ဆီးနှင်းထူထပ်စွာကျဆင်းနိုင်မှုနဲ့အတူ နှင်းတောင်ပြိုကျမှု၊ လမ်းတွေရေခဲနိုင်တာနဲ့ပတ်သက်ပြီး ဂျပန်အာဏာပိုင်တွေ သတိပေး

132

Pika (NP News) - ဖေဖော်ဝါရီ ၂၅
ဂျပန်နိုင်ငံမှာ ဆီးနှင်းတွေ ပိုမိုထူထပ်စွာကျဆင်းနိုင်ပြီး နှင်းတောင်ပြိုကျမှုတွေ၊ လမ်းတွေရေခဲနိုင်တာတွေနဲ့ပတ်သက်ပြီး သတိထားကြဖို့ ဂျပန်မိုးလေဝသအေဂျင်စီက သတိပေးထားတယ်လို့လည်း သိရပါတယ်။ ဂျပန်ပင်လယ်ကို မျက်နှာမူထားတဲ့ ဂျပန်ဒေသတွေဟာ နှစ်စဉ် ဆီးနှင်းထူထပ်စွာကျဆင်းမှုကို ကြုံတွေရလေ့ရှိပြီး တစ်ခါတစ်ရံမှာ လူသေဆုံးမှုတွေရှိတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ယခုလအတွင်း မြို့အများအပြားမှာ ဆီးနှင်းတွေ စံချိန်တင်ကျဆင်းခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ လူသေဆုံးမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့လည်း သိရပါတယ်။ Niigata၊ Ishikawa နဲ့ Nagano စီရင်စုတွေအပြင် ဟီရိုရှီးမားနဲ့ Shimane စီရင်စုတွေအပါအဝင် အနောက်ဘက်ဒေသအချို့မှာ ဆီးနှင်းတွေ ပိုမိုထူထပ်စွာကျဆင်းနိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီ(JMA)က ဖေဖော်ဝါရီလ(၂၄)ရက်မှာ သတင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် လူတွေကို နှင်းတောင်ပြိုကျမှုတွေ၊ ရေခဲနေတဲ့လမ်းတွေနဲ့ အေးခဲနေတဲ့ရေပိုက်တွေကို သတိထားနေထိုင်ကြဖို့ (JMA)က သတိပေးထားတယ်လို့လည်း သိရပါတယ်။ ဖေဖော်ဝါရီလ(၂၄)ရက်က Aomori မြို့မှာနှင်းထု(၅)မီတာ၊ Uonuma မြို့မှာ နှင်းထု (၃ ဒသမ ၈၁)မီတာနဲ့ Tadami မြို့မှာနှင်းထု(၃ ဒသမ ၁၃)မီတာရှိခဲ့တယ်လို့ (JMA)ရဲ့ပြောကြားချက်အရ သိရပါတယ်။

zawgyi version
ဆီးႏွင္းထူထပ္စြာက်ဆင္းႏိုင္မႈနဲ႔အတူ ႏွင္းေတာင္ၿပိဳက်မႈ၊ လမ္းေတြေရခဲႏိုင္တာနဲ႔ပတ္သက္ၿပီး ဂ်ပန္အာဏာပိုင္ေတြ သတိေပး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၅
ဂ်ပန္ႏိုင္ငံမွာ ဆီးႏွင္းေတြ ပိုမိုထူထပ္စြာက်ဆင္းႏိုင္ၿပီး ႏွင္းေတာင္ၿပိဳက်မႈေတြ၊ လမ္းေတြေရခဲႏိုင္တာေတြနဲ႔ပတ္သက္ၿပီး သတိထားၾကဖို႔ ဂ်ပန္မိုးေလဝသေအဂ်င္စီက သတိေပးထားတယ္လို႔လည္း သိရပါတယ္။ ဂ်ပန္ပင္လယ္ကို မ်က္ႏွာမူထားတဲ့ ဂ်ပန္ေဒသေတြဟာ ႏွစ္စဥ္ ဆီးႏွင္းထူထပ္စြာက်ဆင္းမႈကို ႀကဳံေတြရေလ့ရွိၿပီး တစ္ခါတစ္ရံမွာ လူေသဆုံးမႈေတြရွိတယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ယခုလအတြင္း ၿမိဳ႕အမ်ားအျပားမွာ ဆီးႏွင္းေတြ စံခ်ိန္တင္က်ဆင္းခဲ့ၿပီး ယာဥ္ေၾကာပိတ္ဆို႔မႈေတြနဲ႔ လူေသဆုံးမႈေတြကို ျဖစ္ေပၚေစခဲ့တယ္လို႔လည္း သိရပါတယ္။ Niigata၊ Ishikawa နဲ႔ Nagano စီရင္စုေတြအျပင္ ဟီ႐ိုရွီးမားနဲ႔ Shimane စီရင္စုေတြအပါအဝင္ အေနာက္ဘက္ေဒသအခ်ိဳ႕မွာ ဆီးႏွင္းေတြ ပိုမိုထူထပ္စြာက်ဆင္းႏိုင္တယ္လို႔ ဂ်ပန္မိုးေလဝသေအဂ်င္စီ(JMA)က ေဖေဖာ္ဝါရီလ(၂၄)ရက္မွာ သတင္းထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ လူေတြကို ႏွင္းေတာင္ၿပိဳက်မႈေတြ၊ ေရခဲေနတဲ့လမ္းေတြနဲ႔ ေအးခဲေနတဲ့ေရပိုက္ေတြကို သတိထားေနထိုင္ၾကဖို႔ (JMA)က သတိေပးထားတယ္လို႔လည္း သိရပါတယ္။ ေဖေဖာ္ဝါရီလ(၂၄)ရက္က Aomori ၿမိဳ႕မွာႏွင္းထု(၅)မီတာ၊ Uonuma ၿမိဳ႕မွာ ႏွင္းထု (၃ ဒသမ ၈၁)မီတာနဲ႔ Tadami ၿမိဳ႕မွာႏွင္းထု(၃ ဒသမ ၁၃)မီတာရွိခဲ့တယ္လို႔ (JMA)ရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။