သစ္စာရှိဝန်ထမ်းများ၏ ကြိုးစားမှုကြောင့် စစ်ကိုင်းတိုင်းတွင် တရားမဝင်ကုန်စည်များ စံချိန်တင် ဖမ်းဆီးရမိ

 267

Pearl (NP News) - မတ်လ ၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဝန်ထမ်းများ၏ တာဝန်ကျေပွန်မှုကြောင့် တရားမဝင် အကောက်အခွန်မဲ့ ပစ္စည်းများ ဖမ်းမိခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးရရှိမှု များတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် အများဆုံး၊ မန္တလေးတိုင်းဒေသကြီးသည် ဒုတိယအများဆုံးနှင့် ရန်ကုန်တိုင်းဒေသကြီးသည် တတိယအများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရ သိရသည်။

“တိုင်းဒေသကြီးရှိ မြို့များ အဝင်/အထွက်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များမှ စနစ်တကျ စစ်ဆေးဖော်ထုတ်မှုကြောင့် တရားမဝင်သယ်ဆောင်ပစ္စည်းများ ဖမ်းဆီးရမိခြင်းဖြစ်ပါတယ်။ အဓိကတော့ တိုင်းဒေသကြီးအတွင်း ကုန်သွယ်ရေးရှောင်ကွင်းလမ်းများ မည်မျှရှိပါစေ အဓိက ရှောင်လွှဲလို့မရတဲ့နေရာတော့ ရှိပါတယ်။ သစ္စာရှိဝန်ထမ်းတွေရဲ့တာဝန်ကျေပွန်မှုကြောင့်သာ တရားမဝင် အကောက်အခွန်မဲ့ပစ္စည်းများ ဖမ်းမိတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများတွင် လိုင်စင်မဲ့မော်တော်ယာဉ် နှင့် တရားမဝင် ကုန်စည်တင်မော်တော် ယာဉ် ဖမ်းဆီးရရှိမှုများသည် အများဆုံးဖြစ်ပြီး၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများသည် ဒုတိယအများဆုံးနှင့် တတိယအများဆုံးအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
“အဓိကတော့ PDF ရှိလည်း တရားမဝင်ကုန်သွယ်မှုကြောင့် အရည်အသွေးမမှီတဲ့ပစ္စည်းတွေ ပြည်သူတွေ လက်ထဲ မရောက်ရှိအောင် ကျွန်တော်တို့ ဝန်ထမ်းတွေ က စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တရားမဝင်ကုန်သွယ်မှု ဖြစ်လာနိုင်တဲ့ ရှောင်ကွင်းလမ်းတွေ ကြပ်မတ်စစ်ဆေးခြင်းနှင့် ပြည်သူများကပါ တရားမဝင်ကုန်သွယ်တာ မှောင်ခို လုပ်ငန်းသည် မကောင်းဘူးဆိုတာ လက်ခံလာသည်အထိ အသိပညာပေးခြင်းများ ဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ (၃)နှစ် နှင့် (၁)လတာကာလအတွင်း တရားမဝင် ကုန်သွယ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိအမှုတွဲ ၁၉,၀၀၀ ကျော်ရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၄၅၈ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ဖမ်းဆီးရမိမှုများကိုကြည့်ပါက ဒီဇင်ဘာလတွင် ငွေကျပ် ၄၄ ဒသမ ၁၈၃ ဘီလီယံနှင့် အများဆုံးဖမ်းဆီးရမိခဲ့သည်ကိုတွေ့ရပြီး နှစ်အလိုက်ဖမ်းဆီးရမိမှုများကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးရမိမှုတန်ဖိုး ကျပ်(၆၅)ဘီလီယံ၊ ၂၀၂၃ ခုနှစ်တွင် ငွေကျပ်(၁၃၅) ဘီလီယံ ကျော် တိုးတက်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ငွေကျပ်(၂၂၃) ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

Zawgyi Version:
သစၥာရွိဝန္ထမ္းမ်ား၏ ႀကိဳးစားမႈေၾကာင့္ စစ္ကိုင္းတိုင္းတြင္ တရားမဝင္ကုန္စည္မ်ား စံခ်ိန္တင္ ဖမ္းဆီးရမိ
Pearl (NP News) - မတ္လ ၁

တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးဝန္ထမ္းမ်ား၏ တာဝန္ေက်ပြန္မႈေၾကာင့္ တရားမဝင္ အေကာက္အခြန္မဲ့ ပစၥည္းမ်ား ဖမ္းမိျခင္းျဖစ္ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
တရားမဝင္ကုန္သြယ္မႈႏွင့္ပတ္သက္၍ ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလ ႏွင့္ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလအတြင္း ဖမ္းဆီးရရွိမႈ မ်ားတြင္ အေကာက္ခြန္ဦးစီးဌာနက အမ်ားဆုံးဖမ္းဆီးရမိခဲ့ၿပီး ေနျပည္ေတာ္ေကာင္စီ အပါအဝင္ တိုင္းေဒသႀကီး/ ျပည္နယ္အလိုက္ ဖမ္းဆီးရရွိမႈမ်ားတြင္ စစ္ကိုင္းတိုင္းေဒသႀကီးသည္ အမ်ားဆုံး၊ မႏၲေလးတိုင္းေဒသႀကီးသည္ ဒုတိယအမ်ားဆုံးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးသည္ တတိယအမ်ားဆုံး ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ၏ အခ်က္အလက္မ်ားအရ သိရသည္။

