အမေရိကန်နဲ့ တိုက်ရိုက်လေကြောင်းပျံသန်းမှုတွေ ပြန်လည်စတင်ဖို့ ရုရှားအစိုးရ အဆိုပြု

 256

Pika (NP News) - မတ် ၁

နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်နဲ့ တိုက်ရိုက်လေကြောင်းပျံသန်းမှုတွေကို ပြန်လည်လုပ်ဆောင်ဖို့ ရုရှားအစိုးရက အဆိုပြုခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့အစီရင်ခံစာတစ်ခုအရ သိရပါတယ်။
ဖေဖော်ဝါရီလ(၂၇)ရက်က တူရကီနိုင်ငံမှာ ရုရှားနဲ့ အမေရိကန်တို့ကြားဆွေးနွေးမှုအသစ်ကို လုပ်ဆောင်ခဲ့ပြီး နောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့ (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလကနေစတင်ပြီး အခြားအနောက်အုပ်စုနိုင်ငံ တွေနဲ့အတူ အမေရိကန်ဟာ ရုရှားလေကြောင်းလိုင်းတွေဆီ ပျံသန်းမှုတွေကို ဆိုင်းငံ့လိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီအချိန်ကနေစတင်ပြီး ခရီးသွားတွေဟာ အစ္စတန်ဘူလ်နဲ့ ဒူဘိုင်းမြို့တို့လိုမျိုး အချက်အချာကျတဲ့နေရာတွေ ကနေတစ်ဆင့် ပျံသန်းမှုတွေအပေါ် မှီခိုလာကြတယ်လို့လည်း သိရပါတယ်။ အဲဒီလုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားအစိုးရဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ကနေဒါနိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၃၆)နိုင်ငံက လေကြောင်း ခရီးစဉ်တွေကို ပိတ်ပင်ခဲ့တယ်လို့လည်း သိရပါတယ်။
ရုရှားအစိုးရရဲ့ပိတ်ပင်မှုတွေကြောင့် အနောက်အုပ်စုလေကြောင်းလိုင်းတွေဟာ ပျံသန်းမှုလမ်းကြောင်းတွေကို ပြောင်းခဲ့ရပြီး လောင်စာဆီသုံးစွဲမှုမြင့်မားလာမှုနဲ့အတူ ကုန်ကျစရိတ်တွေမြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။ ဖေဖော်ဝါရီလ(၂၇)ရက်က အစ္စတန်ဘူလ်မြို့မှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံစဉ်အချိန် အတွင်း တိုက်ရိုက်လေကြောင်းပျံသန်းမှုတွေပြန်လည်စတင်ဖို့ ရုရှားဘက်က အဆိုပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ တိုက္႐ိုက္ေလေၾကာင္းပ်ံသန္းမႈေတြ ျပန္လည္စတင္ဖို႔ ႐ုရွားအစိုးရ အဆိုျပဳ
Pika (NP News) - မတ္ ၁

ႏွစ္ႏိုင္ငံ အျပန္အလွန္ဆက္ဆံေရးကို ျပန္လည္ထူေထာင္ဖို႔ ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ အေမရိကန္နဲ႔ တိုက္႐ိုက္ေလေၾကာင္းပ်ံသန္းမႈေတြကို ျပန္လည္လုပ္ေဆာင္ဖို႔ ႐ုရွားအစိုးရက အဆိုျပဳခဲ့တယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့အစီရင္ခံစာတစ္ခုအရ သိရပါတယ္။
ေဖေဖာ္ဝါရီလ(၂၇)ရက္က တူရကီႏိုင္ငံမွာ ႐ုရွားနဲ႔ အေမရိကန္တို႔ၾကားေဆြးေႏြးမႈအသစ္ကို လုပ္ေဆာင္ခဲ့ၿပီး ေနာက္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တဲ့ (၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလကေနစတင္ၿပီး အျခားအေနာက္အုပ္စုႏိုင္ငံ ေတြနဲ႔အတူ အေမရိကန္ဟာ ႐ုရွားေလေၾကာင္းလိုင္းေတြဆီ ပ်ံသန္းမႈေတြကို ဆိုင္းငံ့လိုက္တာလည္း ျဖစ္ပါတယ္။
အဲဒီအခ်ိန္ကေနစတင္ၿပီး ခရီးသြားေတြဟာ အစၥတန္ဘူလ္နဲ႔ ဒူဘိုင္းၿမိဳ႕တို႔လိုမ်ိဳး အခ်က္အခ်ာက်တဲ့ေနရာေတြ ကေနတစ္ဆင့္ ပ်ံသန္းမႈေတြအေပၚ မွီခိုလာၾကတယ္လို႔လည္း သိရပါတယ္။ အဲဒီလုပ္ရပ္ေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ႐ုရွားအစိုးရဟာ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ကေနဒါႏိုင္ငံ အပါအဝင္ ႏိုင္ငံေပါင္း(၃၆)ႏိုင္ငံက ေလေၾကာင္း ခရီးစဥ္ေတြကို ပိတ္ပင္ခဲ့တယ္လို႔လည္း သိရပါတယ္။
႐ုရွားအစိုးရရဲ႕ပိတ္ပင္မႈေတြေၾကာင့္ အေနာက္အုပ္စုေလေၾကာင္းလိုင္းေတြဟာ ပ်ံသန္းမႈလမ္းေၾကာင္းေတြကို ေျပာင္းခဲ့ရၿပီး ေလာင္စာဆီသုံးစြဲမႈျမင့္မားလာမႈနဲ႔အတူ ကုန္က်စရိတ္ေတြျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။ ေဖေဖာ္ဝါရီလ(၂၇)ရက္က အစၥတန္ဘူလ္ၿမိဳ႕မွာ အေမရိကန္ကိုယ္စားလွယ္အဖြဲ႕နဲ႔ ေတြ႕ဆုံစဥ္အခ်ိန္ အတြင္း တိုက္႐ိုက္ေလေၾကာင္းပ်ံသန္းမႈေတြျပန္လည္စတင္ဖို႔ ႐ုရွားဘက္က အဆိုျပဳခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.