Tourism ဆိုတာ သမီးရည်စားထားသလိုပါပဲ Tourism ကို ဖွင့်ပါ-နိုင်ငံရေး + စီးပွားရေးပဲ

521

စော (NP News) - ဖေဖော်ဝါရီ ၂၇
(ယခင်တစ်ပတ်မှအဆက်)
ကျော်နု - လက်ရှိအစိုးရကတော့ Tourism ပေါ်မှာ အာရုံစိုက်မယ့်ပုံမပေါ်သေးဘူး။ စိုက်သင့် တယ်လို့ထင်လား။
ဆွေးနွေးဖော် - စိုက်ရမှာပေါ့နော်။ သူက အရာအားလုံး ဘက်ပေါင်းစုံ ညီတူညီမျှဖြစ်နေဖို့လို တယ်။ ဆိုပါစို့။ နိုင်ငံရေးဘက်ကို တည်ဆောက်နေရလို့ Tourism ဘက်ကို အားလျော့နေတယ်လို့ ပြော လို့မရဘူး။ Tourism ဘက်ကနေပြီး ဝင်ငွေတစ်ခုကနေ ကျွန်တော်ပြောတာ အနည်းဆုံးအဆင့် နေပြည် တော်မှာဆို လွှတ်တော်ကြီးကို ပြစားလို့ရတယ်။ ကျွန်တော်တို့ ကိုရီးယားသွားရင် သူတို့ရဲ့ သမ္မတ အိမ် တော် Blue House ကိုပြလိုက်တယ်။ တစ်ခြမ်းမှာတော့ အလုပ်လုပ်နေမယ်။ ဒီဘက်တစ်ခြမ်းမှာ အဲဒီလို အလုပ်လုပ်တာနဲ့ဆင်တူလုပ်ထားပြီး ကိုရီးယားသမ္မတထိုင်တဲ့ စားပွဲအတု အဲဒီမှာထိုင်ပြီး President of Korea ဆိုပြီးတော့ ဓာတ်ပုံရိုက်လို့ရတယ်။ အဲဒီမှာထိုင်ပြီး ဓာတ်ပုံရိုက်ချင်လို့ တန်းစီနေတဲ့နိုင်ငံခြားသား ထောင် ချီတယ်။
ကျော်နု - အမေရိကန်နိုင်ငံလည်း ဒီအတိုင်းပါပဲ။
ဆွေးနွေးဖော်- ခင်ဗျားတို့ လွှတ်တော်ကြီးကို ပြလို့ရတယ်။ ကျွန်တော်တို့လွှတ်တော်ကြီးက တော်တော် အဆင့်မီတာနော်။ Tourist ကိုပြဖို့လည်း အလွန်ကောင်းတာနော်။ ကားအစီး (၂၀) ယှဉ် မောင်းလို့ရတဲ့လမ်းမကြီး ကမ္ဘာမှာမရှိဘူး။ ပြလို့ရတယ်။ နေပြည်တော်မှာတင်ကို အကြီးဆုံးရုပ်တုကြီး “Nay Pyi Taw Trip” ဆိုပြီး ပြလို့ရတယ်။ နိုင်ငံခြားသားတွေ နေပြည်တော်ကို အရမ်းစိတ်ဝင်စားကြ တယ်။ အဲဒီတော့ နောက်တစ်ခါ ဒီရွှေတိဂုံဘုရားနဲ့ ပုံတူဘုရားကြီး။ အဓိကက ဘုရားကိုပြတာမဟုတ် ဘူး။ ဘုရားပေါ်တက်လိုက်ရင် နေပြည်တော်ကြီးတစ်ခုလုံးကို မြင်ရတယ်ဆိုတဲ့ View ။ မန္တလေးမှာ အရင်တုန်းကဆိုရင် ဥရောပသားတွေလာတဲ့အခါ မန္တလေးတောင်ပေါ်တက်ကြည့်တာ ဘုရားဖူးတာ မဟုတ်ဘူး။ မန္တလေး တောင်ပေါ်က ညနေ နေဝင်တဲ့ရှုခင်းကိုကြည့်တာလေ။ ဧရာဝတီမြစ်ကြီးရယ်၊ မန္တလေးကျုံးကြီးရယ်ကို အဲဒီအပေါ်က နေဝင်တဲ့အချိန်မှာ အရသာခံပြီးကြည့်တာ။ ကိုကျော်မျိုးမင်း ပြောသလိုပဲ ဘုရားတွေကို သွားနေတာမဟုတ်ဘူး။ အဲဒီဘုရားကနေပြီးတော့ တောင်မြင့်တော့ ရှုခင်း ကြည့်တာ။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံစုံရောက်ရင် အမြဲလုပ်တတ်တဲ့အကျင့်က အဲဒီနိုင်ငံရဲ့ အမြင့်ဆုံး တာဝါကိုကြည့်ပြီး အဲဒီပေါ်ကနေတက်ပြီး သူ့မြို့ကြီးကိုကြည့်ရတဲ့ဟာ အရသာတော်တော်ရှိတာ။ နိုင်ငံ ခြားသားတိုင်းကလည်း အဲဒါမျိုးကိုကြိုက်ကြတာ။ ကျွန်တော်တို့က အဲဒါတွေ ရှုခင်းကောင်းတယ်။ တောင်ကြီးတို့ဆိုရင် ဟိုး တောင်ချွန်းတောင်ထိပ်ကနေပြီးတော့ တောင်ကြီးတစ်ခုလုံးကို ကြည့်ရတဲ့ အရသာနေဝင်ချိန်အရမ်းလှတယ်။ အဲဒီကနေမှ ညစာ စားတယ်။ ဒါမျိုးတွေကို ဖန်တီးရမှာ မဟုတ်ဘူး လား။ မြန်မာပြည်မှာ ပြလို့ကောင်းတဲ့ရှုခင်းတွေမှအများကြီး။ နေရာပေါင်းစုံမှာရှိတယ်။ အဓိကက အဲဒါလေးတွေကို ဖော်ထုတ်ပြီးတော့ လူသိအောင်လုပ်ဖို့ပဲလိုတာ။ အဲဒါတွေကို စိတ်ဝင်စားလို့ တစ် ယောက်မဟုတ် တစ်ယောက်သွားရင်းလာရင်းနဲ့ တဖြည်းဖြည်း အဲဒီနေရာလေးက Develop ဖြစ်လာ မယ်။ ဆိုတော့ Tourism ကရတဲ့ဝင်ငွေက ငြိမ်းချမ်းရေးလုပ်ဖို့အတွက် အထောက်အကူလည်း ဖြစ်နိုင် တာပဲလေ။ ငွေရှိရင် အရာရာက ပုံမှန်ထက်တော့ လွယ်ကူတယ်လေ။ ပြောဆိုညှိနှိုင်းရတာ။
