ယူကရိန်းအတွက် ထောက်ပံ့ပေးခဲ့တဲ့ ပိုက်ဆံတွေအားလုံးကို ပြန်လိုချင်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

1036

Pika (NP News) - ဖေဖော်ဝါရီ ၂၃
ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ယူကရိန်းကို ကူညီထောက်ပံ့ဖို့အတွက်ပေးပို့ခဲ့တဲ့ အမေရိကန်ဒေါ်လာဘီလျံပေါင်း များစွာအတွက် ပိုက်ဆံတွေပြန်လိုချင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အမေရိကန်နဲ့ ယူကရိန်းတို့ကြား တွင်းထွက်ပစ္စည်းဆိုင်ရာ သဘောတူညီချက်တစ်ခုအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေချိန်မှာ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “ကျွန်တော် ယူကရိန်းသမ္မတဇီလန်စကီးနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်။ပြီးတော့ ရုရှားသမ္မတပူတင်နဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ ပိုက်ဆံတွေပြန်ရဖို့ ကျွန်တော်ကြိုးပမ်းနေပါ တယ်။ ဥရောပက ချေးငွေပုံစံနဲ့ပေးတာပါ။ အဲဒီတော့ သူတို့က ပိုက်ဆံတွေပြန်ရကြပါတယ်။ကျွန်တော်တို့က ဘယ်လိုပုံစံမျိုးနဲ့မှ ပေးတာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ပေးခဲ့သမျှငွေကြေးအားလုံးအတွက် တစ်ခုခု ပြန်ပေးတာကို ကျွန်တော်လိုချင်တာပါ။ ပြီးတော့ ဒီစစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ကျွန်တော်ကြိုးစားသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းဆီကနေ ၎င်းပြန်လိုချင်တဲ့အရာတွေကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “ရှားပါးတွင်းထွက်သတ္တုတွေနဲ့ ရေနံကိုပဲ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ဒါက တရားမျှတမှုမရှိတာမလို့ ကျွန်တော်တို့ရဲ့ပိုက်ဆံတွေအားလုံးကို ပြန်ရအောင်လုပ်ဆောင်သွားမှာပါ။ ဒီသဘောတူညီချက်ကို ရရှိဖို့ နီးစပ်နေပြီလို့လည်း ကျွန်တော်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းအတြက္ ေထာက္ပံ့ေပးခဲ့တဲ့ ပိုက္ဆံေတြအားလုံးကို ျပန္လိုခ်င္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၃
႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ယူကရိန္းကို ကူညီေထာက္ပံ့ဖို႔အတြက္ေပးပို႔ခဲ့တဲ့ အေမရိကန္ေဒၚလာဘီလ်ံေပါင္း မ်ားစြာအတြက္ ပိုက္ဆံေတြျပန္လိုခ်င္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အေမရိကန္နဲ႔ ယူကရိန္းတို႔ၾကား တြင္းထြက္ပစၥည္းဆိုင္ရာ သေဘာတူညီခ်က္တစ္ခုအတြက္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနခ်ိန္မွာ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္ ယူကရိန္းသမၼတဇီလန္စကီးနဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ေနပါတယ္။ၿပီးေတာ့ ႐ုရွားသမၼတပူတင္နဲ႔လည္း ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနပါတယ္။ ပိုက္ဆံေတြျပန္ရဖို႔ ကြၽန္ေတာ္ႀကိဳးပမ္းေနပါ တယ္။ ဥေရာပက ေခ်းေငြပုံစံနဲ႔ေပးတာပါ။ အဲဒီေတာ့ သူတို႔က ပိုက္ဆံေတြျပန္ရၾကပါတယ္။ကြၽန္ေတာ္တို႔က ဘယ္လိုပုံစံမ်ိဳးနဲ႔မွ ေပးတာမဟုတ္ပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ေပးခဲ့သမွ်ေငြေၾကးအားလုံးအတြက္ တစ္ခုခု ျပန္ေပးတာကို ကြၽန္ေတာ္လိုခ်င္တာပါ။ ၿပီးေတာ့ ဒီစစ္ပြဲကို အဆုံးသတ္ႏိုင္ဖို႔ ကြၽန္ေတာ္ႀကိဳးစားသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္ဟာ ယူကရိန္းဆီကေန ၎ျပန္လိုခ်င္တဲ့အရာေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “ရွားပါးတြင္းထြက္သတၱဳေတြနဲ႔ ေရနံကိုပဲ ကြၽန္ေတာ္တို႔ ေတာင္းဆိုပါတယ္။ ဒါက တရားမွ်တမႈမရွိတာမလို႔ ကြၽန္ေတာ္တို႔ရဲ႕ပိုက္ဆံေတြအားလုံးကို ျပန္ရေအာင္လုပ္ေဆာင္သြားမွာပါ။ ဒီသေဘာတူညီခ်က္ကို ရရွိဖို႔ နီးစပ္ေနၿပီလို႔လည္း ကြၽန္ေတာ္ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။