ဘာသာရေး လွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံ (၃)

 117

ဖြိုးဝေလင်း(ပုသိမ်) (NP News) - ဖေဖော်ဝါရီ ၂၈

ဘာသာရေးလွတ်လပ်ခွင့်အတွက် လူ့အခွင့်အရေးဆောင်ရွက်နေသူများဟုဆိုသောပုဂ္ဂိုလ်များ ထောက်ပြသည့်အချက်မှာ မြန်မာနိုင်ငံရှိ နိုင်ငံသား စိစစ်ရေးကတ်တွင် ကိုးကွယ်သည့်ဘာသာထည့်သွင်း ခြင်းနှင့်ပတ်သက်၍ လူ့အခွင့်အရေးနှင့်မညီကြောင်း ထောက်ပြပြောဆိုကြပါသည်။ ကမ္ဘာပေါ်တွင် နိုင်ငံ အများစုသည် မိမိတို့ကိုးကွယ်သည့်ဘာသာကို အမျိုးသားမှတ်ပုံတင်တွင် ဖော်ပြခြင်းမရှိသော်လည်း အစိုးရများ၏မှတ်တမ်းဌာနများတွင် အချက်အလက်များ ပေးသွင်းထားရသည်။ ဒီဂျစ်တယ်စနစ် နိုင်ငံ သားစိစစ်ရေးကတ်ကို တာဝန်ရှိသူက စက်ကိုအသုံးပြုစစ်ဆေးလိုက်သည်နှင့် ကိုယ်ရေးအချက်အလက် များအပြင် ကိုးကွယ်ရာဘာသာကိုလည်း အလိုအလျောက်သိရှိ နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ ကဲ့သို့ နည်းပညာမြင့်မားမှုမရှိသေးသည့်နိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် ထည့်သွင်းထားဆဲဖြစ် သည့်အပြင် EID ကတ် များအဖြစ် မကြာမီ ပြောင်းလဲအသုံးပြုတော့မည်ဖြစ်သဖြင့် အခြားနိုင်ငံများ နည်းတူ ကိုးကွယ်သည့်ဘာသာကို စိစစ်ရေးကတ်၏မျက်နှာပြင်တွင် ဖော်ပြတော့မည် မဟုတ်ဟု ယူဆ ရပါသည်။

နိုင်ငံရေးပယောဂမကင်းသည့် လူပုဂ္ဂိုလ်အချို့ နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့က တစ်ဖက် သတ် အမြင်ဖြင့် (၁၉၈၂) မြန်မာနိုင်ငံသားဥပဒေကိုထောက်ပြကာ ဘာသာရေးလွတ်လပ်ခွင့်(Freedom of reli­gion or belief) နှင့် နိုင်ငံသားဖြစ်ခွင့်(citizenship) ကို ‌ရောချစွပ်စွဲလျက်ရှိသည်။ ဒီမိုကရေစီ ဘိုး အေနိုင်ငံကြီးဟု တင်စားခေါ်ဝေါ်သည့် အမေရိကန်နိုင်ငံပင်လျှင် (၂၀၂၅)ခုနှစ် ဇန်နရဝါရီလ (၂၀)ရက်တွင် သမ္မတဒေါ်နယ်ထရမ့်က တရားမဝင် ဝင်ရောက်လာသူများ၏ အမေရိကန်မြေပေါ်တွင်မွေးဖွားသည့်က လေးများ နိုင်ငံသားပေးရမည်ဆိုသည့်ပြဋ္ဌာန်းချက်ကို ပိတ်ပင်လိုက်သည်။
(၂၀ဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၃) တွင် “မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှ တစ် ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ။ 353. “Nothing shall, except in accord with existing laws, be detrimental to the life and personal freedom of any person.”ဟု ဖော်ပြထားသည်။ ဤနေရာတွင် မည်သူ့ကိုမဆို(any person)ဟု သုံးနှုန်းထားသဖြင့် နိုင်ငံ သားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် သက်ဆိုင်မှုမရှိဘဲ နိုင်ငံတွင်းရှိလူတိုင်း၏ လွတ်လပ်မှုကို အာမခံထားခြင်း ဖြစ်သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)၏ အင်တာနက်စာမျက်နှာတွင် နိုင်ငံ တော်မှ ဘာသာရေးအဖွဲ့အစည်းများအပေါ် နှစ်စဉ်ထောက်ပံ့မှုအနေဖြင့် တစ်နှစ်လျှင် ဗုဒ္ဓဘာသာ အဖွဲ့ အစည်းတစ်ခုစီအတွက် ငွေကျပ် (၁၁၅၀ဝဝ)၊ အစ္စလာမ်ဘာ သာအဖွဲ့အစည်းတစ်ခုစီအတွက် ငွေကျပ် တစ်သိန်း၊ ပရိုတက်စတင့်အသင်းတော်အတွက် (၃၆၃၅၀)၊ ကက်သလစ်အသင်းတော်အတွက် (၁၅၆၀ဝ)၊ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများအတွက် (၃၈၅၀ဝ)၊ နတ်ကိုးကွယ်ခြင်းကဲ့သို့သော မိရိုးဖလာဘာသာ ရေး အဖွဲ့အစည်းအများအတွက် (၈၆၅၅၀)ထောက်ပံ့ကြောင်းဖော်ပြထားသည်။ သို့သော် အဖွဲ့အစည်းအ ရေအတွက်နှင့် ယခုကဲ့သို့ နိုင်ငံတော်အရေးပေါ်အခြေအနေကာလအတွင်း ဆက်လက်ထောက်ပံ့နေခြင်း ရှိ၊ မရှိကို မသိရပါ။

မြန်မာနိုင်ငံတရားဥပဒေအက်ဥပဒေ(၁၈၉၈) ပုဒ်မ ၁၃(၁)အရ မြန်မာနိုင်ငံရှိတရားရုံးများ အနေ ဖြင့် အမွေဆက်ခံခြင်း၊ အမွေကြောင်းနှင့်ပတ်သက်ခြင်း၊ ထိမ်းမြားလက်ထပ်ခြင်း၊ လူမျိုးရေးနှင့်ပတ်သက် ခြင်း၊ ဘာသာရေးနှင့်ပတ်သက်ခြင်း စသောအချက်များကို ဆုံးဖြတ်ရာတွင် အမှုသည်များမှာ ဗုဒ္ဓဘာသာ ဝင်များ ဖြစ်ကြလျှင် မြန်မာ့ဓလေ့ထုံးထမ်းဥပဒေ၊ အစ္စလာမ် ဘာသာဝင်များဖြစ်ကြလျှင် မဟာဗေဒင် ဥပ ဒေ၊ ဟိန္ဒူ ဘာသာဝင်များဖြစ်ကြလျှင် ဟိန္ဒူဥပဒေကို လိုက်နာရမည်ဟုပြဋ္ဌာန်းထားသည်။

ဘာသာရေးလွတ်လပ်ခွင့်လား လူမှုရေးရန်လိုမှုလား
မှန်ကန်မှုမရှိသော အစီရင်ခံစာများထုတ်ပြန်၍ မြန်မာနိုင်ငံကို နိုင်ငံတကာမျက်နှာစာမှ ဖိအား ပေးသကဲ့သို့ နိုင်ငံတွင်းတွင်လည်း အချို့သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသည် ဘာသာရေးလွတ် လပ်မှုအရေ ခြုံ၍ လူမှုရေးရန်လိုမှု(social hostilities) ကြီးထွားလာစေရန် လုပ်ဆောင်လျက်ရှိသည်။ လူမှုရေးရန်လို မှုဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်းတွင် ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမျိုးရေး၊ နိုင်ငံရေး၊ အတွေးအခေါ် အယူအဆကွဲပြားခြင်းကိုအကြောင်းပြု၍ အမုန်းပွားမှု၊ တင်းမာမှု၊ ပဋိပက္ခများ သို့မဟုတ် အကြမ်းဖက်မှုများဖြစ်ပေါ်စေရန်လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုကဲ့သို့ လူမှုရေးရန်လိုမှုများကို စောင့်ကြည့် လေ့လာလျက်ရှိသော Pew Research Center ၏ (၂၀ဝ၉)ခုနှစ် လူမှုရေးရန်လိုမှု အညွှန်းကိန်းများ (Social Hostili­ties Index -2009) အရ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဆော်ဒီအာရေးဗျ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဆူဒန် စသည့်နိုင်ငံများသည် လူမှုရေးရန်လိုမှု အလွန် မြင့်မားသည့်အဆင့်တွင်ရှိနေပြီး မြန်မာ၊ အီရန်၊ တူရကီနှင့် အာဖရိကနိုင်ငံအချို့တို့သည် လူမှုရေးရန်လိုမှုမြင့်မားသည့်အဆင့်တွင် ရပ် တည်လျက်ရှိသည်။ အလယ်အလတ်အဆင့်ဟုသတ်မှတ်ထားသည့် အမေရိကန်နိုင်ငံ၏ လူမှုရေးရန်လိုမှု အဆင့်သည် ဘရာဇီးနိုင်ငံနှင့် ဂျပန်နိုင်ငံတို့နှင့်နှိုင်းယှဉ်ပါက မြင့် မားနေသည်ကိုတွေ့ရသည်။ ဗီယက်နမ်၊ တရုတ်နှင့် တောင်အမေရိကနိုင်ငံအများစုသည် လူမှုရေးရန်လိုမှုတွင် နည်းပါးသည်ကိုတွေ့ရသည်။

