မည်သည့်ငြိမ်းချမ်းရေး သဘောတူညီချက်ကိုမဆို ရုရှားသမ္မတပူတင်က ဂုဏ်ပြုလိမ့်မည်ဟု ယုံကြည်‌ကြောင်း ဒေါ်နယ်ထရမ့်ပြော

 379

Pika (NP News) - ဖေဖော်ဝါရီ ၂၈

ရုရှားနှင့် ယူကရိန်းကြားဖြစ်ပွားနေသောစစ်ပွဲကို အဆုံးသတ်ရန်အတွက် လုပ်ဆောင်မည့် မည်သည့်ငြိမ်းချမ်းရေး သဘောတူညီချက်ကိုမဆို ရုရှားသမ္မတပူတင်က ဂုဏ်ပြုလိမ့်မည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောခဲ့သည်။
ထို့ပြင် ပူတင်သည် ၎င်းပြောဆိုခဲ့သောစကားများနှင့်ပတ်သက်ပြီး ကတိတည်လိမ့်မည်ဟုလည်း ယုံကြည်ကြောင်း ဒေါ်နယ်ထရမ့်က ထပ်မံပြောခဲ့သည်။ ဒေါ်နယ်ထရမ့်သည် ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာနှင့် တွေ့ဆုံဆွေးနွေးမှု အတွင်း ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုရှား နှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးသဘောတူညီချက်သည် တိုးတက်မှုများရှိခဲ့ပြီး အမေရိကန်နိုင်ငံသည် နှစ်နိုင်ငံစလုံးနှင့်ကောင်းမွန်သောဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ကီရာစတာမာကို ပြောကြားခဲ့သည်။
ထို့ပြင် ယူကရိန်းသမ္မတဇီလန်စကီးသည် ဖေဖော်ဝါရီလ(၂၈)ရက်တွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်မည် ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ထပ်မံပြောခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင် အမေရိကန် နှင့် ယူကရိန်းကြား တွင်းထွက်ပစ္စည်းဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်ပြီး အပြန်အလှန်ပြစ်တင်ဝေဖန်မှုများ ရှိခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားချိန်မှစတင်ပြီး အမေရိကန်က ယူကရိန်းကို ‌ထောက်ပံ့ပေးခဲ့သော အကူအညီအားလုံး အတွက် လျော်ကြေးငွေအဖြစ် ယူကရိန်း၏ တွင်းထွက်ပစ္စည်းများကို အမေရိကန်အား အသုံးပြုခွင့်ပေးစေလို ကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အပြန်အလှန်ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ် သည်။

Zawgyi Version:
မည္သည့္ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကိုမဆို ႐ုရွားသမၼတပူတင္က ဂုဏ္ျပဳလိမ့္မည္ဟု ယုံၾကည္‌ေၾကာင္း ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၈
႐ုရွားႏွင့္ ယူကရိန္းၾကားျဖစ္ပြားေနေသာစစ္ပြဲကို အဆုံးသတ္ရန္အတြက္ လုပ္ေဆာင္မည့္ မည္သည့္ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကိုမဆို ႐ုရွားသမၼတပူတင္က ဂုဏ္ျပဳလိမ့္မည္ဟု ယုံၾကည္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာခဲ့သည္။
ထို႔ျပင္ ပူတင္သည္ ၎ေျပာဆိုခဲ့ေသာစကားမ်ားႏွင့္ပတ္သက္ၿပီး ကတိတည္လိမ့္မည္ဟုလည္း ယုံၾကည္ေၾကာင္း ေဒၚနယ္ထရမ့္က ထပ္မံေျပာခဲ့သည္။ ေဒၚနယ္ထရမ့္သည္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ကီရာစတာမာႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈ အတြင္း ယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
႐ုရွား ႏွင့္ ယူကရိန္းၾကား ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္သည္ တိုးတက္မႈမ်ားရွိခဲ့ၿပီး အေမရိကန္ႏိုင္ငံသည္ ႏွစ္ႏိုင္ငံစလုံးႏွင့္ေကာင္းမြန္ေသာေဆြးေႏြးမႈမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း ေဒၚနယ္ထရမ့္က ကီရာစတာမာကို ေျပာၾကားခဲ့သည္။
ထို႔ျပင္ ယူကရိန္းသမၼတဇီလန္စကီးသည္ ေဖေဖာ္ဝါရီလ(၂၈)ရက္တြင္ အိမ္ျဖဴေတာ္သို႔ လာေရာက္လည္ပတ္မည္ ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ထပ္မံေျပာခဲ့သည္။ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အေမရိကန္ ႏွင့္ ယူကရိန္းၾကား တြင္းထြက္ပစၥည္းဆိုင္ရာ သေဘာတူညီခ်က္ႏွင့္ပတ္သက္ၿပီး အျပန္အလွန္ျပစ္တင္ေဝဖန္မႈမ်ား ရွိခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္၏ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
႐ုရွား-ယူကရိန္း စစ္ပြဲျဖစ္ပြားခ်ိန္မွစတင္ၿပီး အေမရိကန္က ယူကရိန္းကို ‌ေထာက္ပံ့ေပးခဲ့ေသာ အကူအညီအားလုံး အတြက္ ေလ်ာ္ေၾကးေငြအျဖစ္ ယူကရိန္း၏ တြင္းထြက္ပစၥည္းမ်ားကို အေမရိကန္အား အသုံးျပဳခြင့္ေပးေစလို ေၾကာင္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ အျပန္အလွန္ျပစ္တင္ေဝဖန္မႈမ်ား ထြက္ေပၚလာခဲ့ျခင္း ျဖစ္ သည္။

Related news

© 2021. All rights reserved.