မန္တ‌လေးတွင် ရက်ပေါင်း(၄၀)ကျော်တွင်း KBZ ဘဏ်တစ်ခုတည်းတွင် (၂) ကြိမ်ဓားပြတိုက်ခံရ

 226

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၂၁
မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ရက်ပေါင်း(၄၀)ကျော်တွင်း KBZဘဏ်တစ်ခ (၂)ကြိမ်ဓားပြတိုက်ခံရခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဒုတိယအကြိမ် ဓားပြတိုက်ခံရမှုသည် ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်ခန့်က မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ မန္တလေးတက္ကသိုလ်အနီးရှိ ကမ္ဘောဇဘဏ်ခွဲ (၃၇)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ KBZဘဏ်ကို ဘောင်းဘီရှည်၊ အပေါ်အင်္ကျီအနက်ရောင်ဝတ်ဆင်ပြီး Maskတပ်ထားသည့် အသက်(၃၀)ကျော်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးက ပစ္စတိုသေနတ်တစ်လက်ကိုင်ဆောင်ကာ ဓားပြဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်များအရ သိရသည်။

ထို့နောက် ယူနီဖောင်းဝတ်ထားသည့် ဘဏ်ဝန်ထမ်းတစ်ဦးက ပိုက်ဆံအပြည့်ထည့်ထားသော ပီနံအိတ်ကို ဘဏ်ဓားပြထံလိုက်လံ ပို့ဆောင်ပေးခဲ့ရကြောင်းလည်း မြင်တွေ့ခဲ့ရသည်။

“အရင်တစ်ခါ ဓားပြတိုက်ခံရတဲ့ ဘဏ်ပဲအတိုက်ခံရတာ။ အိတ်ကြီးနဲ့တစ်အိတ်ဆိုတော့ (၁၀၀၀)ကျော်လောက်ဖြစ်မှာပါ။ ကျပ်(၅၀၀၀) တွေ ချည်းထည့်ထားတဲ့အိတ်လို့ပြောတာ။ စူပါကပ်နဲ့ ဝင်တိုက်သွားတာ။ အေးအေးဆေးဆေးပဲဝင်တိုက်သွားတာ။ အဲဒါကြီးက တော်တော် ကြီးကိုရုပ်ပျက်တယ်။ တော်တော်ကြီးကို ရုပ်ဆိုးလွန်းပါတယ်။ သေနတ်တိုလေးနဲ့တိုက်သွားတာ။ မန္တလေးမှာ ဘဏ် လုံခြုံရေးက (၂)ယောက်(၃)ယောက်လောက်ရှိတယ်”ဟု ဓားပြတိုက်ခံရသည့် ဘဏ်အနီးနေထိုင်သူတစ်ဦးက NP Newsကိုပြောသည်။

လက်ရှိတွင် ကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ရက်ကလည်း အဆိုပါဘဏ်ကို အမျိုးသားတစ်ဦးက လက်လုပ်သေနတ်တစ်လက်ဖြင့် ဓားပြဝင် တိုက်ခဲ့ဖူးပြီး ဘဏ်ဝန်ထမ်းများက ပြန်လည်ခုခံခဲ့ရာ ဘဏ်မန်နေဂျာတစ်ဦးထိခိုက်ဒဏ်ရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
မႏၲ‌ေလးတြင္ ရက္ေပါင္း(၄၀)ေက်ာ္တြင္း KBZ ဘဏ္တစ္ခု (၂) ႀကိမ္ဓားျပတိုက္ခံရ
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၂၁
မႏၲ‌ေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ရက္ေပါင္း (၄၀) ေက်ာ္တြင္း KBZ ဘဏ္တစ္ခု (၂) ႀကိမ္ဓားျပတိုက္ခံရခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ဒုတိယအႀကိမ္ ဓားျပတိုက္ခံရမႈသည္ ယေန႔(ေဖေဖာ္ဝါရီ ၂၁ ရက္)မြန္းလြဲ ၁ နာရီ ၅၀ မိနစ္အခ်ိန္ခန႔္က မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာႏြယ္စဥ္ရပ္ကြက္၊ မႏၲေလးတကၠသိုလ္အနီးရွိ ကေမာၻဇဘဏ္ခြဲ (၃၇) တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ KBZဘဏ္ကို ေဘာင္းဘီရွည္၊ အေပၚအက်ႌအနက္ေရာင္ဝတ္ဆင္ၿပီး Maskတပ္ထားသည့္ အသက္(၃၀)ေက်ာ္အ႐ြယ္ခန႔္ရွိ အမ်ိဳးသားတစ္ဦးက ပစၥတိုေသနတ္တစ္လက္ကိုင္ေဆာင္ကာ ဓားျပဝင္တိုက္ခဲ့ျခင္းျဖစ္ေၾကာင္း လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔ေနသည့္ ႐ုပ္သံဖိုင္မ်ားအရ သိရသည္။

ထို႔ေနာက္ ယူနီေဖာင္းဝတ္ထားသည့္ ဘဏ္ဝန္ထမ္းတစ္ဦးက ပိုက္ဆံအျပည့္ထည့္ထားေသာ ပီနံအိတ္ကို ဘဏ္ဓားျပထံလိုက္လံ ပို႔ေဆာင္ေပးခဲ့ရေၾကာင္းလည္း ျမင္ေတြ႕ခဲ့ရသည္။

“အရင္တစ္ခါ ဓားျပတိုက္ခံရတဲ့ ဘဏ္ပဲအတိုက္ခံရတာ။ အိတ္ႀကီးနဲ႔တစ္အိတ္ဆိုေတာ့ (၁၀၀၀)ေက်ာ္ေလာက္ျဖစ္မွာပါ။ က်ပ္(၅၀၀၀) ေတြ ခ်ည္းထည့္ထားတဲ့အိတ္လို႔ေျပာတာ။ စူပါကပ္နဲ႔ ဝင္တိုက္သြားတာ။ ေအးေအးေဆးေဆးပဲဝင္တိုက္သြားတာ။ အဲဒါႀကီးက ေတာ္ေတာ္ ႀကီးကို႐ုပ္ပ်က္တယ္။ ေတာ္ေတာ္ႀကီးကို ႐ုပ္ဆိုးလြန္းပါတယ္။ ေသနတ္တိုေလးနဲ႔တိုက္သြားတာ။ မႏၲေလးမွာ ဘဏ္လုံၿခဳံေရးက (၂)ေယာက္(၃)ေယာက္ေလာက္ရွိတယ္”ဟု ဓားျပတိုက္ခံရသည့္ ဘဏ္အနီးေနထိုင္သူတစ္ဦးက NP Newsကိုေျပာသည္။

လက္ရွိတြင္ က်ဴးလြန္သူအား ေဖာ္ထုတ္ဖမ္းဆီးရမိေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပိတ္ဆို႔ရွာေဖြမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၁၁ရက္ကလည္း အဆိုပါဘဏ္ကို အမ်ိဳးသားတစ္ဦးက လက္လုပ္ေသနတ္တစ္လက္ျဖင့္ ဓားျပဝင္တိုက္ခဲ့ဖူးၿပီး ဘဏ္ဝန္ထမ္းမ်ားက ျပန္လည္ခုခံခဲ့ရာ ဘဏ္မန္ေနဂ်ာတစ္ဦးထိခိုက္ဒဏ္ရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.