မင်းသားခေါင်းဆောင်းသော ဘီလူးများနှင့် ရှင်ဘုရင်ဟန်ဆောင်သည့် အရူးများ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ကျောဓားနဲ့ထိုးတဲ့ NUG

 913

NP News - ဖေဖော်ဝါရီ ၂၅

ဒေါ်အောင်ဆန်းစုကြည်ကို NUG က နောက် ကျောကနေ ဓားနဲ့ထိုးခဲ့ပြီလို့ NLD ပါတီဝင် ဒေါ်စန်း စန်းမော်က San Maw အမည်ရှိတဲ့ ဖေ့စ်ဘွတ်ခ်အ ကောင့်ကနေ ဆောင်းပါးပုံစံရေးသားခဲ့ပါတယ်။ အဲဒီရေးသားချက်ကို ခေတ်စနစ်နဲ့နိုင်ငံရေးမူဝါဒဆိုင်ရာ အသုံးအနှုန်းတချို့ ပြင်ဆင်ဖြည့်စွက်ပြီး မူရင်းမပျက်စေဘဲ NP News ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

(၁) ရခိုင်ပြည်နယ် မောင်တောဒေသမှာ (၂၀၁၇) ခုနှစ်က ဘင်္ဂါလီတွေအပေါ် လူမျိုးတုံးသတ် ဖြတ်မှုနဲ့ဆက်စပ်ပြီး အဲဒီအချိန်က တာဝန်ရှိတဲ့ စစ်တပ်ခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံ(ဟောင်း)ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ(ဟောင်း)ဦးထင်ကျော်အပါအဝင် မြန်မာစစ်တပ်က အရာရှိကြီး၊ ငယ် (၂၅)ဦးတို့ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ လ(၁၃)ရက်က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မုန်းနေကြသူတွေကတော့ ကျိတ်ပျော်နေကြပါတယ်။ ဒေါ်အောင်ဆန်စုကြည်အပေါ် လေးစားတန်ဖိုးထားကြသူ အများစုကတော့ စိတ်မကောင်းမှုများစွာနဲ့ မချိတင်ကဲ ဒေါသဖြစ်နေကြပါတယ်။

(၂) မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုကို နိုင်ငံတော်ရဲ့အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်လျှောက်လဲချက်ပေးခဲ့ပါတယ်။ အဲဒီအမှုကို နယ်သာ လန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အိုင်စီဂျေတရားရုံး မှာ (၂၀၁၉)ခုနှစ် ဒီဇင်ဘာ(၁၀)ရက်ကနေ (၁၂) ရက် အထိ သုံးရက်ကြာ ကြားနာခဲ့ပါတယ်။ အန်တီစု ရဲ့ လျှောက်လဲချက်ထဲမှာ " လူမျိုးစုတစ်စုကို တစ်စိတ်တစ်ပိုင်းအရဖြစ်စေ၊ အားလုံးဖြစ်စေ ဖျက်ဆီးပစ်လိုတဲ့ စိတ်ဆန္ဒမရှိပါက နိုင်ငံတကာတရားစီရင်ရေးစနစ်အ ရ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ ဥပဒေ ကြောင်းအရအသုံးအနှုန်းမျိုး ဆန္ဒဇောနဲ့မသုံးမိ အောင် ကာကွယ်မှုမျိုးရှိပါတယ်}}လို့ လျှောက်လဲခဲ့ တယ်။ ဆက်ပြီးတင်ပြတာက " ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်တုန်းက တာဝန်ကျတဲ့ တပ်မတော်စစ်ကြောင်းတွေက အင်းအားအလွန်အကျွံသုံးခဲ့တာမရှိဘူးလို့ ယတိပြတ်မပြောနိုင်ပေမယ့် ဒီအခြေအနေတွေကြောင့် လူမျိုးတုံးသတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒတော့ သေချာပေါက်ပါဝင်ခဲ့တာမရှိဘူး"လို့ အန်တီစုကပြောခဲ့ပါတယ်။ " တကယ်လို့ တပ်မတော်သားတွေအနေနဲ့ အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ရင် ဥပဒေအရ အရေးယူ အပြစ်ပေးမှာ ဖြစ်တဲ့အကြောင်းနဲ့ မကြာသေးခင်က ရခိုင်ပြည်က အင်ဒိန်ရွာအမှု၊ ရှမ်းပြည်နယ် မန်စီရွာအမှုတွေမှာ ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ တပ်မတော်သားတွေကို မြန် မာနိုင်ငံရဲ့တည်ဆဲဥပဒေအရ အပြစ်ဒဏ်တွေပေးခဲ့ တယ်။ အခုလည်း တပ်မတော်က ပြစ်မှုကျူးလွန်တဲ့ သူတွေကို စစ်ခုံရုံးဖွဲ့ စစ်ဆေးအရေးယူနေတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ လျှောက်လဲချက်ကို တင်ပြခဲ့ပါတယ်။

(၃) ကျွန်မအနေနဲ့ ဘင်္ဂါလီလူမျိုးတွေအတွက် လူ့အခွင့်ရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးကို အလေးထားပါတယ်။ ဘင်္ဂါလီလူမျိုးတွေရဲ့ နစ်နာဆုံး ရှုံးမှုတွေ၊ သူတို့ရဲ့ရပိုင်ခွင့်တွေနဲ့ သူတို့ရဲ့ခံစားချက် တွေကိုလည်း ကျွန်မအနေနဲ့ ကိုယ်ချင်းစာနာစိတ်၊ ကရုဏာတရားထားတဲ့စိတ်မျိုး အမှန်ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ အမှန်တကယ် ပကတိဖြစ်ပျက်မှုတွေနဲ့ကင်းကွာပြီး နိုင်ငံရေးအမြတ်ထုတ်လိုမှုအတွက် မဖြစ်ပွားခဲ့တာတွေကို ကောက်ချက်ဆွဲရိုက်သွင်း အမှု တွေပုံဖော်တည်ဆောက်ခြင်းမျိုးကိုတော့ ကျွန်မအနေနဲ့ လုံးဝမထောက်ခံနိုင်ပါဘူး။ Technically ဘင်္ဂါလီအရေးဟာ လူမျိုးစု သန့်စင်ရှင်းလင်းမှု(သို့) လူမျိုးရေးရှင်းလင်းမှု (Ethnic cleansing) လို့ သတ်မှတ်ဖို့တောင် နိုင်ငံတကာဥပဒေအရ မရနိုင်လောက် ပါဘူး။ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ဖြစ်ခဲ့တယ်ဆိုတာကိုတော့ လုံးဝမဟုတ်ဘူးလို့ ကျွန်မပြော ပါတယ်။
(Genocide) ဖြစ်ဖို့ နိုင်ငံတကာရာဇဝတ် ဥပဒေတွေအရ သက်သေအထောက်အထားတွေဟာ တိကျ ခိုင်မာပြီး တရားဝင်ဖြစ်ဖို့လိုပါတယ်။ ဥပမာ (၄)နှစ်နီး ပါးကြာခဲ့တဲ့ ဘော့စနီးယားပြည်တွင်းစစ်မှာ (၁၉၉၅) ခုနှစ် ဇူလိုင်လမှာ နယ်စပ်ဆရိတ်ဘနီဆာ မြို့လေးမှာ ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယန်းမွတ်စလင် လူကြီးနဲ့ကလေး စုစုပေါင်း (၈၀ဝဝ)ကျော်ကို တစ်ပြိုင်နက်တည်းသတ် ဖြတ်ကျူးလွန်ခဲ့တဲ့ Srebrenica massacre နဲ့ (၁၉၉၄)ခုနှစ် ရဝမ်ဒါနိုင်ငံ ပြည်တွင်းစစ်မှာ တွတ်စီမျိုးနွယ်စုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ Rwandan genocide တွေကို လေ့လာကြည့်နိုင်ပါတယ်။

(၄) အထက်ပါအဖြစ်အပျက်နှစ်ခုမှာ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေဟာ ခိုင်မာတဲ့ သက် သေအထောက်ထားတွေကို စနစ်တကျပြုစုပြီး ယင်း အမှုတွေနဲ့ပတ်သက်တဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး တွေကို တင်ပြနိုင်ခဲ့ပါတယ်။ သက်ဆိုင်ရာနိုင်ငံတကာ ရာဇဝတ်ခုံးရုံးအဖွဲ့တွေက တရားဝင်တာဝန်ပေးအပ်ခဲ့တဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေမှာForensic doctors, Forensic scientists, Forensic analysts တွေ ပါဝင်ခဲ့ပါတယ်။ သူတို့ တွေရဲ့တွေ့ရှိချက် Forensic evidences တွေနဲ့ စနစ်တကျသက်သေအထောက်အထားတွေကို ရာဇဝတ်တရားရုံးတွေကို တင်ပြနိုင်ခဲ့ကြတာပါ။ ဒါကြောင့်လည်း Srebrenica massacre နဲ့ Rwandan genocide တွေကိုကျူးလွန်ခဲ့ကြတဲ့ တာဝန်ရှိသူတွေကို သက်ဆိုင်ရာ နိုင်ငံတကာရာဇဝတ် တရားရုံးတွေက ထိုက်တန်တဲ့ပြစ်ဒဏ်တွေကိုချမှတ် နိုင်ခဲ့ကြတာပါ။ အဲဒီအချိန်ကာလမှာ ICC မပေါ်ပေါက်သေးလို့ သက်ဆိုင်ရာ နိုင်ငံတကာရာဇဝတ်ခုံရုံး တွေကို ဖွဲ့စည်းပေးခဲ့ကြပါတယ်။

(၅) ရောမပဋိညာဉ်လို့သိကြတဲ့ စစ်ရာဇဝတ်မှု ဆိုင်ရာသဘောတူညီချက်ကို (၁၉၉၈) ခုနှစ်မှာ လက် မှတ်ရေးထိုးခဲ့ကြပါတယ်။ နိုင်ငံတွေမှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အကောင်အထည်ဖော်ဖို့ (၂၀ဝ၂) ခုနှစ် ဇူလိုင်(၁)ရက်မှာ ICC ကိုဖွဲ့စည်း တည်ထောင်ခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း(၂၀)အတွင်းမှာ (၅)မှုသာလျှင် စီရင်ချက်ချနိုင်ခဲ့တာပါ။ စီရင် ချက်တွေအားလုံးဟာလည်း အာဖရိကတိုက်က သူ ပုန်ခေါင်းဆောင်တွေက ကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇ ဝတ်ပြစ်မှုတွေပဲ ဖြစ်ကြပါတယ်။ အခုအချိန်အထိ လူ သိများတဲ့ အာဏာရှင်တွေ၊ အစိုးရခေါင်းဆောင်တွေ ကို ICC က အရေးမယူနိုင်သေးပါဘူး။ Ivory Coast သမ္မတဟောင်းLaurent Gbagbo ကို အ ပြစ်မရှိကြောင်း ICC က ကြေညာခဲ့ရပါတယ်။
ကွန်ဂိုရဲ့ဒုတိယသမ္မတဟောင်း Jean-Pierre Bemba ကိုလည်း အယူခံမှာ ICC က တရားသေ လွှတ်ခဲ့ရပါတယ်။ ထို့အတူ ကင်ညာသမ္မတ Uhuru Kenyatta အပေါ် စွဲဆိုထားချက်တွေကိုလည်း စွဲချက်မမြောက်ကြောင်း ICC က ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့တွေရဲ့တွေ့ရှိချက် အစီ ရင်ခံစာတွေနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ ဖော် ပြချက်တွေကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) မှာ ခိုင်မာတဲ့သက်သအထောက်အထားအဖြစ်နဲ့ တရားဝင်တင်သွင်းလို့မရနိုင်သလို တရားဝင်မှုလည်း လုံးဝမရှိနိုင်ပါဘူး။