မြန်မာ့လူ့အဖွဲ့အစည်းအတွင်းလူမှုရေးရန်လိုမှုများမြင့်တက်အောင်ဆောင်ရွက်နေသူများကြောင့် ယခုအချိန်ကာလတွင် နိုင်ငံတော်အနေဖြင့် နယ်ပယ်ပေါင်းစုံတွင် စိန်ခေါ်မှုများကိုရင်ဆိုင်နေရသည်။ အထူးသဖြင့် လူမျိုးရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ မီဒီ ယာနယ်ပယ်နှင့်လူငယ်ရေးရာနယ်ပယ်တို့တွင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘာသာရေးအမုန်းတရားမျိုးစေ့ စတင်ချပေးခဲ့သူမှာ အင်္ဂလိပ်တို့ဖြစ်သည်။ (၁၃) ရာစု ခန့်လောက်မှစ၍ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသ များသို့ အစ္စလာမ်ဘာသာဝင်များသည် ကုန် သည်များ အနေဖြင့်လည်းကောင်း၊ သာသနာပြုများအနေဖြင့် လည်းကောင်း ရောက်ရှိလာကြသည်။ တပင်ရွှေထီး လက်ထက် ပဲခူးမြို့ကိုတိုက်ခိုက်ခဲ့စဉ်က ဖမ်းဆီးရမိသည့် သုံ့ပန်းများ၊ ဘုရင့်နောင်မင်း တရားလက်ထက်တွင် ပေါ်တူဂီနှင့် အိန္ဒိယမှ မွတ်စလင်ကြေးစား အမြောက်တပ်သားများ၊ သုံ့ပန်းများကို ရွှေဘိုခရိုင် မြေဒူး၊ စစ်ကိုင်းခရိုင် ပင်းယနှင့် ခံလူး၌လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်း ကောင်း၊ ရမည်း သင်းခရိုင် ယင်းတော်၌လည်းကောင်း နေရာချထားခဲ့ သည်။ အင်္ဂလိပ်သည် မြန်မာနိုင်ငံ ကို ကိုလိုနီပြုရာတွင် မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏အစိတ်အပိုင်းအဖြစ်သွတ်သွင်းလိုက်သဖြင့် (၁၈၈၆) ခုနှစ်မှ (၁၉၃၇)ခုနှစ်အထိ နှစ်ပေါင်း (၅၁)နှစ်ကြာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံသည် တစ်ဆက်တည်းဖြစ်ခဲ့ရာ အိန္ဒိယမှဘာသာခြားများသည် မြန်မာနိုင်ငံအတွင်းသို့ တံခါးမရှိ၊ ဓားမရှိဝင်လာခဲ့ပြီး မြန်မာ့စီးပွားရေး ကဏ္ဍ အသီးသီး မှာ အင်္ဂလိပ်တို့၏အကူအညီဖြင့် ခြယ်လှယ်လွှမ်းမိုး ခဲ့သည်။ (၁၉၃၁)ခုနှစ် အင်္ဂလိပ် အစိုးရ သန်းခေါင်စာရင်းတွင် မြန်မာနိုင်ငံတွင် မူလနေထိုင်သူ မွတ်စလင် ဦးရေ (၁၈၃ယ၂၄၅) ဦးသာရှိပြီး အိန္ဒိယမှ ဝင်ရောက်လာသူမွတ်စလင်ဦးရေ (၁၇၂ယ၈၃၃) ဦးနှင့် ထိုသို့ဝင် ရောက်လာသူများမှ မွေးဖွား လာသည့် အိန္ဒိယမွတ်စလင်ဦးရေ (၂၂၃ယ၇၅၁)ဦးရှိကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကိုသိမ်းပိုက်အပြီး (၁၈၈၆)ခုနှစ်မှ (၁၉၃၁)ခုနှစ်အထိ (၄၅)နှစ်အတွင်း အိန္ဒိယနွယ်ဖွား မွတ် စလင်ဦးရေ (၃၉၆ယ၆၃၄)ဦး ရှိ နေပြီဖြစ်ကြောင်းတွေ့ရသည်။ ထို့နောက် အင်္ဂလိပ်တို့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း တိုင်းရင်းသား ဒေသများသို့ ခရစ်ယာန်သာသနာပြုများစေလွှတ်၍ တိုင်းရင်းသား များကို ခရစ်ယာန်ဘာသာသို့သွတ်သွင်း ကာ ပြည်မရှိ ဗုဒ္ဓဘာသာဝင်ဗမာတို့နှင့် ဘာသာအယူဝါဒ ကွဲပြား အောင်ဆောင်ရွက်ခဲ့သည်။ ပြည်ထောင်စုတိုင်းရင်းသားအချင်းချင်း မပူးပေါင်းမိအောင်လည်း တိုင်းရင်း သားဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို သွေးခွဲအုပ်ချုပ်နိုင်ရန်အတွက် ရှမ်းပြည် နယ်များ အက်ဥပဒေ (Shan States Act of 1888)၊ ကချင်တောင်တန်းလူမျိုးစုများ စည်းမျဉ်းဥပဒေ (Kachin Hill Tribes Regulation-1895)၊ ချင်း တောင်တန်းစည်းမျဉ်းဥပဒေ (Chin Hill Regula­tion-1896)စသဖြင့် အုပ်ချုပ်မှုစနစ်အမျိုးမျိုး၊ ဥပဒေအမျိုးမျိုး ကျင့်သုံးဆောင်ရွက်ခဲ့ပါတယ်။ (၁၉၂၁) ခုနှစ်ကနေ (၁၉၃၇) ခုနှစ်အထိ ကျင့်သုံးခဲ့တဲ့ ဒိုင်အာ ခီအုပ်ချုပ်ရေးတွင်လည်း တိုင်းရင်းသားဒေသများကို ထည့်သွင်း မထား ဘဲ ခွဲခြားအုပ်ချုပ်ရုံတင်မက ဥပဒေပြုကောင်စီမှာလည်း လူမျိုးရေးကွဲပြားမှုဖြစ်စေလိုသည့်ရည်ရွယ် ချက်ဖြင့် အထွေထွေမဲဆန္ဒနယ်မှရွေးချယ်သူများ၊ အိန္ဒိယလူမျိုးများမှ ရွေးချယ်သူများ၊ ကရင်အမျိုးသား များမှ ရွေးချယ်သူများ၊ အင်္ဂလိပ် ကပြားများမှရွေးချယ်သူများ၊ ဗြိတိသျှလူမျိုးများမှ ရွေးချယ်သူများဟု အမျိုးအစားခွဲကာ အချိုးခွဲခြားသတ်မှတ်ခဲ့သည်။ ထိုသို့ နယ်ချဲ့အင်္ဂလိပ်တို့ချခဲ့သည့်မျိုးစေ့ ဆက်လက်ရှင် သန်ကြီးထွားအောင် နိုင်ငံအချို့က ယနေ့ချိန်ခါအထိ ဆောင်ရွက်လျက်ရှိသည်။ (၁၉၈၂) နိုင်ငံသား ဖြစ်မှု ဥပဒေ၊ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ ကိုးကွယ်ရာဘာသာ ကူး ပြောင်းခြင်းဆိုင်ရာဥပဒေ၊ မြန် မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင် ရာဥပဒေ၊ တစ် လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင် ရာဥပဒေ စသည်တို့ကိုထောက်ပြလျက် ဘာသာရေး နှင့်နိုင်ငံရေး ကို ရောယှက်ထိုးနှက်လျက်ရှိသည်။ ဤကဲ့သို့အခြေအနေမျိုးတွင် မြန်မာနိုင်ငံအတွင်း လူမှုရေးရန်လိုမှု များ မြင့်တက်အောင်ဆောင်ရွက်နေ သည့်နိုင်ငံများရှိ ဘာသာရေးလွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံရှိ ဘာသာရေး လွတ်လပ်ခွင့်တို့ကိုချိန်ထိုးပြီး နိုင် ငံတကာနှင့်မိမိနိုင်ငံသားများသိရှိအောင် ဆောင်ရွက် ရပါမည်။ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးနယ်ပယ်တွင် မည်သည့် ဘာသာ ဝင်ကို တာဝန်ထမ်းဆောင်ခွင့်မရှိဟု ကန့်သတ်ထားခြင်းမရှိပါ။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များတွင် ကိုင်တွယ်ကျင့်သုံးနေသော ရာဇသတ်ကြီး ဥပဒေ(Myanmar Penal Code)တွင် ဘာသာ သာသနာဆိုင်ရာပြစ်မှုများအတွက် ပုဒ်မ (၂၉၅)မှ ပုဒ်မ (၂၉၈) အထိဖော်ပြထားပါသည်။ ပုဒ်မ (၂၉၅)သည် ကိုးကွယ်ဝတ်ပြုရာနေရာနှင့် အထွတ်အမြတ်ထား သော အရာဝတ္ထုကိုဖျက်ဆီးလျှင် ထောင်ဒဏ် နှစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုဖော်ပြထားသည်။

ပုဒ်မ ၂၉၅ (က)တွင် ဘာသာသာသနာတစ်ခုခုအား စာဖြင့်ဖြစ်စေ၊ ထင်ရှားသည့်ပုံသဏ္ဌာန်ဖြင့် ဖြစ်စေစော်ကားလျှင် ထောင်ဒဏ် (၂) နှစ်အထိဖြစ် စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် (၂)ရပ်လုံးဖြစ်စ ချမှတ် နိုင်သည်ဟုဖော်ပြထားသည်။
ပုဒ်မ (၂၉၆)တွင် ဘာသာရေးအခမ်းအနားနှင့် လူအစုအဝေးကိုနှောင့်ယှက်လျှင် ထောင်ဒဏ်(၁) နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုဖော်ပြထားသည်။
ပုဒ်မ (၂၉၇)တွင် သင်္ချိုင်းနှင့်အသုဘအခမ်းအနားဆောင်ရွက်ခြင်းများကိုနှောင့်ယှက်လျှင် ထောင်ဒဏ် (၁)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် (၂) ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုဖော်ပြထား သည်။ ပုဒ်မ (၂၉၈)တွင် ဘာသာရေးနှင့်ပတ်သက်၍ စော်ကားပြောဆိုခြင်း၊ စော်ကားသည့်အမူအရာပြသ ခြင်းပြုလုပ်လျှင် ထောင်ဒဏ် (၁)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် (၂)ရပ်လုံးဖြစ်စေ ချမှတ်နိုင် သည်ဟုဖော်ပြထားသည်။