ကျော်နု - တခြားနည်းနဲ့တွေးရင် Tourism က နိုင်ငံရေးလို့ပြောလို့ရလား။
ဆွေးနွေးဖော် - ရတာပေါ့။
ကျော်နု - နိုင်ငံတကာဆက်ဆံရေးလို့လည်း ပြောလို့ရလား။
ဆွေးနွေးဖော် - နိုင်ငံတကာမှာ မြန်မာပြည်ရဲ့ ကောင်းတာတွေပြတာလေ။ Tourism ဆိုတာက ကောင်းတာတွေပြဖို့လိုတာလေ။ ဆိုးတာတွေ ပျံ့မသွားဘဲ ကောင်းတာတွေချည်းပဲပြနေတာဆိုတော့ Tourism ဆိုတာ အမှန်ပြောရင်တော့ သမီးရည်းစားထားသလိုပဲ။ တွေ့တဲ့အချိန်မှာ အကောင်းဆုံးတွေ ချည်းပဲယူလာတယ်ဆိုတာမျိုးပေါ့။ Tourist တွေ မြန်မာပြည်ကိုလာရင် ကိုယ့်ဘက်က အကောင်းဆုံး တွေချည်းပဲပေးလိုက်နိုင်ရင် သူတို့ နောက်တစ်ခါလာချင်စိတ် ပေါက်သွားတာပဲ။ ဒီသဘောပါပဲ။ ဒါက လည်း နိုင်ငံရေးနဲ့ဆက်နွှယ်တာပဲ။ စီးပွားရေးဆိုတာလည်း နိုင်ငံရေးပဲ။ စီးပွားရေးကောင်းမှ နိုင်ငံရေး ကောင်းတာလေ။ အကုန်လုံးက တည်မှီနေကြတာချည်းပဲ။
ကျော်နု -နိုင်ငံခြားသားတွေ ဒီကိုလာပြီဆိုရင် လွန်ခဲ့တဲ့ဆယ်စုနှစ် တစ်ခုကျော်၊ နှစ်ခုလောက် တုန်းက ရင်ဆိုင်ရတာ ကြားရတာရှိတယ်။ နိုင်ငံခြားသားတွေ ဒီကိုလာတယ်။ လာပြီဆိုရင် သူတို့သွားချင် တဲ့နေရာ သွားလို့မရဘူး။ ဟိုဟာကန့်သတ်၊ ဒီဟာကန့်သတ်နဲ့ ကန့်သတ်ချက်တွေများတယ်။ အစိုးရ ကန့် သတ်ထားတဲ့ဧရိယာကိုသွားရင် ပိတ်ပင်ခံရတာမျိုးတွေ ရှိတယ်ဆိုတော့ ဒါကရှင်းရှင်းပြောရရင် ရှင်းလင်း တဲ့ Message မပေးထားလို့၊ ကိုယ့်ဘက်က ရှင်းရှင်းလင်းလင်းမလုပ်ထားလို့ မြင်တယ်။ အခုလက်ရှိ ထား နိုင်တယ်ဆိုတာမျိုး။
ဆွေးနွေးဖော်- ရှိနိုင်တာပေါ့။ ဆိုပါစို့။ ကျွန်တော်တို့ “Nay Pyi Taw Trip” စီစဉ်တယ် ဆိုပါစို့။ နေပြည်တော်မှာ ဘယ်နေရာသွားလို့ရတယ်၊ လွှတ်တော် ကြည့်လို့ရမယ်။ အခုအသစ်တည်ထားတဲ့ ထိုင် တော်မူ Smi ling ဗုဒ္ဓပေါ့။ ဒါကြီးကို သွားကြည့်လို့ရမယ်။ ဒါတွေက ပြောရရင် ကမ္ဘာမှာ အကြီးဆုံးဆိုတဲ့ ဟာတွေ ထဲမှာပါတာပဲလေ။ အဲဒါတွေကိုပြလို့ရပြီးတော့ ဟိုး တပ်မတော်တည်ဆောက်ထားတဲ့ အရှေ့ ဘက်ခြမ်းတွေကိုတော့သွားလို့မရဘူး။ ဒါကဘာလို့လဲဆိုတော့ နိုင်ငံတိုင်းမှာ ကန့်သတ်ဧရိယာဆိုတာရှိ တယ်။ ဒါသူ့ Government နဲ့ သူရဲ့စည်းကမ်းပဲ။ အဲဒီစည်းကမ်းကို လိုက်နာရမှာ Tourist တွေရဲ့ တာဝန် ပေါ့နော်။ အဲဒီတော့ သူတို့ကို ရှင်းလင်းအောင်ပြောပြထားဖို့၊ ဒါကဘာကြောင့် ကန့်သတ်ထားတာ။ ရွှေတိဂုံ ဘုရားမှာ ဖိနပ်ချွတ်ရတယ်။ နိုင်ငံခြားသားတွေက ဖိနပ်မချွတ်ချင်ဘူး။ အဲဒီလိုကျရင် ဒါ ငါတို့ တိုင်းပြည်ရဲ့ culture ဖြစ်တယ်။ ဒီကိုလာရင် ဖိနပ်ချွတ်ပြီး တက်ရမယ်ဆိုတဲ့ဟာပေါ့။ အဲဒါကြောင့် ဖိနပ် မချွတ်ချင်လို့ အပေါ်မတက်တော့ဘူး ဒါကသူဒေါသနဲ့သူ ။ ကျွန်တော်တို့ရဲ့ Culture အရ ငါတို့လူမျိုးကို Respect ပေးတယ်ဆိုရင် သူတို့လည်း ဒီအရာကို Respect အထွတ်အမြတ်ထားတဲ့ Noble Place မို့ ဖိနပ်တောင်စီးပြီးမတက်တာ။ ဒါငါတို့ရဲ့ တိုင်းပြည်က လူမျိုးရဲ့ Respect ။ သူတို့က ပိုတောင်စိတ်ဝင်စား သွားဦးမယ်။ ဒါလေးတွေက ပြောတတ်ဖို့လိုတယ်။ စကားပြန်တွေကိုလည်း ဒီလိုမျိုး Message လေးတွေ ပေးထားဖို့လိုတာပေါ့။