(၆) မြန်မာပြည် အနောက်ဘက်ခြမ်းမှာဖြစ်ခဲ့တဲ့ ဘင်္ဂါလီလူမျိုးတွေအပေါ်ကျူးလွန်ခဲ့မှုတွေကို လေ့ လာကြည့်ရင် UN လူ့အခွင့်ရေးကောင်စီက တာဝန်ပေးအပ်ဖွဲ့စည်းထားခဲ့တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေး ရေးအဖွဲ့တွေမှာ Forensic doctors, Forensic scientists, Forensic analysts တွေ မပါဝင်ခဲ့တာ တွေ့ရပါတယ်။ ဘင်္ဂါလီတွေနဲ့ပတ်သက်တဲ့ စုံစမ်း စစ် ဆေးရေးအဖွဲ့တွေရဲ့တွေ့ရှိချက်တွေမှာ Forensic Evidences တွေ လုံးဝမပါဝင်ခဲ့ပါဘူး။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့တွေ့ရှိချက်တွေ၊ တစ်ဖက်သတ်အစီရင်ခံစာတွေနဲ့ နိုင်ငံတကာသတင်းမီဒီယာ တွေရဲ့ဘက်လိုက်ဖော်ပြချက်တွေကိုသာ သက်သေ အထောက် အထားအဖြစ် တည်ဆောက်ထားခဲ့ကြ တာ အများအပြားတွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံတ ကာလူ့အခွင့်အရေးအဖွဲ့တွေရဲ့တွေ့ရှိချက် အစီရင်ခံစာ တွေနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ ဖော်ပြချက် တွေဟာ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) မှာ ခိုင်မာတဲ့သက်သေအထောက်အထားအဖြစ် တရားဝင်တင်သွင်းလို့မရနိုင်သလို အဲဒီလိုတင်သွင်းထားချက်တွေကလည်း တရားဝင်မှုမရှိနိုင်ပါဘူး။

(၇) ဒေါ်အောင်ဆန်းစုကြည်က အပြည်ပြည် ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနိုင်ငံရဲ့ကိုယ်စား တရားရုံးရဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကြားနာမှုမှာ လူမျိုးတုံးသတ်ဖြတ်မှုမကျူးလွန်ကြောင်း ‌တရားရုံးကို လျှောက်လဲချက်ပေးခဲ့ပါတယ်။ အဲဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ကနဦး ကန့်ကွက်မှုလျှောက်လဲချက်အားလုံးကို NUG က ပြန်လည်ရုပ်သိမ်းကြောင်း (၁-၂-၂၀၂၂) ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်မှာပဲ ICJ တရားရုံးနဲ့ဆက်သွယ် ဆောင်ရွက်မယ့် NUG ကိုယ်စား ဦးကျော်မိုးထွန်းကို တာဝန်ပေးခဲ့တယ်။NUG ထိပ်ပိုင်းခေါင်းဆောင်တွေဟာ NLD အဖွဲ့ဝင်ဟောင်းအများစုဖြစ်ပါတယ်။(၂၀၁၅)ခုနှစ်နောက်ပိုင်းကျမှ NLD ပါတီဝင်ဖြစ်ကြ သူတွေများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေဟာ NLD အဖွဲ့ဝင် ဖြစ်ခဲ့ကြဖူးသူတွေပါ။ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာစောင့်သိရမယ့် လူမျိုးတွေဖြစ်ရပါမယ်။ ဒါပေမဲ့ NUG ကလူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နောက်ကျောကို သေသေချာချာ ဓားနဲ့ထိုးလိုက်ကြပါတယ်။ ICJ မှာ အန်တီစုရဲ့ လျှောက်လဲချက်ဟာ ICJ တရားရုံး တရားသူကြီးတွေ အပြင် နိုင်ငံတကာခေါင်းဆောင်တွေလည်း သိသွားခဲ့ကြတဲ့ ကမ္ဘာကျော်လျှောက်လဲချက်ဆိုရင်လည်း မမှားပါဘူး။ အဲဒီလို ကိုယ့်ခေါင်းဆောင်ရဲ့ ကမ္ဘာသိ၊ နိုင် ငံတကာသိတဲ့ လုပ်ဆောင်ချက်ကို သူမရှိတဲ့အချိန်မှာ ပြန်လည်ပြင်ဆင်ရုပ်သိမ်းလိုက်တယ်ဆိုတဲ့ NUG ရဲ့ လုပ်ရပ်ဟာ " ဘင်္ဂါလီအရေးနဲ့ပတ်သက်တာမှာ ဒေါ်စု ပဲမှားတာပါ။ ငါတို့(NUG)ပဲမှန်ပါတယ်"ဆိုတဲ့ပုံရိပ် ကိုဖော်ဆောင်ခဲ့ပြီး နိုင်ငံတကာအလယ်မှာ ကိုယ့် ခေါင်းဆောင်ကို အရှက်တကွဲအကျိုးနည်းဖြစ်သွား အောင်၊ နိုင်ငံရေးသိက္ခာ နိုင်ငံရေးပုံရိပ် ကျဆင်းသွား အောင်လုပ်ခဲ့ကြတာပါ။ ဘင်္ဂါလီအရေးမှာ ငွေကြေးရ လိုမှုတစ်မျက်နှာပဲကြည့်ပြီး NUG ဟာ လှလှပပ ဒေါ်စုနောက်ကျောကို ဓားနဲ့ထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

(၈) ဂရိဒဏ္ဍာရီထဲမှာ ထရိုဂျင်စစ်ပွဲအကြောင်း ကို ကျွန်မတို့တွေငယ်ငယ်တုန်းကတည်းက ကြားဖူးခဲ့ ကြပါတယ်။ ဂရိတွေက ထရိုဂျင်တွေရဲ့ ထရွိုင်မြို့ကို လာတိုက်ခိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပါတယ်။ အဲဒီစစ်ပွဲမှာ ပါဝင်တဲ့ ဂရိသူရဲကောင်း အာခိလိစ်ဆိုသူကလည်း ကျွန်မတို့ မြန်မာလူငယ်တွေရဲ့ အိပ်ရာဝင်ပုံပြင်ထဲက သူရဲကောင်းတစ်ဦးဖြစ်ခဲ့ဖူးတယ်။ ထရွိုင်မြို့ကို တိုက် နေတာ နှစ်တွေအများကြီးကြာခဲ့ပေမယ့် ဂရိတွေဟာ အနိုင်မရခဲ့ပါဘူး။ နောက်ဆုံး မြင်းရုပ်အကြီးကြီး လုပ်ခဲ့တယ်။ ဂရိစစ်သားတွေကို မြင်းရုပ်ကြီးထဲ ဝင်ရောက် ပုန်းအောင်းနေခိုင်းခဲ့ပြီး မြို့ပြင်မှာထားခဲ့ကြတယ်။ ထရိုဂျင်တွေက မြို့ပြင်ထွက်လာတော့ ဂရိစစ်သား တွေကိုမတွေ့ရတော့ဘဲ မြင်းရုပ်အကြီးကြီးကိုပဲတွေ့ တယ်။ ထရိုဂျင်တွေက အဲဒီမြင်းရုပ်ကြီးကို နတ်ဘုရား တွေကပေးခဲ့တဲ့လက်ဆောင်လို့ယူဆပြီး ထရွိုင်မြို့ထဲ သွင်းယူခဲ့ကြတယ်။ တချို့ထရိုဂျင်ပညာရှိတွေက မြို့ ထဲမသွင်းဖို့တားပေမယ့်လည်း ထရိုဂျင်တွေက ပညာ ရှိစကားကိုနားမထောင်ဘဲ ထရွိုင်မြို့ထဲ မြင်းရုပ်ကြီး ကိုသွင်းခဲ့ကြတယ်။ ညဘက်ရောက်တဲ့အချိန် မြင်းရုပ် ကြီးထဲကဂရိစစ်သားတွေဟာ အလျှိုလျှိုကိုယ်စီဆင်း လာခဲ့ပြီး မြို့တွင်းတံခါးတွေကိုဖွင့် မြို့ပြင်မှာအသင့် စောင့်နေတဲ့ ဂရိစစ်သားတွေအများကြီးက မြို့ထဲ ရောက်လာကြပြီး မူးရူးပျော်ပါးနေကြတဲ့ ထရိုဂျင်စစ် သားတွေနဲ့ ထရိုဂျင်မင်းမှုထမ်းတွေကို အားလုံး သုတ် သင်ပစ်ကြတယ်။ ထရိုဂျင်တွေရဲ့ ထရွိုင်မြို့ကြီးလည်း ကျဆုံးခဲ့ရတယ်။ ထရိုဂျင်မြင်းတွေဆိုတဲ့စကားဟာ လည်း ကျွန်မတို့လူ့အဖွဲ့အစည်းမှာ အသုံးများပါတယ်။ ကိုယ့်တိုင်းပြည်အတွက် အန္တရာယ်ရှိတဲ့အရာကို အန္တ ရာယ်ရှိမှန်းသိသိကြီးနဲ့ ကိုယ်ရဲ့အကျိုးစီးပွားအ တွက်၊ ကိုယ့်အဖွဲ့အစည်းအကျိုးစီးပွားအတွက် လက် ခံလိုက်တာဟာ ကိုယ့်တိုင်းပြည်ကို ဖျက်ဆီးလိုက်ကြ တဲ့ ထရိုဂျင်မြင်းတွေနဲ့ အတူတူပါပဲ။

(၉) ဂမ်ဘီယာနိုင်ငံက တရားစွဲတယ်ဆိုတာ မြန် မာနိုင်ငံကို တရားစွဲတာဖြစ်ပါတယ်။ စစ်တပ်ကို တရားစွဲတာမဟုတ်ပါဘူး။ အစိုးရနဲ့လွှတ်တော်ကိုလည်း တရားစွဲတာမဟုတ်ပါဘူး။ တစ်နည်းပြောရရင် မြန်မာနိုင်ငံသားအားလုံးကိုတရားစွဲတာလို့ ပြောနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်ခဲ့တယ်ဆိုတာကလည်း မြန်မာနိုင်ငံကိုယ်စားပြုပြီး ရင်ဆိုင်ခဲ့တာပါ။ မြန်မာနိုင်ငံအတွက်၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်က သတ္တိရှိရှိ ကမ္ဘာ ကြီးကို ရင်ဆိုင်ခဲ့တာပါ။ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ နိုင်လိုမင်းထက် လိုရင်လိုသလို မလိုရင် မလိုသလို ပြုမူတတ်တဲ့သဘောတွေကို သိသိကြီးနဲ့ နိုင်ငံအတွက်နဲ့ နိုင်ငံအနာဂတ်အတွက် သူ ရဲ့ဘဝကိုရင်းပြီး ဒီအမှုကြီးကို မကြောက်မရွံ့ရင်ဆိုင် ခဲ့တယ်လို့ ကျွန်မကတော့ ခံစားသိမြင်တာကြောင့် အန်တီစုအပေါ် ပိုပြီးသနားသက်ဝင်မိပါတယ်။
(၂၂-၁၁-၂၀၁၇)ရက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆင်က ဘင်္ဂါလီတွေအပေါ် မြန်မာ အစိုးရစစ်တပ်က ကျူးလွန်ခဲ့တာတွေဟာ လူမျိုးရေး ရှင်းလင်းမှု ပုံစံမြောက်တယ်ဆိုပြီး Ethnic cleansing ဆိုတဲ့ ဝေါဟာရကို အသုံးပြုကာ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တာပါ။ (၂၀၂၂) ခုနှစ် မတ်လမှာ အမေရ ကန်အစိုးရက ဘင်္ဂါလီလူမျိုးစုတွေအပေါ် မြန် မာစစ်တပ်က ကျူးလွန်မှုတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု (Genocide) မြောက်တယ်လို့ တစ်ဖက်သတ် အနိုင်ကျင့်ကြေညာခဲ့ပါတယ်။ ICJ ကတောင် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပါတယ်လို့ ဆုံးဖြတ်ချက်ကို ယနေ့ အချိန်အထိ မချမှတ်ရသေးပါဘူး။ အဲဒီလို မချမှတ် ရသေးဘဲနဲ့ ခိုင်လုံတဲ့သက်သေအထောက်အထား လည်းမရှိသေးဘဲနဲ့ အမေရိကန်က နိုင်ငံရေးအရ ဆုံးဖြတ်ကြေညာခဲ့တာပါ။ နိုင်ငံကြီးတွေရဲ့ နိုင်ငံရေး ကစားပွဲထဲမှာ ကျွန်မတို့မြန်မာနိုင်ငံလို နိုင်ငံငယ်တွေ က အသုံးချခံဖြစ်နေခဲ့ရတာ အခုအချိန်မှ မဟုတ်ပါ ဘူး။ ဟိုလွန်ခဲ့တဲ့ အချိန်တွေမှာလည်း အဖြစ်အပျက် တွေရှိနေခဲ့ကြတာ ကမ္ဘာ့သမိုင်းတွေမှာ အထင်အရှား ရှိနေခဲ့ပါတယ်။

