သီရိလင်္ကာနိုင်ငံရဲ့နှစ်ပေါင်း (၃၀)ကြာ ပြည်တွင်းစစ်ကိုအဆုံးသတ်ခဲ့သူ (သို့) ဗိုလ်ချုပ်ကြီး ဖွန်ဆီကာ

 439

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၇

သီရိလင်္ကာအခြေစိုက် တမီးလ်ကျားသူပုန်အဖွဲ့ဟာ တစ်ခေတ်တစ်ခါက ကမ္ဘာပေါ်ရှိလက်နက် ကိုင်အဖွဲ့တွေထဲမှာ စွမ်းရည်ကောင်းတဲ့လက်နက်ကိုင်အဖွဲ့ဖြစ်ခဲ့ပြီး ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်ခဲ့တဲ့ လက် နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။ တမီးလ်ကျား သူပုန်အဖွဲ့ဟာ သိရိလင်္ကာနိုင်ငံကခွဲထွက်ပြီး ကိုယ်ပိုင် လွတ်လပ်ရေးရယူနိုင်အောင် သီရိလင်္ကာအစိုးရ တပ်ဖွဲ့တွေကိုတိုက်ခိုက်ခဲ့ပေမယ့် သူတို့ရဲ့ လက်နက် ကိုင်ကြိုးပမ်းမှုဟာ နှစ်ပေါင်း (၃၀)နီးပါးမှာ အဆုံးသတ်ခဲ့ရပါတယ်။ တမီးလ်ကျားသူပုန်တွေဟာ သီရိလင်္ကာ အစိုးရတာဝန်ရှိသူတွေ၊ အိန္ဒိယအစိုးရတာဝန်ရှိသူ တွေကို လုပ်ကြံသတ်ဖြတ်တာ၊ အသေခံ ဗုံးခွဲတာတွေလုပ်ခဲ့သလို သီရိလင်္ကာအစိုးရတပ်ဖွဲ့တွေကို အလဲထိုး အနိုင်ယူကာ မြို့တွေကိုသိမ်းယူနိုင်တဲ့အထိ အောင်မြင်မှုရခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။
တမီးလ်ကျားသူပုန်အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းရှိ တမီးလ်လူမျိုးတွေရဲ့ထောက်ပံ့မှုအများအပြားကို လက်ခံရရှိပြီး စစ်သင်္ဘောတွေ၊ လေယာဉ်တွေပိုင်ဆိုင်ခဲ့ ဖူးတဲ့လက်နက်ကိုင်အဖွဲ့လည်းဖြစ်ပါတယ်။ တမီးလ်ကျားသူပုန်အဖွဲ့ဟာ စုစည်းညီညွတ်မှုအားကောင်းသလို စိတ်ဓာတ်ပိုင်းမာကျောမှုရှိခဲ့ပေမယ့် Brave Lion လို့ တင်စားခံရတဲ့ သီရိလင်္ကာ တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီး ဖွန်ဆီကာနဲ့ ရင်ဆိုင်ရချိန်မှာတော့ တမီးလ်ကျားသူပုန်အဖွဲ့ဟာ လက်နက်ချအညံ့ခံခဲ့ရ ပြီး နှစ် ပေါင်း (၃၀) နီးပါးကြာဖြစ်ပွားခဲ့တဲ့ သီရိလင်္ကာပြည်တွင်းစစ်လည်း အဆုံးသတ်ခဲ့ရပါတယ်။

ဗိုလ်ချုပ်ကြီး ဖွန်ဆီကာဟာ သီရိလင်္ကာ စစ်တပ်သမိုင်းမှာ အထက်မြက်ဆုံးစစ်ခေါင်းဆောင်၊ သူရဲကောင်းအဖြစ် လက်ရှိအချိန်အထိ လှပတဲ့သမိုင်းမှတ်တမ်းကိုရေးထိုးနိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဖွန်ဆီကာဟာ စစ်ကို စစ်နဲ့တူ အောင်တိုက်ပြခဲ့ပြီး နှစ်ပေါင်း (၃၀) နီးပါးကြာဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့သူလည်းဖြစ်ပါတယ်။ သီရိလင်္ကာစစ်တပ်ရဲ့တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီးဖွန်ဆီကာဟာ သတ္တိရှိသလို ရဲရင့်ပြတ်သားပြီး စစ်ရေးနည်းဗျူဟာ ထူးချွန်သူဖြစ်ကာ တိုက်ရဲခိုက်ရဲသတ္တိကောင်းပြီး စစ်တိုက်တော်တဲ့ အရည်အချင်းရှိအရာရှိစစ်သည်တွေကို ဂရုစိုက်၊ နေရာပေးသူဖြစ်ပါတယ်။ ဖွန်ဆီကာဟာ သီရိလင်္ကာစစ်တပ်ထဲကို စတင်ဝင်ရောက်ခဲ့တဲ့ (၁၉၇၀)ပြည့်နှစ် ကနေ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ချိန်အထိ သူရဲ့စစ်သားဘဝ သက်တမ်းတစ်လျှောက်မှာ တမီးလ်ကျားသူပုန်အဖွဲ့ တွေနဲ့သာ ရင်ဆိုင် တိုက်ခိုက်ရချိန်များခဲ့သူ ဖြစ်ပါတယ်။
