မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ အပူပိုင်းမုန်တိုင်း ဘူအလွိုင် ဝင်ရောက်နိုင်သည့်အတွက် မိုးများနိုင်

225

စော(NP News)- စက်တင်ဘာ ၂၉
မနက်ဖြန် (စက်တင်ဘာလ ၃၀ရက်)တွင် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ အပူပိုင်းမုန်တိုင်း ဘူအလွိုင်သည် လေဖိအားနည်းဆဲလ်အဖြစ် ဝင်ရောက်နိုင်သည့်အတွက် မိုးများနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
မိုးဇလ၏ ယနေ့ (စက်တင်ဘာ ၂၉ရက်)နေ့ နံနက် (၅)နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားကောင်းသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်”အဖြစ်သို့ အားလျော့သွားခဲ့ကာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေဒေသများကို ဗင့်မြို့နှင့် ဒုံဟွိုင်မြို့တို့အကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အားကောင်းသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ယနေ့ (စက်တင်ဘာ ၂၉ရက်)၊ ညနေပိုင်းတွင် လာအိုနိုင်ငံနယ်စပ်ဒေသများကို အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်ဖြတ်ကျော်နိုင်ကာ လာအိုနိုင်ငံ ကုန်းတွင်းပိုင်းဒေသများကို အပူပိုင်းမုန်တိုင်းငယ် အဖြစ် ဖြတ်ကျော်နိုင်ကြောင်း သိရသည်။
ထို့ပြင် မနက်ဖြန် (စက်တင်ဘာ ၃၀ရက်၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများကို လေဖိအားနည်းဆဲလ် အဖြစ်ဖြင့်လည်းကောင်း ဆက်လက်ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
“လေဖိအားနည်းဆဲလ်အနေနဲ့လာမှာ လေတော့သိပ်မပါဘူး။ မိုးတော့နည်းနည်းပါမယ်။ မိုးများမယ်။ အရင်ရာသီလောက်တော့မဆိုးပါဘူး။ အရှေ့ပိုင်းမှာ လေဖိအားနည်းဆဲလ်လေးက ရှမ်းအရှေ့ကိုရောက်မယ်ဆိုတော့ ရောက်တဲ့ နေရာအပြင်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ၊ သူရဲ့အစပ်က အဲဒီနေရာလေးက လေဖိအားနည်းဆဲလ်အနေနဲ့ရောက်ပေမဲ့ သူကြောင့် ကျန်တဲ့နေရာတွေမှာလည်း မိုးရတာတွေရှိမှာပေါ့”ဟု မိုလေဝသနှင့်ဇလဗဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP Newsကိုပြောသည်။
အဆိုပါ အားကောင်းသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မှ ပြတ်ထွက်လာသောတိမ်တိုက်များကြောင့် ယနေ့(စက်တင်ဘာလ ၂၉ရက်)၊ နံနက်မှ အောက်တိုဘာ ၁ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
“မုတ်သုံက အလယ်ပိုင်းပဲ ထွက်သေးတာ။ မြစ်ဝကျွန်းပေါ်တို့ တောင်ပိုင်းတို့က မုတ်သုံက မထွက်သေးဘူး။ ဒါကြောင့်မို့လို့ မိုးကတော့ ကျန်တဲ့ အရှေ့ပိုင်းဒေသတွေအပြင်ကို အလယ်ပိုင်းကော၊ ရခိုင်ကမ်းရိုးတန်း ဒေသဘက်တွေကော၊ မြစ်ဝကျွန်းပေါ်ဘက်တွေကော မိုးက များဖို့ရှိတယ်။ မွန်၊ ကရင် ၊တနင်္သာရီနောက်ရှမ်း အဲဒီနေရာတွေ မိုးများနိုင်တယ်။ မိုးများမည်ဆိုပေမဲ့လို့ အရမ်းကြီးစိုးရိမ်ရတဲ့အနေအထားမဟုတ်ဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် မိုးများသည့်အတွက် တောင်ကျရေကြောင့် ရေကြီးရေလျှံခြင်း၊ မြေပြိုမှု အန္တရာယ်ကိုလည်း သတိထားရန်လိုအပ်ကြောင်း ၎င်းကအကြံပြုပြောသည်။