(၁၀) (၁၉၇၁)ခုနှစ် မတ်လ(၂၅)ရက်မှာ ပါကစ္စတန်အစိုးရက ဘင်္ဂါလီကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုမှုတွေကို နှိမ်နင်းဖို့အတွက် အရှေ့ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်)မှာ ပါကစ္စတန် စစ်တပ်က ဘင်္ဂါလီလူမျိုးစုတွေကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းခဲ့ကြတယ်။ ပါကစ္စတန်စစ်တပ်နဲ့ ပါကစ္စတန်လိုလားသော အစ္စလာမ္မစ်ပြည်သူ့စစ်များက ဘင်္ဂါလီလူမျိုးတွေကို ရက်စက်စွာ နှိမ်နင်းခဲ့တဲ့ အချိန်ကာလဟာ (၉)လ ကြာမြင့်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာ ပါကစ္စတန်စစ်တပ်နဲ့ ပြည်သူ့စစ်တွေက ဘင်္ဂါလီလူမျိုး(၃)သန်းနီးပါခန့်ကို သတ်ဖြတ်ခဲ့ ကြတယ်။ ဘင်္ဂါလီအမျိုးသမီးပေါင်း (၂)သိန်းကျော် မုဒိမ်းကျင့်ခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း အကြီးမားဆုံး လူမျိုးတုံးသတ်ဖြတ်မှုကြီးဖြစ်လာခဲ့ပါ တယ်။
အဆိုပါ (၁၉၇၁)ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ် မြောက်ရေးစစ်ပွဲအတွင်း လူမျိုးတုံးသတ်ဖြတ်မှု ကျူး လွန်ခဲ့တဲ့ စွပ်စွဲချက်ကိုလည်း ကုလသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့ တည်ထောင်ခဲ့တဲ့ နိုင်ငံတကာခုံရုံးကလည်း စုံစမ်းစစ် ဆေးမှု ယနေ့အချိန်အထိ မပြုလုပ်ခဲ့ကြပါဘူး။ အဲဒီ အချိန် အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်က ပါကစ္စ တန်ကို စစ်အေးခေတ်မဟာမိတ်အဖြစ် သတ်မှတ် ထားခဲ့ပြီး ပါကစ္စတန်ရဲ့ကျူးလွန်မှုကိုရှုတ်ချဖို့ ငြင်းဆို ခဲ့တာ သမိုင်းသက်သေပါ။ အဲဒီအချိန် သမ္မတနစ်ဆင် နဲ့ တရုတ်ပြည်ကလည်း ပါကစ္စတန်စစ်တပ် ကျူးလွန်ခဲ့တဲ့လူမျိုးတုံးသတ်ဖြတ်မှု အစီရင်ခံစာကို ဖိနှိပ်ဖို့သာ ကြိုးစားနေခဲ့ပါတယ်။ အမေရိကန် နစ်ဆင်အစိုးရဟာ ပါကစ္စတန်ကို အရေးယူဖို့ နေနေသာသာ လက်နက်တွေတင်ပို့ရောင်းချမှုကို လျှို့ဝှက်စွာလုပ်ဆောင် ခဲ့ပါသေးတယ်။ အဲဒီအချိန် ဆိုဗီယက်ပြည်ထောင်စုနဲ့ အိန္ဒိယတို့ရဲ့နီးကပ်စွာ ဆက်ဆံနေမှုတွေကို အင်အား ချိန်ခွင်ညှိတဲ့အနေနဲ့ အမေရိကန်အစိုးရက ပါကစ္စ တန်အစိုးရကို ထောက်ခံနေခဲ့ရတာ ဖြစ်ပါတယ်။ နိုင် ငံကြီးတွေဟာ သူတို့လိုလားရင် အဲဒီနိုင်ငံ ဘာလုပ်နေ နေ ထောက်ခံပေးနေခဲ့တယ်။ သူတို့ မလိုလားရင် သူတို့အကျိုးစီးပွားထိခိုက်မယ်ဆိုရင် ဘယ်နိုင်ငံမဆို ဒုက္ခတွင်းထဲ အရောက်ပို့ဖို့ ဝန်မလေးကြဘူးဆိုတာ သိစေချင်ပါတယ်။

(၁၁) ICC က ထုတ်ပြန်ခဲ့တဲ့ ဖမ်းဝရမ်းတွေကို ကြည့်ရင်တောင် သိသာနိုင်ပါတယ်။ အစ္စရေးဝန်ကြီး ချုပ် နေတန်ရာဟုကိုလည်း ICC က ဖမ်းဝရမ်းထုတ် ခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်ကြီးကိုလည်း ICC က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ICC ရဲ့အာဏာရှိမှုဟာ သူရဲ့အဖွဲ့ဝင်နိုင်ငံတွေကိုပဲ သက်ရောက်နိုင်ပါတယ်။ အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေရဲ့လူပုဂ္ဂိုလ်တွေအပေါ် အ ရေးယူဆောင်ရွက်နိုင်ဖို့ဆိုတာ အခက်အခဲတွေ အ များကြီးရှိပါတယ်။ ICC ရဲ့အဖွဲ့ဝင်နိုင်ငံတွေတောင်မှ သူဝရမ်းထုတ်ထားတဲ့သူကို ဖမ်းမပေးခဲ့ပါဘူး။ အခု ဆိုရင် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကြီးကို ဝရမ်းထုတ်မှုနဲ့ ICC တရားသူကြီးတွေနဲ့ ရှေ့နေတွေကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ စတင်နေပါတယ်။

(၁၂) ဒေါ်အောင်ဆန်းစုကြည်၊ ဦးထင်ကျော်နဲ့ ဦးမင်းအောင်လှိုင်တို့အပေါ် ယခုလ(၁၃)ရက်မှာ ထုတ်ခဲ့တဲ့ အာဂျင်တီးနား တရားရုံးရဲ့ ဖမ်းဝရမ်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ တရားရုံးတစ်ခုက ထုတ်ခဲ့တဲ့ ဖမ်းဝရမ်းဖြစ်နေပါတယ်။ မြန်မာနိုင်ငံနဲ့ အာဂျင်တီးနားနိုင် ငံအကြား နှစ်နိုင်ငံရာဇဝတ်သားလွှဲပြောင်းရေး စာချုပ်လက်မှတ်ထိုးထားမှသာ ဖမ်းဝရမ်းက အကျုံးဝင် နိုင်ပါမယ်။ တခြားနိုင်ငံတွေကလည်း ဖမ်းပေးချင်တဲ့ ဆန္ဒရှိမှသာ သူရဲ့ဖမ်းဝရမ်းက အလုပ်ဖြစ်မှာပါ။ အာ ဆီယံနိုင်ငံတွေထဲမှာလည်း အာဂျင်တီးနားနဲ့ အပြန် အလှန် လက်မှတ်ထိုးထားတာ ဘယ်နိုင်ငံမှ မရှိဘူးလို့ ကျွန်မထင်ပါတယ်။ မလေးရှားကတော့ အာဂျင်တီး နား နဲ့ လက်မှတ်ထိုးထားနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်နေတဲ့ မလေးရှားကလည်း အာ ဂျင်တီးနားတရားရုံး ဝရမ်းကိစ္စကို စိတ်ဝင်စားမယ်လို့ လုံးဝမထင်ပါဘူး။ သူအာဆီယံဥက္ကဋ္ဌ ဖြစ်ချိန်မှာ မြန်မာပြည်ကိစ္စကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ တပ် ချုပ်ကိုတောင် မျက်နှာချိုသွေးနေရပါတယ်။

(၁၃) အာဂျင်တီးနားနိုင်ငံရဲ့ တရားရုံးတစ်ခုက ဘာလို့ သူနဲ့အလှမ်းဝေးတဲ့ နိုင်ငံတစ်ခုအပေါ် ဒီလို နာမည်ဖျက်ချင်တာလဲလို့ ကျွန်မတော်တော် စဉ်းစား နေမိပါတယ်။ သူတို့ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းကြီး ဟာ ဘာမှအသုံးမဝင်နိုင်ဘူးဆိုတာကို အာဂျင်တီးနား ခေါင်းဆောင်တွေ မသိဘဲနဲ့မနေပါဘူး။ ဒါဆိုရင် ဘာ အတွက်လုပ်ခဲ့ကြတာလဲ။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွား ခဲ့စဉ်မှာ ဂျာမနီအာဏာရှင် ဟစ်တလာ နဲ့ အပေါင်းအပါများက ဂျူးလူမျိုး(၆)သန်းကျော်ကို အစုလိုက်အပြုံ လိုက် လူမျိုးတုံးသတ်ဖြတ်မှုများကို ရက်စက်စွာကျူး လွန်းခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ဂျာမန်စစ်ရာဇဝတ်ကောင်တွေဟာ နိုင်ငံအသီးသီးကို လျှို့ဝှက်စွာ ထွက်ပြေးသွားခဲ့ကြပါတယ်။ အချို့သော စစ်ရာဇဝတ်ကောင်တွေလည်း မဟာမိတ် တပ်တွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ကြရပါတယ်။ လွတ် မြောက်ခဲ့ကြတဲ့ ဂျာမန်စစ်ရာဇဝတ်ကောင်တွေ အ များစုဟာ လက်တင်အမေရိကနိုင်ငံတွေဆီ ထွက်ပြေး သွားခဲ့ကြပါတယ်။ အထူးသဖြင့် အာဂျင်တီးနားနိုင်ငံမှာ ပုံစံမျိုးစုံနဲ့ ရုပ်ဖျက်ကာ ခိုးဝင်ခိုလှုံနေထိုင်ခဲ့ကြပါတယ်။

(၁၄) ပိုလန်နိုင်ငံ အော့ဇ်ဝစ်ဇ် အကျဉ်းထောင် ငရဲခန်းတွေရဲ့ ပဲ့ကိုင်ရှင် (သို့) အိုက်ခမန်းရဲ့ငရဲခန်း တွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဂျာမန်စစ်ရာဇဝတ်ကောင် အဒေါ့ဖ်အိုက်ခမန်းနဲ့ သူ့မိသားစုဟာ အာဂျင်တီးနား နိုင်ငံဗျူနိုအေးရိစ်မြို့မှာ လျှို့ဝှက်စွာနေထိုင်ခဲ့ပါတယ်။ အခြားသော ဂျာမန်စစ်ရာဇဝတ်ကောင်တွေ လည်း အာဂျင်တီးနားနိုင်ငံထဲမှာ လျှို့ဝှက်စွာခိုလှုံ နေထိုင်ခဲ့ကြပါတယ်။ (၁၉၆၁)ခုနှစ် ကာလရောက်မှ နာမည်ကျော်အစ္စရေးထောက်လှမ်းရေး မော့ဆက် မှ အိုက်ခမန်းကို အစ္စရေးနိုင်ငံသို့ လျှို့ဝှက်စွာ ဖမ်း ဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဂျာမန် စစ်ရာဇဝတ်ကောင်တွေကို လက်ခံထားတဲ့ အာဂျင် တီးနားနိုင်ငံဟာလည်း ကမ္ဘာ့အလယ်မှာ အရှက်ကွဲ သက္ခာများစွာ ကျဆင်းခဲ့ရတယ်။ အာဂျင်တီးနား နိုင်ငံဟာ စစ်ရာဇဝတ်ကောင်တွေ လက်ခံထားမှု ကြောင့် ကျဆင်းခဲ့ရတဲ့ သူ့နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် မြန်မာနိုင်ငံကို အသုံးချခဲ့တယ်လို့ ကျွန်မသုံးသပ်မိပါ တယ်။ အဘက်ဘက်က နိမ့်ကျနေတဲ့၊ ဆင်းရဲစုတ်ပြတ် နေတဲ့၊ ပြည်တွင်းပဋိပက္ခတွေ တောက်လောင်နေတဲ့ ဘာထောက်ထားငဲ့ညှာစရာ လုံဝမလိုတဲ့နိုင်ငံငယ်လေး တစ်ခုအပေါ် သူ့နိုင်ငံအကျိုးစီးပွားတစ်ခုအတွက် ယုတ်မာစွာ အသုံးချခဲ့ပါတယ်။ မြန်မာနိုင်ငံကို အသုံး ချလို့ ပိုပြီးကောင်းတာက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာသိပုဂ္ဂိုလ်မျိုးကို လူ မျိုးတုံးသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ရမယ့် ကိစ္စမျိုး မှာ အခွင့်ကြုံလို့ သူ့တိုင်းပြည်သိက္ခာပြန်တက်မယ့်အ ကျိုးစီးပွားအတွက် အာဂျင်တီးနားဟာ ဘယ်လက် လွှတ်ခံပါ့မလဲလို့ ကျွန်မထင်မြင်မိပါတယ်။

