အမေရိကန်နဲ့ ယူကရိန်းကြား တွင်းထွက်ပစ္စည်း သဘောတူညီချက်ဆိုင်ရာ စည်းကမ်းချက်တွေကို သဘောတူ

324

Pika (NP News) - ဖေဖော်ဝါရီ ၂၆
ယူကရိန်းဟာ အမေရိကန်နဲ့ တွင်းထွက်ပစ္စည်း သဘောတူညီချက်ဆိုင်ရာ စည်းကမ်းချက်တွေကို သဘောတူညီခဲ့ပြီး လာမယ့်ဖေဖော်ဝါရီလ(၂၈)ရက်မှာ လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အဲဒီလှုပ်ရှားမှုနဲ့အတူ အမေရိကန်ဆီကနေ အနာဂတ်လုံခြုံရေး အာမခံချက်တွေ ဖြစ်ပေါ်လာဖို့ ယူကရိန်းဘက်က မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက်က ရရှိခဲ့တဲ့စစ်ရေးအကူအညီတွေအားလုံးအတွက် လျော်ကြေးအနေနဲ့ယူကရိန်းရဲ့တွင်းထွက်ပစ္စည်းတွေကို အသုံးပြုခွင့်ပေးဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယူကရိန်းကို တောင်းဆိုခဲ့ပြီးနောက် ယခုလိုသဘောတူညီမှုတွေ ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ သဘောတူညီချက်အရ အမေရိကန်-ယူကရိန်း ပူးပေါင်းဆောင်ရွက်မယ့် အသစ်ဖန်တီးထားတဲ့ ရန်ပုံငွေတစ်ခုဆီကို ဝင်ငွေတွေနဲ့အတူ ယူကရိန်းရဲ့တွင်းထွက်ပစ္စည်းကြွယ်ဝမှုတွေကို အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်တာတွေကို မြင်တွေ့ရလိမ့်မယ်လို့ အကြီးတန်းယူကရိန်းသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။
အစီရင်ခံစာတစ်ခုမှာ သဘောတူညီချက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပြောကြားထားပေမယ့်လည်း အမေရိကန်ဘက်က ကတိဝတ်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ရေးသားဖော်ပြထားတာမျိုး မရှိဘူးလို့သိရပါတယ်။ အကြီးတန်းယူကရိန်းသတင်းရင်းမြစ်က"လက်ရှိအချိန်မှာ အစိုးရတာဝန်ရှိသူတွေက သဘောတူညီချက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။
zawgyi version
အေမရိကန္နဲ႔ ယူကရိန္းၾကား တြင္းထြက္ပစၥည္း သေဘာတူညီခ်က္ဆိုင္ရာ စည္းကမ္းခ်က္ေတြကို သေဘာတူ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၆
ယူကရိန္းဟာ အေမရိကန္နဲ႔ တြင္းထြက္ပစၥည္း သေဘာတူညီခ်က္ဆိုင္ရာ စည္းကမ္းခ်က္ေတြကို သေဘာတူညီခဲ့ၿပီး လာမယ့္ေဖေဖာ္ဝါရီလ(၂၈)ရက္မွာ လက္မွတ္ေရးထိုးႏိုင္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ အဲဒီလႈပ္ရွားမႈနဲ႔အတူ အေမရိကန္ဆီကေန အနာဂတ္လုံၿခဳံေရး အာမခံခ်က္ေတြ ျဖစ္ေပၚလာဖို႔ ယူကရိန္းဘက္က ေမွ်ာ္လင့္ေနတယ္လို႔လည္း သိရပါတယ္။
အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္လက္ထက္က ရရွိခဲ့တဲ့စစ္ေရးအကူအညီေတြအားလုံးအတြက္ ေလ်ာ္ေၾကးအေနနဲ႔ယူကရိန္းရဲ႕တြင္းထြက္ပစၥည္းေတြကို အသုံးျပဳခြင့္ေပးဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ယူကရိန္းကို ေတာင္းဆိုခဲ့ၿပီးေနာက္ ယခုလိုသေဘာတူညီမႈေတြ ထြက္ေပၚလာခဲ့တာလည္းျဖစ္ပါတယ္။ သေဘာတူညီခ်က္အရ အေမရိကန္-ယူကရိန္း ပူးေပါင္းေဆာင္႐ြက္မယ့္ အသစ္ဖန္တီးထားတဲ့ ရန္ပုံေငြတစ္ခုဆီကို ဝင္ေငြေတြနဲ႔အတူ ယူကရိန္းရဲ႕တြင္းထြက္ပစၥည္းႂကြယ္ဝမႈေတြကို အေမရိကန္နဲ႔ပူးေပါင္းေဆာင္႐ြက္ၿပီး ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ေဆာင္တာေတြကို ျမင္ေတြ႕ရလိမ့္မယ္လို႔ အႀကီးတန္းယူကရိန္းသတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့ပါတယ္။
အစီရင္ခံစာတစ္ခုမွာ သေဘာတူညီခ်က္နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ျပန္ေျပာၾကားထားေပမယ့္လည္း အေမရိကန္ဘက္က ကတိဝတ္ေတြနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကိုေတာ့ ေရးသားေဖာ္ျပထားတာမ်ိဳး မရွိဘူးလို႔သိရပါတယ္။ အႀကီးတန္းယူကရိန္းသတင္းရင္းျမစ္က"လက္ရွိအခ်ိန္မွာ အစိုးရတာဝန္ရွိသူေတြက သေဘာတူညီခ်က္နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။