အဓိကစီးပွားရေး သဘောတူညီချက်တွေကို ရုရှားသမ္မတပူတင်နဲ့ ဆွေးနွေးနေတယ်လို့ အမေရိကန်သမ္မတ ပြော

 308

Pika (NP News) - ဖေဖော်ဝါရီ ၂၅

ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ရုရှားသမ္မတပူတင်နဲ့ အဓိက စီးပွားရေးသဘောတူညီချက်တွေကို ဆွေးနွေးနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က "ပူတင်နဲ့အတူ ယူကရိန်းစစ်ပွဲပြီးဆုံးရေးအပြင် ရုရှားနဲ့အမေရိကန်ကြား ကြီးမားတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လွှဲပြောင်းမှုတွေကိုလည်း အလေးထားဆွေးနွေးနေပါတယ်။ ဆွေးနွေးပွဲတွေက ကောင်းမွန်တဲ့ အခြေအနေမှာရှိနေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပြင်သစ်သမ္မတ မက်ခရွန်နဲ့တွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဥရောပမိတ်ဖက်နိုင်ငံတွေဟာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ်တာဝန်ယူချိန်ကနေစတင်ပြီး အမေရိကန်ရဲ့မူဝါဒပြောင်းလဲမှုတွေကို ဝေဖန်မှုတွေရှိနေချိန်မှာပဲ ယခုလိုပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်နဲ့ ယူကရိန်းကြား တွင်းထွက်ပစ္စည်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က "အမေရိကန်နဲ့ ယူကရိန်းကြား အရေးပါတဲ့ ရှားပါးသတ္တုတွင်းထွက်ပစ္စည်း သဘောတူညီချက်ကို မကြာခင်မှာ လက်မှတ်ရေးထိုးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
အဓိကစီးပြားေရး သေဘာတူညီခ်က္ေတြကို ႐ုရွားသမၼတပူတင္နဲ႔ ေဆြးေႏြးေနတယ္လို႔ အေမရိကန္သမၼတ ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၅

႐ုရွား-ယူကရိန္းစစ္ပြဲ အဆုံးသတ္ေရး ေဆြးေႏြးမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ ႐ုရွားသမၼတပူတင္နဲ႔ အဓိက စီးပြားေရးသေဘာတူညီခ်က္ေတြကို ေဆြးေႏြးေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က "ပူတင္နဲ႔အတူ ယူကရိန္းစစ္ပြဲၿပီးဆုံးေရးအျပင္ ႐ုရွားနဲ႔အေမရိကန္ၾကား ႀကီးမားတဲ့ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ လႊဲေျပာင္းမႈေတြကိုလည္း အေလးထားေဆြးေႏြးေနပါတယ္။ ေဆြးေႏြးပြဲေတြက ေကာင္းမြန္တဲ့ အေျခအေနမွာရွိေနပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

ေဒၚနယ္ထရမ့္ဟာ ျပင္သစ္သမၼတ မက္ခ႐ြန္နဲ႔ေတြ႕ဆုံမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။ အေမရိကန္ရဲ႕ ဥေရာပမိတ္ဖက္ႏိုင္ငံေတြဟာ ေဒၚနယ္ထရမ့္ သမၼတအျဖစ္တာဝန္ယူခ်ိန္ကေနစတင္ၿပီး အေမရိကန္ရဲ႕မူဝါဒေျပာင္းလဲမႈေတြကို ေဝဖန္မႈေတြရွိေနခ်ိန္မွာပဲ ယခုလိုေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္နဲ႔ ယူကရိန္းၾကား တြင္းထြက္ပစၥည္းဆိုင္ရာ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။

ေဒၚနယ္ထရမ့္က "အေမရိကန္နဲ႔ ယူကရိန္းၾကား အေရးပါတဲ့ ရွားပါးသတၱဳတြင္းထြက္ပစၥည္း သေဘာတူညီခ်က္ကို မၾကာခင္မွာ လက္မွတ္ေရးထိုးႏိုင္မယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.