(၁၅) အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းဟာ ဘာမှ အလုပ်မဖြစ်ဘူးဆိုတာ ထုတ်တဲ့နိုင်ငံနဲ့ တရားရုံး ကလည်း သိနေပါတယ်။ အဲဒီဖမ်းဝရမ်းကိစ္စကို ဖြစ် မြောက်အောင် ဝိုင်းဆောင်ရွက်ကြတဲ့သူတွေရဲ့ နောက်မှာ ငွေကြေးအပြည့်အဝပံ့ပိုးပေးမယ့် လက် မည်းကြီးကလည်း ရှိနေပါတယ်။ ဒီအမှုဟာ တရား ရုံးမရောက်ဘဲ ဝရမ်းအဖြစ်နဲ့ပဲ ကာလကြာရှည်စွာရှိ နေမဲ့အမှုပဲဖြစ်ပါတယ်။ အဲဒီလို ဝရမ်းအဖြစ်နဲ့ပဲ တိုး လိုးတန်းလန်းဆက်ရှိနေတာဟာ ဒီအမှုကို ဖန်တီးခဲ ကြတဲ့ဘင်္ဂါလီခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးသ မားတွေနဲ့ NUG ခေါင်း ဆောင်ပိုင်းတွေအတွက် ငွေတွင်းကြီးအဖြစ်နဲ့ ဆက်လက်တည်ရှိနေမှာတော့ ကျိန်းသေနေပါတယ်။
အခုအချိန်မှာ NUG ရဲ့တာဝန်ရှိတဲ့ခေါင်း ဆောင်တွေဟာ တိုင်းပြည်ရဲ့သစ္စာဖောက်တွေ ဖြစ် မှန်းမသိ ဖြစ်ကုန်ကြပါပြီ။ သူတို့ NUG ရဲ့ ရပ်တည် မှုတစ်ခုတည်းသာလျှင် စဉ်းစားကြပြီး တိုင်းပြည်နဲ့ လူ ထုရဲ့ရေရှည်အကျိုးစီးပွားကို လုံးဝထည့်မတွက်ကြ တော့ဘဲ တိုင်းပြည်နဲ့လူထုကို ချနင်းလိုက်ကြပါပြီ။ ဒီလုပ်ရပ်ဟာ တစ်ချိန်မှာ တိုင်းပြည်အတွက် ဘယ် လောက်ခက်ခဲမယ်၊ ဘယ်လောက် အန္တရာယ်များမယ် ဆိုတာ ပြည်ပြေး NUG အုပ်စုသိကြရဲ့လားလို့ မေး ခွန်းထုတ်ရပါမယ်။ ပြည်ပြေး NUG အုပ်စုဟာ ဘင်္ဂါလီပြဿနာကို သူတို့အသုံးချလို့ရတဲ့ကတ်လို့ သွေးနားထင်ရောက် မိုက်မဲစွာစဉ်းစားပြုမူခဲ့ကြပါ တယ်။ အခုတော့ ဘင်္ဂါလီအရေးဟာ NUG တိုင်း ပြည်သစ္စာဖောက်တွေအတွက် လှုပ်လေမြုပ်လေ ဖြစ် လာကြတော့မယ် ကိစ္စတစ်ခုမှန်း ကျိန်းသေမြင်ယောင် ကြည့်လို့ ရပါတော့မယ်။

(၁၆) အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းမှာ ဦးမင်းအောင်လှိုင်နဲ့ ဦးစိုးဝင်းတို့အပြင် သမ္မတ ဟောင်း ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လည်း ပါကြတယ်ဆိုတာကို လူလိုနားလည်ကြတဲ့သူ တိုင်း သိကြပါတယ်။ ပြည်ပအခြေစိုက် မြန်မာ့မီဒီယာ VOA, RFA တို့ကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ သတင်းတင်ခဲ့ပါတယ်။ NUG ရဲ့ ဝန်ကြီးဆိုသူတွေ ကလည်း ဝမ်းသာအားရ ဖမ်းဝရမ်းကို ကြိုဆိုကြောင်း ပို့စ်တွေ တင်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လည်း ဖမ်းဝရမ်းထုတ်တယ်ဆိုတာ သိနေလျက်နဲ့ Called အမေစုသားသမီးများကလည်း ဝမ်းသာအားရပျော်ရွှင်စွာနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်လောက် အောင် သူတို့ဖေ့စ်ဘွတ်ခ်တွေမှာ ပို့စ်တွေတင်ကြပြီး ဒေါ်အောင်ဆန်းစုကြည် နောက်ကျောဓားနဲ့ ဝိုင်းထိုးကြ ပြန်တယ်။ အဲဒီဖမ်းဝရမ်းကြောင့် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာဟာ ကမ္ဘာ့အလယ်မှာ များစွာကျဆင်းစေခဲ့ပါတယ်။ မြန်မာပြည်သူတွေ အတွက် သူ့ရဲ့ဘဝကို နှစ်မြှုပ်ပြီး အနစ်နာခံဆောင် ရွက်ခဲ့တဲ့အမျိုးသမီးကြီးတစ်ဦး၊ သူ့ဘဝရဲ့နောက် ဆုံးလက်ကျန်နှစ်တွေမှာ ဂုဏ်သိက္ခာမဲ့စွာနဲ့ ရှင်သန် နေရမယ့်အဖြစ်မျိုးနဲ့နေသွားရမယ့် ပုံစံဖြစ်အောင် ဝိုင်း ဝန်းလုပ်ကြံခဲ့ကြတဲ့သူတွေဟာ နိုင်ငံရေးကံကြီး ထိုက် မယ့်သူတွေ ဖြစ်လာကြဦးမယ်ဆိုတာ မမေ့ကြပါနဲ့။ အခုတော့လည်း တဖြည်းဖြည်းနဲ့ မင်းသားခေါင်း ဆောင်းထားကြတဲ့ အစွယ်ငေါငေါနဲ့ ဘီလူးရုပ်တွေ ပေါ်လာနေကြပါပြီ။

စန်းစန်းမော်(NLD)
နိုင်ငံရေးအကျဉ်းသူဟောင်း

zawgyi version
မင္းသားေခါင္းေဆာင္းေသာ ဘီလူးမ်ားႏွင့္ ရွင္ဘုရင္ဟန္ေဆာင္သည့္ အ႐ူးမ်ား ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ေက်ာဓားနဲ႔ထိုးတဲ့ NUG
NP News - ေဖေဖာ္ဝါရီ ၂၅

ေဒၚေအာင္ဆန္းစုၾကည္ကို NUG က ေနာက္ ေက်ာကေန ဓားနဲ႔ထိုးခဲ့ၿပီလို႔ NLD ပါတီဝင္ ေဒၚစန္း စန္းေမာ္က San Maw အမည္ရွိတဲ့ ေဖ့စ္ဘြတ္ခ္အ ေကာင့္ကေန ေဆာင္းပါးပုံစံေရးသားခဲ့ပါတယ္။ အဲဒီေရးသားခ်က္ကို ေခတ္စနစ္နဲ႔ႏိုင္ငံေရးမူဝါဒဆိုင္ရာ အသုံးအႏႈန္းတခ်ိဳ႕ ျပင္ဆင္ျဖည့္စြက္ၿပီး မူရင္းမပ်က္ေစဘဲ NP News ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ရခိုင္ျပည္နယ္ ေမာင္ေတာေဒသမွာ (၂၀၁၇) ခုႏွစ္က ဘဂၤါလီေတြအေပၚ လူမ်ိဳးတုံးသတ္ ျဖတ္မႈနဲ႔ဆက္စပ္ၿပီး အဲဒီအခ်ိန္က တာဝန္ရွိတဲ့ စစ္တပ္ေခါင္းေဆာင္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ(ေဟာင္း)ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ(ေဟာင္း)ဦးထင္ေက်ာ္အပါအဝင္ ျမန္မာစစ္တပ္က အရာရွိႀကီး၊ ငယ္ (၂၅)ဦးတို႔ကို အာဂ်င္တီးနားတရား႐ုံးက ေဖေဖာ္ဝါရီ လ(၁၃)ရက္က ဖမ္းဝရမ္းထုတ္လိုက္ပါတယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို မုန္းေနၾကသူေတြကေတာ့ က်ိတ္ေပ်ာ္ေနၾကပါတယ္။ ေဒၚေအာင္ဆန္စုၾကည္အေပၚ ေလးစားတန္ဖိုးထားၾကသူ အမ်ားစုကေတာ့ စိတ္မေကာင္းမႈမ်ားစြာနဲ႔ မခ်ိတင္ကဲ ေဒါသျဖစ္ေနၾကပါတယ္။

(၂) ျမန္မာႏိုင္ငံကို အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်မွာ လူမ်ိဳးတုံးသတ္ျဖတ္မႈစြပ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုထားမႈကို ႏိုင္ငံေတာ္ရဲ႕အတိုင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ေလွ်ာက္လဲခ်က္ေပးခဲ့ပါတယ္။ အဲဒီအမႈကို နယ္သာ လန္ႏိုင္ငံ သည္ဟိဂ္ၿမိဳ႕မွာရွိတဲ့ အိုင္စီေဂ်တရား႐ုံး မွာ (၂၀၁၉)ခုႏွစ္ ဒီဇင္ဘာ(၁၀)ရက္ကေန (၁၂) ရက္ အထိ သုံးရက္ၾကာ ၾကားနာခဲ့ပါတယ္။ အန္တီစု ရဲ႕ ေလွ်ာက္လဲခ်က္ထဲမွာ " လူမ်ိဳးစုတစ္စုကို တစ္စိတ္တစ္ပိုင္းအရျဖစ္ေစ၊ အားလုံးျဖစ္ေစ ဖ်က္ဆီးပစ္လိုတဲ့ စိတ္ဆႏၵမရွိပါက ႏိုင္ငံတကာတရားစီရင္ေရးစနစ္အ ရ လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဴးလြန္တယ္ဆိုတဲ့ ဥပေဒ ေၾကာင္းအရအသုံးအႏႈန္းမ်ိဳး ဆႏၵေဇာနဲ႔မသုံးမိ ေအာင္ ကာကြယ္မႈမ်ိဳးရွိပါတယ္}}လို႔ ေလွ်ာက္လဲခဲ့ တယ္။ ဆက္ၿပီးတင္ျပတာက " ရခိုင္ျပည္နယ္မွာ နယ္ေျမရွင္းလင္းေရးေဆာင္႐ြက္တုန္းက တာဝန္က်တဲ့ တပ္မေတာ္စစ္ေၾကာင္းေတြက အင္းအားအလြန္အကြၽံသုံးခဲ့တာမရွိဘူးလို႔ ယတိျပတ္မေျပာႏိုင္ေပမယ့္ ဒီအေျခအေနေတြေၾကာင့္ လူမ်ိဳးတုံးသတ္ျဖတ္လိုတဲ့ စိတ္ဆႏၵေတာ့ ေသခ်ာေပါက္ပါဝင္ခဲ့တာမရွိဘူး"လို႔ အန္တီစုကေျပာခဲ့ပါတယ္။ " တကယ္လို႔ တပ္မေတာ္သားေတြအေနနဲ႔ အရပ္သားေတြအေပၚ စစ္ရာဇဝတ္မႈက်ဴးလြန္ခဲ့ရင္ ဥပေဒအရ အေရးယူ အျပစ္ေပးမွာ ျဖစ္တဲ့အေၾကာင္းနဲ႔ မၾကာေသးခင္က ရခိုင္ျပည္က အင္ဒိန္႐ြာအမႈ၊ ရွမ္းျပည္နယ္ မန္စီ႐ြာအမႈေတြမွာ ရာဇဝတ္မႈက်ဴးလြန္ခဲ့တဲ့ တပ္မေတာ္သားေတြကို ျမန္ မာႏိုင္ငံရဲ႕တည္ဆဲဥပေဒအရ အျပစ္ဒဏ္ေတြေပးခဲ့ တယ္။ အခုလည္း တပ္မေတာ္က ျပစ္မႈက်ဴးလြန္တဲ့ သူေတြကို စစ္ခုံ႐ုံးဖြဲ႕ စစ္ေဆးအေရးယူေနတယ္" လို႔ ေဒၚေအာင္ဆန္းစုၾကည္က တရား႐ုံးေတာ္သို႔ ေလွ်ာက္လဲခ်က္ကို တင္ျပခဲ့ပါတယ္။