အာဖဂန်နစ္စတန်၊ အီရန်၊ ဘရူနိုင်း၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီးနိုင်ငံတို့တွင် ဘာသာသာသနာအား ပုတ်ခတ်စော်ကားခြင်းပြုလုပ်ပါက သေဒဏ်အထိ ချမှတ်နိုင်သည့် ဥပဒေ များ ပြဋ္ဌာန်းထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ Digital Security Act-2018 တွင် အီလက်ထရွန်နစ်နည်းပညာ အသုံးပြု၍ ဘာသာသာသနာအား ပုတ်ခတ်စော်ကားပါက ထောင်ဒဏ်(၅)နှစ်နှင့် တာကာငွေ (၁)သန်း (အမေ ရိကန်ဒေါ်လာ (၈၁၉၉)ဒေါ်လာ၊ မြန်မာကျပ်ငွေ (၃၆၈)သိန်းကျော်) ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်သည်။ အခြားသောနိုင်ငံများတွင် ဘာသာ သာသနာ စော်ကားမှုအတွက် နှစ်ရှည်ထောင်ဒဏ်ချမှတ် ခြင်း၊ ကြီးမားသည့် ဒဏ်ကြေးပမာဏပေးဆောင်စေခြင်း စသည့်နည်းလမ်းများဖြင့် ထိန်းကျောင်းလျက် ရှိရာ ဘာသာပေါင်းစုံမှီတင်းနေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံအနေဖြင့်လည်း ထိုပုဒ်မများကို ခေတ်နှင့် အညီ ပြင်ဆင်သင့်သည်။

ပြည်ပြေးမီဒီယာများ၊ ဘာသာရေးဗန်းပြ NGO/INGO များသည် လူငယ်များ၏ အတွေးအခေါ် အယူ အဆများကို ပစ်မှတ်ထားစည်းရုံးလာကြသည်။ ထို့ကြောင့် မြန်မာလူငယ်တို့သည် မိမိကိုယ်မိမိ ဘာသာမဲ့ဟုကြွေးကြော်ခြင်း၊ ဘာသာရေးကြောင့် နိုင်ငံမတိုးတက်ခြင်းဟု ထင်မြင်ယူဆလာခြင်းများကို တွေ့ရသည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ လူငယ်နှင့် ဘာသာရေး ထိတွေ့မှုနည်းပါးခြင်းကြောင့်ဖြစ်သည်။ ယနေ့ခေတ် လူငယ်အများစုသည် နည်းပညာအသုံးပြုမှု ပိုမိုများ ပြားလာသည်နှင့်အမျှ မိမိတို့ကိုးကွယ် ယုံကြည်ရာဘာ သာရေးအပေါ် အားနည်းမှုများရှိလာကြသည်။ ထို့ကြောင့် လူငယ်များ ဘာသာရေးနှင့် ပိုမိုထိတွေ့လာစေရန် မိဘများ၊ ဘာသာရေးခေါင်းဆောင်များအနေဖြင့် အချိန်ယူကာ လမ်းညွှန်ပြသခြင်း၊ မရှင်းလင်းသည့်မေး ခွန်းများကို ကျိုးကြောင်းဆီလျော်စွာဖြေကြားပေးခြင်း၊ လေ့လာသင်ယူသင့်သော စာအုပ်စာတမ်းများ ရွေးချယ်ဖတ်ကြားစေခြင်း၊ လူငယ်အချင်းချင်း ဆွေးနွေးတိုင်ပင်ရန် အချိန်ပေးခြင်း များနှင့်အတူ လွတ်လပ်စွာဖြင့် ကိုးကွယ်သည့်ဘာသာအလိုက် လေ့လာသင်ယူခွင့်ပေး၍ ရင်းနှီးကျွမ်းဝင် စေခြင်းမျိုး ဆောင်ရွက်သင့်သည်။ လူငယ်များကို လမ်းòန်ပြသလိုသော လူကြီးမိဘများအနေဖြင့်လည်း ဘာသာရေးနှင့်ပတ်သက်၍ ဗဟုသုတပြည့်စုံပြီး ကျိုးကြောင်းဆီလျော်စွာ ဖြေကြားနိုင်သည့် စွမ်းရည်ရှိရ ပါမည်။ အုပ်ချုပ်သူ အစိုးရအနေဖြင့်လည်း ဘာသာသာသနာနှင့်ပတ်သက်၍ ပုတ်ခတ်စော်ကားမှုများ အပေါ် ရှာဖွေဖော်ထုတ်ဖမ်းဆီးပြီး ထိရောက်စွာအရေးယူရပါမည်။

ဘာသာရေးလွတ်လပ်ခွင့်မှသည် ပြင်ပနိုင်ငံ သို့ မဟုတ် အဖွဲ့အစည်း သို့မဟုတ် အင်အားစု တစ်ခုခုသည် နိုင်ငံတစ်နိုင်ငံကိုအလုံးစုံပျက်သုဉ်း၍ မိမိဩဇာခံဖြစ်လာစေရန် အဆင့်(၄)ဆင့်ဖြင့် လုပ်ဆောင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းကို Subversion ဟုခေါ် သည်။ Subversion သည် လက်တင် ဘာသာစကား subvertere မှလာပြီး overthrow ဖြိုဖျက်ခြင်းဟု ဘာသာပြန်နိုင်ပါသည်။

(က) Demoralization (အတွေးအမြင် ပြောင်းလဲပစ်ခြင်း)
(ခ) Destabilization (သဟဇာတဖြစ်မှုကိုချိုးဖျက် ခြင်း)
(ဂ) Crisis (ပဋိပက္ခဖန်တီးခြင်း)
(ဃ) Normalization (ဖန်တီးထားသောမူဘောင် တစ်ခုသို့ သွတ်သွင်းခြင်း)
နိုင်ငံသားတို့၏ ကိုယ်ကျင့်တရားနှင့် အတွေးအခေါ်ဆိုင်ရာအခြေခံအုတ်မြစ်များသည် ထို နိုင်ငံ၏ ဘာသာရေး၊ လူမှုဘဝနှင့် ပညာရေးပေါ် တည်မှီနေ သည်ဖြစ်ရာ ပထမအဆင့်ဖြစ်သော Demorali zation (အတွေးအမြင်ပြောင်းလဲပစ်ခြင်း)ပြုလုပ်ရန် ထိုနိုင်ငံ၏ ရှိရင်းစွဲဘာသာရေး၊ ပညာရေးနှင့် လူမှု ဘဝကို ပျက်ပြားအောင်ဆောင်ရွက်ရပါမည်။ ထိုလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် မီဒီယာနှင့် ပညာရေးစနစ်ကိုအသုံးပြုရပါမည်။ ရှိရင်းစွဲ ဘာသာရေးအစဉ်အလာမှ အချက်အလက် အချို့ကို ထောက်ပြကာ လှောင်ပြောင်ခြင်း၊ ကဲ့ရဲ့ခြင်း၊ နိမ့်ပါးသည်ဟုထင်မြင် ယူဆအောင်ပြုလုပ်ခြင်း။ (ဥပမာ-မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတွင် အမျိုးသမီးများ ဘုရားဆင်းတုတော်အား ရွှေချခြင်း၊ ပစ္စယာများ အပေါ် တက်ခွင့်မပြုခြင်း၊ ဓာတ်တော်မွေတော်နေရာများသို့ ဝင်ရောက်ခွင့်ကန့်သတ်ခြင်းများကို ထောက် ပြပြောဆိုခြင်း၊ အချို့သော သံဃာများ၏ ဝိနည်းနှင့်မညီသည့်လုပ်ရပ်များကို လူမှုမီဒီယာများ ပေါ်တွင် ကျော်ကြားအောင်ပြုလုပ်ခြင်း၊ ရှိရင်းစွဲသံဃာများကို ဝိနည်းအသုံးပြု၍ဝေဖန်ပြီး သာသနာ့ဘောင်သို့ ဝင်ရောက်သူနည်းရန်နှင့် သံဃာအင် အားလျော့ကျစေရန်ဆောင်ရွက်ခြင်း)။ ပညာရေးတွင်လည်း နိုင်ငံ တကာအကူအညီဟုအကြောင်းပြ၍ သင်ရိုးòန်းတမ်းစာအုပ်များ၊ သင်ခန်းစာများတွင် မိမိသွတ်သွင်းစေ လိုသည့်ပုံစံများ ထည့်သွင်းခြင်း။ (ဥပမာ- LGBTQ ကိစ္စရပ်များ၊ အခြားသောဘာသာဝင်တို့၏ ဘာသာ ရေး သဘောတရားများ)၊ ပညာတော်သင်ဆုများပေး၍ အဖွဲ့အစည်းများအတွင်းသို့ ဆူးညှောင့်များ သွတ် သွင်းခြင်း စသည်တို့ဆောင်ရွက်ပါသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် (၁၅)နှစ်မှ နှစ် (၂၀)ခန့် အချိန်ယူ ဆောင်ရွက်ရသည်။

