ငွေကြေးခဝါချမှုဖြစ်စဉ်များတွင် အခွန်ဆိုင်ရာပြစ်မှု၊ အဂတိမှုနှင့် မူးယစ်ဆေးဝါးမှုများမှရရှိသော ငွေကြေးပစ္စည်းများကို အများဆုံးတွေ့နေရ

199

မြူနစ် (NP News) - ဖေဖော်ဝါရီ ၂၅
ငွေကြေးခဝါချသည့်အမှုဖြစ်စဉ်များတွင် အခွန်ဆိုင်ရာပြစ်မှု၊ အဂတိမှုနှင့် မူးယစ်ဆေးဝါးအမှုများမှရရှိသော ငွေကြေးနှင့်ပစ္စည်းများကို အများဆုံးတွေ့ရှိနေရကြောင်း နစက၏ သတင်း အချက်အလက်များအရ သိရသည်။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄- ၂၀၂၈) တွင်လည်း အထက်ပါကဲ့သို့ ထည့်သွင်းဖော်ပြထားသည်။ ငွေကြေးခဝါချမှုများတစ်ဆင့် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်းလည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဆိုသည်။ အဆိုပါငွေကြေးခဝါချမှုတွင် အခွန်နှင့်အခွန်ဆိုင်ရာပြစ်မှုများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်စေသောပြစ်မှုများ၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများနှင့် မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုများမှ ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများသည် အများဆုံးဖြစ်ကြောင်း ဗဟိုအဖွဲ့က အသိပေးထားသည်။
"တရားဝင် မဟုတ်တဲ့ငွေဆိုတာက နိုင်ငံတော်ကို အခွန်အခပေါ့ဗျာ သူ့ရဲ့သတ်မှတ်စည်းမျဉ်းစည်းကမ်းအတိုင်း မပေးဆောင်ဘဲ ရလမ်းမဖော်ပြနိုင်တဲ့ ငွေအားလုံးဟာ ငွေမည်းပေါ့ဗျာ။ ပထမတစ်ချက် လာဘ်ပေးလာဘ်ယူမှုကြောင့်လည်း ရနိုင်တာပဲ။ လုပ်ငန်းအာဏာရှိတဲ့လူတစ်ယောက် သူ့အနေနဲ့ လုပ်ခလစာအပြင် လုပ်ပိုင်ခွင့်ကို တခြားလူတစ်ယောက်က ရလိုမှုကြောင့် လာဘ်ပေးလာဘ်ယူတာပေါ့။ အဲဒါကြောင့်လည်း သူ့မှာ တရားဝင်မဟုတ်တဲ့ငွေတွေရှိလာပြီပေါ့။ အဲဒါကြောင့် အာဏာရှိတဲ့သူတော်တော်များများဟာ ကုမ္ပဏီကြီးတွေလည်း ပေါ်လာနိုင်တာပေါ့" ဟု ရခိုင့်ဦးဆောင်ပါတီဥဣဌက ဒေါက်တာအေးမောင်က NP News ကို သုံးသပ်ပြောကြားသည်။
