ထိုင်းနိုင်ငံမှာ ၁၂ နှစ်အရွယ် မိန်းကလေးငယ် Vape သောက်ခြင်းကြောင့် အဆုတ်ပျက်စီး

 741

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၂

ထိုင်းနိုင်ငံ ဘူရီရမ်ပြည်နယ်၊ စတွတ်ခရိုင် တမုတ်ဒွန်မွန်ကျောင်းမှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ (၂)နှစ်ကြာ vape ကို စွဲသောက်ပြီးတဲ့နောက် အဆုတ်ထိခိုက်မှု ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ သိရပါတယ်။

အေ အမည်ရှိ အဆိုပါကျောင်းသူဟာ vape သောက်တတ်နေတာကို သူမ ဆေးရုံတက်ရတဲ့အချိန်ထိ မိသားစုက မသိခဲ့ပါဘူး။ ဒါကြောင့် ကလေးတွေ vape သောက်တဲ့ အလေ့အထအတွက် မိဘတွေအနေနဲ့ အနီးကပ်စောင့်ကြည့် ကြဖို့ လိုအပ်တယ်လို့ Tambon Don Mon မြူနီစီပယ်မှ ကယ်ဆယ်ရေးဝန်ထမ်း မစ္စတာပါဖာဝါရင်စီလာခွန်း က ပြောကြားပါတယ်။ မကြာသေးခင်ကလည်း ပဉ္စမတန်း၊ ဆဌမတန်းနဲ့ အဋ္ဌမတန်းကျောင်းသား ၃ ဦး vape ငွေ့ကြောင့် အသက်ရှူကြပ်၊ ရင်ဘတ်အောင့် လက္ခဏာတွေနဲ့အတူ ဆေးရုံ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

အခုကျောင်းသူလေး အေ ဟာ အရင်က စာကြိုးစားတဲ့ ကျောင်းသူလေးဖြစ်ပေမယ့် ၄ တန်းအရွယ်ကစ သူငယ်ချင်းတွေနဲ့ စာကျက်တယ်ဆိုကာ အိမ်က မကြာခဏ လစ်ထွက်တတ်တာကို သတိထားမိတယ်လို့ ကျောင်းသူရဲ့မိသားစုက ပြောပါတယ်။ နောက်ပိုင်း အသက်ရှုကြပ်ခြင်း၊ အော့အန်ခြင်း၊ အလွန်အမင်း အားနည်းခြင်းလက္ခဏာတွေ ခံစားခဲ့ရပြီးနောက် စတွတ်ဆေးရုံမှာ တက်ရောက်ကုသခဲ့ရပါတယ်။ Vape ကြောင့် အဆုတ် ၁၀၀ ရာခိုင်နှုန်းနီးပါး ပျက်စီးသွားခဲ့ပြီး လက်ရှိ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံမွာ ၁၂ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ Vape ေသာက္ျခင္းေၾကာင့္ အဆုတ္ပ်က္စီး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၂

ထိုင္းႏိုင္ငံ ဘူရီရမ္ျပည္နယ္၊ စတြတ္ခ႐ိုင္ တမုတ္ဒြန္မြန္ေက်ာင္းမွ အသက္ ၁၂ ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦးဟာ (၂)ႏွစ္ၾကာ vape ကို စြဲေသာက္ၿပီးတဲ့ေနာက္ အဆုတ္ထိခိုက္မႈ ျပင္းျပင္းထန္ထန္ျဖစ္ေနတယ္လို႔ သိရပါတယ္။

ေအ အမည္ရွိ အဆိုပါေက်ာင္းသူဟာ vape ေသာက္တတ္ေနတာကို သူမ ေဆး႐ုံတက္ရတဲ့အခ်ိန္ထိ မိသားစုက မသိခဲ့ပါဘူး။ ဒါေၾကာင့္ ကေလးေတြ vape ေသာက္တဲ့ အေလ့အထအတြက္ မိဘေတြအေနနဲ႔ အနီးကပ္ေစာင့္ၾကည့္ ၾကဖို႔ လိုအပ္တယ္လို႔ Tambon Don Mon ျမဴနီစီပယ္မွ ကယ္ဆယ္ေရးဝန္ထမ္း မစၥတာပါဖာဝါရင္စီလာခြန္း က ေျပာၾကားပါတယ္။ မၾကာေသးခင္ကလည္း ပၪၥမတန္း၊ ဆဌမတန္းနဲ႔ အ႒မတန္းေက်ာင္းသား ၃ ဦး vape ေငြ႕ေၾကာင့္ အသက္ရႉၾကပ္၊ ရင္ဘတ္ေအာင့္ လကၡဏာေတြနဲ႔အတူ ေဆး႐ုံ ပို႔ေဆာင္ခဲ့ရတယ္လို႔ သိရပါတယ္။

အခုေက်ာင္းသူေလး ေအ ဟာ အရင္က စာႀကိဳးစားတဲ့ ေက်ာင္းသူေလးျဖစ္ေပမယ့္ ၄ တန္းအ႐ြယ္ကစ သူငယ္ခ်င္းေတြနဲ႔ စာက်က္တယ္ဆိုကာ အိမ္က မၾကာခဏ လစ္ထြက္တတ္တာကို သတိထားမိတယ္လို႔ ေက်ာင္းသူရဲ႕မိသားစုက ေျပာပါတယ္။ ေနာက္ပိုင္း အသက္ရႈၾကပ္ျခင္း၊ ေအာ့အန္ျခင္း၊ အလြန္အမင္း အားနည္းျခင္းလကၡဏာေတြ ခံစားခဲ့ရၿပီးေနာက္ စတြတ္ေဆး႐ုံမွာ တက္ေရာက္ကုသခဲ့ရပါတယ္။ Vape ေၾကာင့္ အဆုတ္ ၁၀၀ ရာခိုင္ႏႈန္းနီးပါး ပ်က္စီးသြားခဲ့ၿပီး လက္ရွိ စိုးရိမ္ရတဲ့အေျခအေနမွာ ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.