ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှသာ လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြော

 546

Phyo Lin Aung (NP News) - ဖေဖော်ဝါရီ ၂၁

ချင်းအမျိုးသားနေ့ အခမ်းအနားသို့ပေးပို့သည့် နိုင်ငံတော်ဝန်ကြီးချုပ်၏ သဝဏ်လွှာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် အန္တိမရည်မှန်းချက်ဖြစ်သော လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသအလိုက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းမှသာ လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဖြစ်ပါ ကြောင်း အလေးပေးဖော်ပြထားသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်သော (၇၇) ကြိမ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါး တပ်နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အတူ နယ်စပ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံမှ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း သိရသည်။
၎င်းသဝဏ်လွှာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ထို့ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း လွတ်လပ်စွာ ဆွေးနွေးပြောဆိုကြရန် ကမ်းလှမ်းထားကာ ထာဝရငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့်ကြိုဆို လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ဖော်ပြထားသည်။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းဖို့အတွက် နည်းလမ်း အများကြီးရှိနိုင် သော်လည်း ရွေးကောက်ပွဲနည်းလမ်းကသာ အထိခိုက်အနည်းဆုံး နည်းလမ်းဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ရည်ရွယ်ထားသော်လည်း လက်ရှိနိုင်ငံရေးပဋိပက္ခများ၏ အခြေအနေ အရ မြို့နယ်အများစုမှာ မငြိမ်မသက်ဖြစ်နေရသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှာ ခက်ခဲသည့်ကိစ္စဖြစ်လာနိုင်သည်။
ထို့ကြောင့်လည်း နစကဥက္ကဋ္ဌ၏ သဝဏ်လွှာထဲတွင် ပဋိပက္ခများ ချုပ်ငြိမ်းမှသာလျှင် ဒေသအလိုက် ရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဟု ဆိုထားခြင်း ဖြစ်နိုင်သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံရာ၌လည်း ကော်မရှင်ဥက္ကဋ္ဌ က မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ အနက် ၁၆၁ မြို့နယ်တွင်သာ ရွေးကောက်ပွဲပြုလုပ်နိုင်မည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းတွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် ပုဂ္ဂိုလ်များထံမှ တစ်ဆင့် သိရသည်။
ရွေးကောက်ပွဲသည် လတ်တလော နိုင်ငံရေးပဋိပက္ခများအတွက် ထွက်ပေါက်ဖြစ်နိုင်သော်လည်း နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်နိုင်ဖို့အတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ရှိဖို့လိုအပ်မည် ဖြစ်သည်။

Zawgyi Version:
ေဒသအလိုက္ လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းမွသာ လြတ္လပ္၍ တရားမွ်တမႈအျပည့္ရွိသည့္ ေ႐ြးေကာက္ပြဲ မ်ား က်င္းပႏိုင္မည္ျဖစ္ေၾကာင္း နစကဥကၠ႒ေျပာ
Phyo Lin Aung (NP News) - ေဖေဖာ္ဝါရီ ၂၁

ခ်င္းအမ်ိဳးသားေန႔ အခမ္းအနားသို႔ေပးပို႔သည့္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၏ သဝဏ္လႊာတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီသည္ အႏၲိမရည္မွန္းခ်က္ျဖစ္ေသာ လြတ္လပ္၍ တရားမွ်တမႈအျပည့္ရွိေသာ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲကို ေအာင္ျမင္စြာ က်င္းပေပးႏိုင္ရန္ စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ေဒသအလိုက္ လက္နက္ကိုင္ ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းမွသာ လြတ္လပ္၍ တရားမွ်တမႈအျပည့္ရွိသည့္ ေ႐ြးေကာက္ပြဲမ်ား က်င္းပႏိုင္မည္ျဖစ္ပါ ေၾကာင္း အေလးေပးေဖာ္ျပထားသည္။