လက်ရှိတွင် နိုင်ငံအတွင်းရှိ မသမာသူများသည် အခွန်ဆိုင်ရာတိမ်းရှောင်မှု များ၊ လာဘ်ပေးလာဘ်ယူမှုများမှ ရရှိငွေသည့် ငွေကြေးများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများမှ ရရှိသည့် ငွေများဖြင့် အိမ်ခြံမြေလုပ်ငန်း၊ စီမံကိန်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကာ ငွေကြေးခဝါချနိုင်သကဲ့သို့ တန်ဖိုးကြီးပစ္စည်းများဝယ်ယူခြင်းဖြင့်လည်း ငွေကြေးခဝါချမှုများ ရှိနေနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ လက်ရှိနစကအစိုးရလက်ထက်တွင် နိုင်ငံအခြေအနေ မတည်ငြိမ်မှုကို အသုံးချကာ မူးယစ်ဆေးဝါရောင်းဝယ်ဖောက်ကားမှုများကို ပိုမိုပြုလုပ်နေလျက်ရှိကြောင်း သုံးသပ်နေကြသည်။
"မူးယစ်ဆေးဝါးဆိုတာက ရလမ်းမဖော်ပြနိုင်တဲ့ငွေအနေနဲ့ လည်ပတ်တာပေါ့။ အဓိကတော့ စားသုံးသူရှိတဲ့နေရာကို ထုတ်တဲ့နေရာကနေ ပို့တာပေါ့။ မူးယစ်ဆေးဝါလမ်းကြောင်းတစ်လျှောက်မှာ ငွေမည်းတွေပေါ်လာတာပေါ့။ အဲဒီငွေမည်းတွေကို ဘယ်လိုငွေဖြူလုပ်နိုင်တာလည်းဆိုရင် ရေရှည်ရင်းနှီးမြှုပ်နှံနိုင်တဲ့ ဈေးကွက်တွေရှာတာပေါ့။ မြေယာကို စဉ်းစားမှာပေါ့။ နောက် တိုက်တာအိုးအိမ်၊ စီမံကိန်းတွေကို စဉ်းစားမှာပေါ့။ တစ်နည်းအားဖြင့် အဲဒီငွေမည်းကို ငွေဖြူပြန်လုပ်တာပေါ့"ဟု ဒေါက်တာအေးမောင်က ဆက်လက်သုံးသပ်သည်။
လုပ်ငန်းရှင်ဖြစ်စေ၊ အာဏာရှိသူဖြစ်စေ သာမာန်မဟုတ်သည့် ကြီးပွားချမ်းသာမှုမျိုးကို စိစစ်သွားရန်လိုအပ်ကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။ ပြီးခဲ့သောကာလများတွင် နိုင်ငံအတွင်း၌ ငွေကျပ်ဘီလျှံနှင့်ချီကာ တန်ဖိုးရှိသော မူးယစ်ဆေးဝါးဖမ်းဆီး ရရှိမှုဖြစ်စဉ်များကို မကြာခဏဆိုသကဲ့သို့ တွေ့ရှိခဲ့ရသည်။ ထို့ပြင် အစိုးမရဟုတ်သည့် တိုင်ရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတချို့သည်လည်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကာမှုများတွင် ပါဝင်ပတ်သက်နေလျက်ရှိကြောင်း စွပ်စွဲခံနေရသည်။ ပြီးခဲ့သော ၂၀၂၄ ခုနှစ်တွင် ငွေကျပ် ၁၁၆၃ ဘီလျံ အမေရိကန်ဒေါ်လာအားဖြင့် ၃၄၉ သန်းကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးမျိုးစုံကို နစကအစိုးရဘက်က မီးရှို့ဖျက်ဆီးခဲ့သည်။
zawgyi version
