ပြည်ပရောက်မြန်မာလုပ်သားများ၏ လစာငွေကို ဘဏ်လမ်းကြောင်းမှ လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းဖြင့် EV ကားများ တင်သွင်းခွင့်ပြုကြောင်း ထပ်မံအသိပေး

372

NP News - ဖေဖော်ဝါရီ ၂၁
ပြည်ပရောက်မြန်မာလုပ်သားများ၏ လစာငွေကို ဘဏ်လမ်းကြောင်းမှ လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းဖြင့် EV ကားများ တင်သွင်းခွင့်ပြုကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက ထပ်မံအသိပေးထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) တွင် အထက်ပါကဲ့သို့ ထပ်မံအသိပေးထားခြင်းဖြစ်သည်။
နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှု ပိုမိုတိုးတက်ဖြစ်ထွန်းစေရန်နှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးကိစ္စအား အထောက်အကူပြုရန် ရည်ရွယ်၍ စီးပွားကူးသန်းဝန်ကြီးဌာနက အဆိုပါအစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။
ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများက မိမိတို့ရရှိသည့် လစာငွေ (သို့မဟုတ်) အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအပေါ် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော် ဆိုင်ကယ် တင်သွင်းရန်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပုံမှန်လစာရရှိသူများ (သင်္ဘောသားများ အပါအဝင်) နှင့် အခြားဝင်ငွေရရှိသူများသည် တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၅ သောင်းနှင့်အထက် လွှဲပို့ပါက စုစုပေါင်းလွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသော လျှပ်စစ်သုံး မော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်းဖြင့် ခွင့်ပြုဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကျုံးဝင်သူများအနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော် ဆိုင်ကယ် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်းတင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်းတင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်းကောင်း ခွင့်ပြု ပေးမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဆိုပါထုတ်ပြန်ချက်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်တွင် အသိပေးကြေညာချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်လည်း ထပ်မံအသိပေးထုတ်ပြန်ထားသည်။
အသေးစိတ်သိရှိလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၆၇-၃၄၀၈၄၃၃ နှင့် Email - dottraining2008@ gmail.com များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း ဖော်ပြထားသည်။

Zawgyi Version:
ျပည္ပေရာက္ျမန္မာလုပ္သားမ်ား၏ လစာေငြကို ဘဏ္လမ္းေၾကာင္းမွ လႊဲပို႔ေငြ၏ ၅ ရာခိုင္ႏႈန္းျဖင့္ EV ကားမ်ား တင္သြင္းခြင့္ျပဳေၾကာင္း ထပ္မံအသိေပး
NP News - ေဖေဖာ္ဝါရီ ၂၁
ျပည္ပေရာက္ျမန္မာလုပ္သားမ်ား၏ လစာေငြကို ဘဏ္လမ္းေၾကာင္းမွ လႊဲပို႔ေငြ၏ ၅ ရာခိုင္ႏႈန္းျဖင့္ EV ကားမ်ား တင္သြင္းခြင့္ျပဳေၾကာင္း စီးပြားကူးသန္းဝန္ႀကီးဌာနက ထပ္မံအသိေပးထားသည္။
စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ယေန႔ (ေဖေဖာ္ဝါရီ ၂၁ ရက္) တြင္ အထက္ပါကဲ့သို႔ ထပ္မံအသိေပးထားျခင္းျဖစ္သည္။
ႏိုင္ငံေတာ္တြင္ လွ်ပ္စစ္သုံးယာဥ္မ်ား အသုံးျပဳမႈ ပိုမိုတိုးတက္ျဖစ္ထြန္းေစရန္ႏွင့္ သဘာဝပတ္ ဝန္းက်င္ထိန္းသိမ္းေရးကိစၥအား အေထာက္အကူျပဳရန္ ရည္႐ြယ္၍ စီးပြားကူးသန္းဝန္ႀကီးဌာနက အဆိုပါအစီအစဥ္ကို စတင္ခဲ့ျခင္းျဖစ္သည္။
ျပည္ပတြင္ အလုပ္လုပ္ကိုင္လ်က္ရွိၾကသည့္ ျမန္မာႏိုင္ငံသားမ်ားက မိမိတို႔ရရွိသည့္ လစာေငြ (သို႔မဟုတ္) အျခားဝင္ေငြမ်ားကို ျမန္မာႏိုင္ငံသို႔ ဘဏ္လမ္းေၾကာင္းမွတစ္ဆင့္ ျပန္လည္လႊဲပို႔ျခင္းအေပၚ အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ လွ်ပ္စစ္သုံး ေမာ္ေတာ္ယာဥ္/ လွ်ပ္စစ္သုံးေမာ္ေတာ္ ဆိုင္ကယ္ တင္သြင္းရန္ခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္။
ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ပုံမွန္လစာရရွိသူမ်ား (သေဘၤာသားမ်ား အပါအဝင္) ႏွင့္ အျခားဝင္ေငြရရွိသူမ်ားသည္ တစ္ႏွစ္အတြင္း အေမရိကန္ ေဒၚလာ ၅ ေသာင္းႏွင့္အထက္ လႊဲပို႔ပါက စုစုေပါင္းလႊဲပို႔ေငြ၏ ၅ ရာခိုင္ႏႈန္းတန္ဖိုးႏွင့္ညီမွ်ေသာ လွ်ပ္စစ္သုံး ေမာ္ေတာ္ယာဥ္/လွ်ပ္စစ္သုံးေမာ္ေတာ္ဆိုင္ကယ္ တစ္ႏွစ္လွ်င္ တစ္စီးႏႈန္းျဖင့္ ခြင့္ျပဳေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အက်ဳံးဝင္သူမ်ားအေနျဖင့္ လွ်ပ္စစ္သုံးေမာ္ေတာ္ယာဥ္/ လွ်ပ္စစ္သုံးေမာ္ေတာ္ ဆိုင္ကယ္ တင္သြင္းခြင့္ျပဳရာတြင္ တစ္ဦးတစ္ေယာက္ခ်င္းတင္သြင္းမႈကိုလည္းေကာင္း၊ တစ္ဦးတစ္ေယာက္ခ်င္းတင္သြင္းရန္ ယာဥ္တန္ဖိုး မျပည့္မီပါက စုေပါင္း၍ တင္သြင္းမႈကိုလည္းေကာင္း ခြင့္ျပဳ ေပးမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက အဆိုပါထုတ္ျပန္ခ်က္ကို ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလ (၂၆) ရက္တြင္ အသိေပးေၾကညာခ်က္ျဖင့္ ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး ယခုအခါတြင္လည္း ထပ္မံအသိေပးထုတ္ျပန္ထားသည္။
အေသးစိတ္သိရွိလိုသူမ်ားအေနျဖင့္ ဖုန္းနံပါတ္ ၀၆၇-၃၄၀၈၄၃၃ ႏွင့္ Email - dottraining2008@ gmail.com မ်ားသို႔ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္းလည္း ေဖာ္ျပထားသည္။