၂၀၂၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္တြင္ က်ေရာက္ေသာ (၇၇) ႀကိမ္ေျမာက္ ခ်င္းအမ်ိဳးသားေန႔အခမ္းအနားကို ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕၊ ဟားခါး တပ္နယ္အားကစားကြင္း၌ က်င္းပခဲ့ေၾကာင္း သိရသည္။ ယင္းအခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ဒုတိယဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းႏွင့္အတူ နယ္စပ္ေရး ရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ေဒါက္တာမႈထန္ႏွင့္ ေဒါက္တာဘေ႐ႊ၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ထိုအခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ထံမွ (၇၇) ႏွစ္ေျမာက္ ခ်င္းအမ်ိဳးသားေန႔အခမ္းအနားသို႔ ေပးပို႔သည့္သဝဏ္လႊာကို ဖတ္ၾကားခဲ့ေၾကာင္း သိရသည္။
၎သဝဏ္လႊာတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ျဖစ္ပြားေနသည့္ လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေရး NCA ပါ သေဘာတူညီခ်က္မ်ားအတိုင္း ဦးတည္အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း ထည့္သြင္းေဖာ္ျပထားသည္။
ထို႔ေၾကာင့္လည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ၿပီး ဆက္လက္၍လည္း လြတ္လပ္စြာ ေဆြးေႏြးေျပာဆိုၾကရန္ ကမ္းလွမ္းထားကာ ထာဝရၿငိမ္းခ်မ္းေရးအတြက္ အစဥ္အၿမဲ တံခါးဖြင့္ႀကိဳဆို လ်က္ရွိေၾကာင္း နစကဥကၠ႒က ေဖာ္ျပထားသည္။
လက္ရွိျဖစ္ေပၚေနသည့္ ႏိုင္ငံေရးအက်ပ္အတည္းမ်ားကို ေျဖရွင္းဖို႔အတြက္ နည္းလမ္း အမ်ားႀကီးရွိႏိုင္ ေသာ္လည္း ေ႐ြးေကာက္ပြဲနည္းလမ္းကသာ အထိခိုက္အနည္းဆုံး နည္းလမ္းျဖစ္သည္။
၂၀၂၅ ခုႏွစ္တြင္ ေ႐ြးေကာက္ပြဲက်င္းပရန္ ရည္႐ြယ္ထားေသာ္လည္း လက္ရွိႏိုင္ငံေရးပဋိပကၡမ်ား၏ အေျခအေန အရ ၿမိဳ႕နယ္အမ်ားစုမွာ မၿငိမ္မသက္ျဖစ္ေနရသည္။ ထို႔ေၾကာင့္ ႏိုင္ငံတစ္ဝန္းလုံး ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရးမွာ ခက္ခဲသည့္ကိစၥျဖစ္လာႏိုင္သည္။
ထို႔ေၾကာင့္လည္း နစကဥကၠ႒၏ သဝဏ္လႊာထဲတြင္ ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းမွသာလွ်င္ ေဒသအလိုက္ ေ႐ြးေကာက္ပြဲမ်ား က်င္းပႏိုင္မည္ဟု ဆိုထားျခင္း ျဖစ္ႏိုင္သည္။
၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာ ၇ ရက္က ေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆုံရာ၌လည္း ေကာ္မရွင္ဥကၠ႒ က ျမန္မာႏိုင္ငံရွိ ၿမိဳ႕နယ္ ၃၃၀ အနက္ ၁၆၁ ၿမိဳ႕နယ္တြင္သာ ေ႐ြးေကာက္ပြဲျပဳလုပ္ႏိုင္မည္ဟု ေျပာဆိုခဲ့ေၾကာင္း ၎ေတြ႕ဆုံပြဲကို တက္ေရာက္ခဲ့သည့္ ပုဂၢိဳလ္မ်ားထံမွ တစ္ဆင့္ သိရသည္။
ေ႐ြးေကာက္ပြဲသည္ လတ္တေလာ ႏိုင္ငံေရးပဋိပကၡမ်ားအတြက္ ထြက္ေပါက္ျဖစ္ႏိုင္ေသာ္လည္း ႏိုင္ငံေရးပါတီမ်ား အေနျဖင့္ မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းမ်ား လုပ္ႏိုင္ဖို႔အတြက္ လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရး ရွိဖို႔လိုအပ္မည္ ျဖစ္သည္။

Related news

© 2021. All rights reserved.