ဖွန်ဆီကာဟာ စစ်သားဘဝအတွင်း တမီးလ် ကျားသူပုန်တွေနဲ့တိုက်ခိုက်ရာမှာ ဒဏ်ရာရတာ တွေ ၊ လုပ်ကြံခံရတာတွေရှိခဲ့ပေမယ့် အသက်ရှင်လွတ်မြောက်ခဲ့ပြီး ပထမ အီလန်စစ်ပွဲ၊ ဒုတိယ အီလန် စစ်ပွဲ၊ တတိယ အီလန်စစ်ပွဲ၊ စတုတ္ထ အီလန်စစ်ပွဲတွေမှာ ကိုယ်တိုင် ပါဝင်တိုက်ခိုက်ကြီးကြပ်ခဲ့သူဖြစ်ပါတယ်။ ဖွန်ဆီကာရဲ့ စစ်နည်းဗျူဟာတွေဟာ သမားရိုးကျ စစ်နည်းဗျူတွေနဲ့မတူသလို ပြည်တွင်းပြည်ပကို ဂရုမစိုက်ဘဲ စစ်ပွဲအနိုင်ရ အောင် စစ်ကို စစ်နဲ့တူအောင်တိုက်ခဲ့သူလို့ဆိုကြပါတယ်။ ဗိုလ်ချုပ်ကြီး ဖွန်ဆီကာဟာ တမီးလ်သူပုန်တွေနဲ့ စေ့စပ်ဆွေးနွေးငြိမ်းချမ်းရေး လမ်းစဉ်မလိုက်ဘဲ သဘောထားတင်းမာ ပြတ်သားသူဖြစ်ကာ လုပ်ရဲရင်ခံရဲသူတစ်ဦး လည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဗိုလ်ချုပ်ကြီး ဖွန်ဆီကာဟာ တမီးလ် ကျားသူပုန်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန် တယ်လို့စွပ်စွဲခံရကာ ထောင်နန်းစံခဲ့ရဖူးသူဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ဖွန်ဆီကာဟာ သူပုန်တွေအပေါ် သဘောထားတင်းမာပြတ်သားသူတစ်ဦးဖြစ်တဲ့အတွက် တမီးလ်သူပုန်ခေါင်းဆောင်ပရာဘာဟာ ကာရန်နဲ့ သူပုန်ထိပ်ပိုင်းခေါင်းဆောင်တွေကို အရှင်မထားဘဲ အသေပစ် ခတ်နှိမ်နင်းခဲ့တယ်လို့ ဆိုကြပါတယ်။ ဗိုလ်ချုပ်ကြီး ဖွန်ဆီကာဟာ နိုင်ငံပိုင်နက်တွေကို တိုက်ခိုက်ထိန်းချုပ်ထားတဲ့ တမီးလ် ကျားသူပုန်တွေကိုအပြုတ်တိုက်နိုင်ဖို့ရည်ရွယ်ချက်နဲ့ တမီးလ် သူပုန်အပြုတ်တိုက်ရေးစီမံချက်ကို သီရိလင်္ကာသမ္မတ ရာဂျာပက်၊ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့အတူ ကိုယ်တိုင်ရေးဆွဲပြီး တမီးလ်ကျားသူပုန်တွေကို တိုက်ခိုက်ခဲ့သူလည်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ဖွန်ဆီကာဟာ တမီးလ်သူပုန် အပြုတ်တိုက်ရေးစီမံချက်ကိုရေးဆွဲပြီးနောက် သီရိ လင်္ကာတပ်မတော်ကို အင်အားတောင့်တင်း စိတ်ဓာတ် တက်ကြွ လန်းဆန်းလာအောင် ကိုယ်တိုင် အား ပေးစည်းရုံး ကာ စနစ်တကျ စုဖွဲ့တည်ဆောက်ပြီး (၂၀ဝ၆)မှာ ပြင်းထန်တဲ့ထိုးစစ်တွေနဲ့ ကြည်း၊ ရေ၊ လေ တပ်တွေပူးပေါင်းကာ တမီးလ်သူပုန်တွေကို စတင် တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဖွန်ဆီကာဟာ သူပုန်ထိန်းချုပ်တဲ့ မြို့ရွာတွေကို ထိုးစစ်ဆင်ချိန်မှာ သူရဲ့စစ်သည်တွေ အထိအခိုက်နည်းအောင် လေကြောင်းပစ်ကူ လက်နက်ကြီး ပစ်ကူတွေ၊ တင့်ကား သံချပ်ကာကားတွေကို အဓိကထား သုံးစွဲခဲ့ပြီး စစ်ဆင်ရေးတွေကိုလည်း ကိုယ်တိုင်အနီးကပ် ကြီးကြပ်ခဲ့သူဖြစ်ပါတယ်။ သွေးချောင်းစီးတိုက်ပွဲ စစ်ဆင်ရေးတွေမှာ ပြဿနာအခက်အခဲ အကျပ်အတည်းများ ဖြစ်လာချိန်နဲ့ ပြည်တွင်းပြည်ပက ဝေဖန်ပြစ်တင်မှုတွေပေါ်လာပါက ခေါင်းမရှောင်ဘဲ တပ်မတော်ဘက်ကနေ မားမားမတ်မတ် ရပ်တည်ဖြေရှင်း ပေးခဲ့တဲ့အတွက် ဗိုလ်ချုပ်ကြီးဖွန်ဆီကာကို တပ်မှူးတွေ၊ အရာရှိစစ်သည်တွေနဲ့ အရာရှိ စစ်သည် မိသားစုတွေက ယုံကြည်လေးစားချစ်ခင်အားကိုးကြပါတယ်။ ဗိုလ်ချုပ်ကြီး ဖွန်ဆီကာရဲ့ ထိချက်ပြင်းတဲ့ ပွဲသိမ်းလက်သီးဗျူဟာကတော့ (၂၀ဝ၉)မှာ သီရိလင်္ကာမြောက်ပိုင်း ဂျက်ဖနာကျွန်းဆွယ်မှာရှိတဲ့ တမီးလ် သူပုန်ဌာနချုပ်ကို ကြည်း၊ ရေ၊ လေ ဝိုင်းပတ်တိုက်ခိုက်သိမ်းပိုက်ပြီး သူပုန်ခေါင်းဆောင် ပရာဘာဟာ ကာရန်နဲ့ သူပုန်ထိပ်ပိုင်းခေါင်းဆောင်တွေကို အရှင်မထားဘဲ အသေပစ်ခတ်နှိမ်နင်းလိုက်ပါတယ်။ ခေါင်း ဆောင်မဲ့ပြီး ဝါးအစည်းပြေသလိုဖြစ်သွားတဲ့ ကျန်တဲ့တမီးလ်ကျားသူ ပုန်လက်ကျန်တွေကို အပြုတ်တိုက် ချေမှုန်း လိုက်ရာ နှစ်ပေါင်း (၃၀)နီးပါးကြာဖြစ်ပွားခဲ့တဲ့ သီရိလင်္ကာပြည်တွင်း စစ် အဆုံးသတ်သွားခဲ့ပြီး သီရိလင်္ကာ တစ်နိုင်ငံလုံးဟာ အစိုးရထိန်းချုပ်မှုအာဏာအောက်ပြန်ရောက်ခဲ့ပြီး လက်ရှိအချိန်အထိ တည်ငြိမ်အေးချမ်းနေတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဖွန်ဆီကာဟာလည်း သီရိလင်္ကာနိုင်ငံရဲ့နှစ်ပေါင်း (၃၀) နီးပါးကြာဖြစ်ပွားတဲ့ စစ်ပွဲကိုအဆုံးသတ်အောင် စစ်ရေးအောင်နိုင်မှုနောက်ကွယ်ရဲ့စစ်ရေးနည်းဗျူဟာတွေရဲ့အဓိကပဲ့ကိုင်ရှင်အဖြစ် ချီးကျူးခံခဲ့ရပါတယ်။ ဗိုလ်ချုပ်ကြီး ဖွန်ဆီကာဟာ တမီးလ်ကျားသူပုန်တွေ ကိုအနိုင်ရအောင် သမားရိုးကျစစ်နည်း ဗျူဟာတွေကိုစွန့်ပယ်ပြီး ဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ ကိုက်ညီမှုရှိမယ့် ထက်မြက်တဲ့စစ်နည်းဗျူဟာတွေကို ကြံစည် ရေးဆွဲခဲ့သူလည်းဖြစ်ပါတယ်။ တမီးလ်ကျားသူပုန်တွေကို ဖိအားပေးနိုင်အောင် သီရိလင်္ကာစစ်တပ်ကို အင်အား တောင့်တင်းဖို့နဲ့ တိုက်ပွဲတွေမှာ ပစ်အားကောင်းစေ ဖို့ အဓိကထား ဖန်တီးလုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဖွန်ဆီကာဟာ မြေပြင်တပ်ဖွဲ့တွေကိုအကူညီ ဖြစ် စေဖို့ ရေတပ်နဲ့လေတပ်ကို ပစ်အားကို အဓိကထားသုံးခဲ့သလို တခြားတပ်မှူးတွေကိုလည်း အကူညီဖြစ် အောင်ကြိုးပမ်းခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ဖွန်ဆီကာဟာ သီရိလင်္ကာ ကျားသူပုန်တွေကိုတိုက်ခိုက်ရာမှာ စစ်တပ်အတွင်း အဖွဲ့ငယ်တွေဖွဲ့စည်းပြီး အဲဒီအဖွဲ့ငယ်တွေက ကျားသူပုန်တွေထိန်းချုပ်ထားတဲ့ မြို့တွေထဲစိမ့်ဝင်ကာ တမီးလ် ကျားသူပုန်တွေကိုခြေရာခံကာ သုတ်သင်တာ တွေလည်းလုပ်ဆောင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဖွန်ဆီကာရဲ့ တက်ကြွတဲ့ခေါင်းဆောင်မှုနဲ့အတူ၊ တိုက်ပွဲဝင်လိုစိတ် ပြင်းထန်တဲ့တပ်မှူးတွေဟာ စစ်ပွဲ မတိုင်ခင်တည်းက စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ဘက်ပေါင်းစုံကလုပ်ဆောင်ခဲ့ပြီး အဲဒီပြင် ဆင်မှုတွေထဲမှာ စစ်ရေးလေ့ကျင့်ခန်းနည်းစနစ်တွေ ပြောင်းလဲခြင်းတွေလည်းပါဝင်ခဲ့ပါတယ်။ ဗိုလ်ချုပ် ကြီး ဖွန်ဆီကာဟာ ရှေ့တန်းစစ်မြေပြင်မှာတိုက်ခိုက်နေတဲ့ အရာရှိ၊ စစ်သည်တွေကိုလုပ်ပိုင်ခွင့်အာဏာ အပ်နှင်းကာ သမားရိုးကျ စစ်ရေးသဘောထားစံနှုန်းတွေကို ဆန့်ကျင်ပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဖွန်ဆီကာဟာ တမီးလ်ကျားသူပုန်တွေနဲ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ရန်သူကို မြေပြင် မှာ အရှင်ဖမ်းမိခြင်းထက် သုတ်သင်တာမျိုးလုပ်ဆောင်စေမှုနဲ့အတူ စစ်တပ်ရဲ့သဘောသဘာဝတွေကို ပြောင်းလဲခဲ့ပြီး စစ်ပွဲအနိုင်ရရေးကို ဦးစားပေးတဲ့ စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဖွန်ဆီ ကာဟာ သီရိ လင်္ကာကျား သူပုန်တွေကိုတိုက်ခိုက်ရာမှာ လမ်းမကြီးတွေတစ်လျှောက် စစ်ဆင်ရေးတွေ၊ တိုက်ကွက်ဖော်တာတွေ လုပ်ဆောင်ခြင်းထက် ရန်သူ့လူအင်အားနဲ့ လက်နက်အင်အားကို ထိုးနှက်ချက် တွေဖြစ်လာစေအောင် စစ်မျက်နှာကိုတိုးချဲ့တိုက်ခိုက်ခဲ့ပြီး အဖွဲ့ငယ်တွေခွဲကာ တိုက်ခိုက်စေခဲ့သူလည်း ဖြစ်ပါတယ်။ တမီးလ်ကျားသူပုန်အဖွဲ့တွေကို အနိုင်ရအောင်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဖွန်ဆီကာရဲ့ စစ်နည်းဗျူဟာတွေထဲမှာ စစ်သားလေးဦးကို တစ်ဖွဲ့ဖွဲ့စည်းပြီး အဲဒီအဖွဲ့ငယ်ပေါင်းများစွာဖွဲ့စည်းကာ ထိုးစစ်ဆင်တိုက်ခိုက်တဲ့နည်းဗျူဟာကိုအသုံးပြုခဲ့ပါတယ်။ အဲဒီလိုမျိုး စစ်သည်တွေကို လေးဦး တစ်ဖွဲ့ ဖွဲ့ကာ တိုက်ခိုက်စေခြင်းကြောင့် စစ်ဆင်ရေးတွေကို တိကျစွာလုပ်ဆောင်နိုင်ခြင်း၊ ကိုယ်ယောင်ဖျောက် ခြင်း၊ လူစုခွဲလှုပ်ရှားခြင်း တွေကိုလုပ်ဆောင်နိုင်ကာ ထိခိုက်သေဆုံးမှုကို လျှော့ချနိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ် ကြီး ဖွန်ဆီကာဟာ စစ်တိုက်ရာမှာ စစ်ပွဲအတွေ့ကြုံရှိသူတွေ၊ တိုက်စွမ်းရည်ကောင်းမွန်သူတွေကို ဦးစား ပေးရွေးချယ်ခဲ့သလို တမီးလ်ကျားသူပုန်တွေပိုင်ဆိုင်ထားတဲ့ စစ်သင်္ဘောတွေ၊ သူပုန်ခေါင်းဆောင်တွေနဲ့ တခြားပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီးနိုင်အောင် ရေတပ်နဲ့လေတပ်အတွက် အဓိကကျတဲ့ သီရိ လင်္ကာ စစ်ထောက်လှမ်းရေးအဖွဲ့ကိုလည်း ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဖွန်ဆီကာ ဟာ သီရိလင်္ကာစစ်တပ်အတွင်း စစ်စည်းကမ်းပိုမိုကောင်းမွန်စေဖို့၊ အလေအလွင့်နည်းပါးစေဖို့၊ အကျင့် ပျက်လာဘ်စားမှုတွေမရှိအောင်လည်း အစီအမံတွေချမှတ်လုပ်ဆောင်ခဲ့တဲ့ စစ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ ပါတယ်။ ဗိုလ်ချုပ်ကြီး ဖွန်ဆီကာ သီရိလင်္ကာကာကွယ်ရေးဦး စီးချုပ်ဖြစ်လာခဲ့ပြီးနောက် သီရီလင်္ကာ စစ်တပ်ဟာ အစစအရာရာတိုးတက် ကောင်းမွန်လာခဲ့ပြီး တမီးလ်ကျားသူပုန်တွေနဲ့ရင်ဆိုင်ရာမှာ အကောင်းဆုံးပုံစံမျိုးနဲ့တိုက်ခိုက်နိုင်ခဲ့ပြီး လက်လွတ်ခဲ့ရတဲ့မြို့တွေ၊ ရွာတွေကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီး (၂၀ဝ၉)ခုနှစ် မေလ (၁၈)ရက်မှာတော့ နှစ်ပေါင်း (၂၆) နှစ်ကြာဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ဟာ လည်း သီရိလင်္ကာစစ်တပ် နိုင်ပွဲရမှုနဲ့အတူ အဆုံးသတ်သွားခဲ့ပါတယ်။
တမီးလ်ကျားသူပုန်တွေကိုဖြိုခွင်းနိုင်ခဲ့ပြီးနောက် သီရိလင်္ကာနိုင်ငံသားတွေက ဗိုလ်ချုပ်ကြီး ဖွန် ဆီကာကို နိုင်ငံသူရဲကောင်းအဖြစ်ချီးကျူးပြောဆိုခဲ့သလို အိန္ဒိယနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအ ရာရှိကတော့ ဗိုလ်ချုပ်ကြီးဖွန်ဆီကာကို ကမ္ဘာ့အတော်ဆုံးတပ်မှူးအဖြစ် ချီးကျူးပြောဆိုခဲ့ပါတယ်။