(၃) ကြၽန္မအေနနဲ႔ ဘဂၤါလီလူမ်ိဳးေတြအတြက္ လူ႔အခြင့္ေရးဆိုင္ရာ ကာကြယ္ေစာင့္ေရွာက္ေရးကို အေလးထားပါတယ္။ ဘဂၤါလီလူမ်ိဳးေတြရဲ႕ နစ္နာဆုံး ရႈံးမႈေတြ၊ သူတို႔ရဲ႕ရပိုင္ခြင့္ေတြနဲ႔ သူတို႔ရဲ႕ခံစားခ်က္ ေတြကိုလည္း ကြၽန္မအေနနဲ႔ ကိုယ္ခ်င္းစာနာစိတ္၊ က႐ုဏာတရားထားတဲ့စိတ္မ်ိဳး အမွန္ရွိခဲ့ပါတယ္။ သို႔ေသာ္လည္းပဲ အမွန္တကယ္ ပကတိျဖစ္ပ်က္မႈေတြနဲ႔ကင္းကြာၿပီး ႏိုင္ငံေရးအျမတ္ထုတ္လိုမႈအတြက္ မျဖစ္ပြားခဲ့တာေတြကို ေကာက္ခ်က္ဆြဲ႐ိုက္သြင္း အမႈ ေတြပုံေဖာ္တည္ေဆာက္ျခင္းမ်ိဳးကိုေတာ့ ကြၽန္မအေနနဲ႔ လုံးဝမေထာက္ခံႏိုင္ပါဘူး။ Technically ဘဂၤါလီအေရးဟာ လူမ်ိဳးစု သန႔္စင္ရွင္းလင္းမႈ(သို႔) လူမ်ိဳးေရးရွင္းလင္းမႈ (Ethnic cleansing) လို႔ သတ္မွတ္ဖို႔ေတာင္ ႏိုင္ငံတကာဥပေဒအရ မရႏိုင္ေလာက္ ပါဘူး။ လူမ်ိဳးတုံးသတ္ျဖတ္မႈ (Genocide) ျဖစ္ခဲ့တယ္ဆိုတာကိုေတာ့ လုံးဝမဟုတ္ဘူးလို႔ ကြၽန္မေျပာ ပါတယ္။
(Genocide) ျဖစ္ဖို႔ ႏိုင္ငံတကာရာဇဝတ္ ဥပေဒေတြအရ သက္ေသအေထာက္အထားေတြဟာ တိက် ခိုင္မာၿပီး တရားဝင္ျဖစ္ဖို႔လိုပါတယ္။ ဥပမာ (၄)ႏွစ္နီး ပါးၾကာခဲ့တဲ့ ေဘာ့စနီးယားျပည္တြင္းစစ္မွာ (၁၉၉၅) ခုႏွစ္ ဇူလိုင္လမွာ နယ္စပ္ဆရိတ္ဘနီဆာ ၿမိဳ႕ေလးမွာ ျဖစ္ပြားခဲ့တဲ့ ေဘာ့စနီးယန္းမြတ္စလင္ လူႀကီးနဲ႔ကေလး စုစုေပါင္း (၈၀ဝဝ)ေက်ာ္ကို တစ္ၿပိဳင္နက္တည္းသတ္ ျဖတ္က်ဴးလြန္ခဲ့တဲ့ Srebrenica massacre နဲ႔ (၁၉၉၄)ခုႏွစ္ ရဝမ္ဒါႏိုင္ငံ ျပည္တြင္းစစ္မွာ တြတ္စီမ်ိဳးႏြယ္စုကို အစုလိုက္အၿပဳံလိုက္သတ္ျဖတ္ခဲ့တဲ့ Rwandan genocide ေတြကို ေလ့လာၾကည့္ႏိုင္ပါတယ္။

(၄) အထက္ပါအျဖစ္အပ်က္ႏွစ္ခုမွာ ႏိုင္ငံတကာစုံစမ္းစစ္ေဆးေရးအဖြဲ႕ေတြဟာ ခိုင္မာတဲ့ သက္ ေသအေထာက္ထားေတြကို စနစ္တက်ျပဳစုၿပီး ယင္း အမႈေတြနဲ႔ပတ္သက္တဲ့ ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး ေတြကို တင္ျပႏိုင္ခဲ့ပါတယ္။ သက္ဆိုင္ရာႏိုင္ငံတကာ ရာဇဝတ္ခုံး႐ုံးအဖြဲ႕ေတြက တရားဝင္တာဝန္ေပးအပ္ခဲ့တဲ့ ႏိုင္ငံတကာစုံစမ္းစစ္ေဆးေရးအဖြဲ႕ေတြမွာForensic doctors, Forensic scientists, Forensic analysts ေတြ ပါဝင္ခဲ့ပါတယ္။ သူတို႔ ေတြရဲ႕ေတြ႕ရွိခ်က္ Forensic evidences ေတြနဲ႔ စနစ္တက်သက္ေသအေထာက္အထားေတြကို ရာဇဝတ္တရား႐ုံးေတြကို တင္ျပႏိုင္ခဲ့ၾကတာပါ။ ဒါေၾကာင့္လည္း Srebrenica massacre နဲ႔ Rwandan genocide ေတြကိုက်ဴးလြန္ခဲ့ၾကတဲ့ တာဝန္ရွိသူေတြကို သက္ဆိုင္ရာ ႏိုင္ငံတကာရာဇဝတ္ တရား႐ုံးေတြက ထိုက္တန္တဲ့ျပစ္ဒဏ္ေတြကိုခ်မွတ္ ႏိုင္ခဲ့ၾကတာပါ။ အဲဒီအခ်ိန္ကာလမွာ ICC မေပၚေပါက္ေသးလို႔ သက္ဆိုင္ရာ ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး ေတြကို ဖြဲ႕စည္းေပးခဲ့ၾကပါတယ္။

(၅) ေရာမပဋိညာဥ္လို႔သိၾကတဲ့ စစ္ရာဇဝတ္မႈ ဆိုင္ရာသေဘာတူညီခ်က္ကို (၁၉၉၈) ခုႏွစ္မွာ လက္ မွတ္ေရးထိုးခဲ့ၾကပါတယ္။ ႏိုင္ငံေတြမွာ က်ဴးလြန္တဲ့ စစ္ရာဇဝတ္မႈေတြကို အေကာင္အထည္ေဖာ္ဖို႔ (၂၀ဝ၂) ခုႏွစ္ ဇူလိုင္(၁)ရက္မွာ ICC ကိုဖြဲ႕စည္း တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ႏွစ္ေပါင္း(၂၀)အတြင္းမွာ (၅)မႈသာလွ်င္ စီရင္ခ်က္ခ်ႏိုင္ခဲ့တာပါ။ စီရင္ ခ်က္ေတြအားလုံးဟာလည္း အာဖရိကတိုက္က သူ ပုန္ေခါင္းေဆာင္ေတြက က်ဴးလြန္ခဲ့ၾကတဲ့ စစ္ရာဇ ဝတ္ျပစ္မႈေတြပဲ ျဖစ္ၾကပါတယ္။ အခုအခ်ိန္အထိ လူ သိမ်ားတဲ့ အာဏာရွင္ေတြ၊ အစိုးရေခါင္းေဆာင္ေတြ ကို ICC က အေရးမယူႏိုင္ေသးပါဘူး။ Ivory Coast သမၼတေဟာင္းLaurent Gbagbo ကို အ ျပစ္မရွိေၾကာင္း ICC က ေၾကညာခဲ့ရပါတယ္။
ကြန္ဂိုရဲ႕ဒုတိယသမၼတေဟာင္း Jean-Pierre Bemba ကိုလည္း အယူခံမွာ ICC က တရားေသ လႊတ္ခဲ့ရပါတယ္။ ထို႔အတူ ကင္ညာသမၼတ Uhuru Kenyatta အေပၚ စြဲဆိုထားခ်က္ေတြကိုလည္း စြဲခ်က္မေျမာက္ေၾကာင္း ICC က ဆုံးျဖတ္ခဲ့ပါတယ္။ ႏိုင္ငံတကာလူ႔အခြင့္ေရးအဖြဲ႕ေတြရဲ႕ေတြ႕ရွိခ်က္ အစီ ရင္ခံစာေတြနဲ႔ ႏိုင္ငံတကာသတင္းမီဒီယာေတြရဲ႕ ေဖာ္ ျပခ်က္ေတြကို ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICC) မွာ ခိုင္မာတဲ့သက္သအေထာက္အထားအျဖစ္နဲ႔ တရားဝင္တင္သြင္းလို႔မရႏိုင္သလို တရားဝင္မႈလည္း လုံးဝမရွိႏိုင္ပါဘူး။

(၆) ျမန္မာျပည္ အေနာက္ဘက္ျခမ္းမွာျဖစ္ခဲ့တဲ့ ဘဂၤါလီလူမ်ိဳးေတြအေပၚက်ဴးလြန္ခဲ့မႈေတြကို ေလ့ လာၾကည့္ရင္ UN လူ႔အခြင့္ေရးေကာင္စီက တာဝန္ေပးအပ္ဖြဲ႕စည္းထားခဲ့တဲ့ ႏိုင္ငံတကာ စုံစမ္းစစ္ေဆး ေရးအဖြဲ႕ေတြမွာ Forensic doctors, Forensic scientists, Forensic analysts ေတြ မပါဝင္ခဲ့တာ ေတြ႕ရပါတယ္။ ဘဂၤါလီေတြနဲ႔ပတ္သက္တဲ့ စုံစမ္း စစ္ ေဆးေရးအဖြဲ႕ေတြရဲ႕ေတြ႕ရွိခ်က္ေတြမွာ Forensic Evidences ေတြ လုံးဝမပါဝင္ခဲ့ပါဘူး။ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕ေတြရဲ႕ေတြ႕ရွိခ်က္ေတြ၊ တစ္ဖက္သတ္အစီရင္ခံစာေတြနဲ႔ ႏိုင္ငံတကာသတင္းမီဒီယာ ေတြရဲ႕ဘက္လိုက္ေဖာ္ျပခ်က္ေတြကိုသာ သက္ေသ အေထာက္ အထားအျဖစ္ တည္ေဆာက္ထားခဲ့ၾက တာ အမ်ားအျပားေတြ႕ရပါတယ္။ ဒါေၾကာင့္ ႏိုင္ငံတ ကာလူ႔အခြင့္အေရးအဖြဲ႕ေတြရဲ႕ေတြ႕ရွိခ်က္ အစီရင္ခံစာ ေတြနဲ႔ ႏိုင္ငံတကာသတင္းမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ ေတြဟာ ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICC) မွာ ခိုင္မာတဲ့သက္ေသအေထာက္အထားအျဖစ္ တရားဝင္တင္သြင္းလို႔မရႏိုင္သလို အဲဒီလိုတင္သြင္းထားခ်က္ေတြကလည္း တရားဝင္မႈမရွိႏိုင္ပါဘူး။

