ရက်ပေါင်း(၂၄ ရက်)အတွင်း မြဝတီမြို့တွင် ကျားဖျန့်လိမ်လည်မှု ကျူးလွန်သူ ပြည်ပနိုင်ငံသား (၂၂၂၀)ကို စစ်ဆေးဖော်ထုတ်

358

ချယ်ရီ(NP News)- ဖေဖော်ဝါရီ ၂၄
ရက်ပေါင်း(၂၄ ရက်)အတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကျားဖျန့်လိမ်လည်မှု၊ ဒုစရိုက်များ ကျူးလွန်သူ ပြည်ပနိုင်ငံသား (၂၂၂၀)ကို
စစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူတို့ကို ယမန်နေ့(ဖေဖော်ဝါရီလ ၂၃ ရက်)က ပြည်ပနိုင်ငံသား (၁၀၉)ဦးကို ထပ်မံစစ်ဆေး၊ဖော်ထုတ်ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ (ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၃ ရက်)အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်းဦးရေ (၂၂၂၀)ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
၎င်းတို့အနက်မှ (၆၇၃)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသော ပြည်ပနိုင်ငံသား (၁၅၄၇)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအား ခြိမ်းခြောက်ထိခိုက်မှုများရှိလာသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်းပြီး ထိန်းသိမ်းလွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။
Zawgyi Version:
ရက္ေပါင္း(၂၄ ရက္)အတြင္း ျမဝတီၿမိဳ႕တြင္ က်ားဖ်န႔္လိမ္လည္မႈ က်ဴးလြန္သူ ျပည္ပႏိုင္ငံသား (၂၂၂၀)ကို စစ္ေဆးေဖာ္ထုတ္
ခ်ယ္ရီ(NP News)- ေဖေဖာ္ဝါရီ ၂၄
ရက္ေပါင္း(၂၄ ရက္)အတြင္း ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕တြင္ က်ားဖ်န႔္လိမ္လည္မႈ၊ ဒုစ႐ိုက္မ်ား က်ဴးလြန္သူ ျပည္ပႏိုင္ငံသား (၂၂၂၀)ကို
စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ထိုင္းႏိုင္ငံအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံျဖတ္သန္း၍ ျမန္မာႏိုင္ငံအတြင္းသို႔ နယ္စပ္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္လာၿပီး ျမဝတီၿမိဳ႕- ေ႐ႊကုကၠိဳလ္ႏွင့္ KK Park နယ္ေျမမ်ားတြင္ တရားမဝင္အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ ဒုစ႐ိုက္မႈမ်ား က်ဴးလြန္ခဲ့ၾကသူတို႔ကို ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၃ ရက္)က ျပည္ပႏိုင္ငံသား (၁၀၉)ဦးကို ထပ္မံစစ္ေဆး၊ေဖာ္ထုတ္ထိန္းသိမ္းခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျပည္ပႏိုင္ငံသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံးျပန္လည္လႊဲေျပာင္းေပးအပ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိရာ (ဇန္နဝါရီ ၃၀ ရက္မွ ေဖေဖာ္ဝါရီ ၂၃ ရက္)အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသားစုစုေပါင္းဦးေရ (၂၂၂၀)ကို စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။
၎တို႔အနက္မွ (၆၇၃)ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက်လႊဲေျပာင္းေပးအပ္ခဲ့ၿပီး က်န္ရွိေသာ ျပည္ပႏိုင္ငံသား (၁၅၄၇)ဦးကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူမ်ားအား ၿခိမ္းေျခာက္ထိခိုက္မႈမ်ားရွိလာသည့္ အြန္လိုင္းလိမ္လည္မႈ၊ အြန္လိုင္းေလာင္းကစားမႈအပါအဝင္ အြန္လိုင္းဒုစ႐ိုက္မႈမ်ိဳးစုံကို အမ်ိဳးသားေရးအသြင္ျဖင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ ျပည္သူမ်ားႏွင့္ ပူးေပါင္းလက္တြဲကာ ထိထိေရာက္ေရာက္ ျပတ္ျပတ္သားသား တိုက္ဖ်က္ႏွိမ္နင္းၿပီး ထိန္းသိမ္းလႊဲေျပာင္းေပးလ်က္ရွိေၾကာင္း သိရသည္။