ထိုကဲ့သို့ ဘာသာရေး၊ လူမှုရေး၊ ပညာရေးအ တွေးအမြင်များကိုပြောင်းလဲပြီးပါက ဒုတိယအဆင့် ဖြစ်သည့် Destabilization (သဟဇာတဖြစ်မှုကိုချိုး ဖျက်ခြင်း)အဆင့်သို့ ရောက်ရှိလာပါသည်။ ဤ အဆင့်တွင် နိုင်ငံအတွင်း၊ အဖွဲ့အစည်းအတွင်း၊ လူအုပ်စုများအတွင်း အတွေးအမြင်အပေါ်အခြေခံ၍ မတည်ငြိမ်မှုများဖြစ်ပေါ်လာသည်။ ဤအဆင့်သည် (၂)နှစ်မှ (၅)နှစ်ခန့်အထိကြာပြီး နိုင်ငံ၏ နိုင်ငံ တကာဆက်ဆံရေး၊ ကာကွယ်ရေးနှင့် စီးပွားရေးအပါအဝင် နိုင်ငံတစ်နိုင်ငံ၏ မရှိမဖြစ် လိုအပ်သော အဖွဲ့အစည်းများအတွင်း မတည်ငြိမ်မှုဖြစ်ပေါ်စေရန် ဦးတည်ဆောင်ရွက်ပါသည်။

ထို့နောက် မတည်ငြိမ်မှုမှသည် အဆင့်(၃) ဖြစ်သော ပဋိပက္ခဖြစ်ပွားသည့်အနေအထားသို့ ရောက်ရှိစေသည်။ ထိုအချိန်တွင် ပဋိပက္ခဖြစ်ပွားနေသည့်အဖွဲ့အစည်းအတွင်း တစ်ဖက်တည်းမှ အား မကောင်းစေရန် အင်အားနည်းသည့်အုပ်စုများအပေါ် မျက်နှာသာပေးခြင်း၊ တက်ြွကလှုပ်ရှားသူများပေါ် ထွက်လာစေရန် ဆောင်ရွက်ခြင်းတို့ဖြင့် ဘက်အသီးသီးစီတို့ကို ယှဉ်ပြိုင်နေခြင်းဖြင့် အင်အားယုတ်လျော့ လာအောင် ဆောင်ရွက်သည်။ နိုင်ငံ၏ အင်အားယုတ်လျော့လာချိန်တွင် သိသာထင်ရှားသောအလှည့် အပြောင်းတစ်ခုဆီသို့ ဦးတည်သော ကြီးမားသည့်ပဋိပက္ခဖြစ်ပွားစေသည်။ ဤအဆင့်သည် နိုင်ငံ၏ ခုခံ စွမ်းအားအပေါ်မူတည်၍ အနည်းဆုံး (၂)လမှ (၃)နှစ်ခန့်ကြာမြင့်သည်။

ပြင်းထန်သည့်ပဋိပက္ခကြောင့် နောက်ဆုံးတွင် နိုင်ငံသည် ကျရှုံးနိုင်ငံအဖြစ်သို့ရောက်ရှိပြီး နိုင်ငံ သားတို့အနေဖြင့် ရွေးချယ်မှုကင်းမဲ့ကာ ဩဇာလွှမ်းမိုးလိုသူ နိုင်ငံ သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် အုပ်စုအလိုက် မတူညီသော အယူဝါဒ၊ မူဝါဒဆိုင်ရာ မူဘောင်တစ်ခုအောက်သို့ ရောက်ရှိသွားပါတော့သည်။

နိဂုံးချုပ်အနေဖြင့်ဖော်ပြရလျှင် ပြင်ပနိုင်ငံအချို့ နှင့် အဖွဲ့အစည်းတို့သည် မြန်မာနိုင်ငံရှိ လူ့အဖွဲ့ အစည်းများအကြား ပဋိပက္ခဖြစ်ပွားစေရန်၊ မြန်မာနိုင်ငံအပေါ်ဩဇာလွှမ်းမိုးရန်နှင့် မြန်မာနိုင်ငံအား ကျရှုံးနိုင်ငံအဆင့်သို့ရောက်ရှိစေရန်အတွက် ဘာသာရေးလွတ်လပ်ခွင့်ကိုအသုံးချကြပါသည်။ ဘာသာရေးအုပ်စုများအပေါ် မညီမျှစွာခွဲခြားဆက်ဆံပြီး လူမှုရေးရန်လိုမှုများကို ဖန်တီးပေးလေ့ရှိပါ သည်။ နိုင်ငံသားများအနေဖြင့် မိမိတို့နိုင်ငံ၏ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေကို ဒေသတွင်းနှင့် နိုင်ငံတကာအခြေအနေများ နှိုင်းယှဉ်သုံးသပ်ကာ နိုင်ငံတော်အားဖျက်ဆီးလိုသည့် အဖျက်အမှောက် အဖွဲ့အစည်းများ၏သွေးထိုးမှုများကို ကောင်းမွန်စွာတုံ့ပြန်ချေပရပါမည်။ နိုင်ငံတော်အနေဖြင့်လည်း ဘာသာရေးဆိုင်ရာစော်ကားပုတ်ခတ်မှုများကို တရားဥပဒေနှင့်အညီ စနစ်တကျထိန်းကျောင်းရပါမည်။ နိုင်ငံသားတိုင်းကလည်း မိမိကိုးကွယ်ယုံကြည်ရာဘာသာတရားနှင့်ပတ်သက်၍ ဗဟုသုတနှင့် ကျိုး ကြောင်းဆင်ခြင်နိုင်စွမ်း မြင့်မားရပါမည်။ ဘာ သာမဲ့ခြင်းဖြင့် တိုးတက်သောနိုင်ငံကို မရရှိနိုင်ပါ။ စည်းလုံးညီညွတ်မှသာ တိုးတက်သည့်နိုင်ငံတော်ကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတွင်းရှိ ဘာသာပေါင်းစုံလူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်မှုကိုမြှင့်တင်ပြီး ဝိဝါဒမကွဲပြားဘဲ စည်းလုံး ညီညွတ်သောနိုင်ငံတော်ကြီးတည်ဆောက်နိုင်စေရန်ဆန္ဒပြုရင်း ရေးသားဖော်ပြလိုက်ရပါသည်။

zawgyi version
ဘာသာေရး လြတ္လပ္ခြင့္ႏွင့္ ျမန္မာႏိုင္ငံ (၃)
ၿဖိဳးေဝလင္း(ပုသိမ္) (NP News) - ေဖေဖာ္ဝါရီ ၂၈

ဘာသာေရးလြတ္လပ္ခြင့္အတြက္ လူ႔အခြင့္အေရးေဆာင္႐ြက္ေနသူမ်ားဟုဆိုေသာပုဂၢိဳလ္မ်ား ေထာက္ျပသည့္အခ်က္မွာ ျမန္မာႏိုင္ငံရွိ ႏိုင္ငံသား စိစစ္ေရးကတ္တြင္ ကိုးကြယ္သည့္ဘာသာထည့္သြင္း ျခင္းႏွင့္ပတ္သက္၍ လူ႔အခြင့္အေရးႏွင့္မညီေၾကာင္း ေထာက္ျပေျပာဆိုၾကပါသည္။ ကမာၻေပၚတြင္ ႏိုင္ငံ အမ်ားစုသည္ မိမိတို႔ကိုးကြယ္သည့္ဘာသာကို အမ်ိဳးသားမွတ္ပုံတင္တြင္ ေဖာ္ျပျခင္းမရွိေသာ္လည္း အစိုးရမ်ား၏မွတ္တမ္းဌာနမ်ားတြင္ အခ်က္အလက္မ်ား ေပးသြင္းထားရသည္။ ဒီဂ်စ္တယ္စနစ္ ႏိုင္ငံ သားစိစစ္ေရးကတ္ကို တာဝန္ရွိသူက စက္ကိုအသုံးျပဳစစ္ေဆးလိုက္သည္ႏွင့္ ကိုယ္ေရးအခ်က္အလက္ မ်ားအျပင္ ကိုးကြယ္ရာဘာသာကိုလည္း အလိုအေလ်ာက္သိရွိ ႏိုင္မည္ျဖစ္သည္။ ျမန္မာႏိုင္ငံ ကဲ့သို႔ နည္းပညာျမင့္မားမႈမရွိေသးသည့္ႏိုင္ငံအေနျဖင့္ လက္ရွိအေျခအေနတြင္ ထည့္သြင္းထားဆဲျဖစ္ သည့္အျပင္ EID ကတ္ မ်ားအျဖစ္ မၾကာမီ ေျပာင္းလဲအသုံးျပဳေတာ့မည္ျဖစ္သျဖင့္ အျခားႏိုင္ငံမ်ား နည္းတူ ကိုးကြယ္သည့္ဘာသာကို စိစစ္ေရးကတ္၏မ်က္ႏွာျပင္တြင္ ေဖာ္ျပေတာ့မည္ မဟုတ္ဟု ယူဆ ရပါသည္။

ႏိုင္ငံေရးပေယာဂမကင္းသည့္ လူပုဂၢိဳလ္အခ်ိဳ႕ ႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းအခ်ိဳ႕က တစ္ဖက္ သတ္ အျမင္ျဖင့္ (၁၉၈၂) ျမန္မာႏိုင္ငံသားဥပေဒကိုေထာက္ျပကာ ဘာသာေရးလြတ္လပ္ခြင့္(Freedom of reli­gion or belief) ႏွင့္ ႏိုင္ငံသားျဖစ္ခြင့္(citizenship) ကို ‌ေရာခ်စြပ္စြဲလ်က္ရွိသည္။ ဒီမိုကေရစီ ဘိုး ေအႏိုင္ငံႀကီးဟု တင္စားေခၚေဝၚသည့္ အေမရိကန္ႏိုင္ငံပင္လွ်င္ (၂၀၂၅)ခုႏွစ္ ဇန္နရဝါရီလ (၂၀)ရက္တြင္ သမၼတေဒၚနယ္ထရမ့္က တရားမဝင္ ဝင္ေရာက္လာသူမ်ား၏ အေမရိကန္ေျမေပၚတြင္ေမြးဖြားသည့္က ေလးမ်ား ႏိုင္ငံသားေပးရမည္ဆိုသည့္ျပ႒ာန္းခ်က္ကို ပိတ္ပင္လိုက္သည္။
(၂၀ဝ၈) ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ (၃၅၃) တြင္ “မည္သူ႔ကိုမွ် တည္ဆဲဥပေဒႏွင့္အညီမွ တစ္ ပါး အသက္ကိုျဖစ္ေစ၊ ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈကိုျဖစ္ေစ နစ္နာဆုံးရႈံးမႈမရွိေစရ။ 353. “Nothing shall, except in accord with existing laws, be detrimental to the life and personal freedom of any person.”ဟု ေဖာ္ျပထားသည္။ ဤေနရာတြင္ မည္သူ႔ကိုမဆို(any person)ဟု သုံးႏႈန္းထားသျဖင့္ ႏိုင္ငံ သားျဖစ္ျခင္း၊ မျဖစ္ျခင္းႏွင့္ သက္ဆိုင္မႈမရွိဘဲ ႏိုင္ငံတြင္းရွိလူတိုင္း၏ လြတ္လပ္မႈကို အာမခံထားျခင္း ျဖစ္သည္။
သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန(သာသနာေရး)၏ အင္တာနက္စာမ်က္ႏွာတြင္ ႏိုင္ငံ ေတာ္မွ ဘာသာေရးအဖြဲ႕အစည္းမ်ားအေပၚ ႏွစ္စဥ္ေထာက္ပံ့မႈအေနျဖင့္ တစ္ႏွစ္လွ်င္ ဗုဒၶဘာသာ အဖြဲ႕ အစည္းတစ္ခုစီအတြက္ ေငြက်ပ္ (၁၁၅၀ဝဝ)၊ အစၥလာမ္ဘာ သာအဖြဲ႕အစည္းတစ္ခုစီအတြက္ ေငြက်ပ္ တစ္သိန္း၊ ပ႐ိုတက္စတင့္အသင္းေတာ္အတြက္ (၃၆၃၅၀)၊ ကက္သလစ္အသင္းေတာ္အတြက္ (၁၅၆၀ဝ)၊ ဟိႏၵဴဘာသာေရးအဖြဲ႕အစည္းမ်ားအတြက္ (၃၈၅၀ဝ)၊ နတ္ကိုးကြယ္ျခင္းကဲ့သို႔ေသာ မိ႐ိုးဖလာဘာသာ ေရး အဖြဲ႕အစည္းအမ်ားအတြက္ (၈၆၅၅၀)ေထာက္ပံ့ေၾကာင္းေဖာ္ျပထားသည္။ သို႔ေသာ္ အဖြဲ႕အစည္းအ ေရအတြက္ႏွင့္ ယခုကဲ့သို႔ ႏိုင္ငံေတာ္အေရးေပၚအေျခအေနကာလအတြင္း ဆက္လက္ေထာက္ပံ့ေနျခင္း ရွိ၊ မရွိကို မသိရပါ။

ျမန္မာႏိုင္ငံတရားဥပေဒအက္ဥပေဒ(၁၈၉၈) ပုဒ္မ ၁၃(၁)အရ ျမန္မာႏိုင္ငံရွိတရား႐ုံးမ်ား အေန ျဖင့္ အေမြဆက္ခံျခင္း၊ အေမြေၾကာင္းႏွင့္ပတ္သက္ျခင္း၊ ထိမ္းျမားလက္ထပ္ျခင္း၊ လူမ်ိဳးေရးႏွင့္ပတ္သက္ ျခင္း၊ ဘာသာေရးႏွင့္ပတ္သက္ျခင္း စေသာအခ်က္မ်ားကို ဆုံးျဖတ္ရာတြင္ အမႈသည္မ်ားမွာ ဗုဒၶဘာသာ ဝင္မ်ား ျဖစ္ၾကလွ်င္ ျမန္မာ့ဓေလ့ထုံးထမ္းဥပေဒ၊ အစၥလာမ္ ဘာသာဝင္မ်ားျဖစ္ၾကလွ်င္ မဟာေဗဒင္ ဥပ ေဒ၊ ဟိႏၵဴ ဘာသာဝင္မ်ားျဖစ္ၾကလွ်င္ ဟိႏၵဴဥပေဒကို လိုက္နာရမည္ဟုျပ႒ာန္းထားသည္။

ဘာသာေရးလြတ္လပ္ခြင့္လား လူမႈေရးရန္လိုမႈလား
မွန္ကန္မႈမရွိေသာ အစီရင္ခံစာမ်ားထုတ္ျပန္၍ ျမန္မာႏိုင္ငံကို ႏိုင္ငံတကာမ်က္ႏွာစာမွ ဖိအား ေပးသကဲ့သို႔ ႏိုင္ငံတြင္းတြင္လည္း အခ်ိဳ႕ေသာ လူပုဂၢိဳလ္မ်ား၊ အဖြဲ႕အစည္းမ်ားသည္ ဘာသာေရးလြတ္ လပ္မႈအေရ ၿခဳံ၍ လူမႈေရးရန္လိုမႈ(social hostilities) ႀကီးထြားလာေစရန္ လုပ္ေဆာင္လ်က္ရွိသည္။ လူမႈေရးရန္လို မႈဆိုသည္မွာ လူ႔အဖြဲ႕အစည္းအတြင္းတြင္ ဘာသာေရး၊ ယဥ္ေက်းမႈ၊ လူမ်ိဳးေရး၊ ႏိုင္ငံေရး၊ အေတြးအေခၚ အယူအဆကြဲျပားျခင္းကိုအေၾကာင္းျပဳ၍ အမုန္းပြားမႈ၊ တင္းမာမႈ၊ ပဋိပကၡမ်ား သို႔မဟုတ္ အၾကမ္းဖက္မႈမ်ားျဖစ္ေပၚေစရန္လုပ္ေဆာင္ျခင္းျဖစ္သည္။ ထိုကဲ့သို႔ လူမႈေရးရန္လိုမႈမ်ားကို ေစာင့္ၾကည့္ ေလ့လာလ်က္ရွိေသာ Pew Research Center ၏ (၂၀ဝ၉)ခုႏွစ္ လူမႈေရးရန္လိုမႈ အၫႊန္းကိန္းမ်ား (Social Hostili­ties Index -2009) အရ ဘဂၤလားေဒ့ရွ္၊ အင္ဒိုနီးရွား၊ ေဆာ္ဒီအာေရးဗ်၊ ပါကစၥတန္၊ အာဖဂန္နစၥတန္၊ ဆူဒန္ စသည့္ႏိုင္ငံမ်ားသည္ လူမႈေရးရန္လိုမႈ အလြန္ ျမင့္မားသည့္အဆင့္တြင္ရွိေနၿပီး ျမန္မာ၊ အီရန္၊ တူရကီႏွင့္ အာဖရိကႏိုင္ငံအခ်ိဳ႕တို႔သည္ လူမႈေရးရန္လိုမႈျမင့္မားသည့္အဆင့္တြင္ ရပ္ တည္လ်က္ရွိသည္။ အလယ္အလတ္အဆင့္ဟုသတ္မွတ္ထားသည့္ အေမရိကန္ႏိုင္ငံ၏ လူမႈေရးရန္လိုမႈ အဆင့္သည္ ဘရာဇီးႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံတို႔ႏွင့္ႏႈိင္းယွဥ္ပါက ျမင့္ မားေနသည္ကိုေတြ႕ရသည္။ ဗီယက္နမ္၊ တ႐ုတ္ႏွင့္ ေတာင္အေမရိကႏိုင္ငံအမ်ားစုသည္ လူမႈေရးရန္လိုမႈတြင္ နည္းပါးသည္ကိုေတြ႕ရသည္။