Zawgyi Version:
သီရိလကၤာႏိုင္ငံရဲ႕ႏွစ္ေပါင္း (၃၀)ၾကာ ျပည္တြင္းစစ္ကိုအဆုံးသတ္ခဲ့သူ (သို႔) ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၇

သီရိလကၤာအေျခစိုက္ တမီးလ္က်ားသူပုန္အဖြဲ႕ဟာ တစ္ေခတ္တစ္ခါက ကမာၻေပၚရွိလက္နက္ ကိုင္အဖြဲ႕ေတြထဲမွာ စြမ္းရည္ေကာင္းတဲ့လက္နက္ကိုင္အဖြဲ႕ျဖစ္ခဲ့ၿပီး ကမာၻႀကီးကို ကိုင္လႈပ္ႏိုင္ခဲ့တဲ့ လက္ နက္ကိုင္အဖြဲ႕လည္း ျဖစ္ပါတယ္။ တမီးလ္က်ား သူပုန္အဖြဲ႕ဟာ သိရိလကၤာႏိုင္ငံကခြဲထြက္ၿပီး ကိုယ္ပိုင္ လြတ္လပ္ေရးရယူႏိုင္ေအာင္ သီရိလကၤာအစိုးရ တပ္ဖြဲ႕ေတြကိုတိုက္ခိုက္ခဲ့ေပမယ့္ သူတို႔ရဲ႕ လက္နက္ ကိုင္ႀကိဳးပမ္းမႈဟာ ႏွစ္ေပါင္း (၃၀)နီးပါးမွာ အဆုံးသတ္ခဲ့ရပါတယ္။ တမီးလ္က်ားသူပုန္ေတြဟာ သီရိလကၤာ အစိုးရတာဝန္ရွိသူေတြ၊ အိႏၵိယအစိုးရတာဝန္ရွိသူ ေတြကို လုပ္ႀကံသတ္ျဖတ္တာ၊ အေသခံ ဗုံးခြဲတာေတြလုပ္ခဲ့သလို သီရိလကၤာအစိုးရတပ္ဖြဲ႕ေတြကို အလဲထိုး အႏိုင္ယူကာ ၿမိဳ႕ေတြကိုသိမ္းယူႏိုင္တဲ့အထိ ေအာင္ျမင္မႈရခဲ့တဲ့ လက္နက္ကိုင္အဖြဲ႕ျဖစ္ပါတယ္။
တမီးလ္က်ားသူပုန္အဖြဲ႕ဟာ ကမာၻတစ္ဝန္းရွိ တမီးလ္လူမ်ိဳးေတြရဲ႕ေထာက္ပံ့မႈအမ်ားအျပားကို လက္ခံရရွိၿပီး စစ္သေဘၤာေတြ၊ ေလယာဥ္ေတြပိုင္ဆိုင္ခဲ့ ဖူးတဲ့လက္နက္ကိုင္အဖြဲ႕လည္းျဖစ္ပါတယ္။ တမီးလ္က်ားသူပုန္အဖြဲ႕ဟာ စုစည္းညီၫြတ္မႈအားေကာင္းသလို စိတ္ဓာတ္ပိုင္းမာေက်ာမႈရွိခဲ့ေပမယ့္ Brave Lion လို႔ တင္စားခံရတဲ့ သီရိလကၤာ တပ္ခ်ဳပ္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာနဲ႔ ရင္ဆိုင္ရခ်ိန္မွာေတာ့ တမီးလ္က်ားသူပုန္အဖြဲ႕ဟာ လက္နက္ခ်အညံ့ခံခဲ့ရ ၿပီး ႏွစ္ ေပါင္း (၃၀) နီးပါးၾကာျဖစ္ပြားခဲ့တဲ့ သီရိလကၤာျပည္တြင္းစစ္လည္း အဆုံးသတ္ခဲ့ရပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာဟာ သီရိလကၤာ စစ္တပ္သမိုင္းမွာ အထက္ျမက္ဆုံးစစ္ေခါင္းေဆာင္၊ သူရဲေကာင္းအျဖစ္ လက္ရွိအခ်ိန္အထိ လွပတဲ့သမိုင္းမွတ္တမ္းကိုေရးထိုးႏိုင္ခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာဟာ စစ္ကို စစ္နဲ႔တူ ေအာင္တိုက္ျပခဲ့ၿပီး ႏွစ္ေပါင္း (၃၀) နီးပါးၾကာျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္ကို အဆုံးသတ္ေစခဲ့သူလည္းျဖစ္ပါတယ္။ သီရိလကၤာစစ္တပ္ရဲ႕တပ္ခ်ဳပ္ႀကီး ဗိုလ္ခ်ဳပ္ႀကီးဖြန္ဆီကာဟာ သတၱိရွိသလို ရဲရင့္ျပတ္သားၿပီး စစ္ေရးနည္းဗ်ဴဟာ ထူးခြၽန္သူျဖစ္ကာ တိုက္ရဲခိုက္ရဲသတၱိေကာင္းၿပီး စစ္တိုက္ေတာ္တဲ့ အရည္အခ်င္းရွိအရာရွိစစ္သည္ေတြကို ဂ႐ုစိုက္၊ ေနရာေပးသူျဖစ္ပါတယ္။ ဖြန္ဆီကာဟာ သီရိလကၤာစစ္တပ္ထဲကို စတင္ဝင္ေရာက္ခဲ့တဲ့ (၁၉၇၀)ျပည့္ႏွစ္ ကေန ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္ခ်ိန္အထိ သူရဲ႕စစ္သားဘဝ သက္တမ္းတစ္ေလွ်ာက္မွာ တမီးလ္က်ားသူပုန္အဖြဲ႕ ေတြနဲ႔သာ ရင္ဆိုင္ တိုက္ခိုက္ရခ်ိန္မ်ားခဲ့သူ ျဖစ္ပါတယ္။