“တိုင္းေဒသႀကီးရွိ ၿမိဳ႕မ်ား အဝင္/အထြက္တြင္ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအဖြဲ႕မ်ားမွ စနစ္တက် စစ္ေဆးေဖာ္ထုတ္မႈေၾကာင့္ တရားမဝင္သယ္ေဆာင္ပစၥည္းမ်ား ဖမ္းဆီးရမိျခင္းျဖစ္ပါတယ္။ အဓိကေတာ့ တိုင္းေဒသႀကီးအတြင္း ကုန္သြယ္ေရးေရွာင္ကြင္းလမ္းမ်ား မည္မွ်ရွိပါေစ အဓိက ေရွာင္လႊဲလို႔မရတဲ့ေနရာေတာ့ ရွိပါတယ္။ သစၥာရွိဝန္ထမ္းေတြရဲ႕တာဝန္ေက်ပြန္မႈေၾကာင့္သာ တရားမဝင္ အေကာက္အခြန္မဲ့ပစၥည္းမ်ား ဖမ္းမိတာျဖစ္ပါတယ္” ဟု ၎က ေျပာသည္။
ကုန္ပစၥည္းအုပ္စုအလိုက္ ဖမ္းဆီးရရွိမႈမ်ားတြင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ ႏွင့္ တရားမဝင္ ကုန္စည္တင္ေမာ္ေတာ္ ယာဥ္ ဖမ္းဆီးရရွိမႈမ်ားသည္ အမ်ားဆုံးျဖစ္ၿပီး၊ လုပ္ငန္းသုံးကုန္ၾကမ္းပစၥည္းမ်ားသည္ ဒုတိယအမ်ားဆုံးႏွင့္ တတိယအမ်ားဆုံးအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈကုန္ပစၥည္းမ်ားျဖစ္ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။
“အဓိကေတာ့ PDF ရွိလည္း တရားမဝင္ကုန္သြယ္မႈေၾကာင့္ အရည္အေသြးမမွီတဲ့ပစၥည္းေတြ ျပည္သူေတြ လက္ထဲ မေရာက္ရွိေအာင္ ကြၽန္ေတာ္တို႔ ဝန္ထမ္းေတြ က စိစစ္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ တရားမဝင္ကုန္သြယ္မႈ ျဖစ္လာႏိုင္တဲ့ ေရွာင္ကြင္းလမ္းေတြ ၾကပ္မတ္စစ္ေဆးျခင္းႏွင့္ ျပည္သူမ်ားကပါ တရားမဝင္ကုန္သြယ္တာ ေမွာင္ခို လုပ္ငန္းသည္ မေကာင္းဘူးဆိုတာ လက္ခံလာသည္အထိ အသိပညာေပးျခင္းမ်ား ေဆာင္႐ြက္သြားပါမယ္” ဟု ၎က ဆက္လက္ေျပာသည္။
၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလမွ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလအထိ (၃)ႏွစ္ ႏွင့္ (၁)လတာကာလအတြင္း တရားမဝင္ ကုန္သြယ္မႈႏွင့္ပတ္သက္၍ ဖမ္းဆီးရမိအမႈတြဲ ၁၉,၀၀၀ ေက်ာ္ရွိၿပီး ခန႔္မွန္းတန္ဖိုး က်ပ္ ၄၅၈ ဘီလီယံေက်ာ္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။၂၀၂၄ ခုႏွစ္ တစ္ႏွစ္တာအတြင္း ဖမ္းဆီးရမိမႈမ်ားကိုၾကည့္ပါက ဒီဇင္ဘာလတြင္ ေငြက်ပ္ ၄၄ ဒသမ ၁၈၃ ဘီလီယံႏွင့္ အမ်ားဆုံးဖမ္းဆီးရမိခဲ့သည္ကိုေတြ႕ရၿပီး ႏွစ္အလိုက္ဖမ္းဆီးရမိမႈမ်ားကို ႏႈိင္းယွဥ္ၾကည့္ပါက ၂၀၂၂ ခုႏွစ္တြင္ ဖမ္းဆီးရမိမႈတန္ဖိုး က်ပ္(၆၅)ဘီလီယံ၊ ၂၀၂၃ ခုႏွစ္တြင္ ေငြက်ပ္(၁၃၅) ဘီလီယံ ေက်ာ္ တိုးတက္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း၊ ၂၀၂၄ ခုႏွစ္တြင္ ေငြက်ပ္(၂၂၃) ဘီလီယံ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.