နတ်မောက်တွင် လက်နက်ခဲယမ်းများနှင့်အတူခိုအောင်းနေသော PDF(၃)ဦး အသေဖမ်းမိ

 1124

ချယ်ရီ(NP News )-မတ် ၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လက်နက်ခဲယမ်းများနှင့်အတူခိုအောင်းနေသော PDF(၃)ဦးကို အသေဖမ်းဆည်းရမိ ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ဆောင်မှုများကို မလိုလားသော ဒေသခံပြည်သူ အချို့က မကွေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းမျိုးစုံလုပ်ဆောင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားတို့က နတ်မောက်မြို့နယ် ပင်းမြို့ကျေးရွာအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်း လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့(ဖေဖော်ဝါရီလ ၂၈ ရက်)၊ ညနေပိုင်းတွင် သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်စဉ် အဆိုပါကျေးရွာ၏ အရှေ့ဘက် မီတာ (၅၀၀) ခန့်အရောက်တွင် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလောင်း(၃)လောင်း၊ GLOCK ပစ္စတိုတစ်လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Zawgyi Version:
နတ္ေမာက္တြင္ လက္နက္ခဲယမ္းမ်ားႏွင့္အတူခိုေအာင္းေနေသာ PDF(၃)ဦး အေသဖမ္းမိ
ခ်ယ္ရီ(NP News )-မတ္ ၁
မေကြးတိုင္းေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕နယ္တြင္ လက္နက္ခဲယမ္းမ်ားႏွင့္အတူခိုေအာင္းေနေသာ PDF(၃)ဦးကို အေသဖမ္းဆည္းရမိ ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈကို ပ်က္ျပားေစေသာလုပ္ရပ္မ်ားႏွင့္ အၾကမ္းဖက္လုပ္ေဆာင္မႈမ်ားကို မလိုလားေသာ ေဒသခံျပည္သူ အခ်ိဳ႕က မေကြးတိုင္းေဒသႀကီးအတြင္း အၾကမ္းဖက္လုပ္ငန္းမ်ိဳးစုံလုပ္ေဆာင္လ်က္ရွိသည့္ PDF အမည္ခံအၾကမ္းဖက္သမားတို႔က နတ္ေမာက္ၿမိဳ႕နယ္ ပင္းၿမိဳ႕ေက်း႐ြာအနီး လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ခိုေအာင္းေနေၾကာင္း လွ်ိဳ႕ဝွက္ဆက္သြယ္သတင္းေပးပို႔ခဲ့ရာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၈ ရက္)၊ ညေနပိုင္းတြင္ သြားေရာက္၍ လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္စဥ္ အဆိုပါေက်း႐ြာ၏ အေရွ႕ဘက္ မီတာ (၅၀၀) ခန႔္အေရာက္တြင္ PDF အမည္ခံအၾကမ္းဖက္သမားမ်ားႏွင့္ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အေလာင္း(၃)ေလာင္း၊ GLOCK ပစၥတိုတစ္လက္ႏွင့္ ဆက္စပ္ပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.