ယူကရိန်းကို ဆက်လက်ကူညီပေးဖို့ အမေရိကန်ပြည်သူများဆန္ဒပြတောင်းဆို

2153

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၄
ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တဲ့ ၃ နှစ်ပြည့်အခမ်းအနားကို အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့ပြီး ယူကရိန်း လိုလားသူများက ယူကရိန်းကို ထပ်မံကူညီထောက်ပံပေးဖို့ အမေရိကန်အစိုးရသစ်ကို ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရပါတယ်။
အမေရိကန်ရှိ ယူကရိန်း လိုလားသူအုပ်စုများဟာ ဆန္နပြပွဲအတွင်း ရုရှားရဲ့ကျူးကျော်မှုများကို ပြစ်တင်ရှုတ်ချခဲ့ ကြောင်း သိရပါတယ်။ ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲက ဖေဖော်ဝါရီ ၂၂ ရက်မှာ သုံးနှစ်ပြည့်ခဲ့ပြီး အပစ်ခတ်ရပ်စဲရေးဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
ဆန္ဒပြသူများက ယူကရိန်းနဲ့အတူရပ်တည်ကြောင်း ရုရှားက အကြမ်းဖက်နိုင်ငံဖြစ်ကြောင်း ကြွေးကြော်ခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းကြား အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုတွေမှာ ကျူးကျော်ခံရတဲ့နိုင်ငံ ပါဝင်ခွင့်ပေးတာမျိုးမဟုတ်ဘဲ မဆွေးနွေးသင့်ကြောင်း ဆန္ဒပြသူများက တောင်းဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတသစ် ထရမ့်လက်ထက်မှာ ယူကရိန်းကို ကူညီပေးတဲ့အကူအညီများ ပြန်ရုတ်သိမ်းဖွယ်ရှိနေရာ ယူကရိန်းနိုင်ငံ ထိုးနှက်ချက်များ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ အမေရိကန်အစိုးရသစ်ဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ရုရှားအစိုးရတာဝန်ရှိသူများနဲ့ဆွေးနွေးခဲ့ပြီး ယူကရိန်းသမ္မတ အပါအဝင် ယူကရိန်းအစိုးရ တာဝန်ရှိသူများ ပါဝင်ခြင်း မရှိကြောင်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းကို ဆက္လက္ကူညီေပးဖို႔ အေမရိကန္ျပည္သူမ်ားဆႏၵျပေတာင္းဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၄
႐ုရွားႏိုင္ငံက ယူကရိန္းကို က်ဴးေက်ာ္တဲ့ ၃ ႏွစ္ျပည့္အခမ္းအနားကို အေမရိကန္ႏိုင္ငံမွာ က်င္းပခဲ့ၿပီး ယူကရိန္း လိုလားသူမ်ားက ယူကရိန္းကို ထပ္မံကူညီေထာက္ပံေပးဖို႔ အေမရိကန္အစိုးရသစ္ကို ဆႏၵျပေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။
အေမရိကန္ရွိ ယူကရိန္း လိုလားသူအုပ္စုမ်ားဟာ ဆႏၷျပပြဲအတြင္း ႐ုရွားရဲ႕က်ဴးေက်ာ္မႈမ်ားကို ျပစ္တင္ရႈတ္ခ်ခဲ့ ေၾကာင္း သိရပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲက ေဖေဖာ္ဝါရီ ၂၂ ရက္မွာ သုံးႏွစ္ျပည့္ခဲ့ၿပီး အပစ္ခတ္ရပ္စဲေရးေဆြးေႏြးႏိုင္ျခင္းမရွိေသးေၾကာင္း သိရပါတယ္။
ဆႏၵျပသူမ်ားက ယူကရိန္းနဲ႔အတူရပ္တည္ေၾကာင္း ႐ုရွားက အၾကမ္းဖက္ႏိုင္ငံျဖစ္ေၾကာင္း ေႂကြးေၾကာ္ခဲ့ပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းၾကား အပစ္ခတ္ရပ္စဲေရးေဆြးေႏြးမႈေတြမွာ က်ဴးေက်ာ္ခံရတဲ့ႏိုင္ငံ ပါဝင္ခြင့္ေပးတာမ်ိဳးမဟုတ္ဘဲ မေဆြးေႏြးသင့္ေၾကာင္း ဆႏၵျပသူမ်ားက ေတာင္းဆိုခဲ့ပါတယ္။
အေမရိကန္သမၼတသစ္ ထရမ့္လက္ထက္မွာ ယူကရိန္းကို ကူညီေပးတဲ့အကူအညီမ်ား ျပန္႐ုတ္သိမ္းဖြယ္ရွိေနရာ ယူကရိန္းႏိုင္ငံ ထိုးႏွက္ခ်က္မ်ား ရင္ဆိုင္ရဖြယ္ရွိေနပါတယ္။ အေမရိကန္အစိုးရသစ္ဟာ ယူကရိန္းစစ္ပြဲ အဆုံးသတ္ဖို႔ ႐ုရွားအစိုးရတာဝန္ရွိသူမ်ားနဲ႔ေဆြးေႏြးခဲ့ၿပီး ယူကရိန္းသမၼတ အပါအဝင္ ယူကရိန္းအစိုးရ တာဝန္ရွိသူမ်ား ပါဝင္ျခင္း မရွိေၾကာင္း သိရပါတယ္။