ကျော်နု - နောက် ကျွန်တော်တို့က ဒီ Tourist တွေက နိုင်ငံတစ်နိုင်ငံကိုလာရင် Adventures လို့ ခေါ်တဲ့ စိတ်ဝင်စားစရာ သူတို့နိုင်ငံမှာမရှိတဲ့ဟာတွေ စိတ်ဝင်စားသလို တခြားမှာ ပိုက်ဆံသုံးတာ သုံးမျိုး ရှိတယ်။ ကျွန်တော်တွေးတာပေါ့လေ။ Tour သမားက ကိုယ့်နိုင်ငံမှာမရှိတဲ့ ထူးခြားတဲ့နေရာကိုသွား ကြည့်တယ်။ ပြီးရင် ကိုယ့်နိုင်ငံမှာ မစားဖူးတဲ့ဟာတွေ သွားကြည့်တယ်။ ပြီးရင် ကိုယ့်နိုင်ငံမှာလုပ်လို့ မရတဲ့ တခြားဟာတွေပေါ့။ ဖူးခက်တို့၊ ပတ္တယားတို့ဆိုရင် အရမ်းနာမည်ကြီးတယ်။ ဘာလို့နာမည်ကြီးလဲ ဆိုတော့ နိုင်ငံခြားသားတစ်ယောက်ကသုံးတဲ့နေရာမှာ တခြားအစားအသောက်တွေအပြင် တခြားသော ကိစ္စတွေမှာသုံးကြတယ်။ သုံးကြတော့ ဒီဟာတွေလည်း ဒီနိုင်ငံမှာကျတော့ တချို့နေရာတွေကန့်သတ် ထားတာ သွားတွေ့ရတယ်။ တော်တော်လေးသူတို့ ဒီနိုင်ငံကိုလာတဲ့အခါမှာ အကန့်အသတ်တွေ သိပ်များ တယ်လို့ ခံစားရတယ်။
ဆွေးနွေးဖော် - ဒါကတော့လေ ရွေးချယ်မှုငါတို့က ဘယ် Guide ၊ ဘယ်လမ်းကြောင်းကနေ Promote လုပ်မှာလဲ။ နောက်သူတို့ကိုဘယ်လိုအရာမျိုးကို ပေးမှာလဲ။ ဥပမာ - Foodနဲ့ပတ်သက်ပြီးတော့ ပေးမယ်ဆိုရင် မုန့်ဟင်းခါးလား၊ အုန်းနို့ခေါက်ဆွဲလား သူတို့လည်းကြိုက်ကြတယ်။ ဒီ Food နဲ့ပတ်သက် လို့ Street Food တွေပေးမလား Myanmar Traditional Food တွေပေးမလား။ ဒါကခွဲပြီး ပေးသွားလို့ရ တယ်။ နောက်တစ်ခါ ဘာသာရေးလား။ ထိုင်းတွေဆို ဘုရားဖူးတာကြိုက်တယ်။ ခုနကပြောတဲ့ ဘယ် Market ကိုသွားမှာလဲ။ ဆိုပါစို့ Night Life ကြိုက်တဲ့လူကတော့ ဘန်ကောက်တို့၊ ဗီယက်နမ်တို့သွားမယ်။ မြန်မာပြည်မှာ Night Life မရှိဘူး။ ဒါမှမဟုတ်ရင် သူတို့ကို ကျွန်တော်တို့က သီးသန့်ဇုန်လေးလုပ်ပြီး တော့ Night Life ဇုန်လေးတစ်ခု ဖန်တီးပေးထားနိုင်ရင်လည်း ဒါသည် လူမျိုးစုံအတွက်ကို ဖိတ်ခေါ်လို့ရ သွားတာပေါ့။ နောက်တချို့ကျတော့လည်း ကာစီနိုက စားချင်လို့လာတယ်။ ဒါကို ဘယ် Market ကိုသွား မှာလဲ။ အစကတည်းက ကိုယ်ရွေးချယ်ပြီး ကိုယ်ရွေးချယ်ထားတဲ့ Market ကို ထိထိရောက်ရောက်ဖြစ် အောင်လုပ်သွားလို့ရတယ်။ ဥပမာ Adventure ကြိုက်တယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ ဘယ်လို နေရာမျိုးတွေက Adventure လုပ်လို့ရသလဲ။ ဥပမာ ZipLine စီးတာမျိုးလား။ ZipLine ဆိုရင်လည်း Safety ကောင်းကောင်းနဲ့လူစိတ်ဝင်စားအောင် အမြင့်ကနေ အောက်ကိုဆင်းသွားတဲ့ ZipLine လောက် မဟုတ်ဘဲနဲ့ ဒေသန္တရထူးခြားမှု တစ်ခုခုရှိတဲ့နေရာမျိုးကနေ ZipLine စီးတာမျိုး ဒါလေးတွေကို လုပ်ပေး နိုင်ရင် စိတ်ဝင်စားမယ်။ ရှုခင်းကြည့်လို့ရအောင် ဥပမာ-တောင်အမြင့်ကြီးတစ်ခုကနေမှ ZipLine နဲ့ Food court တစ်ခုလုပ်ထားပြီး စားသောက်ဆိုင်ရောင်းရင်းနဲ့ ဖုန်းဆက်လိုက်တာနဲ့ ဒီတစ်ပတ်ပြည့်ဖို့ကို တစ်နာရီလောက်ကြာတယ်။ အဲဒီအပေါ်မှာအစားအသောက်တွေရောင်းပြီးတော့ စားသောက်ရင်းနဲ့ ရှုခင်း လေးကြည့်ပြီး အချိန်ကုန်သွား တာနဲ့တင် အဲဒီလိုမျိုးလုပ်ငန်းတွေရှိတယ်။ ကျိုက်ထီး ရိုးဘုရားတို့ဆိုရင် လမ်းလျှောက်ပြီးတက်ရတာကြိုက် တယ်ဆိုရင် လမ်းလေးတွေကိုသေချာလမ်းလျှောက်လို့ ကောင်း အောင်ပြီးရင် အဲဒီလမ်းတစ်လျှောက်မှာရှိတဲ့သောက်ရေတို့၊ အိမ်သာတို့ သန့်သန့်ရှင်းရှင်းပေါ့။ စား သောက်ဆိုင်လေးဆိုလည်း နိုင်ငံခြားသားတွေ ကျန်းကျန်းမာမာနဲ့ စားသောက်နိုင်မယ့် အစားအသောက် မျိုးတွေ ဖန်တီးပေးထားပြီးတော့ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ အကွက်အကွင်းလေးတွေနဲ့ Travel ဖြစ်တဲ့ ဟာမျိုးတွေ ဖန်တီးပေးလိုက်ရင် သေချာပေါက် လမ်းလျှောက်တက်ကြမယ်။ အဲဒီလိုမျိုးတွေ ဒါလေးတွေ က နောက်တစ်ခါ Hiking ကြိုက်တယ်ဆိုရင် Hiking လုပ်ဖို့အတွက် နေရာကောင်းကောင်း ဘယ်နေရာ တွေက အကွက်အကွင်းကျမလဲ။ နောက်တစ်ခါ Golf Tour တွေကောင်းတယ် ကိုရီးယားတို့ဆိုရင် Golf စပါယ်ရှယ်ရိုက်တာ။ ဘာနိုင်ငံရေးမှစိတ်မဝင်စားဘူး။ ကိုရီးယားက မြန်မာပြည်လာရင် Golf ကွင်းဈေး ပေါတယ်။ Golf ရိုက်တယ်ပြန်မယ်ဆိုရင်လည်း Golf Tour တွေ စဉ်ဆက်မပြတ်ဖန်တီးလို့ရတယ်။ Golf ကွင်းတွေကို သေချာလုပ်ပြီးတော့။ ဆိုတော့ အကြမ်းဖျင်း ကျွန်တော်သိသလောက်က ဒီအချိန်မှာတော့ မြန်မာပြည်က Golf Tour လုပ်တာတွေက နည်းနည်းဆင်တယ်။ ကိုရီးယားတွေတော်တော်လာတယ်။ မြန်မာပြည် Golf ရိုက်ခတွေ တကယ်ပေါတယ်။ သက်သာလို့ သူတို့လာကြတယ်။ ကိုရီးယားတွေက လည်း ဆောင်းတွင်းတစ်တွင်းလုံး Golf သွားရိုက်တာ။ ရုရှားတွေကျတော့လည်း ဆောင်းတွင်းတစ်တွင်း လုံးနေပူတဲ့နေရာရေချိုးလိုက် နေလှန်းလိုက် လုပ်ကြတာပဲ။ အေးချမ်းပြီးတော့ (၂၄)နာရီ မီးရမယ်။ အင်တာနက်ကောင်းမယ် အဲဒီလိုမျိုးလေး အေးအေးချမ်းချမ်းစီစဉ်ပေးနိုင်ရင် လူဆိုတာသာယာတဲ့နေရာ ကိုပဲ ကြိုက်ကြတာ။ နောက် ခုနကပြောတဲ့ ဒီပူတာအို ဘက်တွေ တကယ်ကို Resort ပုံစံဖန်တီးပြီးတော့ စမ်းချောင်းရေဆင်းချိုးလိုက်၊ ငါးလေးဖမ်းလိုက် ဖမ်းလို့ရတဲ့ငါးလေးကိုချက်ပြုတ်ကျွေးမွေးမယ့်လူနဲ့ အဲဒီ လိုလေးထားမယ်ဆိုရင် သူကခုနကပြောသလိုလေ။ ဈေးကြီးလည်း ကိစ္စမရှိဘူးဆိုတဲ့လူတွေ အများကြီး ရှိတယ်။ သူသာယာပြီးကျေနပ်သွားဖို့လိုတယ်။ အဲဒါလေးတွေတော့ ဖန်တီးမှုတွေကတော့ အများကြီးလို တယ်။ အဲဒါကျတော့ Ministry of Tourism ခရီးသွားဝန်ကြီးဌာနက ဘက်ဂျက်တွေချပေး၊ ပရောဂျက် အသစ်တွေကို ဖန်တီးခိုင်းရှာခိုင်း ပြီးရင်ဖြစ်နိုင်တဲ့နေရာတွေ ကွင်းဆင်းကြည့်ပြီးရင် နိုင်ငံခြားသားတွေ လာလို့ရအောင် Facility ပြည်စုံအောင်ဆင်ပေးပြီး အဲဒီနေရာတွေကို တိုင်းအစိုးရအဖွဲ့တွေနဲ့ညှိနှိုင်း လုံခြုံ ရေးကောင်းအောင်သေချာလုပ်ပြီး ဒီလိုမျိုးတွေ Promote လုပ်ရင်းလုပ်ရင်းတက်လာတာ။ ဆိုတော့ နေရာတော်တော်များများကို လုပ်ရင်းလုပ်ရင်းနဲ့ တိုးချဲ့ပြီး လုပ်လို့ရသွားတာပေါ့။ အဲဒီလိုလုပ်ရင်းနဲ့ တဖြည်းဖြည်း များလာတာ။ အမြင်လည်း ကြည်သွားမယ်။ နိုင်ငံရေးကိုလည်း မြန်မာတွေက ထင်သလို မဟုတ်ဘူးဆိုတဲ့ဟာလည်းဖြစ်သွားမယ်လေ။
(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
Tourism ဆိုတာ သမီးရည္စားထားသလိုပါပဲ Tourism ကို ဖြင့္ပါ-ႏိုင္ငံေရး + စီးပြားေရးပဲ
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၇
(ယခင္တစ္ပတ္မွအဆက္)
ေက်ာ္ႏု - လက္ရွိအစိုးရကေတာ့ Tourism ေပၚမွာ အာ႐ုံစိုက္မယ့္ပုံမေပၚေသးဘူး။ စိုက္သင့္ တယ္လို႔ထင္လား။
ေဆြးေႏြးေဖာ္ - စိုက္ရမွာေပါ့ေနာ္။ သူက အရာအားလုံး ဘက္ေပါင္းစုံ ညီတူညီမွ်ျဖစ္ေနဖို႔လို တယ္။ ဆိုပါစို႔။ ႏိုင္ငံေရးဘက္ကို တည္ေဆာက္ေနရလို႔ Tourism ဘက္ကို အားေလ်ာ့ေနတယ္လို႔ ေျပာ လို႔မရဘူး။ Tourism ဘက္ကေနၿပီး ဝင္ေငြတစ္ခုကေန ကြၽန္ေတာ္ေျပာတာ အနည္းဆုံးအဆင့္ ေနျပည္ ေတာ္မွာဆို လႊတ္ေတာ္ႀကီးကို ျပစားလို႔ရတယ္။ ကြၽန္ေတာ္တို႔ ကိုရီးယားသြားရင္ သူတို႔ရဲ႕ သမၼတ အိမ္ ေတာ္ Blue House ကိုျပလိုက္တယ္။ တစ္ျခမ္းမွာေတာ့ အလုပ္လုပ္ေနမယ္။ ဒီဘက္တစ္ျခမ္းမွာ အဲဒီလို အလုပ္လုပ္တာနဲ႔ဆင္တူလုပ္ထားၿပီး ကိုရီးယားသမၼတထိုင္တဲ့ စားပြဲအတု အဲဒီမွာထိုင္ၿပီး President of Korea ဆိုၿပီးေတာ့ ဓာတ္ပုံ႐ိုက္လို႔ရတယ္။ အဲဒီမွာထိုင္ၿပီး ဓာတ္ပုံ႐ိုက္ခ်င္လို႔ တန္းစီေနတဲ့ႏိုင္ငံျခားသား ေထာင္ ခ်ီတယ္။
ေက်ာ္ႏု - အေမရိကန္ႏိုင္ငံလည္း ဒီအတိုင္းပါပဲ။
ေဆြးေႏြးေဖာ္- ခင္ဗ်ားတို႔ လႊတ္ေတာ္ႀကီးကို ျပလို႔ရတယ္။ ကြၽန္ေတာ္တို႔လႊတ္ေတာ္ႀကီးက ေတာ္ေတာ္ အဆင့္မီတာေနာ္။ Tourist ကိုျပဖို႔လည္း အလြန္ေကာင္းတာေနာ္။ ကားအစီး (၂၀) ယွဥ္ ေမာင္းလို႔ရတဲ့လမ္းမႀကီး ကမာၻမွာမရွိဘူး။ ျပလို႔ရတယ္။ ေနျပည္ေတာ္မွာတင္ကို အႀကီးဆုံး႐ုပ္တုႀကီး “Nay Pyi Taw Trip” ဆိုၿပီး ျပလို႔ရတယ္။ ႏိုင္ငံျခားသားေတြ ေနျပည္ေတာ္ကို အရမ္းစိတ္ဝင္စားၾက တယ္။ အဲဒီေတာ့ ေနာက္တစ္ခါ ဒီေ႐ႊတိဂုံဘုရားနဲ႔ ပုံတူဘုရားႀကီး။ အဓိကက ဘုရားကိုျပတာမဟုတ္ ဘူး။ ဘုရားေပၚတက္လိုက္ရင္ ေနျပည္ေတာ္ႀကီးတစ္ခုလုံးကို ျမင္ရတယ္ဆိုတဲ့ View ။ မႏၲေလးမွာ အရင္တုန္းကဆိုရင္ ဥေရာပသားေတြလာတဲ့အခါ မႏၲေလးေတာင္ေပၚတက္ၾကည့္တာ ဘုရားဖူးတာ မဟုတ္ဘူး။ မႏၲေလး ေတာင္ေပၚက ညေန ေနဝင္တဲ့ရႈခင္းကိုၾကည့္တာေလ။ ဧရာဝတီျမစ္ႀကီးရယ္၊ မႏၲေလးက်ဳံးႀကီးရယ္ကို အဲဒီအေပၚက ေနဝင္တဲ့အခ်ိန္မွာ အရသာခံၿပီးၾကည့္တာ။ ကိုေက်ာ္မ်ိဳးမင္း ေျပာသလိုပဲ ဘုရားေတြကို သြားေနတာမဟုတ္ဘူး။ အဲဒီဘုရားကေနၿပီးေတာ့ ေတာင္ျမင့္ေတာ့ ရႈခင္း ၾကည့္တာ။ ဆိုေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံစုံေရာက္ရင္ အၿမဲလုပ္တတ္တဲ့အက်င့္က အဲဒီႏိုင္ငံရဲ႕ အျမင့္ဆုံး တာဝါကိုၾကည့္ၿပီး အဲဒီေပၚကေနတက္ၿပီး သူ႔ၿမိဳ႕ႀကီးကိုၾကည့္ရတဲ့ဟာ အရသာေတာ္ေတာ္ရွိတာ။ ႏိုင္ငံ ျခားသားတိုင္းကလည္း အဲဒါမ်ိဳးကိုႀကိဳက္ၾကတာ။ ကြၽန္ေတာ္တို႔က အဲဒါေတြ ရႈခင္းေကာင္းတယ္။ ေတာင္ႀကီးတို႔ဆိုရင္ ဟိုး ေတာင္ခြၽန္းေတာင္ထိပ္ကေနၿပီးေတာ့ ေတာင္ႀကီးတစ္ခုလုံးကို ၾကည့္ရတဲ့ အရသာေနဝင္ခ်ိန္အရမ္းလွတယ္။ အဲဒီကေနမွ ညစာ စားတယ္။ ဒါမ်ိဳးေတြကို ဖန္တီးရမွာ မဟုတ္ဘူး လား။ ျမန္မာျပည္မွာ ျပလို႔ေကာင္းတဲ့ရႈခင္းေတြမွအမ်ားႀကီး။ ေနရာေပါင္းစုံမွာရွိတယ္။ အဓိကက အဲဒါေလးေတြကို ေဖာ္ထုတ္ၿပီးေတာ့ လူသိေအာင္လုပ္ဖို႔ပဲလိုတာ။ အဲဒါေတြကို စိတ္ဝင္စားလို႔ တစ္ ေယာက္မဟုတ္ တစ္ေယာက္သြားရင္းလာရင္းနဲ႔ တျဖည္းျဖည္း အဲဒီေနရာေလးက Develop ျဖစ္လာ မယ္။ ဆိုေတာ့ Tourism ကရတဲ့ဝင္ေငြက ၿငိမ္းခ်မ္းေရးလုပ္ဖို႔အတြက္ အေထာက္အကူလည္း ျဖစ္ႏိုင္ တာပဲေလ။ ေငြရွိရင္ အရာရာက ပုံမွန္ထက္ေတာ့ လြယ္ကူတယ္ေလ။ ေျပာဆိုညႇိႏႈိင္းရတာ။
