တောင်တရုတ်ပင်လယ်အတွင်း ပျံသန်းနေသည့် ဖိလစ်ပိုင်လေယာဉ်သုံးစင်းကို တရုတ်စစ်တပ်မောင်းထုတ်

384

Pika (NP News) - ဖေဖော်ဝါရီ ၂၁
ဖေဖော်ဝါရီလ(၂၀)ရက်တွင် တောင်တရုတ်ပင်လယ်အတွင်းတွင်ရှိသော စပရက်တလီကျွန်းစုများအနီးရှိ လေပိုင်နက်အတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်လာသော ဖိလစ်ပိုင်လေယာဉ်သုံးစင်းကို သတိပေးမှုများ လုပ်ဆောင်ကာ မောင်းထုတ်ပစ်ခဲ့ကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ပြောဆိုခဲ့သည်။
တရုတ်စစ်တပ်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံရှိ ဖိလစ်ပိုင်သံရုံးက ချက်ချင်းမှတ်ချက်ပြု တုံ့ပြန် ပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရသည်။ ဖိလစ်ပိုင်လေယာဉ်သုံးစင်းသည် လေပိုင်နက် တရားမဝင် ကျူးကျော်ဝင်ရောက်မှုများကို လုပ်ဆောင်ခဲ့သော်လည်း တရုတ်ဘက်က အောင်မြင်စွာ ဟန့်တားမှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း တရုတ်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်ကြောင်း တရုတ်ဘက်က အခိုင်အမာပြောဆိုထားသလို ဘရုနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ်တို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ် တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားကြသည်။
ဖိလစ်ပိုင် နှင့် တရုတ်တို့သည် အငြင်းပွါးတောင်တရုတ်ပင်လယ်အတွင်းတွင် ထိပ်တိုက်တွေ့ဆုံမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး နှစ်နိုင်ငံကြား တင်းမာမှုများ ဆိုးရွားစွာမြင့်တက်လျက်ရှိကြောင်း သိရသည်။ တရုတ်အစိုးရက ၎င်း၏ ပိုင်နက် နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ရန်စမှုများ လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင်ဘက်က အခိုင်အမာစွပ်စွဲပြောဆိုထားသလို တရုတ်ဘက်ကလည်း ဖိလစ်ပိုင်အစိုးရသည် ၎င်း၏ ပိုင်နက် နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်ကာ ရန်စမှုများကို လုပ်ဆောင်နေကြောင်း ပြန်လည်စွပ်စွဲပြောဆိုထားသည်။

Zawgyi Version:
ေတာင္တ႐ုတ္ပင္လယ္အတြင္း ပ်ံသန္းေနသည့္ ဖိလစ္ပိုင္ေလယာဥ္သုံးစင္းကို တ႐ုတ္စစ္တပ္ေမာင္းထုတ္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၁
ေဖေဖာ္ဝါရီလ(၂၀)ရက္တြင္ ေတာင္တ႐ုတ္ပင္လယ္အတြင္းတြင္ရွိေသာ စပရက္တလီကြၽန္းစုမ်ားအနီးရွိ ေလပိုင္နက္အတြင္းသို႔ တရားမဝင္ က်ဴးေက်ာ္ဝင္ေရာက္လာေသာ ဖိလစ္ပိုင္ေလယာဥ္သုံးစင္းကို သတိေပးမႈမ်ား လုပ္ေဆာင္ကာ ေမာင္းထုတ္ပစ္ခဲ့ေၾကာင္း တ႐ုတ္စစ္တပ္က ထုတ္ျပန္ေျပာဆိုခဲ့သည္။
တ႐ုတ္စစ္တပ္၏ ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံရွိ ဖိလစ္ပိုင္သံ႐ုံးက ခ်က္ခ်င္းမွတ္ခ်က္ျပဳ တုံ႔ျပန္ ေျပာဆိုျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။ ဖိလစ္ပိုင္ေလယာဥ္သုံးစင္းသည္ ေလပိုင္နက္ တရားမဝင္ က်ဴးေက်ာ္ဝင္ေရာက္မႈမ်ားကို လုပ္ေဆာင္ခဲ့ေသာ္လည္း တ႐ုတ္ဘက္က ေအာင္ျမင္စြာ ဟန႔္တားမႈမ်ား လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း တ႐ုတ္ေတာင္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က ေျပာၾကားခဲ့သည္။
ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က အခိုင္အမာေျပာဆိုထားသလို ဘ႐ုႏိုင္း၊ မေလးရွား၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္ ႏွင့္ ဗီယက္နမ္တို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္ တစ္ပိုင္းကို ၎တို႔ပိုင္ဆိုင္ေၾကာင္း အခိုင္အမာေျပာဆိုထားၾကသည္။
ဖိလစ္ပိုင္ ႏွင့္ တ႐ုတ္တို႔သည္ အျငင္းပြါးေတာင္တ႐ုတ္ပင္လယ္အတြင္းတြင္ ထိပ္တိုက္ေတြ႕ဆုံမႈမ်ား မၾကာခဏ ျဖစ္ပြားလ်က္ရွိၿပီး ႏွစ္ႏိုင္ငံၾကား တင္းမာမႈမ်ား ဆိုး႐ြားစြာျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။ တ႐ုတ္အစိုးရက ၎၏ ပိုင္နက္ နယ္ေျမအတြင္းသို႔ က်ဴးေက်ာ္ဝင္ေရာက္ကာ ရန္စမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ဖိလစ္ပိုင္ဘက္က အခိုင္အမာစြပ္စြဲေျပာဆိုထားသလို တ႐ုတ္ဘက္ကလည္း ဖိလစ္ပိုင္အစိုးရသည္ ၎၏ ပိုင္နက္ နယ္ေျမအတြင္း က်ဴးေက်ာ္ဝင္ေရာက္ကာ ရန္စမႈမ်ားကို လုပ္ေဆာင္ေနေၾကာင္း ျပန္လည္စြပ္စြဲေျပာဆိုထားသည္။