မန္တလေးရှိ KBZ ဘဏ်ဓားပြတိုက်ခံရမှုမှ ကျူးလွန်သူအမျိုးသားကို ဖမ်းဆီးရမိ

 1968

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇ(KBZ)ဘဏ်ဓားပြတိုက်ခံရမှုမှ ကျူးလွန်သူအမျိုးသား ကို ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဓားပြတိုက်ခံရမှုသည် ယမန်နေ့(ဖေဖော်ဝါရီ ၂၁ ရက်) မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်ခန့်က မဟာအောင်မြေ မြို့နယ်၊ မဟာနွယ်စဥ်ရပ် ကွက်၊ မန္တလေးတက္ကသိုလ်အနီးရှိ ကမ္ဘောဇဘဏ်ခွဲ (၃၇)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ကျူးလွန်သူအမျိုးသားကို ယနေ့(ဖေဖော်ဝါရီ ၂၂ ရက်) နံနက် ၉ နာရီအချိန်ခန့်က ပြည်ကြီးတံခွန်မြိုနယ်၊ (ဂ)ရပ်ကွက်၊ ၁၂၀ လမ်း၊ ၆၈ (B) လမ်းနှင့် ၆၈(C)လမ်းကြားက နေအိမ်တစ်အိမ်တွင် ဘဏ်ဓားပြတိုက်ရာပါ ငွေကျပ် (၁၀၉၈) သိန်းနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော သက်သေခံပစ္စည်းများနှင့်အတူ ပြန်လည် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကနဦး သိရသည်။

အဆိုပါဘဏ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်ကလည်း ဓားပြတိုက်ခံခဲ့ရဖူးပြီး ရက်ပေါင်း(၄၀)ကျော် အကြာတွင် ထပ်မံဓားပြတိုက် ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Zawgyi Version:
မႏၲေလးရွိ KBZ ဘဏ္ဓားျပတိုက္ခံရမႈမွ က်ဴးလြန္သူအမ်ိဳးသားကို ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၂

မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ကေမာၻဇ(KBZ)ဘဏ္ဓားျပတိုက္ခံရမႈမွ က်ဴးလြန္သူအမ်ိဳးသား ကို ဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ဓားျပတိုက္ခံရမႈသည္ ယမန္ေန႔(ေဖေဖာ္ဝါရီ ၂၁ ရက္) မြန္းလြဲ ၁ နာရီ ၅၀ မိနစ္အခ်ိန္ခန႔္က မဟာေအာင္ေျမ ၿမိဳ႕နယ္၊ မဟာႏြယ္စဥ္ရပ္ ကြက္၊ မႏၲေလးတကၠသိုလ္အနီးရွိ ကေမာၻဇဘဏ္ခြဲ (၃၇)တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ က်ဴးလြန္သူအမ်ိဳးသားကို ယေန႔(ေဖေဖာ္ဝါရီ ၂၂ ရက္) နံနက္ ၉ နာရီအခ်ိန္ခန႔္က ျပည္ႀကီးတံခြန္ၿမိဳနယ္၊ (ဂ)ရပ္ကြက္၊ ၁၂၀ လမ္း၊ ၆၈ (B) လမ္းႏွင့္ ၆၈(C)လမ္းၾကားက ေနအိမ္တစ္အိမ္တြင္ ဘဏ္ဓားျပတိုက္ရာပါ ေငြက်ပ္ (၁၀၉၈) သိန္းႏွင့္ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့ေသာ သက္ေသခံပစၥည္းမ်ားႏွင့္အတူ ျပန္လည္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ကနဦး သိရသည္။

အဆိုပါဘဏ္သည္ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၁၁ ရက္ကလည္း ဓားျပတိုက္ခံခဲ့ရဖူးၿပီး ရက္ေပါင္း(၄၀)ေက်ာ္ အၾကာတြင္ ထပ္မံဓားျပတိုက္ ခံခဲ့ရျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.