(၇) ေဒၚေအာင္ဆန္းစုၾကည္က အျပည္ျပည္ ဆိုင္ရာတရား႐ုံး(ICJ)မွာ ျမန္မာႏိုင္ငံရဲ႕ကိုယ္စား တရား႐ုံးရဲ႕ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ၾကားနာမႈမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈမက်ဴးလြန္ေၾကာင္း ‌တရား႐ုံးကို ေလွ်ာက္လဲခ်က္ေပးခဲ့ပါတယ္။ အဲဒီလို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ကနဦး ကန႔္ကြက္မႈေလွ်ာက္လဲခ်က္အားလုံးကို NUG က ျပန္လည္႐ုပ္သိမ္းေၾကာင္း (၁-၂-၂၀၂၂) ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဲဒီေၾကညာခ်က္မွာပဲ ICJ တရား႐ုံးနဲ႔ဆက္သြယ္ ေဆာင္႐ြက္မယ့္ NUG ကိုယ္စား ဦးေက်ာ္မိုးထြန္းကို တာဝန္ေပးခဲ့တယ္။NUG ထိပ္ပိုင္းေခါင္းေဆာင္ေတြဟာ NLD အဖြဲ႕ဝင္ေဟာင္းအမ်ားစုျဖစ္ပါတယ္။(၂၀၁၅)ခုႏွစ္ေနာက္ပိုင္းက်မွ NLD ပါတီဝင္ျဖစ္ၾက သူေတြမ်ားပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ေတြဟာ NLD အဖြဲ႕ဝင္ ျဖစ္ခဲ့ၾကဖူးသူေတြပါ။ NLD ပါတီနဲ႔ ေဒၚေအာင္ဆန္းစုၾကည္အေပၚ သစၥာေစာင့္သိရမယ့္ လူမ်ိဳးေတြျဖစ္ရပါမယ္။ ဒါေပမဲ့ NUG ကလူေတြဟာ ေဒၚေအာင္ဆန္းစုၾကည္ေနာက္ေက်ာကို ေသေသခ်ာခ်ာ ဓားနဲ႔ထိုးလိုက္ၾကပါတယ္။ ICJ မွာ အန္တီစုရဲ႕ ေလွ်ာက္လဲခ်က္ဟာ ICJ တရား႐ုံး တရားသူႀကီးေတြ အျပင္ ႏိုင္ငံတကာေခါင္းေဆာင္ေတြလည္း သိသြားခဲ့ၾကတဲ့ ကမာၻေက်ာ္ေလွ်ာက္လဲခ်က္ဆိုရင္လည္း မမွားပါဘူး။ အဲဒီလို ကိုယ့္ေခါင္းေဆာင္ရဲ႕ ကမာၻသိ၊ ႏိုင္ ငံတကာသိတဲ့ လုပ္ေဆာင္ခ်က္ကို သူမရွိတဲ့အခ်ိန္မွာ ျပန္လည္ျပင္ဆင္႐ုပ္သိမ္းလိုက္တယ္ဆိုတဲ့ NUG ရဲ႕ လုပ္ရပ္ဟာ " ဘဂၤါလီအေရးနဲ႔ပတ္သက္တာမွာ ေဒၚစု ပဲမွားတာပါ။ ငါတို႔(NUG)ပဲမွန္ပါတယ္"ဆိုတဲ့ပုံရိပ္ ကိုေဖာ္ေဆာင္ခဲ့ၿပီး ႏိုင္ငံတကာအလယ္မွာ ကိုယ့္ ေခါင္းေဆာင္ကို အရွက္တကြဲအက်ိဳးနည္းျဖစ္သြား ေအာင္၊ ႏိုင္ငံေရးသိကၡာ ႏိုင္ငံေရးပုံရိပ္ က်ဆင္းသြား ေအာင္လုပ္ခဲ့ၾကတာပါ။ ဘဂၤါလီအေရးမွာ ေငြေၾကးရ လိုမႈတစ္မ်က္ႏွာပဲၾကည့္ၿပီး NUG ဟာ လွလွပပ ေဒၚစုေနာက္ေက်ာကို ဓားနဲ႔ထိုးျပလိုက္တာပဲ ျဖစ္ပါတယ္။

(၈) ဂရိဒ႑ာရီထဲမွာ ထ႐ိုဂ်င္စစ္ပြဲအေၾကာင္း ကို ကြၽန္မတို႔ေတြငယ္ငယ္တုန္းကတည္းက ၾကားဖူးခဲ့ ၾကပါတယ္။ ဂရိေတြက ထ႐ိုဂ်င္ေတြရဲ႕ ထ႐ြိဳင္ၿမိဳ႕ကို လာတိုက္ခိုက္ခဲ့တဲ့စစ္ပြဲျဖစ္ပါတယ္။ အဲဒီစစ္ပြဲမွာ ပါဝင္တဲ့ ဂရိသူရဲေကာင္း အာခိလိစ္ဆိုသူကလည္း ကြၽန္မတို႔ ျမန္မာလူငယ္ေတြရဲ႕ အိပ္ရာဝင္ပုံျပင္ထဲက သူရဲေကာင္းတစ္ဦးျဖစ္ခဲ့ဖူးတယ္။ ထ႐ြိဳင္ၿမိဳ႕ကို တိုက္ ေနတာ ႏွစ္ေတြအမ်ားႀကီးၾကာခဲ့ေပမယ့္ ဂရိေတြဟာ အႏိုင္မရခဲ့ပါဘူး။ ေနာက္ဆုံး ျမင္း႐ုပ္အႀကီးႀကီး လုပ္ခဲ့တယ္။ ဂရိစစ္သားေတြကို ျမင္း႐ုပ္ႀကီးထဲ ဝင္ေရာက္ ပုန္းေအာင္းေနခိုင္းခဲ့ၿပီး ၿမိဳ႕ျပင္မွာထားခဲ့ၾကတယ္။ ထ႐ိုဂ်င္ေတြက ၿမိဳ႕ျပင္ထြက္လာေတာ့ ဂရိစစ္သား ေတြကိုမေတြ႕ရေတာ့ဘဲ ျမင္း႐ုပ္အႀကီးႀကီးကိုပဲေတြ႕ တယ္။ ထ႐ိုဂ်င္ေတြက အဲဒီျမင္း႐ုပ္ႀကီးကို နတ္ဘုရား ေတြကေပးခဲ့တဲ့လက္ေဆာင္လို႔ယူဆၿပီး ထ႐ြိဳင္ၿမိဳ႕ထဲ သြင္းယူခဲ့ၾကတယ္။ တခ်ိဳ႕ထ႐ိုဂ်င္ပညာရွိေတြက ၿမိဳ႕ ထဲမသြင္းဖို႔တားေပမယ့္လည္း ထ႐ိုဂ်င္ေတြက ပညာ ရွိစကားကိုနားမေထာင္ဘဲ ထ႐ြိဳင္ၿမိဳ႕ထဲ ျမင္း႐ုပ္ႀကီး ကိုသြင္းခဲ့ၾကတယ္။ ညဘက္ေရာက္တဲ့အခ်ိန္ ျမင္း႐ုပ္ ႀကီးထဲကဂရိစစ္သားေတြဟာ အလွ်ိဳလွ်ိဳကိုယ္စီဆင္း လာခဲ့ၿပီး ၿမိဳ႕တြင္းတံခါးေတြကိုဖြင့္ ၿမိဳ႕ျပင္မွာအသင့္ ေစာင့္ေနတဲ့ ဂရိစစ္သားေတြအမ်ားႀကီးက ၿမိဳ႕ထဲ ေရာက္လာၾကၿပီး မူး႐ူးေပ်ာ္ပါးေနၾကတဲ့ ထ႐ိုဂ်င္စစ္ သားေတြနဲ႔ ထ႐ိုဂ်င္မင္းမႈထမ္းေတြကို အားလုံး သုတ္ သင္ပစ္ၾကတယ္။ ထ႐ိုဂ်င္ေတြရဲ႕ ထ႐ြိဳင္ၿမိဳ႕ႀကီးလည္း က်ဆုံးခဲ့ရတယ္။ ထ႐ိုဂ်င္ျမင္းေတြဆိုတဲ့စကားဟာ လည္း ကြၽန္မတို႔လူ႔အဖြဲ႕အစည္းမွာ အသုံးမ်ားပါတယ္။ ကိုယ့္တိုင္းျပည္အတြက္ အႏၲရာယ္ရွိတဲ့အရာကို အႏၲ ရာယ္ရွိမွန္းသိသိႀကီးနဲ႔ ကိုယ္ရဲ႕အက်ိဳးစီးပြားအ တြက္၊ ကိုယ့္အဖြဲ႕အစည္းအက်ိဳးစီးပြားအတြက္ လက္ ခံလိုက္တာဟာ ကိုယ့္တိုင္းျပည္ကို ဖ်က္ဆီးလိုက္ၾက တဲ့ ထ႐ိုဂ်င္ျမင္းေတြနဲ႔ အတူတူပါပဲ။

(၉) ဂမ္ဘီယာႏိုင္ငံက တရားစြဲတယ္ဆိုတာ ျမန္ မာႏိုင္ငံကို တရားစြဲတာျဖစ္ပါတယ္။ စစ္တပ္ကို တရားစြဲတာမဟုတ္ပါဘူး။ အစိုးရနဲ႔လႊတ္ေတာ္ကိုလည္း တရားစြဲတာမဟုတ္ပါဘူး။ တစ္နည္းေျပာရရင္ ျမန္မာႏိုင္ငံသားအားလုံးကိုတရားစြဲတာလို႔ ေျပာႏိုင္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရင္ဆိုင္ခဲ့တယ္ဆိုတာကလည္း ျမန္မာႏိုင္ငံကိုယ္စားျပဳၿပီး ရင္ဆိုင္ခဲ့တာပါ။ ျမန္မာႏိုင္ငံအတြက္၊ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားေတြ အတြက္ ေဒၚေအာင္ဆန္းစုၾကည္က သတၱိရွိရွိ ကမာၻ ႀကီးကို ရင္ဆိုင္ခဲ့တာပါ။ အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံေတြရဲ႕ ႏိုင္လိုမင္းထက္ လိုရင္လိုသလို မလိုရင္ မလိုသလို ျပဳမူတတ္တဲ့သေဘာေတြကို သိသိႀကီးနဲ႔ ႏိုင္ငံအတြက္နဲ႔ ႏိုင္ငံအနာဂတ္အတြက္ သူ ရဲ႕ဘဝကိုရင္းၿပီး ဒီအမႈႀကီးကို မေၾကာက္မ႐ြံ႕ရင္ဆိုင္ ခဲ့တယ္လို႔ ကြၽန္မကေတာ့ ခံစားသိျမင္တာေၾကာင့္ အန္တီစုအေပၚ ပိုၿပီးသနားသက္ဝင္မိပါတယ္။
(၂၂-၁၁-၂၀၁၇)ရက္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ရက္ဇ္ေတလာဆင္က ဘဂၤါလီေတြအေပၚ ျမန္မာ အစိုးရစစ္တပ္က က်ဴးလြန္ခဲ့တာေတြဟာ လူမ်ိဳးေရး ရွင္းလင္းမႈ ပုံစံေျမာက္တယ္ဆိုၿပီး Ethnic cleansing ဆိုတဲ့ ေဝါဟာရကို အသုံးျပဳကာ ျပင္းျပင္းထန္ထန္ ေျပာဆိုခဲ့တာပါ။ (၂၀၂၂) ခုႏွစ္ မတ္လမွာ အေမရ ကန္အစိုးရက ဘဂၤါလီလူမ်ိဳးစုေတြအေပၚ ျမန္ မာစစ္တပ္က က်ဴးလြန္မႈေတြဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈ (Genocide) ေျမာက္တယ္လို႔ တစ္ဖက္သတ္ အႏိုင္က်င့္ေၾကညာခဲ့ပါတယ္။ ICJ ကေတာင္ လူမ်ိဳးတုံးသတ္ျဖတ္မႈျဖစ္ပါတယ္လို႔ ဆုံးျဖတ္ခ်က္ကို ယေန႔ အခ်ိန္အထိ မခ်မွတ္ရေသးပါဘူး။ အဲဒီလို မခ်မွတ္ ရေသးဘဲနဲ႔ ခိုင္လုံတဲ့သက္ေသအေထာက္အထား လည္းမရွိေသးဘဲနဲ႔ အေမရိကန္က ႏိုင္ငံေရးအရ ဆုံးျဖတ္ေၾကညာခဲ့တာပါ။ ႏိုင္ငံႀကီးေတြရဲ႕ ႏိုင္ငံေရး ကစားပြဲထဲမွာ ကြၽန္မတို႔ျမန္မာႏိုင္ငံလို ႏိုင္ငံငယ္ေတြ က အသုံးခ်ခံျဖစ္ေနခဲ့ရတာ အခုအခ်ိန္မွ မဟုတ္ပါ ဘူး။ ဟိုလြန္ခဲ့တဲ့ အခ်ိန္ေတြမွာလည္း အျဖစ္အပ်က္ ေတြရွိေနခဲ့ၾကတာ ကမာၻ႔သမိုင္းေတြမွာ အထင္အရွား ရွိေနခဲ့ပါတယ္။