ေက်ာ္ႏု - တျခားနည္းနဲ႔ေတြးရင္ Tourism က ႏိုင္ငံေရးလို႔ေျပာလို႔ရလား။
ေဆြးေႏြးေဖာ္ - ရတာေပါ့။
ေက်ာ္ႏု - ႏိုင္ငံတကာဆက္ဆံေရးလို႔လည္း ေျပာလို႔ရလား။
ေဆြးေႏြးေဖာ္ - ႏိုင္ငံတကာမွာ ျမန္မာျပည္ရဲ႕ ေကာင္းတာေတြျပတာေလ။ Tourism ဆိုတာက ေကာင္းတာေတြျပဖို႔လိုတာေလ။ ဆိုးတာေတြ ပ်ံ႕မသြားဘဲ ေကာင္းတာေတြခ်ည္းပဲျပေနတာဆိုေတာ့ Tourism ဆိုတာ အမွန္ေျပာရင္ေတာ့ သမီးရည္းစားထားသလိုပဲ။ ေတြ႕တဲ့အခ်ိန္မွာ အေကာင္းဆုံးေတြ ခ်ည္းပဲယူလာတယ္ဆိုတာမ်ိဳးေပါ့။ Tourist ေတြ ျမန္မာျပည္ကိုလာရင္ ကိုယ့္ဘက္က အေကာင္းဆုံး ေတြခ်ည္းပဲေပးလိုက္ႏိုင္ရင္ သူတို႔ ေနာက္တစ္ခါလာခ်င္စိတ္ ေပါက္သြားတာပဲ။ ဒီသေဘာပါပဲ။ ဒါက လည္း ႏိုင္ငံေရးနဲ႔ဆက္ႏႊယ္တာပဲ။ စီးပြားေရးဆိုတာလည္း ႏိုင္ငံေရးပဲ။ စီးပြားေရးေကာင္းမွ ႏိုင္ငံေရး ေကာင္းတာေလ။ အကုန္လုံးက တည္မွီေနၾကတာခ်ည္းပဲ။
ေက်ာ္ႏု -ႏိုင္ငံျခားသားေတြ ဒီကိုလာၿပီဆိုရင္ လြန္ခဲ့တဲ့ဆယ္စုႏွစ္ တစ္ခုေက်ာ္၊ ႏွစ္ခုေလာက္ တုန္းက ရင္ဆိုင္ရတာ ၾကားရတာရွိတယ္။ ႏိုင္ငံျခားသားေတြ ဒီကိုလာတယ္။ လာၿပီဆိုရင္ သူတို႔သြားခ်င္ တဲ့ေနရာ သြားလို႔မရဘူး။ ဟိုဟာကန႔္သတ္၊ ဒီဟာကန႔္သတ္နဲ႔ ကန႔္သတ္ခ်က္ေတြမ်ားတယ္။ အစိုးရ ကန႔္ သတ္ထားတဲ့ဧရိယာကိုသြားရင္ ပိတ္ပင္ခံရတာမ်ိဳးေတြ ရွိတယ္ဆိုေတာ့ ဒါကရွင္းရွင္းေျပာရရင္ ရွင္းလင္း တဲ့ Message မေပးထားလို႔၊ ကိုယ့္ဘက္က ရွင္းရွင္းလင္းလင္းမလုပ္ထားလို႔ ျမင္တယ္။ အခုလက္ရွိ ထား ႏိုင္တယ္ဆိုတာမ်ိဳး။
ေဆြးေႏြးေဖာ္- ရွိႏိုင္တာေပါ့။ ဆိုပါစို႔။ ကြၽန္ေတာ္တို႔ “Nay Pyi Taw Trip” စီစဥ္တယ္ ဆိုပါစို႔။ ေနျပည္ေတာ္မွာ ဘယ္ေနရာသြားလို႔ရတယ္၊ လႊတ္ေတာ္ ၾကည့္လို႔ရမယ္။ အခုအသစ္တည္ထားတဲ့ ထိုင္ ေတာ္မူ Smi ling ဗုဒၶေပါ့။ ဒါႀကီးကို သြားၾကည့္လို႔ရမယ္။ ဒါေတြက ေျပာရရင္ ကမာၻမွာ အႀကီးဆုံးဆိုတဲ့ ဟာေတြ ထဲမွာပါတာပဲေလ။ အဲဒါေတြကိုျပလို႔ရၿပီးေတာ့ ဟိုး တပ္မေတာ္တည္ေဆာက္ထားတဲ့ အေရွ႕ ဘက္ျခမ္းေတြကိုေတာ့သြားလို႔မရဘူး။ ဒါကဘာလို႔လဲဆိုေတာ့ ႏိုင္ငံတိုင္းမွာ ကန႔္သတ္ဧရိယာဆိုတာရွိ တယ္။ ဒါသူ႔ Government နဲ႔ သူရဲ႕စည္းကမ္းပဲ။ အဲဒီစည္းကမ္းကို လိုက္နာရမွာ Tourist ေတြရဲ႕ တာဝန္ ေပါ့ေနာ္။ အဲဒီေတာ့ သူတို႔ကို ရွင္းလင္းေအာင္ေျပာျပထားဖို႔၊ ဒါကဘာေၾကာင့္ ကန႔္သတ္ထားတာ။ ေ႐ႊတိဂုံ ဘုရားမွာ ဖိနပ္ခြၽတ္ရတယ္။ ႏိုင္ငံျခားသားေတြက ဖိနပ္မခြၽတ္ခ်င္ဘူး။ အဲဒီလိုက်ရင္ ဒါ ငါတို႔ တိုင္းျပည္ရဲ႕ culture ျဖစ္တယ္။ ဒီကိုလာရင္ ဖိနပ္ခြၽတ္ၿပီး တက္ရမယ္ဆိုတဲ့ဟာေပါ့။ အဲဒါေၾကာင့္ ဖိနပ္ မခြၽတ္ခ်င္လို႔ အေပၚမတက္ေတာ့ဘူး ဒါကသူေဒါသနဲ႔သူ ။ ကြၽန္ေတာ္တို႔ရဲ႕ Culture အရ ငါတို႔လူမ်ိဳးကို Respect ေပးတယ္ဆိုရင္ သူတို႔လည္း ဒီအရာကို Respect အထြတ္အျမတ္ထားတဲ့ Noble Place မို႔ ဖိနပ္ေတာင္စီးၿပီးမတက္တာ။ ဒါငါတို႔ရဲ႕ တိုင္းျပည္က လူမ်ိဳးရဲ႕ Respect ။ သူတို႔က ပိုေတာင္စိတ္ဝင္စား သြားဦးမယ္။ ဒါေလးေတြက ေျပာတတ္ဖို႔လိုတယ္။ စကားျပန္ေတြကိုလည္း ဒီလိုမ်ိဳး Message ေလးေတြ ေပးထားဖို႔လိုတာေပါ့။
