တရုတ်ရေတပ်က နိုင်ငံတကာရေပိုင်နက်မှာ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ နယူးဇီလန်အစိုးရပြော

256

Pika (NP News) - ဖေဖော်ဝါရီ ၂၃
တရုတ်ရေတပ်ဟာ နယူးဇီလန်နိုင်ငံအနီး နိုင်ငံတကာရေပိုင်နက်မှာ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ နယူးဇီလန်အစိုးရက ပြောကြားခဲ့ပါတယ် ။နယူးဇီလန်နဲ့ ဩစတြေးလျနိုင်ငံတို့ကြား လေကြောင်းလိုင်းပျံသန်းမှုတွေကို လမ်းကြောင်းပြောင်းဖို့အထိဖြစ်စေခဲ့တဲ့ အလားတူစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ တရုတ်ရေတပ်ရဲ့ ပစ်ခတ်လေ့ကျင့်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
နယူးဇီလန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဖေဖော်ဝါရီလ(၂၂)ရက် မွန်းလွဲပိုင်းမှာ တရုတ် ရေတပ်ဟာ နိုင်ငံတကာရေပိုင်နက်မှာ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ နယူးဇီလန် ကာကွယ်ရေးတပ်ဖွဲ့က အစီရင်ခံခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် နယူးဇီလန်ရေတပ် ဖရီးဂိတ်သင်္ဘော Te Kaha က ဝန်ထမ်းတွေဟာ တရုတ်သင်္ဘောရဲ့ ပင်မသေနတ် တစ်လက်ကနေ ပစ်ခတ်ခဲ့တဲ့ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတွေကို စောင့်ကြည့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ တရုတ်သင်္ဘောဟာ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှု လုပ်ဆောင်မယ့်အကြောင်းကို ရေဒီယိုလိုင်းတွေကနေတစ်ဆင့် အကြံပြုပြောကြားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထား ပါတယ်။
တရုတ်ရေတပ်သင်္ဘောတွေဟာ နိုင်ငံတကာရေပိုင်နက်အတွင်းမှာ ဘယ်ကို ဦးတည်သွားနေတယ်ဆိုတာ ရှင်းရှင်း လင်းလင်းမသိရသေးဘူးလို့ နယူးဇီလန်ဝန်ကြီးချုပ် ခရစ္စတိုဖာလူဇွန်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခုလို တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
တ႐ုတ္ေရတပ္က ႏိုင္ငံတကာေရပိုင္နက္မွာ တိုက္႐ိုက္ပစ္ခတ္ေလ့က်င့္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ နယူးဇီလန္အစိုးရေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၃
တ႐ုတ္ေရတပ္ဟာ နယူးဇီလန္ႏိုင္ငံအနီး ႏိုင္ငံတကာေရပိုင္နက္မွာ တိုက္႐ိုက္ပစ္ခတ္ေလ့က်င့္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ နယူးဇီလန္အစိုးရက ေျပာၾကားခဲ့ပါတယ္ ။နယူးဇီလန္နဲ႔ ဩစေၾတးလ်ႏိုင္ငံတို႔ၾကား ေလေၾကာင္းလိုင္းပ်ံသန္းမႈေတြကို လမ္းေၾကာင္းေျပာင္းဖို႔အထိျဖစ္ေစခဲ့တဲ့ အလားတူစစ္ေရးေလ့က်င့္မႈကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ တ႐ုတ္ေရတပ္ရဲ႕ ပစ္ခတ္ေလ့က်င့္မႈေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။
နယူးဇီလန္ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “ေဖေဖာ္ဝါရီလ(၂၂)ရက္ မြန္းလြဲပိုင္းမွာ တ႐ုတ္ ေရတပ္ဟာ ႏိုင္ငံတကာေရပိုင္နက္မွာ တိုက္႐ိုက္ပစ္ခတ္ေလ့က်င့္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ နယူးဇီလန္ ကာကြယ္ေရးတပ္ဖြဲ႕က အစီရင္ခံခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ နယူးဇီလန္ေရတပ္ ဖရီးဂိတ္သေဘၤာ Te Kaha က ဝန္ထမ္းေတြဟာ တ႐ုတ္သေဘၤာရဲ႕ ပင္မေသနတ္ တစ္လက္ကေန ပစ္ခတ္ခဲ့တဲ့ တိုက္႐ိုက္ပစ္ခတ္ေလ့က်င့္မႈေတြကို ေစာင့္ၾကည့္ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။ တ႐ုတ္သေဘၤာဟာ တိုက္႐ိုက္ပစ္ခတ္ေလ့က်င့္မႈ လုပ္ေဆာင္မယ့္အေၾကာင္းကို ေရဒီယိုလိုင္းေတြကေနတစ္ဆင့္ အႀကံျပဳေျပာၾကားခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထား ပါတယ္။
တ႐ုတ္ေရတပ္သေဘၤာေတြဟာ ႏိုင္ငံတကာေရပိုင္နက္အတြင္းမွာ ဘယ္ကို ဦးတည္သြားေနတယ္ဆိုတာ ရွင္းရွင္း လင္းလင္းမသိရေသးဘူးလို႔ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ ခရစၥတိုဖာလူဇြန္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ယခုလို တိုက္႐ိုက္ပစ္ခတ္ေလ့က်င့္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။