ေငြေၾကးခဝါခ်မႈျဖစ္စဥ္မ်ားတြင္ အခြန္ဆိုင္ရာျပစ္မႈ၊ အဂတိမႈႏွင့္ မူးယစ္ေဆးဝါးမႈမ်ားမွ ရရွိေသာ ေငြေၾကးပစၥည္းမ်ားကို အမ်ားဆုံး ေတြ႕ေနရ
ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီ ၂၅
ေငြေၾကးခဝါခ်သည့္အမႈျဖစ္စဥ္မ်ားတြင္ အခြန္ဆိုင္ရာျပစ္မႈ၊ အဂတိမႈႏွင့္ မူးယစ္ေဆးဝါးအမႈမ်ားမွရရွိေသာ ေငြေၾကးႏွင့္ပစၥည္းမ်ားကို အမ်ားဆုံးေတြ႕ရွိေနရေၾကာင္း နစက၏ သတင္း အခ်က္အလက္မ်ားအရ သိရသည္။
ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕က ထုတ္ျပန္သည့္ ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈတိုက္ဖ်က္ေရးဆိုင္ရာ အမ်ိဳးသားအဆင့္မဟာဗ်ဴဟာ (၂၀၂၄- ၂၀၂၈) တြင္လည္း အထက္ပါကဲ့သို႔ ထည့္သြင္းေဖာ္ျပထားသည္။ ေငြေၾကးခဝါခ်မႈမ်ားတစ္ဆင့္ ႏိုင္ငံေတာ္၏ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး၊ လူမႈေရးက႑မ်ားတြင္ ဝင္ေရာက္စြက္ဖက္ျခင္းမွ ကာကြယ္ႏိုင္ရန္အတြက္ တိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္ေနေၾကာင္းလည္း ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕က ဆိုသည္။ အဆိုပါေငြေၾကးခဝါခ်မႈတြင္ အခြန္ႏွင့္အခြန္ဆိုင္ရာျပစ္မႈမ်ား၊ သဘာဝပတ္ဝန္းက်င္ထိခိုက္ေစေသာျပစ္မႈမ်ား၊ လာဘ္ေပးလာဘ္ယူမႈ၊ အဂတိလိုက္စားမႈမ်ားႏွင့္ မူးယစ္ေဆးဝါး တရားမဝင္သယ္ေဆာင္ေရာင္းဝယ္မႈမ်ားမွ ရရွိသည့္ ေငြေၾကးႏွင့္ ပစၥည္းမ်ားသည္ အမ်ားဆုံးျဖစ္ေၾကာင္း ဗဟိုအဖြဲ႕က အသိေပးထားသည္။
"တရားဝင္ မဟုတ္တဲ့ေငြဆိုတာက ႏိုင္ငံေတာ္ကို အခြန္အခေပါ့ဗ်ာ သူ႔ရဲ႕သတ္မွတ္စည္းမ်ဥ္းစည္းကမ္းအတိုင္း မေပးေဆာင္ဘဲ ရလမ္းမေဖာ္ျပႏိုင္တဲ့ ေငြအားလုံးဟာ ေငြမည္းေပါ့ဗ်ာ။ ပထမတစ္ခ်က္ လာဘ္ေပးလာဘ္ယူမႈေၾကာင့္လည္း ရႏိုင္တာပဲ။ လုပ္ငန္းအာဏာရွိတဲ့လူတစ္ေယာက္ သူ႔အေနနဲ႔ လုပ္ခလစာအျပင္ လုပ္ပိုင္ခြင့္ကို တျခားလူတစ္ေယာက္က ရလိုမႈေၾကာင့္ လာဘ္ေပးလာဘ္ယူတာေပါ့။ အဲဒါေၾကာင့္လည္း သူ႔မွာ တရားဝင္မဟုတ္တဲ့ေငြေတြရွိလာၿပီေပါ့။ အဲဒါေၾကာင့္ အာဏာရွိတဲ့သူေတာ္ေတာ္မ်ားမ်ားဟာ ကုမၸဏီႀကီးေတြလည္း ေပၚလာႏိုင္တာေပါ့" ဟု ရခိုင့္ဦးေဆာင္ပါတီဥဣဌက ေဒါက္တာေအးေမာင္က NP News ကို သုံးသပ္ေျပာၾကားသည္။