ဖြန္ဆီကာဟာ စစ္သားဘဝအတြင္း တမီးလ္ က်ားသူပုန္ေတြနဲ႔တိုက္ခိုက္ရာမွာ ဒဏ္ရာရတာ ေတြ ၊ လုပ္ႀကံခံရတာေတြရွိခဲ့ေပမယ့္ အသက္ရွင္လြတ္ေျမာက္ခဲ့ၿပီး ပထမ အီလန္စစ္ပြဲ၊ ဒုတိယ အီလန္ စစ္ပြဲ၊ တတိယ အီလန္စစ္ပြဲ၊ စတုတၳ အီလန္စစ္ပြဲေတြမွာ ကိုယ္တိုင္ ပါဝင္တိုက္ခိုက္ႀကီးၾကပ္ခဲ့သူျဖစ္ပါတယ္။ ဖြန္ဆီကာရဲ႕ စစ္နည္းဗ်ဴဟာေတြဟာ သမား႐ိုးက် စစ္နည္းဗ်ဴေတြနဲ႔မတူသလို ျပည္တြင္းျပည္ပကို ဂ႐ုမစိုက္ဘဲ စစ္ပြဲအႏိုင္ရ ေအာင္ စစ္ကို စစ္နဲ႔တူေအာင္တိုက္ခဲ့သူလို႔ဆိုၾကပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာဟာ တမီးလ္သူပုန္ေတြနဲ႔ ေစ့စပ္ေဆြးေႏြးၿငိမ္းခ်မ္းေရး လမ္းစဥ္မလိုက္ဘဲ သေဘာထားတင္းမာ ျပတ္သားသူျဖစ္ကာ လုပ္ရဲရင္ခံရဲသူတစ္ဦး လည္းျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာဟာ တမီးလ္ က်ားသူပုန္ေတြနဲ႔ တိုက္ခိုက္ခဲ့တဲ့ တိုက္ပြဲေတြအတြင္း စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ တယ္လို႔စြပ္စြဲခံရကာ ေထာင္နန္းစံခဲ့ရဖူးသူျဖစ္ပါတယ္။
ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာဟာ သူပုန္ေတြအေပၚ သေဘာထားတင္းမာျပတ္သားသူတစ္ဦးျဖစ္တဲ့အတြက္ တမီးလ္သူပုန္ေခါင္းေဆာင္ပရာဘာဟာ ကာရန္နဲ႔ သူပုန္ထိပ္ပိုင္းေခါင္းေဆာင္ေတြကို အရွင္မထားဘဲ အေသပစ္ ခတ္ႏွိမ္နင္းခဲ့တယ္လို႔ ဆိုၾကပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာဟာ ႏိုင္ငံပိုင္နက္ေတြကို တိုက္ခိုက္ထိန္းခ်ဳပ္ထားတဲ့ တမီးလ္ က်ားသူပုန္ေတြကိုအျပဳတ္တိုက္ႏိုင္ဖို႔ရည္႐ြယ္ခ်က္နဲ႔ တမီးလ္ သူပုန္အျပဳတ္တိုက္ေရးစီမံခ်က္ကို သီရိလကၤာသမၼတ ရာဂ်ာပက္၊ ထိပ္တန္းစစ္ဗိုလ္ခ်ဳပ္ေတြနဲ႔အတူ ကိုယ္တိုင္ေရးဆြဲၿပီး တမီးလ္က်ားသူပုန္ေတြကို တိုက္ခိုက္ခဲ့သူလည္းျဖစ္ပါတယ္။
ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာဟာ တမီးလ္သူပုန္ အျပဳတ္တိုက္ေရးစီမံခ်က္ကိုေရးဆြဲၿပီးေနာက္ သီရိ လကၤာတပ္မေတာ္ကို အင္အားေတာင့္တင္း စိတ္ဓာတ္ တက္ႂကြ လန္းဆန္းလာေအာင္ ကိုယ္တိုင္ အား ေပးစည္း႐ုံး ကာ စနစ္တက် စုဖြဲ႕တည္ေဆာက္ၿပီး (၂၀ဝ၆)မွာ ျပင္းထန္တဲ့ထိုးစစ္ေတြနဲ႔ ၾကည္း၊ ေရ၊ ေလ တပ္ေတြပူးေပါင္းကာ တမီးလ္သူပုန္ေတြကို စတင္ တိုက္ခိုက္ခဲ့တာလည္းျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာဟာ သူပုန္ထိန္းခ်ဳပ္တဲ့ ၿမိဳ႕႐ြာေတြကို ထိုးစစ္ဆင္ခ်ိန္မွာ သူရဲ႕စစ္သည္ေတြ အထိအခိုက္နည္းေအာင္ ေလေၾကာင္းပစ္ကူ လက္နက္ႀကီး ပစ္ကူေတြ၊ တင့္ကား သံခ်ပ္ကာကားေတြကို အဓိကထား သုံးစြဲခဲ့ၿပီး စစ္ဆင္ေရးေတြကိုလည္း ကိုယ္တိုင္အနီးကပ္ ႀကီးၾကပ္ခဲ့သူျဖစ္ပါတယ္။ ေသြးေခ်ာင္းစီးတိုက္ပြဲ စစ္ဆင္ေရးေတြမွာ ျပႆနာအခက္အခဲ အက်ပ္အတည္းမ်ား ျဖစ္လာခ်ိန္နဲ႔ ျပည္တြင္းျပည္ပက ေဝဖန္ျပစ္တင္မႈေတြေပၚလာပါက ေခါင္းမေရွာင္ဘဲ တပ္မေတာ္ဘက္ကေန မားမားမတ္မတ္ ရပ္တည္ေျဖရွင္း ေပးခဲ့တဲ့အတြက္ ဗိုလ္ခ်ဳပ္ႀကီးဖြန္ဆီကာကို တပ္မႉးေတြ၊ အရာရွိစစ္သည္ေတြနဲ႔ အရာရွိ စစ္သည္ မိသားစုေတြက ယုံၾကည္ေလးစားခ်စ္ခင္အားကိုးၾကပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာရဲ႕ ထိခ်က္ျပင္းတဲ့ ပြဲသိမ္းလက္သီးဗ်ဴဟာကေတာ့ (၂၀ဝ၉)မွာ သီရိလကၤာေျမာက္ပိုင္း ဂ်က္ဖနာကြၽန္းဆြယ္မွာရွိတဲ့ တမီးလ္ သူပုန္ဌာနခ်ဳပ္ကို ၾကည္း၊ ေရ၊ ေလ ဝိုင္းပတ္တိုက္ခိုက္သိမ္းပိုက္ၿပီး သူပုန္ေခါင္းေဆာင္ ပရာဘာဟာ ကာရန္နဲ႔ သူပုန္ထိပ္ပိုင္းေခါင္းေဆာင္ေတြကို အရွင္မထားဘဲ အေသပစ္ခတ္ႏွိမ္နင္းလိုက္ပါတယ္။ ေခါင္း ေဆာင္မဲ့ၿပီး ဝါးအစည္းေျပသလိုျဖစ္သြားတဲ့ က်န္တဲ့တမီးလ္က်ားသူ ပုန္လက္က်န္ေတြကို အျပဳတ္တိုက္ ေခ်မႈန္း လိုက္ရာ ႏွစ္ေပါင္း (၃၀)နီးပါးၾကာျဖစ္ပြားခဲ့တဲ့ သီရိလကၤာျပည္တြင္း စစ္ အဆုံးသတ္သြားခဲ့ၿပီး သီရိလကၤာ တစ္ႏိုင္ငံလုံးဟာ အစိုးရထိန္းခ်ဳပ္မႈအာဏာေအာက္ျပန္ေရာက္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ တည္ၿငိမ္ေအးခ်မ္းေနတာ ျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာဟာလည္း သီရိလကၤာႏိုင္ငံရဲ႕ႏွစ္ေပါင္း (၃၀) နီးပါးၾကာျဖစ္ပြားတဲ့ စစ္ပြဲကိုအဆုံးသတ္ေအာင္ စစ္ေရးေအာင္ႏိုင္မႈေနာက္ကြယ္ရဲ႕စစ္ေရးနည္းဗ်ဴဟာေတြရဲ႕အဓိကပဲ့ကိုင္ရွင္အျဖစ္ ခ်ီးက်ဴးခံခဲ့ရပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာဟာ တမီးလ္က်ားသူပုန္ေတြ ကိုအႏိုင္ရေအာင္ သမား႐ိုးက်စစ္နည္း ဗ်ဴဟာေတြကိုစြန႔္ပယ္ၿပီး ျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ ကိုက္ညီမႈရွိမယ့္ ထက္ျမက္တဲ့စစ္နည္းဗ်ဴဟာေတြကို ႀကံစည္ ေရးဆြဲခဲ့သူလည္းျဖစ္ပါတယ္။ တမီးလ္က်ားသူပုန္ေတြကို ဖိအားေပးႏိုင္ေအာင္ သီရိလကၤာစစ္တပ္ကို အင္အား ေတာင့္တင္းဖို႔နဲ႔ တိုက္ပြဲေတြမွာ ပစ္အားေကာင္းေစ ဖို႔ အဓိကထား ဖန္တီးလုပ္ကိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ဖြန္ဆီကာဟာ ေျမျပင္တပ္ဖြဲ႕ေတြကိုအကူညီ ျဖစ္ ေစဖို႔ ေရတပ္နဲ႔ေလတပ္ကို ပစ္အားကို အဓိကထားသုံးခဲ့သလို တျခားတပ္မႉးေတြကိုလည္း အကူညီျဖစ္ ေအာင္ႀကိဳးပမ္းခဲ့ပါတယ္။
ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာဟာ သီရိလကၤာ က်ားသူပုန္ေတြကိုတိုက္ခိုက္ရာမွာ စစ္တပ္အတြင္း အဖြဲ႕ငယ္ေတြဖြဲ႕စည္းၿပီး အဲဒီအဖြဲ႕ငယ္ေတြက က်ားသူပုန္ေတြထိန္းခ်ဳပ္ထားတဲ့ ၿမိဳ႕ေတြထဲစိမ့္ဝင္ကာ တမီးလ္ က်ားသူပုန္ေတြကိုေျခရာခံကာ သုတ္သင္တာ ေတြလည္းလုပ္ေဆာင္ခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာရဲ႕ တက္ႂကြတဲ့ေခါင္းေဆာင္မႈနဲ႔အတူ၊ တိုက္ပြဲဝင္လိုစိတ္ ျပင္းထန္တဲ့တပ္မႉးေတြဟာ စစ္ပြဲ မတိုင္ခင္တည္းက စစ္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြကို ဘက္ေပါင္းစုံကလုပ္ေဆာင္ခဲ့ၿပီး အဲဒီျပင္ ဆင္မႈေတြထဲမွာ စစ္ေရးေလ့က်င့္ခန္းနည္းစနစ္ေတြ ေျပာင္းလဲျခင္းေတြလည္းပါဝင္ခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ ႀကီး ဖြန္ဆီကာဟာ ေရွ႕တန္းစစ္ေျမျပင္မွာတိုက္ခိုက္ေနတဲ့ အရာရွိ၊ စစ္သည္ေတြကိုလုပ္ပိုင္ခြင့္အာဏာ အပ္ႏွင္းကာ သမား႐ိုးက် စစ္ေရးသေဘာထားစံႏႈန္းေတြကို ဆန႔္က်င္ျပဳလုပ္ခဲ့သူလည္းျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာဟာ တမီးလ္က်ားသူပုန္ေတြနဲ႔ျဖစ္ပြားတဲ့ တိုက္ပြဲေတြအတြင္း ရန္သူကို ေျမျပင္ မွာ အရွင္ဖမ္းမိျခင္းထက္ သုတ္သင္တာမ်ိဳးလုပ္ေဆာင္ေစမႈနဲ႔အတူ စစ္တပ္ရဲ႕သေဘာသဘာဝေတြကို ေျပာင္းလဲခဲ့ၿပီး စစ္ပြဲအႏိုင္ရေရးကို ဦးစားေပးတဲ့ စစ္ေခါင္းေဆာင္တစ္ဦးျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီ ကာဟာ သီရိ လကၤာက်ား သူပုန္ေတြကိုတိုက္ခိုက္ရာမွာ လမ္းမႀကီးေတြတစ္ေလွ်ာက္ စစ္ဆင္ေရးေတြ၊ တိုက္ကြက္ေဖာ္တာေတြ လုပ္ေဆာင္ျခင္းထက္ ရန္သူ႔လူအင္အားနဲ႔ လက္နက္အင္အားကို ထိုးႏွက္ခ်က္ ေတြျဖစ္လာေစေအာင္ စစ္မ်က္ႏွာကိုတိုးခ်ဲ႕တိုက္ခိုက္ခဲ့ၿပီး အဖြဲ႕ငယ္ေတြခြဲကာ တိုက္ခိုက္ေစခဲ့သူလည္း ျဖစ္ပါတယ္။ တမီးလ္က်ားသူပုန္အဖြဲ႕ေတြကို အႏိုင္ရေအာင္တိုက္ခိုက္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီးဖြန္ဆီကာရဲ႕ စစ္နည္းဗ်ဴဟာေတြထဲမွာ စစ္သားေလးဦးကို တစ္ဖြဲ႕ဖြဲ႕စည္းၿပီး အဲဒီအဖြဲ႕ငယ္ေပါင္းမ်ားစြာဖြဲ႕စည္းကာ ထိုးစစ္ဆင္တိုက္ခိုက္တဲ့နည္းဗ်ဴဟာကိုအသုံးျပဳခဲ့ပါတယ္။ အဲဒီလိုမ်ိဳး စစ္သည္ေတြကို ေလးဦး တစ္ဖြဲ႕ ဖြဲ႕ကာ တိုက္ခိုက္ေစျခင္းေၾကာင့္ စစ္ဆင္ေရးေတြကို တိက်စြာလုပ္ေဆာင္ႏိုင္ျခင္း၊ ကိုယ္ေယာင္ေဖ်ာက္ ျခင္း၊ လူစုခြဲလႈပ္ရွားျခင္း ေတြကိုလုပ္ေဆာင္ႏိုင္ကာ ထိခိုက္ေသဆုံးမႈကို ေလွ်ာ့ခ်ႏိုင္ခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ ႀကီး ဖြန္ဆီကာဟာ စစ္တိုက္ရာမွာ စစ္ပြဲအေတြ႕ႀကဳံရွိသူေတြ၊ တိုက္စြမ္းရည္ေကာင္းမြန္သူေတြကို ဦးစား ေပးေ႐ြးခ်ယ္ခဲ့သလို တမီးလ္က်ားသူပုန္ေတြပိုင္ဆိုင္ထားတဲ့ စစ္သေဘၤာေတြ၊ သူပုန္ေခါင္းေဆာင္ေတြနဲ႔ တျခားပစ္မွတ္ေတြကို တိုက္ခိုက္ဖ်က္ဆီးႏိုင္ေအာင္ ေရတပ္နဲ႔ေလတပ္အတြက္ အဓိကက်တဲ့ သီရိ လကၤာ စစ္ေထာက္လွမ္းေရးအဖြဲ႕ကိုလည္း ျပင္ဆင္ေျပာင္းလဲဖြဲ႕စည္းခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာ ဟာ သီရိလကၤာစစ္တပ္အတြင္း စစ္စည္းကမ္းပိုမိုေကာင္းမြန္ေစဖို႔၊ အေလအလြင့္နည္းပါးေစဖို႔၊ အက်င့္ ပ်က္လာဘ္စားမႈေတြမရွိေအာင္လည္း အစီအမံေတြခ်မွတ္လုပ္ေဆာင္ခဲ့တဲ့ စစ္ေခါင္းေဆာင္တစ္ဦးျဖစ္ခဲ့ ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ဖြန္ဆီကာ သီရိလကၤာကာကြယ္ေရးဦး စီးခ်ဳပ္ျဖစ္လာခဲ့ၿပီးေနာက္ သီရီလကၤာ စစ္တပ္ဟာ အစစအရာရာတိုးတက္ ေကာင္းမြန္လာခဲ့ၿပီး တမီးလ္က်ားသူပုန္ေတြနဲ႔ရင္ဆိုင္ရာမွာ အေကာင္းဆုံးပုံစံမ်ိဳးနဲ႔တိုက္ခိုက္ႏိုင္ခဲ့ၿပီး လက္လြတ္ခဲ့ရတဲ့ၿမိဳ႕ေတြ၊ ႐ြာေတြကို ျပန္လည္ထိန္းခ်ဳပ္ ႏိုင္ခဲ့ၿပီး (၂၀ဝ၉)ခုႏွစ္ ေမလ (၁၈)ရက္မွာေတာ့ ႏွစ္ေပါင္း (၂၆) ႏွစ္ၾကာျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္ဟာ လည္း သီရိလကၤာစစ္တပ္ ႏိုင္ပြဲရမႈနဲ႔အတူ အဆုံးသတ္သြားခဲ့ပါတယ္။

တမီးလ္က်ားသူပုန္ေတြကိုၿဖိဳခြင္းႏိုင္ခဲ့ၿပီးေနာက္ သီရိလကၤာႏိုင္ငံသားေတြက ဗိုလ္ခ်ဳပ္ႀကီး ဖြန္ ဆီကာကို ႏိုင္ငံသူရဲေကာင္းအျဖစ္ခ်ီးက်ဴးေျပာဆိုခဲ့သလို အိႏၵိယႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးအ ရာရွိကေတာ့ ဗိုလ္ခ်ဳပ္ႀကီးဖြန္ဆီကာကို ကမာၻ႔အေတာ္ဆုံးတပ္မႉးအျဖစ္ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.