ျမန္မာ့လူ႔အဖြဲ႕အစည္းအတြင္းလူမႈေရးရန္လိုမႈမ်ားျမင့္တက္ေအာင္ေဆာင္႐ြက္ေနသူမ်ားေၾကာင့္ ယခုအခ်ိန္ကာလတြင္ ႏိုင္ငံေတာ္အေနျဖင့္ နယ္ပယ္ေပါင္းစုံတြင္ စိန္ေခၚမႈမ်ားကိုရင္ဆိုင္ေနရသည္။ အထူးသျဖင့္ လူမ်ိဳးေရးနယ္ပယ္၊ ႏိုင္ငံေရးနယ္ပယ္၊ မီဒီ ယာနယ္ပယ္ႏွင့္လူငယ္ေရးရာနယ္ပယ္တို႔တြင္ ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ဘာသာေရးအမုန္းတရားမ်ိဳးေစ့ စတင္ခ်ေပးခဲ့သူမွာ အဂၤလိပ္တို႔ျဖစ္သည္။ (၁၃) ရာစု ခန႔္ေလာက္မွစ၍ ျမန္မာႏိုင္ငံ၏ ကမ္း႐ိုးတန္းေဒသ မ်ားသို႔ အစၥလာမ္ဘာသာဝင္မ်ားသည္ ကုန္ သည္မ်ား အေနျဖင့္လည္းေကာင္း၊ သာသနာျပဳမ်ားအေနျဖင့္ လည္းေကာင္း ေရာက္ရွိလာၾကသည္။ တပင္ေ႐ႊထီး လက္ထက္ ပဲခူးၿမိဳ႕ကိုတိုက္ခိုက္ခဲ့စဥ္က ဖမ္းဆီးရမိသည့္ သုံ႔ပန္းမ်ား၊ ဘုရင့္ေနာင္မင္း တရားလက္ထက္တြင္ ေပၚတူဂီႏွင့္ အိႏၵိယမွ မြတ္စလင္ေၾကးစား အေျမာက္တပ္သားမ်ား၊ သုံ႔ပန္းမ်ားကို ေ႐ႊဘိုခ႐ိုင္ ေျမဒူး၊ စစ္ကိုင္းခ႐ိုင္ ပင္းယႏွင့္ ခံလူး၌လည္းေကာင္း၊ ေက်ာက္ဆည္ခ႐ိုင္ လက္ပံ၌လည္း ေကာင္း၊ ရမည္း သင္းခ႐ိုင္ ယင္းေတာ္၌လည္းေကာင္း ေနရာခ်ထားခဲ့ သည္။ အဂၤလိပ္သည္ ျမန္မာႏိုင္ငံ ကို ကိုလိုနီျပဳရာတြင္ ျမန္မာႏိုင္ငံကို အိႏၵိယႏိုင္ငံ၏အစိတ္အပိုင္းအျဖစ္သြတ္သြင္းလိုက္သျဖင့္ (၁၈၈၆) ခုႏွစ္မွ (၁၉၃၇)ခုႏွစ္အထိ ႏွစ္ေပါင္း (၅၁)ႏွစ္ၾကာ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံသည္ တစ္ဆက္တည္းျဖစ္ခဲ့ရာ အိႏၵိယမွဘာသာျခားမ်ားသည္ ျမန္မာႏိုင္ငံအတြင္းသို႔ တံခါးမရွိ၊ ဓားမရွိဝင္လာခဲ့ၿပီး ျမန္မာ့စီးပြားေရး က႑ အသီးသီး မွာ အဂၤလိပ္တို႔၏အကူအညီျဖင့္ ျခယ္လွယ္လႊမ္းမိုး ခဲ့သည္။ (၁၉၃၁)ခုႏွစ္ အဂၤလိပ္ အစိုးရ သန္းေခါင္စာရင္းတြင္ ျမန္မာႏိုင္ငံတြင္ မူလေနထိုင္သူ မြတ္စလင္ ဦးေရ (၁၈၃ယ၂၄၅) ဦးသာရွိၿပီး အိႏၵိယမွ ဝင္ေရာက္လာသူမြတ္စလင္ဦးေရ (၁၇၂ယ၈၃၃) ဦးႏွင့္ ထိုသို႔ဝင္ ေရာက္လာသူမ်ားမွ ေမြးဖြား လာသည့္ အိႏၵိယမြတ္စလင္ဦးေရ (၂၂၃ယ၇၅၁)ဦးရွိေၾကာင္း ေဖာ္ျပထားသည္။ ထို႔ေၾကာင့္ အဂၤလိပ္တို႔ ျမန္မာႏိုင္ငံကိုသိမ္းပိုက္အၿပီး (၁၈၈၆)ခုႏွစ္မွ (၁၉၃၁)ခုႏွစ္အထိ (၄၅)ႏွစ္အတြင္း အိႏၵိယႏြယ္ဖြား မြတ္ စလင္ဦးေရ (၃၉၆ယ၆၃၄)ဦး ရွိ ေနၿပီျဖစ္ေၾကာင္းေတြ႕ရသည္။ ထို႔ေနာက္ အဂၤလိပ္တို႔သည္ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း တိုင္းရင္းသား ေဒသမ်ားသို႔ ခရစ္ယာန္သာသနာျပဳမ်ားေစလႊတ္၍ တိုင္းရင္းသား မ်ားကို ခရစ္ယာန္ဘာသာသို႔သြတ္သြင္း ကာ ျပည္မရွိ ဗုဒၶဘာသာဝင္ဗမာတို႔ႏွင့္ ဘာသာအယူဝါဒ ကြဲျပား ေအာင္ေဆာင္႐ြက္ခဲ့သည္။ ျပည္ေထာင္စုတိုင္းရင္းသားအခ်င္းခ်င္း မပူးေပါင္းမိေအာင္လည္း တိုင္းရင္း သားေဒသမ်ားႏွင့္ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမ်ားကို ေသြးခြဲအုပ္ခ်ဳပ္ႏိုင္ရန္အတြက္ ရွမ္းျပည္ နယ္မ်ား အက္ဥပေဒ (Shan States Act of 1888)၊ ကခ်င္ေတာင္တန္းလူမ်ိဳးစုမ်ား စည္းမ်ဥ္းဥပေဒ (Kachin Hill Tribes Regulation-1895)၊ ခ်င္း ေတာင္တန္းစည္းမ်ဥ္းဥပေဒ (Chin Hill Regula­tion-1896)စသျဖင့္ အုပ္ခ်ဳပ္မႈစနစ္အမ်ိဳးမ်ိဳး၊ ဥပေဒအမ်ိဳးမ်ိဳး က်င့္သုံးေဆာင္႐ြက္ခဲ့ပါတယ္။ (၁၉၂၁) ခုႏွစ္ကေန (၁၉၃၇) ခုႏွစ္အထိ က်င့္သုံးခဲ့တဲ့ ဒိုင္အာ ခီအုပ္ခ်ဳပ္ေရးတြင္လည္း တိုင္းရင္းသားေဒသမ်ားကို ထည့္သြင္း မထား ဘဲ ခြဲျခားအုပ္ခ်ဳပ္႐ုံတင္မက ဥပေဒျပဳေကာင္စီမွာလည္း လူမ်ိဳးေရးကြဲျပားမႈျဖစ္ေစလိုသည့္ရည္႐ြယ္ ခ်က္ျဖင့္ အေထြေထြမဲဆႏၵနယ္မွေ႐ြးခ်ယ္သူမ်ား၊ အိႏၵိယလူမ်ိဳးမ်ားမွ ေ႐ြးခ်ယ္သူမ်ား၊ ကရင္အမ်ိဳးသား မ်ားမွ ေ႐ြးခ်ယ္သူမ်ား၊ အဂၤလိပ္ ကျပားမ်ားမွေ႐ြးခ်ယ္သူမ်ား၊ ၿဗိတိသွ်လူမ်ိဳးမ်ားမွ ေ႐ြးခ်ယ္သူမ်ားဟု အမ်ိဳးအစားခြဲကာ အခ်ိဳးခြဲျခားသတ္မွတ္ခဲ့သည္။ ထိုသို႔ နယ္ခ်ဲ႕အဂၤလိပ္တို႔ခ်ခဲ့သည့္မ်ိဳးေစ့ ဆက္လက္ရွင္ သန္ႀကီးထြားေအာင္ ႏိုင္ငံအခ်ိဳ႕က ယေန႔ခ်ိန္ခါအထိ ေဆာင္႐ြက္လ်က္ရွိသည္။ (၁၉၈၂) ႏိုင္ငံသား ျဖစ္မႈ ဥပေဒ၊ လူဦးေရတိုးပြားႏႈန္းထိန္းညႇိျခင္းဆိုင္ရာ က်န္းမာေရးေစာင့္ေရွာက္မႈဥပေဒ၊ ကိုးကြယ္ရာဘာသာ ကူး ေျပာင္းျခင္းဆိုင္ရာဥပေဒ၊ ျမန္ မာဗုဒၶဘာသာဝင္မိန္းမမ်ား အထူးထိမ္းျမားျခင္းဆိုင္ ရာဥပေဒ၊ တစ္ လင္တစ္မယားစနစ္က်င့္သုံးျခင္းဆိုင္ ရာဥပေဒ စသည္တို႔ကိုေထာက္ျပလ်က္ ဘာသာေရး ႏွင့္ႏိုင္ငံေရး ကို ေရာယွက္ထိုးႏွက္လ်က္ရွိသည္။ ဤကဲ့သို႔အေျခအေနမ်ိဳးတြင္ ျမန္မာႏိုင္ငံအတြင္း လူမႈေရးရန္လိုမႈ မ်ား ျမင့္တက္ေအာင္ေဆာင္႐ြက္ေန သည့္ႏိုင္ငံမ်ားရွိ ဘာသာေရးလြတ္လပ္ခြင့္ႏွင့္ ျမန္မာႏိုင္ငံရွိ ဘာသာေရး လြတ္လပ္ခြင့္တို႔ကိုခ်ိန္ထိုးၿပီး ႏိုင္ ငံတကာႏွင့္မိမိႏိုင္ငံသားမ်ားသိရွိေအာင္ ေဆာင္႐ြက္ ရပါမည္။ ႏိုင္ငံေတာ္၏ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရးနယ္ပယ္တြင္ မည္သည့္ ဘာသာ ဝင္ကို တာဝန္ထမ္းေဆာင္ခြင့္မရွိဟု ကန႔္သတ္ထားျခင္းမရွိပါ။

ျမန္မာႏိုင္ငံ၏ တရားစီရင္ေရးဆိုင္ရာကိစၥရပ္မ်ားတြင္ ကိုင္တြယ္က်င့္သုံးေနေသာ ရာဇသတ္ႀကီး ဥပေဒ(Myanmar Penal Code)တြင္ ဘာသာ သာသနာဆိုင္ရာျပစ္မႈမ်ားအတြက္ ပုဒ္မ (၂၉၅)မွ ပုဒ္မ (၂၉၈) အထိေဖာ္ျပထားပါသည္။ ပုဒ္မ (၂၉၅)သည္ ကိုးကြယ္ဝတ္ျပဳရာေနရာႏွင့္ အထြတ္အျမတ္ထား ေသာ အရာဝတၳဳကိုဖ်က္ဆီးလွ်င္ ေထာင္ဒဏ္ ႏွစ္ႏွစ္အထိျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္သည္ဟုေဖာ္ျပထားသည္။