(၁၀) (၁၉၇၁)ခုႏွစ္ မတ္လ(၂၅)ရက္မွာ ပါကစၥတန္အစိုးရက ဘဂၤါလီကိုယ္ပိုင္ျပ႒ာန္းခြင့္ ေတာင္းဆိုမႈေတြကို ႏွိမ္နင္းဖို႔အတြက္ အေရွ႕ပါကစၥတန္ (ယခုဘဂၤလားေဒ့ရွ္)မွာ ပါကစၥတန္ စစ္တပ္က ဘဂၤါလီလူမ်ိဳးစုေတြကို ရက္ရက္စက္စက္ သတ္ျဖတ္ႏွိမ္နင္းခဲ့ၾကတယ္။ ပါကစၥတန္စစ္တပ္နဲ႔ ပါကစၥတန္လိုလားေသာ အစၥလာမၼစ္ျပည္သူ႔စစ္မ်ားက ဘဂၤါလီလူမ်ိဳးေတြကို ရက္စက္စြာ ႏွိမ္နင္းခဲ့တဲ့ အခ်ိန္ကာလဟာ (၉)လ ၾကာျမင့္ခဲ့ပါတယ္။ အဲဒီအခ်ိန္အတြင္းမွာ ပါကစၥတန္စစ္တပ္နဲ႔ ျပည္သူ႔စစ္ေတြက ဘဂၤါလီလူမ်ိဳး(၃)သန္းနီးပါခန႔္ကို သတ္ျဖတ္ခဲ့ ၾကတယ္။ ဘဂၤါလီအမ်ိဳးသမီးေပါင္း (၂)သိန္းေက်ာ္ မုဒိမ္းက်င့္ခံခဲ့ရပါတယ္။ ဒုတိယကမာၻစစ္ ေနာက္ပိုင္း အႀကီးမားဆုံး လူမ်ိဳးတုံးသတ္ျဖတ္မႈႀကီးျဖစ္လာခဲ့ပါ တယ္။
အဆိုပါ (၁၉၇၁)ခုႏွစ္ ဘဂၤလားေဒ့ရွ္ လြတ္ ေျမာက္ေရးစစ္ပြဲအတြင္း လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴး လြန္ခဲ့တဲ့ စြပ္စြဲခ်က္ကိုလည္း ကုလသမဂၢရဲ႕ ပံ့ပိုးမႈနဲ႔ တည္ေထာင္ခဲ့တဲ့ ႏိုင္ငံတကာခုံ႐ုံးကလည္း စုံစမ္းစစ္ ေဆးမႈ ယေန႔အခ်ိန္အထိ မျပဳလုပ္ခဲ့ၾကပါဘူး။ အဲဒီ အခ်ိန္ အေမရိကန္သမၼတ ရစ္ခ်က္နစ္ဆင္က ပါကစၥ တန္ကို စစ္ေအးေခတ္မဟာမိတ္အျဖစ္ သတ္မွတ္ ထားခဲ့ၿပီး ပါကစၥတန္ရဲ႕က်ဴးလြန္မႈကိုရႈတ္ခ်ဖို႔ ျငင္းဆို ခဲ့တာ သမိုင္းသက္ေသပါ။ အဲဒီအခ်ိန္ သမၼတနစ္ဆင္ နဲ႔ တ႐ုတ္ျပည္ကလည္း ပါကစၥတန္စစ္တပ္ က်ဴးလြန္ခဲ့တဲ့လူမ်ိဳးတုံးသတ္ျဖတ္မႈ အစီရင္ခံစာကို ဖိႏွိပ္ဖို႔သာ ႀကိဳးစားေနခဲ့ပါတယ္။ အေမရိကန္ နစ္ဆင္အစိုးရဟာ ပါကစၥတန္ကို အေရးယူဖို႔ ေနေနသာသာ လက္နက္ေတြတင္ပို႔ေရာင္းခ်မႈကို လွ်ိဳ႕ဝွက္စြာလုပ္ေဆာင္ ခဲ့ပါေသးတယ္။ အဲဒီအခ်ိန္ ဆိုဗီယက္ျပည္ေထာင္စုနဲ႔ အိႏၵိယတို႔ရဲ႕နီးကပ္စြာ ဆက္ဆံေနမႈေတြကို အင္အား ခ်ိန္ခြင္ညႇိတဲ့အေနနဲ႔ အေမရိကန္အစိုးရက ပါကစၥ တန္အစိုးရကို ေထာက္ခံေနခဲ့ရတာ ျဖစ္ပါတယ္။ ႏိုင္ ငံႀကီးေတြဟာ သူတို႔လိုလားရင္ အဲဒီႏိုင္ငံ ဘာလုပ္ေန ေန ေထာက္ခံေပးေနခဲ့တယ္။ သူတို႔ မလိုလားရင္ သူတို႔အက်ိဳးစီးပြားထိခိုက္မယ္ဆိုရင္ ဘယ္ႏိုင္ငံမဆို ဒုကၡတြင္းထဲ အေရာက္ပို႔ဖို႔ ဝန္မေလးၾကဘူးဆိုတာ သိေစခ်င္ပါတယ္။

(၁၁) ICC က ထုတ္ျပန္ခဲ့တဲ့ ဖမ္းဝရမ္းေတြကို ၾကည့္ရင္ေတာင္ သိသာႏိုင္ပါတယ္။ အစၥေရးဝန္ႀကီး ခ်ဳပ္ ေနတန္ရာဟုကိုလည္း ICC က ဖမ္းဝရမ္းထုတ္ ခဲ့ပါတယ္။ ႐ုရွားသမၼတ ပူတင္ႀကီးကိုလည္း ICC က ဖမ္းဝရမ္းထုတ္ခဲ့ပါတယ္။ ICC ရဲ႕အာဏာရွိမႈဟာ သူရဲ႕အဖြဲ႕ဝင္ႏိုင္ငံေတြကိုပဲ သက္ေရာက္ႏိုင္ပါတယ္။ အဖြဲ႕ဝင္မဟုတ္တဲ့ႏိုင္ငံေတြရဲ႕လူပုဂၢိဳလ္ေတြအေပၚ အ ေရးယူေဆာင္႐ြက္ႏိုင္ဖို႔ဆိုတာ အခက္အခဲေတြ အ မ်ားႀကီးရွိပါတယ္။ ICC ရဲ႕အဖြဲ႕ဝင္ႏိုင္ငံေတြေတာင္မွ သူဝရမ္းထုတ္ထားတဲ့သူကို ဖမ္းမေပးခဲ့ပါဘူး။ အခု ဆိုရင္ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုႀကီးကို ဝရမ္းထုတ္မႈနဲ႔ ICC တရားသူႀကီးေတြနဲ႔ ေရွ႕ေနေတြကို အေမရိကန္အစိုးရက ပိတ္ဆို႔အေရးယူမႈေတြ စတင္ေနပါတယ္။

(၁၂) ေဒၚေအာင္ဆန္းစုၾကည္၊ ဦးထင္ေက်ာ္နဲ႔ ဦးမင္းေအာင္လႈိင္တို႔အေပၚ ယခုလ(၁၃)ရက္မွာ ထုတ္ခဲ့တဲ့ အာဂ်င္တီးနား တရား႐ုံးရဲ႕ ဖမ္းဝရမ္းဟာ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ တရား႐ုံးတစ္ခုက ထုတ္ခဲ့တဲ့ ဖမ္းဝရမ္းျဖစ္ေနပါတယ္။ ျမန္မာႏိုင္ငံနဲ႔ အာဂ်င္တီးနားႏိုင္ ငံအၾကား ႏွစ္ႏိုင္ငံရာဇဝတ္သားလႊဲေျပာင္းေရး စာခ်ဳပ္လက္မွတ္ထိုးထားမွသာ ဖမ္းဝရမ္းက အက်ဳံးဝင္ ႏိုင္ပါမယ္။ တျခားႏိုင္ငံေတြကလည္း ဖမ္းေပးခ်င္တဲ့ ဆႏၵရွိမွသာ သူရဲ႕ဖမ္းဝရမ္းက အလုပ္ျဖစ္မွာပါ။ အာ ဆီယံႏိုင္ငံေတြထဲမွာလည္း အာဂ်င္တီးနားနဲ႔ အျပန္ အလွန္ လက္မွတ္ထိုးထားတာ ဘယ္ႏိုင္ငံမွ မရွိဘူးလို႔ ကြၽန္မထင္ပါတယ္။ မေလးရွားကေတာ့ အာဂ်င္တီး နား နဲ႔ လက္မွတ္ထိုးထားႏိုင္ပါတယ္။ ဒါေပမဲ့ လက္ရွိ အာဆီယံဥကၠ႒ျဖစ္ေနတဲ့ မေလးရွားကလည္း အာ ဂ်င္တီးနားတရား႐ုံး ဝရမ္းကိစၥကို စိတ္ဝင္စားမယ္လို႔ လုံးဝမထင္ပါဘူး။ သူအာဆီယံဥကၠ႒ ျဖစ္ခ်ိန္မွာ ျမန္မာျပည္ကိစၥကို ေျပလည္ေအာင္ေျဖရွင္းႏိုင္ဖို႔ တပ္ ခ်ဳပ္ကိုေတာင္ မ်က္ႏွာခ်ိဳေသြးေနရပါတယ္။

(၁၃) အာဂ်င္တီးနားႏိုင္ငံရဲ႕ တရား႐ုံးတစ္ခုက ဘာလို႔ သူနဲ႔အလွမ္းေဝးတဲ့ ႏိုင္ငံတစ္ခုအေပၚ ဒီလို နာမည္ဖ်က္ခ်င္တာလဲလို႔ ကြၽန္မေတာ္ေတာ္ စဥ္းစား ေနမိပါတယ္။ သူတို႔ထုတ္ျပန္လိုက္တဲ့ ဖမ္းဝရမ္းႀကီး ဟာ ဘာမွအသုံးမဝင္ႏိုင္ဘူးဆိုတာကို အာဂ်င္တီးနား ေခါင္းေဆာင္ေတြ မသိဘဲနဲ႔မေနပါဘူး။ ဒါဆိုရင္ ဘာ အတြက္လုပ္ခဲ့ၾကတာလဲ။ ဒုတိယကမာၻစစ္ႀကီးျဖစ္ပြား ခဲ့စဥ္မွာ ဂ်ာမနီအာဏာရွင္ ဟစ္တလာ နဲ႔ အေပါင္းအပါမ်ားက ဂ်ဴးလူမ်ိဳး(၆)သန္းေက်ာ္ကို အစုလိုက္အၿပဳံ လိုက္ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ားကို ရက္စက္စြာက်ဴး လြန္းခဲ့ၾကပါတယ္။ ဒုတိယကမာၻစစ္ႀကီး ၿပီးဆုံးၿပီးေနာက္ ဂ်ာမန္စစ္ရာဇဝတ္ေကာင္ေတြဟာ ႏိုင္ငံအသီးသီးကို လွ်ိဳ႕ဝွက္စြာ ထြက္ေျပးသြားခဲ့ၾကပါတယ္။ အခ်ိဳ႕ေသာ စစ္ရာဇဝတ္ေကာင္ေတြလည္း မဟာမိတ္ တပ္ေတြရဲ႕ဖမ္းဆီးျခင္းကို ခံခဲ့ၾကရပါတယ္။ လြတ္ ေျမာက္ခဲ့ၾကတဲ့ ဂ်ာမန္စစ္ရာဇဝတ္ေကာင္ေတြ အ မ်ားစုဟာ လက္တင္အေမရိကႏိုင္ငံေတြဆီ ထြက္ေျပး သြားခဲ့ၾကပါတယ္။ အထူးသျဖင့္ အာဂ်င္တီးနားႏိုင္ငံမွာ ပုံစံမ်ိဳးစုံနဲ႔ ႐ုပ္ဖ်က္ကာ ခိုးဝင္ခိုလႈံေနထိုင္ခဲ့ၾကပါတယ္။