ေက်ာ္ႏု - ေနာက္ ကြၽန္ေတာ္တို႔က ဒီ Tourist ေတြက ႏိုင္ငံတစ္ႏိုင္ငံကိုလာရင္ Adventures လို႔ ေခၚတဲ့ စိတ္ဝင္စားစရာ သူတို႔ႏိုင္ငံမွာမရွိတဲ့ဟာေတြ စိတ္ဝင္စားသလို တျခားမွာ ပိုက္ဆံသုံးတာ သုံးမ်ိဳး ရွိတယ္။ ကြၽန္ေတာ္ေတြးတာေပါ့ေလ။ Tour သမားက ကိုယ့္ႏိုင္ငံမွာမရွိတဲ့ ထူးျခားတဲ့ေနရာကိုသြား ၾကည့္တယ္။ ၿပီးရင္ ကိုယ့္ႏိုင္ငံမွာ မစားဖူးတဲ့ဟာေတြ သြားၾကည့္တယ္။ ၿပီးရင္ ကိုယ့္ႏိုင္ငံမွာလုပ္လို႔ မရတဲ့ တျခားဟာေတြေပါ့။ ဖူးခက္တို႔၊ ပတၱယားတို႔ဆိုရင္ အရမ္းနာမည္ႀကီးတယ္။ ဘာလို႔နာမည္ႀကီးလဲ ဆိုေတာ့ ႏိုင္ငံျခားသားတစ္ေယာက္ကသုံးတဲ့ေနရာမွာ တျခားအစားအေသာက္ေတြအျပင္ တျခားေသာ ကိစၥေတြမွာသုံးၾကတယ္။ သုံးၾကေတာ့ ဒီဟာေတြလည္း ဒီႏိုင္ငံမွာက်ေတာ့ တခ်ိဳ႕ေနရာေတြကန႔္သတ္ ထားတာ သြားေတြ႕ရတယ္။ ေတာ္ေတာ္ေလးသူတို႔ ဒီႏိုင္ငံကိုလာတဲ့အခါမွာ အကန႔္အသတ္ေတြ သိပ္မ်ား တယ္လို႔ ခံစားရတယ္။
ေဆြးေႏြးေဖာ္ - ဒါကေတာ့ေလ ေ႐ြးခ်ယ္မႈငါတို႔က ဘယ္ Guide ၊ ဘယ္လမ္းေၾကာင္းကေန Promote လုပ္မွာလဲ။ ေနာက္သူတို႔ကိုဘယ္လိုအရာမ်ိဳးကို ေပးမွာလဲ။ ဥပမာ - Foodနဲ႔ပတ္သက္ၿပီးေတာ့ ေပးမယ္ဆိုရင္ မုန႔္ဟင္းခါးလား၊ အုန္းႏို႔ေခါက္ဆြဲလား သူတို႔လည္းႀကိဳက္ၾကတယ္။ ဒီ Food နဲ႔ပတ္သက္ လို႔ Street Food ေတြေပးမလား Myanmar Traditional Food ေတြေပးမလား။ ဒါကခြဲၿပီး ေပးသြားလို႔ရ တယ္။ ေနာက္တစ္ခါ ဘာသာေရးလား။ ထိုင္းေတြဆို ဘုရားဖူးတာႀကိဳက္တယ္။ ခုနကေျပာတဲ့ ဘယ္ Market ကိုသြားမွာလဲ။ ဆိုပါစို႔ Night Life ႀကိဳက္တဲ့လူကေတာ့ ဘန္ေကာက္တို႔၊ ဗီယက္နမ္တို႔သြားမယ္။ ျမန္မာျပည္မွာ Night Life မရွိဘူး။ ဒါမွမဟုတ္ရင္ သူတို႔ကို ကြၽန္ေတာ္တို႔က သီးသန႔္ဇုန္ေလးလုပ္ၿပီး ေတာ့ Night Life ဇုန္ေလးတစ္ခု ဖန္တီးေပးထားႏိုင္ရင္လည္း ဒါသည္ လူမ်ိဳးစုံအတြက္ကို ဖိတ္ေခၚလို႔ရ သြားတာေပါ့။ ေနာက္တခ်ိဳ႕က်ေတာ့လည္း ကာစီႏိုက စားခ်င္လို႔လာတယ္။ ဒါကို ဘယ္ Market ကိုသြား မွာလဲ။ အစကတည္းက ကိုယ္ေ႐ြးခ်ယ္ၿပီး ကိုယ္ေ႐ြးခ်ယ္ထားတဲ့ Market ကို ထိထိေရာက္ေရာက္ျဖစ္ ေအာင္လုပ္သြားလို႔ရတယ္။ ဥပမာ Adventure ႀကိဳက္တယ္ဆိုရင္ ကြၽန္ေတာ္တို႔တိုင္းျပည္မွာ ဘယ္လို ေနရာမ်ိဳးေတြက Adventure လုပ္လို႔ရသလဲ။ ဥပမာ ZipLine စီးတာမ်ိဳးလား။ ZipLine ဆိုရင္လည္း Safety ေကာင္းေကာင္းနဲ႔လူစိတ္ဝင္စားေအာင္ အျမင့္ကေန ေအာက္ကိုဆင္းသြားတဲ့ ZipLine ေလာက္ မဟုတ္ဘဲနဲ႔ ေဒသႏၲရထူးျခားမႈ တစ္ခုခုရွိတဲ့ေနရာမ်ိဳးကေန ZipLine စီးတာမ်ိဳး ဒါေလးေတြကို လုပ္ေပး ႏိုင္ရင္ စိတ္ဝင္စားမယ္။ ရႈခင္းၾကည့္လို႔ရေအာင္ ဥပမာ-ေတာင္အျမင့္ႀကီးတစ္ခုကေနမွ ZipLine နဲ႔ Food court တစ္ခုလုပ္ထားၿပီး စားေသာက္ဆိုင္ေရာင္းရင္းနဲ႔ ဖုန္းဆက္လိုက္တာနဲ႔ ဒီတစ္ပတ္ျပည့္ဖို႔ကို