ကျည်အစစ်ဖြင့်ပစ်ခတ်သော စစ်ရေးလေ့ကျင့်ခန်းနှင့် ပတ်သက်ပြီး ပြန်တောင်းပန်ရန် အကြောင်းမရှိဟု တရုတ်အစိုးရ ပြော

 4372

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၈

တရုတ်အစိုးရအနေဖြင့် ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံကြား နိုင်ငံတကာ ရေပိုင်နက်တွင် စစ်ရေးလေ့ကျင့်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဩစတြေး လျနိုင်ငံကို ပြန်လည်တောင်းပန်ရန်အကြောင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ဩစတြေးလျ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက စစ်ရေးလေ့ကျင့် ခန်းသည် နိုင်ငံတကာဥပဒေများနှင့်အညီလုပ်ကိုင် ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။ ပြီးခဲ့သောသီ တင်းပတ်အတွင်း တရုတ်ရေတပ်မှ စစ်သင်္ဘော (၄၉)စင်းသည် ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံကြားရှိ တက်မန်ပင်လယ်ပြင်တွင်ကျည်အစစ်ဖြင့် ပစ်ခတ်သော စစ်ရေးလေ့ကျင့်ခန်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဩစတြေးလျ နှင့် နယူးဇီလန်နိုင်ငံက တရုတ်နိုင်ငံသည် စစ်ရေးလေ့ကျင့်ခန်းနှင့်ပတ်သက် ပြီး ကြိုတင်သတိပေးခြင်းများ မရှိခဲ့ကြောင်း၊ တရုတ်ရေတပ်၏ လုပ်ရပ်များနှင့်ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရ ကြောင်း ပြောဆိုထားသည်။ သို့သော်လည်း တရုတ်သံအမတ်ကြီး Xiao Qian က "ရေတပ်တပ်ဖွဲ့ တွေ ရဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ဘက်က ပြန်တောင်းပန်မယ့်အစီအစဉ်မရှိဘူး။ မတူ ကွဲပြားတဲ့နိုင်ငံတွေမှာ လေ့ကျင့်မှုနဲ့ပတ်သက်ပြီး သ ဘောသဘာဝ၊ လေ့ကျင့်မှုအရွယ်အစားနဲ့ လေ့ကျင့် မှုနယ်ပယ်ပေါ်မူတည်ပြီး ကွဲပြားပါတယ်"ဟု ပြောသည်။

ထို့ပြင်တရုတ်သံအမတ်ကြီးက စစ်ရေး လေ့ကျင့်ခန်းသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန် သွယ်ဖက်နိုင်ငံဖြစ်သော ဩစတြေးလျနိုင်ငံအပေါ် ခြိမ်းခြောက်မှု လုပ်ဆောင်ခြင်းမျိုးမဟုတ်ကြောင်း ပြောသည်။ တရုတ်သံအမတ်ကြီးက"ဒေသအတွင်း အဓိကအင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ ထိန်းကျောင်း စရာတွေ အများကြီးရှိတဲ့အတွက် သူတို့ရဲ့ရေယာဉ် တွေကို ဒေသအသီးသီးကို စေလွှတ်တာဟာ ပုံမှန်ပါပဲ"ဟု ပြောသည်။

တရုတ်ရေတပ်သည် ပြီးခဲ့သောသီတင်း ပတ်တွင် ဖရီးဂိတ်သင်္ဘောများ၊ ခရူဇာသင်္ဘောများ၊အပါအဝင်စစ်ရေယာဉ်မျိုးစုံပါဝင်နေသော စစ်ရေး လေ့ကျင့်ခန်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

zawgyi version
က်ည္အစစ္ျဖင့္ပစ္ခတ္ေသာ စစ္ေရးေလ့က်င့္ခန္းႏွင့္ ပတ္သက္ၿပီး ျပန္ေတာင္းပန္ရန္ အေၾကာင္းမရွိဟု တ႐ုတ္အစိုးရ ေျပာ
ဂျန်ဇက် (NP News) - ေဖေဖာ္ဝါရီ ၂၈

