Sun Outage ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မိနစ်ပိုင်းခန့်ပြတ်တောက်နိုင်

399

Pearl (NP News) - ဖေဖော်ဝါရီ ၂၃
Sun Outageဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မတ် ၇ ရက်မှ ၁၇ ရက်အထိ နေ့စဉ် မိနစ်ပိုင်းခန့်ပြတ်တောက်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
နေ၊ ဂြိုဟ်တုနှင့် TVRO(စလောင်း)တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ယင်းသို့ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံအချက်အလက်များ ခေတ္တယာယီပြတ်တောက်မှုများဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ်မတ်လတွင် တစ်ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် တစ်ကြိမ်ကြုံတွေ့ရလေ့ရှိပြီး ယင်းဖြစ်စဉ်သည် ထုတ်လွှင့်သည့် ဂြိုဟ်တု၊ ဖမ်းယူသည့် TVRO(စလောင်း) အရွယ်အစားနှင့် တည်နေရာတို့အပေါ်မူတည်၍ Sun Outage ဖြစ်သောအချိန်နှင့် Signal ပြတ်တောက်မှုကြာချိန်တို့ ကွာခြားမှုရှိကြောင်းလည်း သိရသည်။
Sun Outage ဖြစ်စဉ်ကြောင့် Thaicom-6 ဂြိုဟ်တုကို အသုံးပြု၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော TV Channel များနှင့် ရေဒီယို အစီအစဉ်များသည် မတ် ၇ ရက်မှ ၁၇ ရက်အထိ နေ့စဉ် ၁ မိနစ်မှ ၁၈ မိနစ်ခန့်အထိ Signal ပြတ်တောက်မှုဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
Zawgyi Version:
Sun Outage ေၾကာင့္ ႐ုပ္သံထုတ္လႊင့္မႈမ်ား မိနစ္ပိုင္းခန႔္ျပတ္ေတာက္ႏိုင္
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၃
Sun Outageျဖစ္စဥ္ေၾကာင့္ ႐ုပ္သံထုတ္လႊင့္မႈမ်ား မတ္ ၇ ရက္မွ ၁၇ ရက္အထိ ေန႔စဥ္ မိနစ္ပိုင္းခန႔္ျပတ္ေတာက္ႏိုင္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ေန၊ ၿဂိဳဟ္တုႏွင့္ TVRO(စေလာင္း)တို႔ တစ္တန္းတည္းက်ေရာက္ခ်ိန္တြင္ Sun Outage ျဖစ္ေပၚၿပီး ယင္းသို႔ျဖစ္ေပၚခ်ိန္တြင္ ၿဂိဳဟ္တုမွေပးပို႔ထုတ္လႊင့္ေနေသာ အ႐ုပ္/အသံအခ်က္အလက္မ်ား ေခတၱယာယီျပတ္ေတာက္မႈမ်ားျဖစ္ေပၚေလ့ရွိေၾကာင္း သိရသည္။
Sun Outage ျဖစ္စဥ္မွာ ႏွစ္စဥ္ႀကဳံေတြ႕ရေလ့ရွိသည့္ သဘာဝျဖစ္စဥ္တစ္ခုျဖစ္ၿပီး ႏွစ္စဥ္မတ္လတြင္ တစ္ႀကိမ္၊ စက္တင္ဘာလကုန္ႏွင့္ ေအာက္တိုဘာလဆန္းတို႔တြင္ တစ္ႀကိမ္ႀကဳံေတြ႕ရေလ့ရွိၿပီး ယင္းျဖစ္စဥ္သည္ ထုတ္လႊင့္သည့္ ၿဂိဳဟ္တု၊ ဖမ္းယူသည့္ TVRO(စေလာင္း) အ႐ြယ္အစားႏွင့္ တည္ေနရာတို႔အေပၚမူတည္၍ Sun Outage ျဖစ္ေသာအခ်ိန္ႏွင့္ Signal ျပတ္ေတာက္မႈၾကာခ်ိန္တို႔ ကြာျခားမႈရွိေၾကာင္းလည္း သိရသည္။
Sun Outage ျဖစ္စဥ္ေၾကာင့္ Thaicom-6 ၿဂိဳဟ္တုကို အသုံးျပဳ၍ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားမွ ထုတ္လႊင့္ေနေသာ TV Channel မ်ားႏွင့္ ေရဒီယို အစီအစဥ္မ်ားသည္ မတ္ ၇ ရက္မွ ၁၇ ရက္အထိ ေန႔စဥ္ ၁ မိနစ္မွ ၁၈ မိနစ္ခန႔္အထိ Signal ျပတ္ေတာက္မႈျဖစ္ေပၚႏိုင္ေၾကာင္း သိရသည္။