MNDAA က အထူးဒေသ (၁) အထိ ဆုတ်ခွာမည်ဟု အတိအကျ သတင်းထွက်နေ

2558

Pearl (NP News) - ဇူလိုင် ၂၇
MNDAA က အထူးဒေသ (၁) နယ်မြေအထိ ပြန်လည်ဆုတ်ခွာမည်ဟု သတင်းများ အတိအကျထွက်ပေါ်နေ ကြောင်း ဒေသခံများထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်းပြည်နယ် မုံးကိုးမြို့နှင့် ပန်ဆိုင်းမြို့တို့ရှိ ဌာနဆိုင်ရာရုံများတွင် MNDAA က ၎င်းတို့၏ အလံကိုဖြုတ်ချပြီး မြန်မာ နိုင်ငံအလံကို ပြန်လည်လွှင့်ထူထားကြောင်း သတင်းထွက်ပေါ်ခဲ့သေးသည်။
“မုံးကိုးနဲ့ပန်ဆိုင်းမှာလည်း နိုင်ငံတော် အလံပြန်တင်ပြီ။ သူတို့ လောက်ကိုင်၊ ကုန်းကြမ်းအထိ ဆုတ်မှာ သေချာ ပြီ။ (၈)လပိုင်းဆုတ်မှာ” ဟု MN- DAA နှင့် ပတ်သက်၍သတင်းများကိုသိရှိသော ဒေသခံတစ်ဦးက NP News သို့ ပြော သည်။
MNDAA အဖွဲ့ ယာယီထိန်းချုပ်ခဲ့သည့် လားရှိုးမြို့ကို ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်က တပ်မ တော်လုံခြုံရေး တပ်ဖွဲ့များထံ ပြန်လည် လွှဲပြောင်းခဲ့ပြီး သိန္နီမြို့ကိုလည်း တပ်မတော်ထံ ပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိစဉ် ယခုကဲ့သို့ အလံတင်သော ဖြစ်စဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ “ပြီးရင် MNDAA က ပြန်ဆုတ်မှာ။ ချင်းရွှေဟော်ထိ ဆုတ်မယ်။ ကိုးကန့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ လောက်ကိုင် က သူ့အပိုင်လေ” ဟု အုပ်ချုပ်ရေးပိုင်းများနှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။

Zawgyi Version:
MNDAA က အထူးေဒသ (၁) အထိ ဆုတ္ခြာမည္ဟု အတိအက် သတင္းထြက္ေန
Pearl (NP News) - ဇူလိုင္ ၂၇
MNDAA က အထူးေဒသ (၁) နယ္ေျမအထိ ျပန္လည္ဆုတ္ခြာမည္ဟု သတင္းမ်ား အတိအက်ထြက္ေပၚေန ေၾကာင္း ေဒသခံမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ရွမ္းျပည္နယ္ မုံးကိုးၿမိဳ႕ႏွင့္ ပန္ဆိုင္းၿမိဳ႕တို႔ရွိ ဌာနဆိုင္ရာ႐ုံမ်ားတြင္ MNDAA က ၎တို႔၏ အလံကိုျဖဳတ္ခ်ၿပီး ျမန္မာ ႏိုင္ငံအလံကို ျပန္လည္လႊင့္ထူထားေၾကာင္း သတင္းထြက္ေပၚခဲ့ေသးသည္။
“မုံးကိုးနဲ႔ပန္ဆိုင္းမွာလည္း ႏိုင္ငံေတာ္ အလံျပန္တင္ၿပီ။ သူတို႔ ေလာက္ကိုင္၊ ကုန္းၾကမ္းအထိ ဆုတ္မွာ ေသခ်ာ ၿပီ။ (၈)လပိုင္းဆုတ္မွာ” ဟု MN- DAA ႏွင့္ ပတ္သက္၍သတင္းမ်ားကိုသိရွိေသာ ေဒသခံတစ္ဦးက NP News သို႔ ေျပာ သည္။
MNDAA အဖြဲ႕ ယာယီထိန္းခ်ဳပ္ခဲ့သည့္ လားရႈိးၿမိဳ႕ကို ၿပီးခဲ့သည့္ ဧၿပီလ (၂၂) ရက္က တပ္မ ေတာ္လုံၿခဳံေရး တပ္ဖြဲ႕မ်ားထံ ျပန္လည္ လႊဲေျပာင္းခဲ့ၿပီး သိႏၷီၿမိဳ႕ကိုလည္း တပ္မေတာ္ထံ ျပန္လည္ လႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိစဥ္ ယခုကဲ့သို႔ အလံတင္ေသာ ျဖစ္စဥ္ ျဖစ္ေပၚလာျခင္းျဖစ္သည္။ “ၿပီးရင္ MNDAA က ျပန္ဆုတ္မွာ။ ခ်င္းေ႐ႊေဟာ္ထိ ဆုတ္မယ္။ ကိုးကန႔္ ကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရ ကုန္းၾကမ္း၊ ခ်င္းေ႐ႊေဟာ္၊ ေလာက္ကိုင္ က သူ႔အပိုင္ေလ” ဟု အုပ္ခ်ဳပ္ေရးပိုင္းမ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။