တ႐ုတ္အစိုးရအေနျဖင့္ ဩစေၾတးလ်ႏွင့္ နယူးဇီလန္ႏိုင္ငံၾကား ႏိုင္ငံတကာ ေရပိုင္နက္တြင္ စစ္ေရးေလ့က်င့္ခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ဩစေၾတး လ်ႏိုင္ငံကို ျပန္လည္ေတာင္းပန္ရန္အေၾကာင္းမရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ဩစေၾတးလ် ႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးက စစ္ေရးေလ့က်င့္ ခန္းသည္ ႏိုင္ငံတကာဥပေဒမ်ားႏွင့္အညီလုပ္ကိုင္ ခဲ့ျခင္းျဖစ္ေၾကာင္း တုံ႔ျပန္ထားသည္။ ၿပီးခဲ့ေသာသီ တင္းပတ္အတြင္း တ႐ုတ္ေရတပ္မွ စစ္သေဘၤာ (၄၉)စင္းသည္ ဩစေၾတးလ်ႏွင့္ နယူးဇီလန္ႏိုင္ငံၾကားရွိ တက္မန္ပင္လယ္ျပင္တြင္က်ည္အစစ္ျဖင့္ ပစ္ခတ္ေသာ စစ္ေရးေလ့က်င့္ခန္းမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ဩစေၾတးလ် ႏွင့္ နယူးဇီလန္ႏိုင္ငံက တ႐ုတ္ႏိုင္ငံသည္ စစ္ေရးေလ့က်င့္ခန္းႏွင့္ပတ္သက္ ၿပီး ႀကိဳတင္သတိေပးျခင္းမ်ား မရွိခဲ့ေၾကာင္း၊ တ႐ုတ္ေရတပ္၏ လုပ္ရပ္မ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈျဖစ္ရ ေၾကာင္း ေျပာဆိုထားသည္။ သို႔ေသာ္လည္း တ႐ုတ္သံအမတ္ႀကီး Xiao Qian က "ေရတပ္တပ္ဖြဲ႕ ေတြ ရဲ႕ စစ္ေရးေလ့က်င့္မႈနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံ ဘက္က ျပန္ေတာင္းပန္မယ့္အစီအစဥ္မရွိဘူး။ မတူ ကြဲျပားတဲ့ႏိုင္ငံေတြမွာ ေလ့က်င့္မႈနဲ႔ပတ္သက္ၿပီး သ ေဘာသဘာဝ၊ ေလ့က်င့္မႈအ႐ြယ္အစားနဲ႔ ေလ့က်င့္ မႈနယ္ပယ္ေပၚမူတည္ၿပီး ကြဲျပားပါတယ္"ဟု ေျပာသည္။

ထို႔ျပင္တ႐ုတ္သံအမတ္ႀကီးက စစ္ေရး ေလ့က်င့္ခန္းသည္ တ႐ုတ္ႏိုင္ငံ၏ အႀကီးဆုံးကုန္ သြယ္ဖက္ႏိုင္ငံျဖစ္ေသာ ဩစေၾတးလ်ႏိုင္ငံအေပၚ ၿခိမ္းေျခာက္မႈ လုပ္ေဆာင္ျခင္းမ်ိဳးမဟုတ္ေၾကာင္း ေျပာသည္။ တ႐ုတ္သံအမတ္ႀကီးက"ေဒသအတြင္း အဓိကအင္အားႀကီးႏိုင္ငံတစ္ခုအေနနဲ႔ ထိန္းေက်ာင္း စရာေတြ အမ်ားႀကီးရွိတဲ့အတြက္ သူတို႔ရဲ႕ေရယာဥ္ ေတြကို ေဒသအသီးသီးကို ေစလႊတ္တာဟာ ပုံမွန္ပါပဲ"ဟု ေျပာသည္။

တ႐ုတ္ေရတပ္သည္ ၿပီးခဲ့ေသာသီတင္း ပတ္တြင္ ဖရီးဂိတ္သေဘၤာမ်ား၊ ခ႐ူဇာသေဘၤာမ်ား၊အပါအဝင္စစ္ေရယာဥ္မ်ိဳးစုံပါဝင္ေနေသာ စစ္ေရး ေလ့က်င့္ခန္းကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.