ယူကရိန်းနိုင်ငံအတွင်းမှာ Starlink တွေကို ပြန် ပိတ်သိမ်းသွားမယ်လို့ အမေရိကန်အစိုးရ ပြော

 426

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၃

အမေရိကန်အစိုးရက ယူကရိန်းနိုင်ငံအတွင်းမှာ Starlink တွေကို ပြန်ပိတ်သိမ်းသွားမယ်လို့ ခြိမ်းခြောက်လိုက် တယ်လို့ သိရပါတယ်။ ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်ဟာ ယူကရိန်းနိုင်ငံအတွင်းမှာ Starlink အင်တာနက်လိုင်း တွေကို တပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။
အီလွန်မတ်ဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းတပ်ဖွဲ့ဝင်တွေ အင်တာနက် အသုံးပြုနိုင်အောင် ယူကရိန်းနိုင်ငံအတွင်းမှာ Starlink အင်တာနက်လိုင်း ၄၀၀၀၀ ကျော် တပ်ဆင်ပေးထား ကြောင်း သိရပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်သမ္မတ ရဲအထူးကိုယ်စား လှယ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး ယူကရိန်းဟာ အမေရိကန်နိုင်ငံနဲ့ အဓိကအရေးပါတဲ့ သတ္တူစာချုပ်ကို ချုပ်ဆိုမှု မရှိဘူးဆိုရင် ယူကရိန်းနိုင်ငံအတွင်းတပ်ဆင်ပေးထားတဲ့ Starlink တွေကို ပြန်လည်ရုတ်သိမ်းမယ်လို့ သတိပေးခဲ့ပါတယ်။ အမေရိကန်အစိုးရ နဲ့နီးစပ်သူတစ်ဦးက" ယူကရိန်းဟာ Starlink တွေကို အသုံးပြုနေတယ်။ အဲဒီ အင်တာနက်လိုင်းကို အသုံမပြုရဘူးဆိုရင် ယူကရိန်းဟာ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာမယ်။" လို့ ပြောပါတယ်။ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီး နဲ့ အမေရိကန်သမ္မတကြား အငြင်းပွားမှုများရှိတယ်လို သိရပါတယ်။ ယူကရိန်းသမ္မတ က ယူကရိန်းနိုင်ငံရဲ့ သတ္ထုများ အားလုံးရဲ့ ၅၀ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံကို ပိုင်ဆိုင်ခွင့်ပေးရမယ့် စာချုပ်ကိုချုပ်ဖို့ ငြင်းဆန်ခဲ့ရာ အမေရိကန် နဲ့ ယူကရိန်းနိုင်ငံကြားတင်းမာမှု ပိုမိုဖြစ်လာခဲ့တယ်လို့သိရပါတယ်။
ယူကရိန်းသမ္မတက "နိုင်ငံကို ကျွန်တော်ရောင်းစားမှာမဟုတ်ဘူး၊" လို့ပြောပါတယ်။ အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီအကြံပေးဖြစ်သူက ယူကရိန်းရဲ့တုံ့ပြန်မှုများကိုလက်ခံနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ယူကရိန်း နဲ့ အမေရိကန်နိုင်ငံကြားမှာ သတ္တစာချုပ်ချုပ်ဆိုရေးနဲ့ပတ်သက်ပြီး အငြင်းပွားခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုအရှိန် ပိုမိုဖြစ်လာဖွယ်ရှိနေတယ်လို့သိရပါတယ်။

Zawgyi Version:
ယူကရိန္းႏိုင္ငံအတြင္းမွာ Starlink ေတြကို ျပန္ ပိတ္သိမ္းသြားမယ္လို႔ အေမရိကန္အစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၃

အေမရိကန္အစိုးရက ယူကရိန္းႏိုင္ငံအတြင္းမွာ Starlink ေတြကို ျပန္ပိတ္သိမ္းသြားမယ္လို႔ ၿခိမ္းေျခာက္လိုက္ တယ္လို႔ သိရပါတယ္။ ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မတ္ဟာ ယူကရိန္းႏိုင္ငံအတြင္းမွာ Starlink အင္တာနက္လိုင္း ေတြကို တပ္ဆင္ေပးခဲ့ေၾကာင္း သိရပါတယ္။
အီလြန္မတ္ဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းတပ္ဖြဲ႕ဝင္ေတြ အင္တာနက္ အသုံးျပဳႏိုင္ေအာင္ ယူကရိန္းႏိုင္ငံအတြင္းမွာ Starlink အင္တာနက္လိုင္း ၄၀၀၀၀ ေက်ာ္ တပ္ဆင္ေပးထား ေၾကာင္း သိရပါတယ္။ ယူကရိန္းသမၼတဇီလန္စကီးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အေမရိကန္သမၼတ ရဲအထူးကိုယ္စား လွယ္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ယူကရိန္းဟာ အေမရိကန္ႏိုင္ငံနဲ႔ အဓိကအေရးပါတဲ့ သတၱဴစာခ်ဳပ္ကို ခ်ဳပ္ဆိုမႈ မရွိဘူးဆိုရင္ ယူကရိန္းႏိုင္ငံအတြင္းတပ္ဆင္ေပးထားတဲ့ Starlink ေတြကို ျပန္လည္႐ုတ္သိမ္းမယ္လို႔ သတိေပးခဲ့ပါတယ္။ အေမရိကန္အစိုးရ နဲ႔နီးစပ္သူတစ္ဦးက" ယူကရိန္းဟာ Starlink ေတြကို အသုံးျပဳေနတယ္။ အဲဒီ အင္တာနက္လိုင္းကို အသုံမျပဳရဘူးဆိုရင္ ယူကရိန္းဟာ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္လာမယ္။" လို႔ ေျပာပါတယ္။ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားတဲ့ စစ္ပြဲနဲ႔ပတ္သက္ၿပီး ယူကရိန္းသမၼတ ဇီလန္စကီး နဲ႔ အေမရိကန္သမၼတၾကား အျငင္းပြားမႈမ်ားရွိတယ္လို သိရပါတယ္။ ယူကရိန္းသမၼတ က ယူကရိန္းႏိုင္ငံရဲ႕ သတၳဳမ်ား အားလုံးရဲ႕ ၅၀ရာခိုင္ႏႈန္းကို အေမရိကန္ႏိုင္ငံကို ပိုင္ဆိုင္ခြင့္ေပးရမယ့္ စာခ်ဳပ္ကိုခ်ဳပ္ဖို႔ ျငင္းဆန္ခဲ့ရာ အေမရိကန္ နဲ႔ ယူကရိန္းႏိုင္ငံၾကားတင္းမာမႈ ပိုမိုျဖစ္လာခဲ့တယ္လို႔သိရပါတယ္။
ယူကရိန္းသမၼတက "ႏိုင္ငံကို ကြၽန္ေတာ္ေရာင္းစားမွာမဟုတ္ဘူး၊" လို႔ေျပာပါတယ္။ အေမရိကန္အမ်ိဳးသား လုံၿခဳံေရးေကာင္စီအႀကံေပးျဖစ္သူက ယူကရိန္းရဲ႕တုံ႔ျပန္မႈမ်ားကိုလက္ခံႏိုင္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ယူကရိန္း နဲ႔ အေမရိကန္ႏိုင္ငံၾကားမွာ သတၱစာခ်ဳပ္ခ်ဳပ္ဆိုေရးနဲ႔ပတ္သက္ၿပီး အျငင္းပြားခဲ့ရာ ႏွစ္ႏိုင္ငံၾကား တင္းမာမႈအရွိန္ ပိုမိုျဖစ္လာဖြယ္ရွိေနတယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.