ဂါဇာကမ်းမြောင်ဒေသ ပြန်လည်နေရာချထားရေးအစီအစဉ်က အကြံပြုတာမျိုုးသာဖြစ်တယ်လို့ အမေရိကန်သမ္မတပြော

331

Pika (NP News) - ဖေဖော်ဝါရီ ၂၃
ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ဖို့နဲ့ နေထိုင်သူနှစ်သန်းကျော်ကို အနီးအနားနိုင်ငံတွေကို ပြောင်းရွှေ့ချထားမယ့် ၎င်းရဲ့အစီအစဉ်ဟာ အကြံပြုခြင်းမျိုးသာဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်ကထိန်းချုပ်ပြီး ပြန်လည်တည်ဆောက်မှုတွေ လုပ်ဆောင်နေချိန်မှာ အိုးမဲ့အိမ်မဲ့ ပါလက်စတိုင်းတွေကို လက်ခံဖို့ အီဂျစ်နဲ့ ဂျော်ဒန်တို့ကို ဖိအားပေးတဲ့အစီအစဉ်ကို ယခုလအစောပိုင်းမှာ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အီဂျစ်နဲ့ ဂျော်ဒန်တို့ ရဲ့ခေါင်းဆောင်တွေဟာ အဲ့ဒီအစီအစဉ်ကို ငြင်းဆန်ပယ်ချခဲ့ပြီး ပါလက်စတိုင်းပြည်သူတွေကို ၎င်းတို့ရဲ့ဆန္ဒမပါဘဲ ရွှေ့ပြောင်းခိုင်းတာဟာ တရားမျှတမှုမရှိဘူးလို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “ဒါကို လုပ်ဆောင်ဖို့နည်းလမ်းက ကျွန်တော့်ရဲ့အစီအစဉ်ပါ။ ဒီအစီအစဉ်က အလုပ်ဖြစ်လိမ့်မယ် လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အဲဒါကို ကျွန်တော်အတင်းအကြပ်ဖိအားပေး လုပ်ခိုင်းမှာမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသရဲ့စစ်ပြီးကာလ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို တုံ့ပြန်ဖို့ အတွက် အာရပ်ခေါင်းဆောင်တွေက ဆော်ဒီအာရေးဗျနိုင်ငံ ရီယာ့ဒ်မြို့မှာ တွေ့ဆုံမှုတွေ လုပ်ဆောင်နေစဉ် အချိန်မှာပဲ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Zawgyi Version:
ဂါဇာကမ္းေျမာင္ေဒသ ျပန္လည္ေနရာခ်ထားေရးအစီအစဥ္က အႀကံျပဳတာမ်ိဳုးသာျဖစ္တယ္လို႔ အေမရိကန္သမၼတေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၃
ဂါဇာကမ္းေျမာင္ေဒသကို ထိန္းခ်ဳပ္ဖို႔နဲ႔ ေနထိုင္သူႏွစ္သန္းေက်ာ္ကို အနီးအနားႏိုင္ငံေတြကို ေျပာင္းေ႐ႊ႕ခ်ထားမယ့္ ၎ရဲ႕အစီအစဥ္ဟာ အႀကံျပဳျခင္းမ်ိဳးသာျဖစ္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာၾကားခဲ့ ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသကို အေမရိကန္ကထိန္းခ်ဳပ္ၿပီး ျပန္လည္တည္ေဆာက္မႈေတြ လုပ္ေဆာင္ေနခ်ိန္မွာ အိုးမဲ့အိမ္မဲ့ ပါလက္စတိုင္းေတြကို လက္ခံဖို႔ အီဂ်စ္နဲ႔ ေဂ်ာ္ဒန္တို႔ကို ဖိအားေပးတဲ့အစီအစဥ္ကို ယခုလအေစာပိုင္းမွာ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း အီဂ်စ္နဲ႔ ေဂ်ာ္ဒန္တို႔ ရဲ႕ေခါင္းေဆာင္ေတြဟာ အဲ့ဒီအစီအစဥ္ကို ျငင္းဆန္ပယ္ခ်ခဲ့ၿပီး ပါလက္စတိုင္းျပည္သူေတြကို ၎တို႔ရဲ႕ဆႏၵမပါဘဲ ေ႐ႊ႕ေျပာင္းခိုင္းတာဟာ တရားမွ်တမႈမရွိဘူးလို႔ တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “ဒါကို လုပ္ေဆာင္ဖို႔နည္းလမ္းက ကြၽန္ေတာ့္ရဲ႕အစီအစဥ္ပါ။ ဒီအစီအစဥ္က အလုပ္ျဖစ္လိမ့္မယ္ လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒါေပမယ့္ အဲဒါကို ကြၽန္ေတာ္အတင္းအၾကပ္ဖိအားေပး လုပ္ခိုင္းမွာမဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသရဲ႕စစ္ၿပီးကာလ ျပန္လည္တည္ေဆာက္ေရးဆိုင္ရာ ေဒၚနယ္ထရမ့္ရဲ႕အစီအစဥ္ကို တုံ႔ျပန္ဖို႔ အတြက္ အာရပ္ေခါင္းေဆာင္ေတြက ေဆာ္ဒီအာေရးဗ်ႏိုင္ငံ ရီယာ့ဒ္ၿမိဳ႕မွာ ေတြ႕ဆုံမႈေတြ လုပ္ေဆာင္ေနစဥ္ အခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။