လက္ရွိတြင္ ႏိုင္ငံအတြင္းရွိ မသမာသူမ်ားသည္ အခြန္ဆိုင္ရာတိမ္းေရွာင္မႈ မ်ား၊ လာဘ္ေပးလာဘ္ယူမႈမ်ားမွ ရရွိေငြသည့္ ေငြေၾကးမ်ား၊ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈမ်ားမွ ရရွိသည့္ ေငြမ်ားျဖင့္ အိမ္ၿခံေျမလုပ္ငန္း၊ စီမံကိန္းလုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံကာ ေငြေၾကးခဝါခ်ႏိုင္သကဲ့သို႔ တန္ဖိုးႀကီးပစၥည္းမ်ားဝယ္ယူျခင္းျဖင့္လည္း ေငြေၾကးခဝါခ်မႈမ်ား ရွိေနႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိေနသည္။ လက္ရွိနစကအစိုးရလက္ထက္တြင္ ႏိုင္ငံအေျခအေန မတည္ၿငိမ္မႈကို အသုံးခ်ကာ မူးယစ္ေဆးဝါေရာင္းဝယ္ေဖာက္ကားမႈမ်ားကို ပိုမိုျပဳလုပ္ေနလ်က္ရွိေၾကာင္း သုံးသပ္ေနၾကသည္။
"မူးယစ္ေဆးဝါးဆိုတာက ရလမ္းမေဖာ္ျပႏိုင္တဲ့ေငြအေနနဲ႔ လည္ပတ္တာေပါ့။ အဓိကေတာ့ စားသုံးသူရွိတဲ့ေနရာကို ထုတ္တဲ့ေနရာကေန ပို႔တာေပါ့။ မူးယစ္ေဆးဝါလမ္းေၾကာင္းတစ္ေလွ်ာက္မွာ ေငြမည္းေတြေပၚလာတာေပါ့။ အဲဒီေငြမည္းေတြကို ဘယ္လိုေငြျဖဴလုပ္ႏိုင္တာလည္းဆိုရင္ ေရရွည္ရင္းႏွီးျမႇဳပ္ႏွံႏိုင္တဲ့ ေဈးကြက္ေတြရွာတာေပါ့။ ေျမယာကို စဥ္းစားမွာေပါ့။ ေနာက္ တိုက္တာအိုးအိမ္၊ စီမံကိန္းေတြကို စဥ္းစားမွာေပါ့။ တစ္နည္းအားျဖင့္ အဲဒီေငြမည္းကို ေငြျဖဴျပန္လုပ္တာေပါ့"ဟု ေဒါက္တာေအးေမာင္က ဆက္လက္သုံးသပ္သည္။
လုပ္ငန္းရွင္ျဖစ္ေစ၊ အာဏာရွိသူျဖစ္ေစ သာမာန္မဟုတ္သည့္ ႀကီးပြားခ်မ္းသာမႈမ်ိဳးကို စိစစ္သြားရန္လိုအပ္ေၾကာင္းလည္း ၎ကဆက္လက္ေျပာသည္။ ၿပီးခဲ့ေသာကာလမ်ားတြင္ ႏိုင္ငံအတြင္း၌ ေငြက်ပ္ဘီလွ်ံႏွင့္ခ်ီကာ တန္ဖိုးရွိေသာ မူးယစ္ေဆးဝါးဖမ္းဆီး ရရွိမႈျဖစ္စဥ္မ်ားကို မၾကာခဏဆိုသကဲ့သို႔ ေတြ႕ရွိခဲ့ရသည္။ ထို႔ျပင္ အစိုးမရဟုတ္သည့္ တိုင္ရင္း သားလက္နက္ကိုင္အဖြဲ႕အစည္းတခ်ိဳ႕သည္လည္း မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကာမႈမ်ားတြင္ ပါဝင္ပတ္သက္ေနလ်က္ရွိေၾကာင္း စြပ္စြဲခံေနရသည္။ ၿပီးခဲ့ေသာ ၂၀၂၄ ခုႏွစ္တြင္ ေငြက်ပ္ ၁၁၆၃ ဘီလ်ံ အေမရိကန္ေဒၚလာအားျဖင့္ ၃၄၉ သန္းေက်ာ္တန္ဖိုးရွိသည့္ မူးယစ္ေဆးဝါးမ်ိဳးစုံကို နစကအစိုးရဘက္က မီးရႈိ႕ဖ်က္ဆီးခဲ့သည္။