တောင်အာဖရိက၊ ဘော့ဆွာနာနိုင်ငံ တစ်ဝှမ်းလျှပ်တပြက် ရေကြီးမှုကြောင့် ကလေးငယ် သုံးဦး အပါအဝင် လူခုနှစ်ဦး သေဆုံး

 168

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၄

တောင်အာဖရိက၊ ဘော့ဆွာနာနိုင်ငံတစ်ဝှမ်းမှာ ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် နေရာများစွာ မှာ ရေကြီးရေလွှမ်းမိုးမှုတွေဖြစ်နေတယ်လို့ သမ္မတဒူမာဘိုကို က စနေနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) မှာ ပြောကြား ခဲ့ပါတယ်။
တစ်ပတ်ကျော် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းတွေ ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ "နောက်ထပ်ဆုံးရှုံးမှုတွေကို လျော့ပါးသက်သာစေဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ သမ္မတ ဘိုကိုက ပြောပါတယ်။
မြို့တော် ဂါဘာရွန်မှာ ရေကြီးရေလျှံမှုကြောင့် မော်တော်ကားတွေ မျောပါခြင်း၊ နေအိမ်တွေ ရေနစ်မြုပ်ခြင်းတို့ ဖြစ်နေပြီး လူဦးရေ ၁၇၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။
မြို့ပြဧရိယာတွေမှာ ရေနုတ်မြောင်းတွေ လုံလောက်မှုမရှိခြင်းဟာ မြေနိမ့်ပိုင်းနေရာအချို့ ရေလွှမ်းစေတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရာရှိတွေက ယူဆထားပါတယ်။

Zawgyi Version:
ေတာင္အာဖရိက၊ ေဘာ့ဆြာနာႏိုင္ငံ တစ္ဝွမ္းလွ်ပ္တျပက္ ေရႀကီးမႈေၾကာင့္ ကေလးငယ္ သုံးဦး အပါအဝင္ လူခုႏွစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၄

ေတာင္အာဖရိက၊ ေဘာ့ဆြာနာႏိုင္ငံတစ္ဝွမ္းမွာ ရက္အတန္ၾကာ မိုးသည္းထန္စြာ႐ြာသြန္းျခင္းေၾကာင့္ ေနရာမ်ားစြာ မွာ ေရႀကီးေရလႊမ္းမိုးမႈေတြျဖစ္ေနတယ္လို႔ သမၼတဒူမာဘိုကို က စေနေန႔ (ေဖေဖာ္ဝါရီလ ၂၂ ရက္) မွာ ေျပာၾကား ခဲ့ပါတယ္။
တစ္ပတ္ေက်ာ္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေက်ာင္းေတြ ယာယီပိတ္ထားရတယ္လို႔ သိရပါတယ္။ "ေနာက္ထပ္ဆုံးရႈံးမႈေတြကို ေလ်ာ့ပါးသက္သာေစဖို႔ ဆက္လက္လုပ္ေဆာင္သြားမွာပါ” လို႔ သမၼတ ဘိုကိုက ေျပာပါတယ္။
ၿမိဳ႕ေတာ္ ဂါဘာ႐ြန္မွာ ေရႀကီးေရလွ်ံမႈေၾကာင့္ ေမာ္ေတာ္ကားေတြ ေမ်ာပါျခင္း၊ ေနအိမ္ေတြ ေရနစ္ျမဳပ္ျခင္းတို႔ ျဖစ္ေနၿပီး လူဦးေရ ၁၇၀၀ ေက်ာ္ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းထားရတယ္လို႔ သိရပါတယ္။
ၿမိဳ႕ျပဧရိယာေတြမွာ ေရႏုတ္ေျမာင္းေတြ လုံေလာက္မႈမရွိျခင္းဟာ ေျမနိမ့္ပိုင္းေနရာအခ်ိဳ႕ ေရလႊမ္းေစတဲ့ အေၾကာင္းအရင္းျဖစ္တယ္လို႔ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈအရာရွိေတြက ယူဆထားပါတယ္။

Related news

© 2021. All rights reserved.