(၁၄) ပိုလန္ႏိုင္ငံ ေအာ့ဇ္ဝစ္ဇ္ အက်ဥ္းေထာင္ ငရဲခန္းေတြရဲ႕ ပဲ့ကိုင္ရွင္ (သို႔) အိုက္ခမန္းရဲ႕ငရဲခန္း ေတြနဲ႔ ကမာၻေက်ာ္ခဲ့တဲ့ ဂ်ာမန္စစ္ရာဇဝတ္ေကာင္ အေဒါ့ဖ္အိုက္ခမန္းနဲ႔ သူ႔မိသားစုဟာ အာဂ်င္တီးနား ႏိုင္ငံဗ်ဴႏိုေအးရိစ္ၿမိဳ႕မွာ လွ်ိဳ႕ဝွက္စြာေနထိုင္ခဲ့ပါတယ္။ အျခားေသာ ဂ်ာမန္စစ္ရာဇဝတ္ေကာင္ေတြ လည္း အာဂ်င္တီးနားႏိုင္ငံထဲမွာ လွ်ိဳ႕ဝွက္စြာခိုလႈံ ေနထိုင္ခဲ့ၾကပါတယ္။ (၁၉၆၁)ခုႏွစ္ ကာလေရာက္မွ နာမည္ေက်ာ္အစၥေရးေထာက္လွမ္းေရး ေမာ့ဆက္ မွ အိုက္ခမန္းကို အစၥေရးႏိုင္ငံသို႔ လွ်ိဳ႕ဝွက္စြာ ဖမ္း ဆီးေခၚေဆာင္သြားခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ဂ်ာမန္ စစ္ရာဇဝတ္ေကာင္ေတြကို လက္ခံထားတဲ့ အာဂ်င္ တီးနားႏိုင္ငံဟာလည္း ကမာၻ႔အလယ္မွာ အရွက္ကြဲ သကၡာမ်ားစြာ က်ဆင္းခဲ့ရတယ္။ အာဂ်င္တီးနား ႏိုင္ငံဟာ စစ္ရာဇဝတ္ေကာင္ေတြ လက္ခံထားမႈ ေၾကာင့္ က်ဆင္းခဲ့ရတဲ့ သူ႔ႏိုင္ငံရဲ႕ ဂုဏ္သိကၡာအတြက္ ျမန္မာႏိုင္ငံကို အသုံးခ်ခဲ့တယ္လို႔ ကြၽန္မသုံးသပ္မိပါ တယ္။ အဘက္ဘက္က နိမ့္က်ေနတဲ့၊ ဆင္းရဲစုတ္ျပတ္ ေနတဲ့၊ ျပည္တြင္းပဋိပကၡေတြ ေတာက္ေလာင္ေနတဲ့ ဘာေထာက္ထားငဲ့ညႇာစရာ လုံဝမလိုတဲ့ႏိုင္ငံငယ္ေလး တစ္ခုအေပၚ သူ႔ႏိုင္ငံအက်ိဳးစီးပြားတစ္ခုအတြက္ ယုတ္မာစြာ အသုံးခ်ခဲ့ပါတယ္။ ျမန္မာႏိုင္ငံကို အသုံး ခ်လို႔ ပိုၿပီးေကာင္းတာက ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္လို ကမာၻသိပုဂၢိဳလ္မ်ိဳးကို လူ မ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ ဖမ္းဝရမ္းထုတ္ရမယ့္ ကိစၥမ်ိဳး မွာ အခြင့္ႀကဳံလို႔ သူ႔တိုင္းျပည္သိကၡာျပန္တက္မယ့္အ က်ိဳးစီးပြားအတြက္ အာဂ်င္တီးနားဟာ ဘယ္လက္ လႊတ္ခံပါ့မလဲလို႔ ကြၽန္မထင္ျမင္မိပါတယ္။

(၁၅) အာဂ်င္တီးနားတရား႐ုံးရဲ႕ ဖမ္းဝရမ္းဟာ ဘာမွ အလုပ္မျဖစ္ဘူးဆိုတာ ထုတ္တဲ့ႏိုင္ငံနဲ႔ တရား႐ုံး ကလည္း သိေနပါတယ္။ အဲဒီဖမ္းဝရမ္းကိစၥကို ျဖစ္ ေျမာက္ေအာင္ ဝိုင္းေဆာင္႐ြက္ၾကတဲ့သူေတြရဲ႕ ေနာက္မွာ ေငြေၾကးအျပည့္အဝပံ့ပိုးေပးမယ့္ လက္ မည္းႀကီးကလည္း ရွိေနပါတယ္။ ဒီအမႈဟာ တရား ႐ုံးမေရာက္ဘဲ ဝရမ္းအျဖစ္နဲ႔ပဲ ကာလၾကာရွည္စြာရွိ ေနမဲ့အမႈပဲျဖစ္ပါတယ္။ အဲဒီလို ဝရမ္းအျဖစ္နဲ႔ပဲ တိုး လိုးတန္းလန္းဆက္ရွိေနတာဟာ ဒီအမႈကို ဖန္တီးခဲ ၾကတဲ့ဘဂၤါလီေခါင္းေဆာင္ေတြ၊ လူ႔အခြင့္အေရးသ မားေတြနဲ႔ NUG ေခါင္း ေဆာင္ပိုင္းေတြအတြက္ ေငြတြင္းႀကီးအျဖစ္နဲ႔ ဆက္လက္တည္ရွိေနမွာေတာ့ က်ိန္းေသေနပါတယ္။
အခုအခ်ိန္မွာ NUG ရဲ႕တာဝန္ရွိတဲ့ေခါင္း ေဆာင္ေတြဟာ တိုင္းျပည္ရဲ႕သစၥာေဖာက္ေတြ ျဖစ္ မွန္းမသိ ျဖစ္ကုန္ၾကပါၿပီ။ သူတို႔ NUG ရဲ႕ ရပ္တည္ မႈတစ္ခုတည္းသာလွ်င္ စဥ္းစားၾကၿပီး တိုင္းျပည္နဲ႔ လူ ထုရဲ႕ေရရွည္အက်ိဳးစီးပြားကို လုံးဝထည့္မတြက္ၾက ေတာ့ဘဲ တိုင္းျပည္နဲ႔လူထုကို ခ်နင္းလိုက္ၾကပါၿပီ။ ဒီလုပ္ရပ္ဟာ တစ္ခ်ိန္မွာ တိုင္းျပည္အတြက္ ဘယ္ ေလာက္ခက္ခဲမယ္၊ ဘယ္ေလာက္ အႏၲရာယ္မ်ားမယ္ ဆိုတာ ျပည္ေျပး NUG အုပ္စုသိၾကရဲ႕လားလို႔ ေမး ခြန္းထုတ္ရပါမယ္။ ျပည္ေျပး NUG အုပ္စုဟာ ဘဂၤါလီျပႆနာကို သူတို႔အသုံးခ်လို႔ရတဲ့ကတ္လို႔ ေသြးနားထင္ေရာက္ မိုက္မဲစြာစဥ္းစားျပဳမူခဲ့ၾကပါ တယ္။ အခုေတာ့ ဘဂၤါလီအေရးဟာ NUG တိုင္း ျပည္သစၥာေဖာက္ေတြအတြက္ လႈပ္ေလျမဳပ္ေလ ျဖစ္ လာၾကေတာ့မယ္ ကိစၥတစ္ခုမွန္း က်ိန္းေသျမင္ေယာင္ ၾကည့္လို႔ ရပါေတာ့မယ္။

(၁၆) အာဂ်င္တီးနားတရား႐ုံး ဖမ္းဝရမ္းမွာ ဦးမင္းေအာင္လႈိင္နဲ႔ ဦးစိုးဝင္းတို႔အျပင္ သမၼတ ေဟာင္း ဦးထင္ေက်ာ္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ လည္း ပါၾကတယ္ဆိုတာကို လူလိုနားလည္ၾကတဲ့သူ တိုင္း သိၾကပါတယ္။ ျပည္ပအေျခစိုက္ ျမန္မာ့မီဒီယာ VOA, RFA တို႔ကလည္း ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္နဲ႔ သတင္းတင္ခဲ့ပါတယ္။ NUG ရဲ႕ ဝန္ႀကီးဆိုသူေတြ ကလည္း ဝမ္းသာအားရ ဖမ္းဝရမ္းကို ႀကိဳဆိုေၾကာင္း ပို႔စ္ေတြ တင္ၾကပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို လည္း ဖမ္းဝရမ္းထုတ္တယ္ဆိုတာ သိေနလ်က္နဲ႔ Called အေမစုသားသမီးမ်ားကလည္း ဝမ္းသာအားရေပ်ာ္႐ႊင္စြာနဲ႔ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ေလာက္ ေအာင္ သူတို႔ေဖ့စ္ဘြတ္ခ္ေတြမွာ ပို႔စ္ေတြတင္ၾကၿပီး ေဒၚေအာင္ဆန္းစုၾကည္ ေနာက္ေက်ာဓားနဲ႔ ဝိုင္းထိုးၾက ျပန္တယ္။ အဲဒီဖမ္းဝရမ္းေၾကာင့္ ေဒၚေအာင္ဆန္းစု ၾကည္ရဲ႕ ႏိုင္ငံေရးဂုဏ္သိကၡာဟာ ကမာၻ႔အလယ္မွာ မ်ားစြာက်ဆင္းေစခဲ့ပါတယ္။ ျမန္မာျပည္သူေတြ အတြက္ သူ႔ရဲ႕ဘဝကို ႏွစ္ျမႇဳပ္ၿပီး အနစ္နာခံေဆာင္ ႐ြက္ခဲ့တဲ့အမ်ိဳးသမီးႀကီးတစ္ဦး၊ သူ႔ဘဝရဲ႕ေနာက္ ဆုံးလက္က်န္ႏွစ္ေတြမွာ ဂုဏ္သိကၡာမဲ့စြာနဲ႔ ရွင္သန္ ေနရမယ့္အျဖစ္မ်ိဳးနဲ႔ေနသြားရမယ့္ ပုံစံျဖစ္ေအာင္ ဝိုင္း ဝန္းလုပ္ႀကံခဲ့ၾကတဲ့သူေတြဟာ ႏိုင္ငံေရးကံႀကီး ထိုက္ မယ့္သူေတြ ျဖစ္လာၾကဦးမယ္ဆိုတာ မေမ့ၾကပါနဲ႔။ အခုေတာ့လည္း တျဖည္းျဖည္းနဲ႔ မင္းသားေခါင္း ေဆာင္းထားၾကတဲ့ အစြယ္ေငါေငါနဲ႔ ဘီလူး႐ုပ္ေတြ ေပၚလာေနၾကပါၿပီ။

စန္းစန္းေမာ္(NLD)
ႏိုင္ငံေရးအက်ဥ္းသူေဟာင္း

Related news

© 2021. All rights reserved.