ခနောင်တိုချောင်းတွင် သင်္ဘောဆီကန်ကို ဂဟေဆော်ပြုပြင်နေချိန် မီးပွားကျရာမှ မီးလောင်မှုဖြစ်ပွား

 446

ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုချောင်းတွင် ကမ်းကပ်ထားသည့်သင်္ဘောတစ်စင်း၏ သင်္ဘောဆီကန်ကို ဂဟေဆော်ပြုပြင်နေချိန် မီးပွားကျရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အကြောင်းရင်း သိရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၂၂ ရက်)၊ နံနက်ပိုင်း (၁၀)နာရီဝန်းကျင်အချိန်ခန့်က ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ဇေယျာထွန်း လွန်းကျင်းအရှေ့ဘက်၊ ခနောင်တိုချောင်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက သင်္ဘောဆီကန်ကို ဂဟေဆော်နေတာ။ ပြန်ပြုပြင်နေတာ။ အဲဒီအချိန်မှာ ဂဟေဆော်လို့ထွက်လာတဲ့မီးပွားလေးက ဆီကန်ကို ကျသွားပြီး စပေါက်ကွဲလောင်ကျွမ်းတာပေါ့။ သူက ကမ်းကပ်ထားရင်းနဲ့ လောင်သွားတာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါမီးလောင်မှုမှာ အချိန်(၂)နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ကာ မီးလောင်မှုကြောင့် အလုပ်လုပ်ကိုင်နေသော အမျိုးသားတစ်ဦးမှာ ခြေသလုံးနှစ်ဖက်စလုံးတွင် အရေပြားမီးလောင်ဒဏ်ရာ၊ လက်ခုံနှစ်ဖက်၊ ခါးနှင့် လည်ပင်းတို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အသက်(၁၉)နှစ်အရွယ်ရှိ အမျိုးသမီးမှာ ယာခြေခုံ၌ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မီးလောင်မှုကြောင့် သင်္ဘောတစ်ခြမ်းလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ၎င်းကဆက်လက်ပြောသည်။
မီးလောင်ဒဏ်ရာရရှိသူ နှစ်ဦးကို ဆိပ်ကြီးခနောင်တို ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

Zawgyi Version:
ခေနာင္တိုေခ်ာင္းတြင္ သေဘၤာဆီကန္ကို ဂေဟေဆာ္ျပဳျပင္ေနခ်ိန္ မီးပြားက်ရာမွ မီးေလာင္မႈျဖစ္ပြား
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၂၂

ရန္ကုန္တိုင္းေဒသႀကီး၊ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္၊ ခေနာင္တိုေခ်ာင္းတြင္ ကမ္းကပ္ထားသည့္သေဘၤာတစ္စင္း၏ သေဘၤာဆီကန္ကို ဂေဟေဆာ္ျပဳျပင္ေနခ်ိန္ မီးပြားက်ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း အေၾကာင္းရင္း သိရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ မီးေလာင္မႈျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီလ ၂၂ ရက္)၊ နံနက္ပိုင္း (၁၀)နာရီဝန္းက်င္အခ်ိန္ခန႔္က ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္၊ ဆိပ္ႀကီးအေရွ႕ရပ္ကြက္၊ ေဇယ်ာထြန္း လြန္းက်င္းအေရွ႕ဘက္၊ ခေနာင္တိုေခ်ာင္းအတြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူက သေဘၤာဆီကန္ကို ဂေဟေဆာ္ေနတာ။ ျပန္ျပဳျပင္ေနတာ။ အဲဒီအခ်ိန္မွာ ဂေဟေဆာ္လို႔ထြက္လာတဲ့မီးပြားေလးက ဆီကန္ကို က်သြားၿပီး စေပါက္ကြဲေလာင္ကြၽမ္းတာေပါ့။ သူက ကမ္းကပ္ထားရင္းနဲ႔ ေလာင္သြားတာပါ” ဟု ၎က ဆိုသည္။
အဆိုပါမီးေလာင္မႈမွာ အခ်ိန္(၂)နာရီဝန္းက်င္ခန႔္ ၾကာျမင့္ခဲ့ကာ မီးေလာင္မႈေၾကာင့္ အလုပ္လုပ္ကိုင္ေနေသာ အမ်ိဳးသားတစ္ဦးမွာ ေျခသလုံးႏွစ္ဖက္စလုံးတြင္ အေရျပားမီးေလာင္ဒဏ္ရာ၊ လက္ခုံႏွစ္ဖက္၊ ခါးႏွင့္ လည္ပင္းတို႔တြင္ မီးေလာင္ဒဏ္ရာမ်ားရရွိခဲ့ၿပီး အသက္(၁၉)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီးမွာ ယာေျခခုံ၌ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မီးေလာင္မႈေၾကာင့္ သေဘၤာတစ္ျခမ္းလုံး မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္း ၎ကဆက္လက္ေျပာသည္။
မီးေလာင္ဒဏ္ရာရရွိသူ ႏွစ္ဦးကို ဆိပ္ႀကီးခေနာင္တို ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကာ ေဆးကုသမႈခံယူေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.