ကမ္ဘောဒီးယားနိုင်ငံမှာ လက်ပစ်ဗုံးအဟောင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ကလေးငယ်နှစ်ဦး သေဆုံး

97

Pika (NP News) - ဖေဖော်ဝါရီ ၂၄
ဖေဖော်ဝါရီလ(၂၂)ရက်က ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းက ကျေးလက်ဒေသတစ်ခုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅)နှစ်ကျော်ကတည်းက ရှိခဲ့တယ်လို့ ယူဆရတဲ့ လက်ပစ်ဗုံးအဟောင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီကလေးငယ်နှစ်ဦးဟာ မိန်းကလေးတစ်ဦးနဲ့ယောကျာ်း လေးတစ်ဦးဖြစ်ပြီး နှစ်ယောက်စလုံးက အသက်(၂)နှစ်အရွယ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီဖြစ်ရပ်ဟာ (၁၉၈၀) ပြည့်နှစ် နဲ့ (၁၉၉၀)ခုနှစ်အတွင်း ကမ္ဘောဒီးယားအစိုးရနဲ့ စစ်သွေးကြွအဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ Siem Reap ပြည်နယ် Svay Leu ခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင်ပေါက်ကွဲမှုဟာ ဒုံးပစ်လောင်ချာက ကျည်ဖူးဟောင်းတစ်ခု ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ကျန်ရှိနေတဲ့အပိုင်းအစတွေကို ကြည့်ရှုပြီး ကမ္ဘောဒီးယားမိုင်းရှင်းလင်းရေးစင်တာ(CMAC) က ကျွမ်းကျင်သူတွေက နောက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
မပေါက်ကွဲဘဲ ကျန်ရှိနေသေးတဲ့ ခဲယမ်းမီးကျည်အဟောင်းတွေဟာ အထဲမှာတပ်ဆင်ထားတဲ့ပစ္စည်းတွေ ပျက်စီးယိုယွင်းလာမှုနဲ့အတူ အချိန်မရွေးထပေါက်ကွဲနိုင်တဲ့အန္တရာယ်မြင့်မားတယ်လို့လည်း သိရပါတယ်။ CMAC ညွှန်ကြားရေးမှူးချုပ်တစ်ဦးက “သူတို့ရဲ့မိဘတွေဟာ အရင်ကစစ်မြေပြင်ဖြစ်ခဲ့တဲ့ကုန်းမြေမှာ အခြေချနေထိုင်မိခဲ့တာပါ။ ပြီးတော့ သူတို့အိမ်အနီးမှာ မြေမြှုပ်မိုင်းတွေ ဒါမှမဟုတ် မပေါက်ကွဲသေးတဲ့ ခဲယမ်းမီးကျည်တွေ မြှုပ်ထားတယ်ဆိုတာလည်း သတိမထားမိခဲ့ကြပါဘူး။ ဒီကလေးငယ်တွေက ဒီလိုမျိုး မသေခဲ့သင့်ပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ကေမာၻဒီးယားႏိုင္ငံမွာ လက္ပစ္ဗုံးအေဟာင္းတစ္လုံး ေပါက္ကြဲခဲ့ၿပီး ကေလးငယ္ႏွစ္ဦး ေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၄
ေဖေဖာ္ဝါရီလ(၂၂)ရက္က ကေမာၻဒီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္းက ေက်းလက္ေဒသတစ္ခုမွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၂၅)ႏွစ္ေက်ာ္ကတည္းက ရွိခဲ့တယ္လို႔ ယူဆရတဲ့ လက္ပစ္ဗုံးအေဟာင္းတစ္လုံး ေပါက္ကြဲမႈေၾကာင့္ ကေလးငယ္ႏွစ္ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ အဲဒီကေလးငယ္ႏွစ္ဦးဟာ မိန္းကေလးတစ္ဦးနဲ႔ေယာက်ာ္း ေလးတစ္ဦးျဖစ္ၿပီး ႏွစ္ေယာက္စလုံးက အသက္(၂)ႏွစ္အ႐ြယ္ေတြျဖစ္တယ္လို႔လည္း သိရပါတယ္။
အဲဒီျဖစ္ရပ္ဟာ (၁၉၈၀) ျပည့္ႏွစ္ နဲ႔ (၁၉၉၀)ခုႏွစ္အတြင္း ကေမာၻဒီးယားအစိုးရနဲ႔ စစ္ေသြးႂကြအဖြဲ႕ေတြၾကား တိုက္ပြဲေတြျပင္းထန္စြာျဖစ္ပြားခဲ့တဲ့ Siem Reap ျပည္နယ္ Svay Leu ခ႐ိုင္မွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ေပါက္ကြဲမႈဟာ ဒုံးပစ္ေလာင္ခ်ာက က်ည္ဖူးေဟာင္းတစ္ခု ေပါက္ကြဲခဲ့တာျဖစ္တယ္လို႔ က်န္ရွိေနတဲ့အပိုင္းအစေတြကို ၾကည့္ရႈၿပီး ကေမာၻဒီးယားမိုင္းရွင္းလင္းေရးစင္တာ(CMAC) က ကြၽမ္းက်င္သူေတြက ေနာက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
မေပါက္ကြဲဘဲ က်န္ရွိေနေသးတဲ့ ခဲယမ္းမီးက်ည္အေဟာင္းေတြဟာ အထဲမွာတပ္ဆင္ထားတဲ့ပစၥည္းေတြ ပ်က္စီးယိုယြင္းလာမႈနဲ႔အတူ အခ်ိန္မေ႐ြးထေပါက္ကြဲႏိုင္တဲ့အႏၲရာယ္ျမင့္မားတယ္လို႔လည္း သိရပါတယ္။ CMAC ၫႊန္ၾကားေရးမႉးခ်ဳပ္တစ္ဦးက “သူတို႔ရဲ႕မိဘေတြဟာ အရင္ကစစ္ေျမျပင္ျဖစ္ခဲ့တဲ့ကုန္းေျမမွာ အေျခခ်ေနထိုင္မိခဲ့တာပါ။ ၿပီးေတာ့ သူတို႔အိမ္အနီးမွာ ေျမျမႇဳပ္မိုင္းေတြ ဒါမွမဟုတ္ မေပါက္ကြဲေသးတဲ့ ခဲယမ္းမီးက်ည္ေတြ ျမႇဳပ္ထားတယ္ဆိုတာလည္း သတိမထားမိခဲ့ၾကပါဘူး။ ဒီကေလးငယ္ေတြက ဒီလိုမ်ိဳး မေသခဲ့သင့္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။