ဗြိတိန်နဲ့ပြင်သစ်တို့က ယူကရိန်းကို ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ စေလွှတ်ဖို့စီစဉ်နေတယ်လို့ Wall Street Journal ဖော်ပြ

333

Pika (NP News) - ဖေဖော်ဝါရီ ၂၅
ဗြိတိန်နဲ့ပြင်သစ်တို့ဟာ ရုရှားနဲ့ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိမှုအပေါ်မူတည်ပြီး ယူကရိန်းမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ (၃၀၀၀၀)ကို ဖြန့်ကျက်ချထားဖို့ အစီအစဉ်ကိုရေးဆွဲနေတယ်လို့ အမည်မဖော်လိုတဲ့ ဥရောပအရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး Wall Street Journal ကရေးသားဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့လည်း အဲဒီအစီအစဉ်ဟာ ယူကရိန်းမှာ အမေရိကန်ရဲ့ငြိမ်းချမ်းရေးတပ်ဖွဲ့ ဖြန့်ကျက်ချထားမှုအပေါ်ကန့်သတ်ထားထားတာတွေ ရုတ်သိမ်းမှုအပေါ် မူတည်တယ်လို့လည်း အစီ ရင်ခံစာမှာရေးသားဖော်ပြထားပါတယ်။ ယူကရိန်းကို တပ်ဖွဲ့ဝင်တွေစေလွှတ်ဖို့ အမေရိကန်ကငြင်းဆိုထားပေမယ့်လည်း လေကြောင်းရန်ကာကွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ထောက်လှမ်းရေးကိစ္စတွေမှာ အကူအညီတွေပေးဖို့ အမေရိကန်က သဘောတူညီလိမ့်မယ်လို့ ဗြိတိန်နဲ့ပြင်သစ်တို့က မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဒေါ်နယ်ထရမ့်ရဲ့ ကျောထောက်နောက်ခံမှုတွေမရှိဘဲ ယူကရိန်းကိုငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေ စေလွှတ်မယ့် ဥရောပရဲ့အစီအစဉ်ဟာ ခက်ခဲတဲ့လမ်းကြောင်းတွေကို ရင်ဆိုင်နေရတယ်လို့ ဥရောပအရာရှိတွေက ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို စေလွှတ်ဖို့စီစဉ်နေတဲ့ တပ်ဖွဲ့တွေဟာ အဓိကအားဖြင့် ဗြိတိန်နဲ့ပြင်သစ်တို့ရဲ့ တပ် ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ယူကရိန်းရဲ့အရေးကြီးတဲ့ အခြေခံအဆောက်အအုံ၊ မြို့တွေနဲ့ဆိပ်ကမ်းတွေကို အကာအကွယ်ပေးဖို့ အာရုံစိုက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
zawgyi version
ၿဗိတိန္နဲ႔ျပင္သစ္တို႔က ယူကရိန္းကို ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြ ေစလႊတ္ဖို႔စီစဥ္ေနတယ္လို႔ Wall Street Journal ေဖာ္ျပ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၅
ၿဗိတိန္နဲ႔ျပင္သစ္တို႔ဟာ ႐ုရွားနဲ႔ယူကရိန္းတို႔ၾကား အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ရရွိမႈအေပၚမူတည္ၿပီး ယူကရိန္းမွာ ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈတပ္ဖြဲ႕ (၃၀၀၀၀)ကို ျဖန႔္က်က္ခ်ထားဖို႔ အစီအစဥ္ကိုေရးဆြဲေနတယ္လို႔ အမည္မေဖာ္လိုတဲ့ ဥေရာပအရာရွိေတြရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး Wall Street Journal ကေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါေပမဲ့လည္း အဲဒီအစီအစဥ္ဟာ ယူကရိန္းမွာ အေမရိကန္ရဲ႕ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ ျဖန႔္က်က္ခ်ထားမႈအေပၚကန႔္သတ္ထားထားတာေတြ ႐ုတ္သိမ္းမႈအေပၚ မူတည္တယ္လို႔လည္း အစီ ရင္ခံစာမွာေရးသားေဖာ္ျပထားပါတယ္။ ယူကရိန္းကို တပ္ဖြဲ႕ဝင္ေတြေစလႊတ္ဖို႔ အေမရိကန္ကျငင္းဆိုထားေပမယ့္လည္း ေလေၾကာင္းရန္ကာကြယ္ေရး၊ ေထာက္ပံ့ပို႔ေဆာင္ေရးနဲ႔ ေထာက္လွမ္းေရးကိစၥေတြမွာ အကူအညီေတြေပးဖို႔ အေမရိကန္က သေဘာတူညီလိမ့္မယ္လို႔ ၿဗိတိန္နဲ႔ျပင္သစ္တို႔က ေမွ်ာ္လင့္ေနတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေဒၚနယ္ထရမ့္ရဲ႕ ေက်ာေထာက္ေနာက္ခံမႈေတြမရွိဘဲ ယူကရိန္းကိုၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈတပ္ဖြဲ႕ေတြ ေစလႊတ္မယ့္ ဥေရာပရဲ႕အစီအစဥ္ဟာ ခက္ခဲတဲ့လမ္းေၾကာင္းေတြကို ရင္ဆိုင္ေနရတယ္လို႔ ဥေရာပအရာရွိေတြက ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းကို ေစလႊတ္ဖို႔စီစဥ္ေနတဲ့ တပ္ဖြဲ႕ေတြဟာ အဓိကအားျဖင့္ ၿဗိတိန္နဲ႔ျပင္သစ္တို႔ရဲ႕ တပ္ ဖြဲ႕ေတြနဲ႔ ဖြဲ႕စည္းထားတာျဖစ္ၿပီး ယူကရိန္းရဲ႕အေရးႀကီးတဲ့ အေျခခံအေဆာက္အအုံ၊ ၿမိဳ႕ေတြနဲ႔ဆိပ္ကမ္းေတြကို အကာအကြယ္ေပးဖို႔ အာ႐ုံစိုက္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။