ပုဒ္မ ၂၉၅ (က)တြင္ ဘာသာသာသနာတစ္ခုခုအား စာျဖင့္ျဖစ္ေစ၊ ထင္ရွားသည့္ပုံသဏၭာန္ျဖင့္ ျဖစ္ေစေစာ္ကားလွ်င္ ေထာင္ဒဏ္ (၂) ႏွစ္အထိျဖစ္ ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ (၂)ရပ္လုံးျဖစ္စ ခ်မွတ္ ႏိုင္သည္ဟုေဖာ္ျပထားသည္။
ပုဒ္မ (၂၉၆)တြင္ ဘာသာေရးအခမ္းအနားႏွင့္ လူအစုအေဝးကိုေႏွာင့္ယွက္လွ်င္ ေထာင္ဒဏ္(၁) ႏွစ္ အထိျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္(၂)ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္သည္ဟုေဖာ္ျပထားသည္။
ပုဒ္မ (၂၉၇)တြင္ သခ်ႋဳင္းႏွင့္အသုဘအခမ္းအနားေဆာင္႐ြက္ျခင္းမ်ားကိုေႏွာင့္ယွက္လွ်င္ ေထာင္ဒဏ္ (၁)ႏွစ္အထိျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ (၂) ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္သည္ဟုေဖာ္ျပထား သည္။ ပုဒ္မ (၂၉၈)တြင္ ဘာသာေရးႏွင့္ပတ္သက္၍ ေစာ္ကားေျပာဆိုျခင္း၊ ေစာ္ကားသည့္အမူအရာျပသ ျခင္းျပဳလုပ္လွ်င္ ေထာင္ဒဏ္ (၁)ႏွစ္အထိျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ (၂)ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ သည္ဟုေဖာ္ျပထားသည္။

အာဖဂန္နစၥတန္၊ အီရန္၊ ဘ႐ူႏိုင္း၊ ပါကစၥတန္၊ ေဆာ္ဒီအာေရဗ်၊ ကာတာ၊ ယူေအအီးႏိုင္ငံတို႔တြင္ ဘာသာသာသနာအား ပုတ္ခတ္ေစာ္ကားျခင္းျပဳလုပ္ပါက ေသဒဏ္အထိ ခ်မွတ္ႏိုင္သည့္ ဥပေဒ မ်ား ျပ႒ာန္းထားသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ Digital Security Act-2018 တြင္ အီလက္ထ႐ြန္နစ္နည္းပညာ အသုံးျပဳ၍ ဘာသာသာသနာအား ပုတ္ခတ္ေစာ္ကားပါက ေထာင္ဒဏ္(၅)ႏွစ္ႏွင့္ တာကာေငြ (၁)သန္း (အေမ ရိကန္ေဒၚလာ (၈၁၉၉)ေဒၚလာ၊ ျမန္မာက်ပ္ေငြ (၃၆၈)သိန္းေက်ာ္) ဒဏ္ေၾကးေပးေဆာင္ရမည္ ျဖစ္သည္။ အျခားေသာႏိုင္ငံမ်ားတြင္ ဘာသာ သာသနာ ေစာ္ကားမႈအတြက္ ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္ ျခင္း၊ ႀကီးမားသည့္ ဒဏ္ေၾကးပမာဏေပးေဆာင္ေစျခင္း စသည့္နည္းလမ္းမ်ားျဖင့္ ထိန္းေက်ာင္းလ်က္ ရွိရာ ဘာသာေပါင္းစုံမွီတင္းေနထိုင္လ်က္ရွိသည့္ ျမန္မာႏိုင္ငံအေနျဖင့္လည္း ထိုပုဒ္မမ်ားကို ေခတ္ႏွင့္ အညီ ျပင္ဆင္သင့္သည္။

ျပည္ေျပးမီဒီယာမ်ား၊ ဘာသာေရးဗန္းျပ NGO/INGO မ်ားသည္ လူငယ္မ်ား၏ အေတြးအေခၚ အယူ အဆမ်ားကို ပစ္မွတ္ထားစည္း႐ုံးလာၾကသည္။ ထို႔ေၾကာင့္ ျမန္မာလူငယ္တို႔သည္ မိမိကိုယ္မိမိ ဘာသာမဲ့ဟုေႂကြးေၾကာ္ျခင္း၊ ဘာသာေရးေၾကာင့္ ႏိုင္ငံမတိုးတက္ျခင္းဟု ထင္ျမင္ယူဆလာျခင္းမ်ားကို ေတြ႕ရသည္။ ထိုကဲ့သို႔ျဖစ္ရျခင္းမွာ လူငယ္ႏွင့္ ဘာသာေရး ထိေတြ႕မႈနည္းပါးျခင္းေၾကာင့္ျဖစ္သည္။ ယေန႔ေခတ္ လူငယ္အမ်ားစုသည္ နည္းပညာအသုံးျပဳမႈ ပိုမိုမ်ား ျပားလာသည္ႏွင့္အမွ် မိမိတို႔ကိုးကြယ္ ယုံၾကည္ရာဘာ သာေရးအေပၚ အားနည္းမႈမ်ားရွိလာၾကသည္။ ထို႔ေၾကာင့္ လူငယ္မ်ား ဘာသာေရးႏွင့္ ပိုမိုထိေတြ႕လာေစရန္ မိဘမ်ား၊ ဘာသာေရးေခါင္းေဆာင္မ်ားအေနျဖင့္ အခ်ိန္ယူကာ လမ္းၫႊန္ျပသျခင္း၊ မရွင္းလင္းသည့္ေမး ခြန္းမ်ားကို က်ိဳးေၾကာင္းဆီေလ်ာ္စြာေျဖၾကားေပးျခင္း၊ ေလ့လာသင္ယူသင့္ေသာ စာအုပ္စာတမ္းမ်ား ေ႐ြးခ်ယ္ဖတ္ၾကားေစျခင္း၊ လူငယ္အခ်င္းခ်င္း ေဆြးေႏြးတိုင္ပင္ရန္ အခ်ိန္ေပးျခင္း မ်ားႏွင့္အတူ လြတ္လပ္စြာျဖင့္ ကိုးကြယ္သည့္ဘာသာအလိုက္ ေလ့လာသင္ယူခြင့္ေပး၍ ရင္းႏွီးကြၽမ္းဝင္ ေစျခင္းမ်ိဳး ေဆာင္႐ြက္သင့္သည္။ လူငယ္မ်ားကို လမ္းòန္ျပသလိုေသာ လူႀကီးမိဘမ်ားအေနျဖင့္လည္း ဘာသာေရးႏွင့္ပတ္သက္၍ ဗဟုသုတျပည့္စုံၿပီး က်ိဳးေၾကာင္းဆီေလ်ာ္စြာ ေျဖၾကားႏိုင္သည့္ စြမ္းရည္ရွိရ ပါမည္။ အုပ္ခ်ဳပ္သူ အစိုးရအေနျဖင့္လည္း ဘာသာသာသနာႏွင့္ပတ္သက္၍ ပုတ္ခတ္ေစာ္ကားမႈမ်ား အေပၚ ရွာေဖြေဖာ္ထုတ္ဖမ္းဆီးၿပီး ထိေရာက္စြာအေရးယူရပါမည္။

ဘာသာေရးလြတ္လပ္ခြင့္မွသည္ ျပင္ပႏိုင္ငံ သို႔ မဟုတ္ အဖြဲ႕အစည္း သို႔မဟုတ္ အင္အားစု တစ္ခုခုသည္ ႏိုင္ငံတစ္ႏိုင္ငံကိုအလုံးစုံပ်က္သုဥ္း၍ မိမိဩဇာခံျဖစ္လာေစရန္ အဆင့္(၄)ဆင့္ျဖင့္ လုပ္ေဆာင္ပါသည္။ ထိုသို႔ျပဳလုပ္ျခင္းကို Subversion ဟုေခၚ သည္။ Subversion သည္ လက္တင္ ဘာသာစကား subvertere မွလာၿပီး overthrow ၿဖိဳဖ်က္ျခင္းဟု ဘာသာျပန္ႏိုင္ပါသည္။

