တရုတ်နိုင်ငံ၊ ကွေကျိုးမှာ ကမ္ဘာ့အမြင့်ဆုံးတံတား ဖွင့်လှစ်

 3015

ရောင်နီ (NP News) - စက်တင်ဘာ ၂၉

တရုတ်နိုင်ငံ၊ ကွေကျိုးမှာ ကမ္ဘာ့အမြင့်ဆုံး တံတားဖြစ်တဲ့ Huajiang Grand Canyon ကို စက်တင်ဘာ ၂၈ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။
Huajiang Grand Canyon တံတားဟာ တောင်ပိုင်း ကွေကျိုးပြည်နယ်ရှိ မြစ်အထက် ၆၂၅ မီတာ အမြင့် တောင်ကုန်းပေါ်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး သုံးနှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ အခုနိုင်ငံမှာ ဒုတိယအမြင့်ဆုံး တံတားကတော့ ပိုင်ပန်ကျန်တံတားဖြစ်ပြီး အမြင့် ၅၆၅ မီတာမြင့်တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၈ ရက်က နိုင်ငံပိုင်မီဒီယာမှ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဒရုန်းဗီဒီယိုဖိုင်မှာ တံတားရဲ့ ကြီးမားတဲ့ဖွဲ့စည်းပုံနဲ့ အပြာရောင် မျှော်စင်တွေကို တိမ်တိုက်တွေကြားထဲမြင်တွေ့ရပါတယ်။ စီမံကိန်း အင်ဂျင်နီယာတွေနဲ့ ဒေသခံတာဝန်ရှိသူတွေ အပါအဝင် ကြည့်ရှုသူ အများအပြားက အဆိုပါ တံတားဖွင့်ပွဲ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
"Huajiang Grand Canyon တံတားဟာ နှစ်နာရီခရီးကို အချိန်နှစ်မိနစ်ထဲနဲ့ ရောက်အောင် ခရီးသွားချိန် လျှော့ချပေးတယ်" လို့ သယ်ယူပို့ဆောင်ရေးဌာန အကြီးအကဲ ကျန်းရင် က စက်တင်ဘာ ၂၄ ရက်မှာ ပြောကြားခဲ့ပါ တယ်။ တံတားဖွင့်လှစ်လိုက်ခြင်းဟာ "ဒေသတွင်း သယ်ယူပို့ဆောင်ရေးအခြေအနေတွေအတွက် ကြီးမားတဲ့ တိုးတက်မှုတွေနဲ့ ဒေသတွင်းစီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေကို တွန်းအားအသစ်တွေဖြစ်စေမယ်" လို့ ၎င်းက ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အဓိက အခြေခံအဆောက်အအုံစီမံကိန်းတွေမှာ ကြီးကြီးမားမားရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ကွေကျိုးရဲ့တောင်ကုန်းဒေသတွေဟာ ထောင်ပေါင်းများစွာ တံတားတွေနဲ့ ဖြတ်ကျော်လျက်ရှိပါတယ်။ ကမ္ဘာ့အမြင့်ဆုံး တံတား ၁၀၀ ရဲ့ထက်ဝက်နီးပါးဟာ ပြည်နယ်မှာ ရှိတယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက စက်တင်ဘာ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံ၊ ေကြက်ိဳးမွာ ကမာၻ႔အျမင့္ဆုံးတံတား ဖြင့္လွစ္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၉

တ႐ုတ္ႏိုင္ငံ၊ ေကြက်ိဳးမွာ ကမာၻ႔အျမင့္ဆုံး တံတားျဖစ္တဲ့ Huajiang Grand Canyon ကို စက္တင္ဘာ ၂၈ ရက္က ဖြင့္လွစ္ခဲ့ပါတယ္။
Huajiang Grand Canyon တံတားဟာ ေတာင္ပိုင္း ေကြက်ိဳးျပည္နယ္ရွိ ျမစ္အထက္ ၆၂၅ မီတာ အျမင့္ ေတာင္ကုန္းေပၚမွာ ေဆာက္လုပ္ထားတာျဖစ္ၿပီး သုံးႏွစ္ၾကာ အခ်ိန္ယူတည္ေဆာက္ခဲ့တယ္လို႔ သိရပါတယ္။ အခုႏိုင္ငံမွာ ဒုတိယအျမင့္ဆုံး တံတားကေတာ့ ပိုင္ပန္က်န္တံတားျဖစ္ၿပီး အျမင့္ ၅၆၅ မီတာျမင့္တယ္လို႔ သိရပါတယ္။ စက္တင္ဘာ ၂၈ ရက္က ႏိုင္ငံပိုင္မီဒီယာမွ တိုက္႐ိုက္ထုတ္လႊင့္တဲ့ ဒ႐ုန္းဗီဒီယိုဖိုင္မွာ တံတားရဲ႕ ႀကီးမားတဲ့ဖြဲ႕စည္းပုံနဲ႔ အျပာေရာင္ ေမွ်ာ္စင္ေတြကို တိမ္တိုက္ေတြၾကားထဲျမင္ေတြ႕ရပါတယ္။ စီမံကိန္း အင္ဂ်င္နီယာေတြနဲ႔ ေဒသခံတာဝန္ရွိသူေတြ အပါအဝင္ ၾကည့္ရႈသူ အမ်ားအျပားက အဆိုပါ တံတားဖြင့္ပြဲ အထိမ္းအမွတ္အခမ္းအနားကို တက္ေရာက္ခဲ့ၾကပါတယ္။
"Huajiang Grand Canyon တံတားဟာ ႏွစ္နာရီခရီးကို အခ်ိန္ႏွစ္မိနစ္ထဲနဲ႔ ေရာက္ေအာင္ ခရီးသြားခ်ိန္ ေလွ်ာ့ခ်ေပးတယ္" လို႔ သယ္ယူပို႔ေဆာင္ေရးဌာန အႀကီးအကဲ က်န္းရင္ က စက္တင္ဘာ ၂၄ ရက္မွာ ေျပာၾကားခဲ့ပါ တယ္။ တံတားဖြင့္လွစ္လိုက္ျခင္းဟာ "ေဒသတြင္း သယ္ယူပို႔ေဆာင္ေရးအေျခအေနေတြအတြက္ ႀကီးမားတဲ့ တိုးတက္မႈေတြနဲ႔ ေဒသတြင္းစီးပြားေရး၊ လူမႈေရးဖြံ႕ၿဖိဳးတိုးတက္မႈေတြကို တြန္းအားအသစ္ေတြျဖစ္ေစမယ္" လို႔ ၎က ဆိုပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္း အဓိက အေျခခံအေဆာက္အအုံစီမံကိန္းေတြမွာ ႀကီးႀကီးမားမားရင္းႏွီးျမႇဳပ္ႏွံခဲ့ပါတယ္။ ေကြက်ိဳးရဲ႕ေတာင္ကုန္းေဒသေတြဟာ ေထာင္ေပါင္းမ်ားစြာ တံတားေတြနဲ႔ ျဖတ္ေက်ာ္လ်က္ရွိပါတယ္။ ကမာၻ႔အျမင့္ဆုံး တံတား ၁၀၀ ရဲ႕ထက္ဝက္နီးပါးဟာ ျပည္နယ္မွာ ရွိတယ္လို႔ ႏိုင္ငံပိုင္သတင္းေအဂ်င္စီ ဆင္ဟြာက စက္တင္ဘာ ၂၄ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.