တစ္နာရီေလာက္ၾကာတယ္။ အဲဒီအေပၚမွာအစားအေသာက္ေတြေရာင္းၿပီးေတာ့ စားေသာက္ရင္းနဲ႔ ရႈခင္း ေလးၾကည့္ၿပီး အခ်ိန္ကုန္သြား တာနဲ႔တင္ အဲဒီလိုမ်ိဳးလုပ္ငန္းေတြရွိတယ္။ က်ိဳက္ထီး ႐ိုးဘုရားတို႔ဆိုရင္ လမ္းေလွ်ာက္ၿပီးတက္ရတာႀကိဳက္ တယ္ဆိုရင္ လမ္းေလးေတြကိုေသခ်ာလမ္းေလွ်ာက္လို႔ ေကာင္း ေအာင္ၿပီးရင္ အဲဒီလမ္းတစ္ေလွ်ာက္မွာရွိတဲ့ေသာက္ေရတို႔၊ အိမ္သာတို႔ သန႔္သန႔္ရွင္းရွင္းေပါ့။ စား ေသာက္ဆိုင္ေလးဆိုလည္း ႏိုင္ငံျခားသားေတြ က်န္းက်န္းမာမာနဲ႔ စားေသာက္ႏိုင္မယ့္ အစားအေသာက္ မ်ိဳးေတြ ဖန္တီးေပးထားၿပီးေတာ့ ဓာတ္ပုံ႐ိုက္လို႔ေကာင္းတဲ့ အကြက္အကြင္းေလးေတြနဲ႔ Travel ျဖစ္တဲ့ ဟာမ်ိဳးေတြ ဖန္တီးေပးလိုက္ရင္ ေသခ်ာေပါက္ လမ္းေလွ်ာက္တက္ၾကမယ္။ အဲဒီလိုမ်ိဳးေတြ ဒါေလးေတြ က ေနာက္တစ္ခါ Hiking ႀကိဳက္တယ္ဆိုရင္ Hiking လုပ္ဖို႔အတြက္ ေနရာေကာင္းေကာင္း ဘယ္ေနရာ ေတြက အကြက္အကြင္းက်မလဲ။ ေနာက္တစ္ခါ Golf Tour ေတြေကာင္းတယ္ ကိုရီးယားတို႔ဆိုရင္ Golf စပါယ္ရွယ္႐ိုက္တာ။ ဘာႏိုင္ငံေရးမွစိတ္မဝင္စားဘူး။ ကိုရီးယားက ျမန္မာျပည္လာရင္ Golf ကြင္းေဈး ေပါတယ္။ Golf ႐ိုက္တယ္ျပန္မယ္ဆိုရင္လည္း Golf Tour ေတြ စဥ္ဆက္မျပတ္ဖန္တီးလို႔ရတယ္။ Golf ကြင္းေတြကို ေသခ်ာလုပ္ၿပီးေတာ့။ ဆိုေတာ့ အၾကမ္းဖ်င္း ကြၽန္ေတာ္သိသေလာက္က ဒီအခ်ိန္မွာေတာ့ ျမန္မာျပည္က Golf Tour လုပ္တာေတြက နည္းနည္းဆင္တယ္။ ကိုရီးယားေတြေတာ္ေတာ္လာတယ္။ ျမန္မာျပည္ Golf ႐ိုက္ခေတြ တကယ္ေပါတယ္။ သက္သာလို႔ သူတို႔လာၾကတယ္။ ကိုရီးယားေတြက လည္း ေဆာင္းတြင္းတစ္တြင္းလုံး Golf သြား႐ိုက္တာ။ ႐ုရွားေတြက်ေတာ့လည္း ေဆာင္းတြင္းတစ္တြင္း လုံးေနပူတဲ့ေနရာေရခ်ိဳးလိုက္ ေနလွန္းလိုက္ လုပ္ၾကတာပဲ။ ေအးခ်မ္းၿပီးေတာ့ (၂၄)နာရီ မီးရမယ္။ အင္တာနက္ေကာင္းမယ္ အဲဒီလိုမ်ိဳးေလး ေအးေအးခ်မ္းခ်မ္းစီစဥ္ေပးႏိုင္ရင္ လူဆိုတာသာယာတဲ့ေနရာ ကိုပဲ ႀကိဳက္ၾကတာ။ ေနာက္ ခုနကေျပာတဲ့ ဒီပူတာအို ဘက္ေတြ တကယ္ကို Resort ပုံစံဖန္တီးၿပီးေတာ့ စမ္းေခ်ာင္းေရဆင္းခ်ိဳးလိုက္၊ ငါးေလးဖမ္းလိုက္ ဖမ္းလို႔ရတဲ့ငါးေလးကိုခ်က္ျပဳတ္ေကြၽးေမြးမယ့္လူနဲ႔ အဲဒီ လိုေလးထားမယ္ဆိုရင္ သူကခုနကေျပာသလိုေလ။ ေဈးႀကီးလည္း ကိစၥမရွိဘူးဆိုတဲ့လူေတြ အမ်ားႀကီး ရွိတယ္။ သူသာယာၿပီးေက်နပ္သြားဖို႔လိုတယ္။ အဲဒါေလးေတြေတာ့ ဖန္တီးမႈေတြကေတာ့ အမ်ားႀကီးလို တယ္။ အဲဒါက်ေတာ့ Ministry of Tourism ခရီးသြားဝန္ႀကီးဌာနက ဘက္ဂ်က္ေတြခ်ေပး၊ ပေရာဂ်က္ အသစ္ေတြကို ဖန္တီးခိုင္းရွာခိုင္း ၿပီးရင္ျဖစ္ႏိုင္တဲ့ေနရာေတြ ကြင္းဆင္းၾကည့္ၿပီးရင္ ႏိုင္ငံျခားသားေတြ လာလို႔ရေအာင္ Facility ျပည္စုံေအာင္ဆင္ေပးၿပီး အဲဒီေနရာေတြကို တိုင္းအစိုးရအဖြဲ႕ေတြနဲ႔ညႇိႏႈိင္း လုံၿခဳံ ေရးေကာင္းေအာင္ေသခ်ာလုပ္ၿပီး ဒီလိုမ်ိဳးေတြ Promote လုပ္ရင္းလုပ္ရင္းတက္လာတာ။ ဆိုေတာ့ ေနရာေတာ္ေတာ္မ်ားမ်ားကို လုပ္ရင္းလုပ္ရင္းနဲ႔ တိုးခ်ဲ႕ၿပီး လုပ္လို႔ရသြားတာေပါ့။ အဲဒီလိုလုပ္ရင္းနဲ႔ တျဖည္းျဖည္း မ်ားလာတာ။ အျမင္လည္း ၾကည္သြားမယ္။ ႏိုင္ငံေရးကိုလည္း ျမန္မာေတြက ထင္သလို မဟုတ္ဘူးဆိုတဲ့ဟာလည္းျဖစ္သြားမယ္ေလ။
(ဆက္လက္ေဖာ္ျပပါမည္)