Zawgyi Version:
ျမန္မာႏိုင္ငံအေရွ႕ပိုင္းေဒသမ်ားသို႔ အပူပိုင္းမုန္တိုင္း ဘူအလြိဳင္ ဝင္ေရာက္ႏိုင္သည့္အတြက္ မိုးမ်ားႏိုင္
ေစာ(NP News)- စက္တင္ဘာ ၂၉
မနက္ျဖန္ (စက္တင္ဘာလ ၃၀ရက္)တြင္ ျမန္မာႏိုင္ငံအေရွ႕ပိုင္းေဒသမ်ားသို႔ အပူပိုင္းမုန္တိုင္း ဘူအလြိဳင္သည္ ေလဖိအားနည္းဆဲလ္အျဖစ္ ဝင္ေရာက္ႏိုင္သည့္အတြက္ မိုးမ်ားႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။
မိုးဇလ၏ ယေန႔ (စက္တင္ဘာ ၂၉ရက္)ေန႔ နံနက္ (၅)နာရီခြဲအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္ ျဖစ္ေပၚေနေသာ တိုင္ဖြန္းမုန္တိုင္း “ဘူအလြိဳင္” သည္ အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး အားေကာင္းေသာအပူပိုင္းမုန္တိုင္း “ဘူအလြိဳင္”အျဖစ္သို႔ အားေလ်ာ့သြားခဲ့ကာ ဗီယက္နမ္ႏိုင္ငံ ေျမာက္ပိုင္းကမ္းေျခေဒသမ်ားကို ဗင့္ၿမိဳ႕ႏွင့္ ဒုံဟြိဳင္ၿမိဳ႕တို႔အၾကားမွ ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ၿပီး ဗီယက္နမ္ႏိုင္ငံ ကုန္းတြင္းပိုင္းေဒသမ်ားကို ဆက္လက္ျဖတ္ေက်ာ္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ အားေကာင္းေသာအပူပိုင္းမုန္တိုင္း “ဘူအလြိဳင္” သည္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားႏိုင္ၿပီး ယေန႔ (စက္တင္ဘာ ၂၉ရက္)၊ ညေနပိုင္းတြင္ လာအိုႏိုင္ငံနယ္စပ္ေဒသမ်ားကို အပူပိုင္းမုန္တိုင္း “ဘူအလြိဳင္” အျဖစ္ျဖတ္ေက်ာ္ႏိုင္ကာ လာအိုႏိုင္ငံ ကုန္းတြင္းပိုင္းေဒသမ်ားကို အပူပိုင္းမုန္တိုင္းငယ္ အျဖစ္ ျဖတ္ေက်ာ္ႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ မနက္ျဖန္ (စက္တင္ဘာ ၃၀ရက္၊ နံနက္ပိုင္းတြင္ ျမန္မာႏိုင္ငံအေရွ႕ပိုင္းေဒသမ်ားကို ေလဖိအားနည္းဆဲလ္ အျဖစ္ျဖင့္လည္းေကာင္း ဆက္လက္ျဖတ္ေက်ာ္ႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ခန႔္မွန္းထားသည္။
“ေလဖိအားနည္းဆဲလ္အေနနဲ႔လာမွာ ေလေတာ့သိပ္မပါဘူး။ မိုးေတာ့နည္းနည္းပါမယ္။ မိုးမ်ားမယ္။ အရင္ရာသီေလာက္ေတာ့မဆိုးပါဘူး။ အေရွ႕ပိုင္းမွာ ေလဖိအားနည္းဆဲလ္ေလးက ရွမ္းအေရွ႕ကိုေရာက္မယ္ဆိုေတာ့ ေရာက္တဲ့ ေနရာအျပင္ကို ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေျမာက္ပိုင္း မြန္၊ ကရင္၊ တနသၤာရီ၊ သူရဲ႕အစပ္က အဲဒီေနရာေလးက ေလဖိအားနည္းဆဲလ္အေနနဲ႔ေရာက္ေပမဲ့ သူေၾကာင့္ က်န္တဲ့ေနရာေတြမွာလည္း မိုးရတာေတြရွိမွာေပါ့”ဟု မိုေလဝသႏွင့္ဇလဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP Newsကိုေျပာသည္။
အဆိုပါ အားေကာင္းေသာအပူပိုင္းမုန္တိုင္း “ဘူအလြိဳင္” မွ ျပတ္ထြက္လာေသာတိမ္တိုက္မ်ားေၾကာင့္ ယေန႔(စက္တင္ဘာလ ၂၉ရက္)၊ နံနက္မွ ေအာက္တိုဘာ ၁ ရက္အတြင္း ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး အခ်ိဳ႕ေဒသမ်ားတြင္ ေဒသအလိုက္ႏွင့္ ေနရာကြက္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း သိရသည္။
“မုတ္သုံက အလယ္ပိုင္းပဲ ထြက္ေသးတာ။ ျမစ္ဝကြၽန္းေပၚတို႔ ေတာင္ပိုင္းတို႔က မုတ္သုံက မထြက္ေသးဘူး။ ဒါေၾကာင့္မို႔လို႔ မိုးကေတာ့ က်န္တဲ့ အေရွ႕ပိုင္းေဒသေတြအျပင္ကို အလယ္ပိုင္းေကာ၊ ရခိုင္ကမ္း႐ိုးတန္း ေဒသဘက္ေတြေကာ၊ ျမစ္ဝကြၽန္းေပၚဘက္ေတြေကာ မိုးက မ်ားဖို႔ရွိတယ္။ မြန္၊ ကရင္ ၊တနသၤာရီေနာက္ရွမ္း အဲဒီေနရာေတြ မိုးမ်ားႏိုင္တယ္။ မိုးမ်ားမည္ဆိုေပမဲ့လို႔ အရမ္းႀကီးစိုးရိမ္ရတဲ့အေနအထားမဟုတ္ဘူး”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေနာက္ဆက္တြဲ ဆိုးက်ိဳးအေနျဖင့္ မိုးမ်ားသည့္အတြက္ ေတာင္က်ေရေၾကာင့္ ေရႀကီးေရလွ်ံျခင္း၊ ေျမၿပိဳမႈ အႏၲရာယ္ကိုလည္း သတိထားရန္လိုအပ္ေၾကာင္း ၎ကအႀကံျပဳေျပာသည္။