ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့မှာ ဓားထိုးတိုက်ခိုက်မှုနဲ့ သြစတြေးလျအမျိုးသားတစ်ဦးကို ဆွစ်ဇာလန်ရဲတပ်ဖွဲ့က ဖမ်းဆီး

188
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၄
ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့လယ်ရှိ ဆိုင်တစ်ဆိုင်မှာ အသက် (၄၁)နှစ်အရွယ် အမျိုးသားတစ်ဦးကို ဓားနဲ့ထိုးကာ ပြင်းထန်ဒဏ်ရာရရရှိစေမှုနဲ့ အသက် ၂၈ နှစ်အရွယ် သြစတြေးလျ အမျိုးသားတစ်ဦးကို ဆွစ်ဇာလန် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
တိုက်ခိုက်မှုဟာ စနေနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) က ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွက် အကြောင်း ရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ သြစတြေးလျနိုင်ငံသားကို အခင်းဖြစ်ပွားရာနေရာမှာတင် ဖမ်းမိခဲ့ပြီး ဓားထိုးခံရသူကိုတော့ ဆေးရုံတင်ထားရပါတယ်။ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ မည်သူမည်ဝါဆိုတာ အသေးစိတ်ပြောကြားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အမှုအတွက် ဩစတြေးလျတာဝန်ရှိသူတွေကို ဆက်သွယ် ခဲ့တယ်လို့ သိရပါတယ်။
ဥရောပတစ်ခွင် ဓားထိုးတိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေတာတွေ့ရပါတယ်။ ကြသပတေးနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) က ချက်နိုင်ငံ၊ ဟာဒစ်ကရာလပ်ဖ်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုမှာ ဆယ်ကျော်သက်တစ်ဦးက အမျိုးသမီး နှစ်ဦးကို ဓားနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
Zawgyi Version:
ဆြစ္ဇာလန္ႏိုင္ငံ၊ ဇူးရစ္ၿမိဳ႕မွာ ဓားထိုးတိုက္ခိုက္မႈနဲ႔ ၾသစေၾတးလ်အမ်ိဳးသားတစ္ဦးကို ဆြစ္ဇာလန္ရဲတပ္ဖြဲ႕က ဖမ္းဆီး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၄
ဆြစ္ဇာလန္ႏိုင္ငံ ဇူးရစ္ၿမိဳ႕လယ္ရွိ ဆိုင္တစ္ဆိုင္မွာ အသက္ (၄၁)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ဓားနဲ႔ထိုးကာ ျပင္းထန္ဒဏ္ရာရရရွိေစမႈနဲ႔ အသက္ ၂၈ ႏွစ္အ႐ြယ္ ၾသစေၾတးလ် အမ်ိဳးသားတစ္ဦးကို ဆြစ္ဇာလန္ ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္ပါတယ္။
တိုက္ခိုက္မႈဟာ စေနေန႔ (ေဖေဖာ္ဝါရီ ၂၂ ရက္) က ျဖစ္ပြားခဲ့တာျဖစ္ၿပီး တိုက္ခိုက္မႈအတြက္ အေၾကာင္း ရင္းကို စုံစမ္းစစ္ေဆးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ ၾသစေၾတးလ်ႏိုင္ငံသားကို အခင္းျဖစ္ပြားရာေနရာမွာတင္ ဖမ္းမိခဲ့ၿပီး ဓားထိုးခံရသူကိုေတာ့ ေဆး႐ုံတင္ထားရပါတယ္။ ရဲတပ္ဖြဲ႕က ျပစ္မႈက်ဴးလြန္သူ မည္သူမည္ဝါဆိုတာ အေသးစိတ္ေျပာၾကားျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ အမႈအတြက္ ဩစေၾတးလ်တာဝန္ရွိသူေတြကို ဆက္သြယ္ ခဲ့တယ္လို႔ သိရပါတယ္။
ဥေရာပတစ္ခြင္ ဓားထိုးတိုက္ခိုက္မႈေတြ မၾကာခဏ ျဖစ္ပြားေနတာေတြ႕ရပါတယ္။ ၾကသပေတးေန႔ (ေဖေဖာ္ဝါရီ ၂၀ ရက္) က ခ်က္ႏိုင္ငံ၊ ဟာဒစ္ကရာလပ္ဖ္ၿမိဳ႕ရွိ ေဈးဝယ္စင္တာတစ္ခုမွာ ဆယ္ေက်ာ္သက္တစ္ဦးက အမ်ိဳးသမီး ႏွစ္ဦးကို ဓားနဲ႔ တိုက္ခိုက္ခဲ့ပါတယ္။