ယူကရိန်းနိုင်ငံထဲကို နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ အဖွဲ့ဝင်နိုင်ငံများရဲ့ငြိမ်းချမ်းရေးတပ်ဖွဲ့များ ဖြန့်ကြတ်ချထားခြင်းကို လက်မခံဟု ရုရှားအစိုးရပြော

 832

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၈

ရုရှားအစိုးရဟာ ယူကရိန်းနိုင်ငံထဲကို နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ အဖွဲ့ဝင်နိုင်ငံများရဲ့ငြိမ်းချမ်းရေးတပ်ဖွဲ့များ ဖြန့်ကြတ်ချထားခြင်းကို လက်ခံမှာမဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်က ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတပူတင်နဲ့ဆွေးနွေးချိန်အတွင်း ယူကရိန်းနိုင်ငံမှာ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များဖြန့်ကြတ်ချထားရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖူးတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ရုရှားနိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းနိုင်ငံမှာ နေတိုးအဖွဲ့ရဲ့ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ ဖြန့်ကြတ်ချ ထားတာမျိုးနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးတာမျိုးမရှိသေးကြောင်း ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက "ကျွန်တော်တို့ဟာ ယူကရိန်းနိုင်ငံမှာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် များဖြန့်ကြတ်ချထားတာနဲ့ပတ်သက်ပြီး ရွေးချယ်ထားတာမျိုးမရှိသေးဘူး၊အမေရိကန်သမ္မတဟာ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ဆွေးနွေးချိန်အတွင်းဘာတွေပြောဆိုခဲ့သလဲဆိုတာကို မသိသေးဘူး၊ကျွန်တော်တို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်းဆိုဆွေးနွေးတာမျိုးလည်းမရှိသေးဘူး" လို့ ပြောပါတယ်။

ယူကရိန်းနိုင်ငံကို နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများရဲ့ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ ဖြန့်ကြတ်ချထားရေးအစီအစဉ်ကို ပြင်သစ် နဲ့ ဗြိတိန်နိုင်ငံတို့က တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းနိုင်ငံကို နေတိုး မဟာမိတ်အဖွဲ့ရဲ့ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ ဖြန့်ကြတ်ချထားမယ့်အစီအစဉ်ဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား ဖြစ်ပွားနေတဲ့စစ်ပွဲအရှိန်ကို ပိုမိုဆိုးရွားလာဖွယ်ရှိနေကြောင်း သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဥရောပသမဂ္ဂဟာ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်ကို လမ်းချော်အောင်လုပ်ဆောင်နေကြောင်း ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။ ဥရောပသမဂ္ဂဟာ ယူကရိန်းနိုင်ငံကို စစ်ရေးအကူညီအသစ်တွေ ကူညီပေးမယ်လို့ မကြာသေးမီက သတင်းထုတ်ပြန်ခဲ့ပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ပြစ်တင်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
ယူကရိန္းႏိုင္ငံထဲကို ေနတိုးစစ္ေရးမဟာမိတ္အဖြဲ႕ အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕မ်ား ျဖန႔္ၾကတ္ခ်ထားျခင္းကို လက္မခံဟု ႐ုရွားအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၈

႐ုရွားအစိုးရဟာ ယူကရိန္းႏိုင္ငံထဲကို ေနတိုးစစ္ေရးမဟာမိတ္အဖြဲ႕ အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕မ်ား ျဖန႔္ၾကတ္ခ်ထားျခင္းကို လက္ခံမွာမဟုတ္ဘူးလို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာဗ့္က ေျပာပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ႐ုရွားသမၼတပူတင္နဲ႔ေဆြးေႏြးခ်ိန္အတြင္း ယူကရိန္းႏိုင္ငံမွာ ၿငိမ္းခ်မ္းေရး တပ္ဖြဲ႕ဝင္မ်ားျဖန႔္ၾကတ္ခ်ထားေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးဖူးတယ္လို႔ ေျပာပါတယ္။
ဒါေပမယ့္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးက ယူကရိန္းႏိုင္ငံမွာ ေနတိုးအဖြဲ႕ရဲ႕ၿငိမ္းခ်မ္းေရး တပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကတ္ခ် ထားတာမ်ိဳးနဲ႔ပတ္သက္ၿပီး တိုင္ပင္ေဆြးေႏြးတာမ်ိဳးမရွိေသးေၾကာင္း ေျပာပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးက "ကြၽန္ေတာ္တို႔ဟာ ယူကရိန္းႏိုင္ငံမွာ ေနတိုးမဟာမိတ္အဖြဲ႕ရဲ႕ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္ မ်ားျဖန႔္ၾကတ္ခ်ထားတာနဲ႔ပတ္သက္ၿပီး ေ႐ြးခ်ယ္ထားတာမ်ိဳးမရွိေသးဘူး၊အေမရိကန္သမၼတဟာ ျပင္သစ္သမၼတ မက္ခ႐ြန္နဲ႔ ေဆြးေႏြးခ်ိန္အတြင္းဘာေတြေျပာဆိုခဲ့သလဲဆိုတာကို မသိေသးဘူး၊ကြၽန္ေတာ္တို႔ကို ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေတာင္းဆိုေဆြးေႏြးတာမ်ိဳးလည္းမရွိေသးဘူး" လို႔ ေျပာပါတယ္။

ယူကရိန္းႏိုင္ငံကို ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကတ္ခ်ထားေရးအစီအစဥ္ကို ျပင္သစ္ နဲ႔ ၿဗိတိန္ႏိုင္ငံတို႔က တြန္းအားေပးေဆာင္႐ြက္ခဲ့ေၾကာင္း သိရပါတယ္။ ယူကရိန္းႏိုင္ငံကို ေနတိုး မဟာမိတ္အဖြဲ႕ရဲ႕ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကတ္ခ်ထားမယ့္အစီအစဥ္ဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား ျဖစ္ပြားေနတဲ့စစ္ပြဲအရွိန္ကို ပိုမိုဆိုး႐ြားလာဖြယ္ရွိေနေၾကာင္း သိရပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးက ဥေရာပသမဂၢဟာ ယူကရိန္းၿငိမ္းခ်မ္းေရးအစီအစဥ္ကို လမ္းေခ်ာ္ေအာင္လုပ္ေဆာင္ေနေၾကာင္း ေဝဖန္ျပစ္တင္ခဲ့ဖူးပါတယ္။ ဥေရာပသမဂၢဟာ ယူကရိန္းႏိုင္ငံကို စစ္ေရးအကူညီအသစ္ေတြ ကူညီေပးမယ္လို႔ မၾကာေသးမီက သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးက ေဝဖန္ျပစ္တင္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.