ဓါးနဲ့ထိုးလို့ သေသွားတာပါ သွေးထွက်လွန်ပြီးသေဆုံးတဲ့ပုံစံဘဲ။ ညပိုင်းရှစ်နာရီခွဲလောက်ကတည်းက တကျက်ကျက်ရန်ဖြစ်နေတာ ။ ကိုးနာရီနောက်ပိုင်း ကျမှ ဓါးထိုးမှုဖြစ်တယ်။ တရားခံကတိမ်းရှောင်နေတာကြောင့်ရဲက သူဇနီးကိုပါခေါ်ယူစစ်ဆေးနေတယ်”ဟု ‌ဒေါပုံဒေသခံ အေးမေတ္တာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်တလောတွင် သေဆုံးသူသည် အသက်၃၅ နှစ်ဝန်းကျင် ခန့်ရှိပြီး အစ္စလမ်ဘာသာဝင်ဖြစ်သောကြောင့် ဘာသာရေးထုံးစံအရ ရန်ကုန်ဈေးရုံကြီးမှတဆင့် ‌ရေဝေးသုသန်သို့ပြောင်းရွှေ့ကာ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် နာရေးပြုလုပ်ရန်စီစဉ်နေကြောင်းသိရသည်။

Zawgyi Version:‌ေဒါပုံတြင္ သမီးေယာက္ဖႏွစ္ဦးစကားမ်ားရန္ျဖစ္ရာမွလူသတ္မႈျဖစ္ပြား
NP News ေဖေဖၚဝါရီ (၂၁)
ရန္ကုန္တိုင္း ေဒသႀကီး ေဒါပုံၿမိဳ႕နယ္ ႏြယ္ေအးရပ္ကြက္ မာလာႏြယ္လမ္းအမွတ္ (188/5)လႊာ တြင္ သားမီးေယာက္ဖႏွစ္ဦး စကားမ်ားရန္ျဖစ္ရာမွ ေဖေဖၚဝါရီည ၂၀ရက္ေန႔ညပိုင္းက လူသတ္မႈျဖစ္ပြားခဲ့ေၾကာင္း ‌ေဒသခံ ပရဟိတအဖြဲ႕မ်ားထံမွသိရသည္။
“ေသဆုံးသူရဲ႕ညီမေယာက်္ားက ဓါးနဲ႔ထိုးလို႔ ေသသြားတာပါ ေသြးထြက္လြန္ၿပီးေသဆုံးတဲ့ပုံစံဘဲ။ ညပိုင္းရွစ္နာရီခြဲေလာက္ကတည္းက တက်က္က်က္ရန္ျဖစ္ေနတာ ။ ကိုးနာရီေနာက္ပိုင္း က်မွ ဓါးထိုးမႈျဖစ္တယ္။ တရားခံကတိမ္းေရွာင္ေနတာေၾကာင့္ရဲက သူဇနီးကိုပါေခၚယူစစ္ေဆးေနတယ္”ဟု ‌ေဒါပုံေဒသခံ ေအးေမတၱာ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။
လက္တေလာတြင္ ေသဆုံးသူသည္ အသက္၃၅ ႏွစ္ဝန္းက်င္ ခန႔္ရွိၿပီး အစၥလမ္ဘာသာဝင္ျဖစ္ေသာေၾကာင့္ ဘာသာေရးထုံးစံအရ ရန္ကုန္ေဈး႐ုံႀကီးမွတဆင့္ ‌ေရေဝးသုသန္သို႔ေျပာင္းေ႐ႊ႕ကာ ေဖေဖၚဝါရီလ ၂၁ ရက္ေန႔တြင္ နာေရးျပဳလုပ္ရန္စီစဥ္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.