(က) Demoralization (အေတြးအျမင္ ေျပာင္းလဲပစ္ျခင္း)
(ခ) Destabilization (သဟဇာတျဖစ္မႈကိုခ်ိဳးဖ်က္ ျခင္း)
(ဂ) Crisis (ပဋိပကၡဖန္တီးျခင္း)
(ဃ) Normalization (ဖန္တီးထားေသာမူေဘာင္ တစ္ခုသို႔ သြတ္သြင္းျခင္း)
ႏိုင္ငံသားတို႔၏ ကိုယ္က်င့္တရားႏွင့္ အေတြးအေခၚဆိုင္ရာအေျခခံအုတ္ျမစ္မ်ားသည္ ထို ႏိုင္ငံ၏ ဘာသာေရး၊ လူမႈဘဝႏွင့္ ပညာေရးေပၚ တည္မွီေန သည္ျဖစ္ရာ ပထမအဆင့္ျဖစ္ေသာ Demorali zation (အေတြးအျမင္ေျပာင္းလဲပစ္ျခင္း)ျပဳလုပ္ရန္ ထိုႏိုင္ငံ၏ ရွိရင္းစြဲဘာသာေရး၊ ပညာေရးႏွင့္ လူမႈ ဘဝကို ပ်က္ျပားေအာင္ေဆာင္႐ြက္ရပါမည္။ ထိုလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ရန္အတြက္ မီဒီယာႏွင့္ ပညာေရးစနစ္ကိုအသုံးျပဳရပါမည္။ ရွိရင္းစြဲ ဘာသာေရးအစဥ္အလာမွ အခ်က္အလက္ အခ်ိဳ႕ကို ေထာက္ျပကာ ေလွာင္ေျပာင္ျခင္း၊ ကဲ့ရဲ႕ျခင္း၊ နိမ့္ပါးသည္ဟုထင္ျမင္ ယူဆေအာင္ျပဳလုပ္ျခင္း။ (ဥပမာ-ျမန္မာ့ယဥ္ေက်းမႈ အစဥ္အလာတြင္ အမ်ိဳးသမီးမ်ား ဘုရားဆင္းတုေတာ္အား ေ႐ႊခ်ျခင္း၊ ပစၥယာမ်ား အေပၚ တက္ခြင့္မျပဳျခင္း၊ ဓာတ္ေတာ္ေမြေတာ္ေနရာမ်ားသို႔ ဝင္ေရာက္ခြင့္ကန႔္သတ္ျခင္းမ်ားကို ေထာက္ ျပေျပာဆိုျခင္း၊ အခ်ိဳ႕ေသာ သံဃာမ်ား၏ ဝိနည္းႏွင့္မညီသည့္လုပ္ရပ္မ်ားကို လူမႈမီဒီယာမ်ား ေပၚတြင္ ေက်ာ္ၾကားေအာင္ျပဳလုပ္ျခင္း၊ ရွိရင္းစြဲသံဃာမ်ားကို ဝိနည္းအသုံးျပဳ၍ေဝဖန္ၿပီး သာသနာ့ေဘာင္သို႔ ဝင္ေရာက္သူနည္းရန္ႏွင့္ သံဃာအင္ အားေလ်ာ့က်ေစရန္ေဆာင္႐ြက္ျခင္း)။ ပညာေရးတြင္လည္း ႏိုင္ငံ တကာအကူအညီဟုအေၾကာင္းျပ၍ သင္႐ိုးòန္းတမ္းစာအုပ္မ်ား၊ သင္ခန္းစာမ်ားတြင္ မိမိသြတ္သြင္းေစ လိုသည့္ပုံစံမ်ား ထည့္သြင္းျခင္း။ (ဥပမာ- LGBTQ ကိစၥရပ္မ်ား၊ အျခားေသာဘာသာဝင္တို႔၏ ဘာသာ ေရး သေဘာတရားမ်ား)၊ ပညာေတာ္သင္ဆုမ်ားေပး၍ အဖြဲ႕အစည္းမ်ားအတြင္းသို႔ ဆူးေညႇာင့္မ်ား သြတ္ သြင္းျခင္း စသည္တို႔ေဆာင္႐ြက္ပါသည္။ ထိုကဲ့သို႔ျပဳလုပ္ျခင္းသည္ (၁၅)ႏွစ္မွ ႏွစ္ (၂၀)ခန႔္ အခ်ိန္ယူ ေဆာင္႐ြက္ရသည္။

ထိုကဲ့သို႔ ဘာသာေရး၊ လူမႈေရး၊ ပညာေရးအ ေတြးအျမင္မ်ားကိုေျပာင္းလဲၿပီးပါက ဒုတိယအဆင့္ ျဖစ္သည့္ Destabilization (သဟဇာတျဖစ္မႈကိုခ်ိဳး ဖ်က္ျခင္း)အဆင့္သို႔ ေရာက္ရွိလာပါသည္။ ဤ အဆင့္တြင္ ႏိုင္ငံအတြင္း၊ အဖြဲ႕အစည္းအတြင္း၊ လူအုပ္စုမ်ားအတြင္း အေတြးအျမင္အေပၚအေျခခံ၍ မတည္ၿငိမ္မႈမ်ားျဖစ္ေပၚလာသည္။ ဤအဆင့္သည္ (၂)ႏွစ္မွ (၅)ႏွစ္ခန႔္အထိၾကာၿပီး ႏိုင္ငံ၏ ႏိုင္ငံ တကာဆက္ဆံေရး၊ ကာကြယ္ေရးႏွင့္ စီးပြားေရးအပါအဝင္ ႏိုင္ငံတစ္ႏိုင္ငံ၏ မရွိမျဖစ္ လိုအပ္ေသာ အဖြဲ႕အစည္းမ်ားအတြင္း မတည္ၿငိမ္မႈျဖစ္ေပၚေစရန္ ဦးတည္ေဆာင္႐ြက္ပါသည္။

ထို႔ေနာက္ မတည္ၿငိမ္မႈမွသည္ အဆင့္(၃) ျဖစ္ေသာ ပဋိပကၡျဖစ္ပြားသည့္အေနအထားသို႔ ေရာက္ရွိေစသည္။ ထိုအခ်ိန္တြင္ ပဋိပကၡျဖစ္ပြားေနသည့္အဖြဲ႕အစည္းအတြင္း တစ္ဖက္တည္းမွ အား မေကာင္းေစရန္ အင္အားနည္းသည့္အုပ္စုမ်ားအေပၚ မ်က္ႏွာသာေပးျခင္း၊ တက္ျြကလႈပ္ရွားသူမ်ားေပၚ ထြက္လာေစရန္ ေဆာင္႐ြက္ျခင္းတို႔ျဖင့္ ဘက္အသီးသီးစီတို႔ကို ယွဥ္ၿပိဳင္ေနျခင္းျဖင့္ အင္အားယုတ္ေလ်ာ့ လာေအာင္ ေဆာင္႐ြက္သည္။ ႏိုင္ငံ၏ အင္အားယုတ္ေလ်ာ့လာခ်ိန္တြင္ သိသာထင္ရွားေသာအလွည့္ အေျပာင္းတစ္ခုဆီသို႔ ဦးတည္ေသာ ႀကီးမားသည့္ပဋိပကၡျဖစ္ပြားေစသည္။ ဤအဆင့္သည္ ႏိုင္ငံ၏ ခုခံ စြမ္းအားအေပၚမူတည္၍ အနည္းဆုံး (၂)လမွ (၃)ႏွစ္ခန႔္ၾကာျမင့္သည္။

ျပင္းထန္သည့္ပဋိပကၡေၾကာင့္ ေနာက္ဆုံးတြင္ ႏိုင္ငံသည္ က်ရႈံးႏိုင္ငံအျဖစ္သို႔ေရာက္ရွိၿပီး ႏိုင္ငံ သားတို႔အေနျဖင့္ ေ႐ြးခ်ယ္မႈကင္းမဲ့ကာ ဩဇာလႊမ္းမိုးလိုသူ ႏိုင္ငံ သို႔မဟုတ္ အဖြဲ႕အစည္း သို႔မဟုတ္ အုပ္စုအလိုက္ မတူညီေသာ အယူဝါဒ၊ မူဝါဒဆိုင္ရာ မူေဘာင္တစ္ခုေအာက္သို႔ ေရာက္ရွိသြားပါေတာ့သည္။

နိဂုံးခ်ဳပ္အေနျဖင့္ေဖာ္ျပရလွ်င္ ျပင္ပႏိုင္ငံအခ်ိဳ႕ ႏွင့္ အဖြဲ႕အစည္းတို႔သည္ ျမန္မာႏိုင္ငံရွိ လူ႔အဖြဲ႕ အစည္းမ်ားအၾကား ပဋိပကၡျဖစ္ပြားေစရန္၊ ျမန္မာႏိုင္ငံအေပၚဩဇာလႊမ္းမိုးရန္ႏွင့္ ျမန္မာႏိုင္ငံအား က်ရႈံးႏိုင္ငံအဆင့္သို႔ေရာက္ရွိေစရန္အတြက္ ဘာသာေရးလြတ္လပ္ခြင့္ကိုအသုံးခ်ၾကပါသည္။ ဘာသာေရးအုပ္စုမ်ားအေပၚ မညီမွ်စြာခြဲျခားဆက္ဆံၿပီး လူမႈေရးရန္လိုမႈမ်ားကို ဖန္တီးေပးေလ့ရွိပါ သည္။ ႏိုင္ငံသားမ်ားအေနျဖင့္ မိမိတို႔ႏိုင္ငံ၏ ဘာသာေရးလြတ္လပ္ခြင့္အေျခအေနကို ေဒသတြင္းႏွင့္ ႏိုင္ငံတကာအေျခအေနမ်ား ႏႈိင္းယွဥ္သုံးသပ္ကာ ႏိုင္ငံေတာ္အားဖ်က္ဆီးလိုသည့္ အဖ်က္အေမွာက္ အဖြဲ႕အစည္းမ်ား၏ေသြးထိုးမႈမ်ားကို ေကာင္းမြန္စြာတုံ႔ျပန္ေခ်ပရပါမည္။ ႏိုင္ငံေတာ္အေနျဖင့္လည္း ဘာသာေရးဆိုင္ရာေစာ္ကားပုတ္ခတ္မႈမ်ားကို တရားဥပေဒႏွင့္အညီ စနစ္တက်ထိန္းေက်ာင္းရပါမည္။ ႏိုင္ငံသားတိုင္းကလည္း မိမိကိုးကြယ္ယုံၾကည္ရာဘာသာတရားႏွင့္ပတ္သက္၍ ဗဟုသုတႏွင့္ က်ိဳး ေၾကာင္းဆင္ျခင္ႏိုင္စြမ္း ျမင့္မားရပါမည္။ ဘာ သာမဲ့ျခင္းျဖင့္ တိုးတက္ေသာႏိုင္ငံကို မရရွိႏိုင္ပါ။ စည္းလုံးညီၫြတ္မွသာ တိုးတက္သည့္ႏိုင္ငံေတာ္ကို ပိုင္ဆိုင္ရမည္ျဖစ္သည္။ ထို႔ေၾကာင့္ ႏိုင္ငံတြင္းရွိ ဘာသာေပါင္းစုံလူ႔အဖြဲ႕အစည္းမ်ားအၾကား သဟဇာတျဖစ္မႈကိုျမႇင့္တင္ၿပီး ဝိဝါဒမကြဲျပားဘဲ စည္းလုံး ညီၫြတ္ေသာႏိုင္ငံေတာ္ႀကီးတည္ေဆာက္ႏိုင္ေစရန္ဆႏၵျပဳရင္း ေရးသားေဖာ္ျပလိုက္ရပါသည္။

Related news

© 2021. All rights reserved.