အစ္စရေးကို အမေရိကန်ဒေါ်လာ(၃)ဘီလျံကျော်တန်ဖိုးရှိ ခဲယမ်းမီးကျည်တွေနဲ့ဘူဒိုဇာတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရ အတည်ပြု

 218

Pika (NP News) - မတ် ၁

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးကအသုံးပြုခဲ့တဲ့ အမေရိကန်ထုတ်စစ်လက်နက်ပစ္စည်းတွေအတွက် ဆက်စပ် ပစ္စည်းတွေ၊ ဘူဒိုဇာတွေနဲ့ ခဲယမ်းမီးကျည်တွေကို အစ္စရေးကို အမေရိကန်ဒေါ်လာ(၃)ဘီလျံကျော် ရောင်းချပေးဖို့ အမေရိကန်အစိုးရက ဖေဖော်ဝါရီလ(၂၈)ရက်မှာ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုဟာ ဗုံးတွေရဲ့ကိုယ်ထည်နဲ့ ထိပ်ဖူးတွေအတွက် အမေရိကန်ဒေါ်လာ (၂ ဒသမ ဝ၄) ဘီလျံ၊ အခြားဗုံးကိုယ်ထည်တွေနဲ့လမ်းညွှန်ကိရိယာတွေအတွက် အမေရိကန်ဒေါ်လာ (၆၇၅ ဒသမ ၇) သန်း၊ ဘူဒိုဇာတွေနဲ့ဆက်စပ်ပစ္စည်းတွေ ရောင်းချမှုအတွက် အမေရိကန်ဒေါ်လာ(၂၉၅)သန်း သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(DSCA) က ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးအကျိုးစီးပွားအတွက် ကာကွယ်ရေးဝန်ဆောင်မှုတွေကို အစ္စရေးအစိုးရကို ချက်ချင်းရောင်းချဖို့ လိုအပ်တဲ့အရေးပေါ်အခြေအနေတစ်ရပ်ရှိတယ်လို့ မာကိုရူဘီအိုက ဆုံးဖြတ်ခဲ့တာဖြစ်တယ် လို့ (DSCA) က ပြောကြားခဲ့ပါ တယ်။
(DSCA)က “အမေရိကန်နိုင်ငံဟာ အစ္စရေးရဲ့လုံခြုံရေးအတွက် ကတိဝတ်ပြုထားပါတယ်။ ခိုင်မာပြီး အဆင်သင့် ဖြစ်နေတဲ့ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်တွေကို ထိန်းသိမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အစ္စရေးကို ထောက်ပံ့ ကူညီပေးမှုတွေ လုပ်ဆောင်ဖို့က အမေရိကန်ရဲ့အမျိုးသားအကျိုးစီးပွားအတွက် အရေးကြီးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အစ္စရေးကို အမေရိကန်ဒေါ်လာ(၇ ဒသမ ၄) ဘီလျံကျော်တန်ဖိုးရှိ ဗုံးတွေ၊ဒုံးကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချပေးဖို့ အမေရိကန်အစိုးရက ယခုလအစောပိုင်းမှာ အတည်ပြုခဲ့ပြီးနောက် ယခုလိုရောင်းချဖို့ အတည်ပြုမှုတွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
အစၥေရးကို အေမရိကန္ေဒၚလာ(၃)ဘီလ်ံေက်ာ္တန္ဖိုးရွိ ခဲယမ္းမီးက်ည္ေတြနဲ႔ဘူဒိုဇာေတြ ေရာင္းခ်ေပးဖို႔ အေမရိကန္အစိုးရ အတည္ျပဳ
Pika (NP News) - မတ္ ၁

ဂါဇာကမ္းေျမာင္ေဒသမွာ အစၥေရးကအသုံးျပဳခဲ့တဲ့ အေမရိကန္ထုတ္စစ္လက္နက္ပစၥည္းေတြအတြက္ ဆက္စပ္ ပစၥည္းေတြ၊ ဘူဒိုဇာေတြနဲ႔ ခဲယမ္းမီးက်ည္ေတြကို အစၥေရးကို အေမရိကန္ေဒၚလာ(၃)ဘီလ်ံေက်ာ္ ေရာင္းခ်ေပးဖို႔ အေမရိကန္အစိုးရက ေဖေဖာ္ဝါရီလ(၂၈)ရက္မွာ အတည္ျပဳခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုဟာ ဗုံးေတြရဲ႕ကိုယ္ထည္နဲ႔ ထိပ္ဖူးေတြအတြက္ အေမရိကန္ေဒၚလာ (၂ ဒသမ ဝ၄) ဘီလ်ံ၊ အျခားဗုံးကိုယ္ထည္ေတြနဲ႔လမ္းၫႊန္ကိရိယာေတြအတြက္ အေမရိကန္ေဒၚလာ (၆၇၅ ဒသမ ၇) သန္း၊ ဘူဒိုဇာေတြနဲ႔ဆက္စပ္ပစၥည္းေတြ ေရာင္းခ်မႈအတြက္ အေမရိကန္ေဒၚလာ(၂၉၅)သန္း သေဘာတူညီ ခ်က္ကို လက္မွတ္ေရးထိုးခဲ့တယ္လို႔ အေမရိကန္ကာကြယ္ေရးလုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ(DSCA) က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံရဲ႕အမ်ိဳးသားလုံၿခဳံေရးအက်ိဳးစီးပြားအတြက္ ကာကြယ္ေရးဝန္ေဆာင္မႈေတြကို အစၥေရးအစိုးရကို ခ်က္ခ်င္းေရာင္းခ်ဖို႔ လိုအပ္တဲ့အေရးေပၚအေျခအေနတစ္ရပ္ရွိတယ္လို႔ မာကို႐ူဘီအိုက ဆုံးျဖတ္ခဲ့တာျဖစ္တယ္ လို႔ (DSCA) က ေျပာၾကားခဲ့ပါ တယ္။
(DSCA)က “အေမရိကန္ႏိုင္ငံဟာ အစၥေရးရဲ႕လုံၿခဳံေရးအတြက္ ကတိဝတ္ျပဳထားပါတယ္။ ခိုင္မာၿပီး အဆင္သင့္ ျဖစ္ေနတဲ့ ကိုယ္ပိုင္ကာကြယ္ေရးစြမ္းရည္ေတြကို ထိန္းသိမ္းဖို႔နဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔အတြက္ အစၥေရးကို ေထာက္ပံ့ ကူညီေပးမႈေတြ လုပ္ေဆာင္ဖို႔က အေမရိကန္ရဲ႕အမ်ိဳးသားအက်ိဳးစီးပြားအတြက္ အေရးႀကီးပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။
အစၥေရးကို အေမရိကန္ေဒၚလာ(၇ ဒသမ ၄) ဘီလ်ံေက်ာ္တန္ဖိုးရွိ ဗုံးေတြ၊ဒုံးက်ည္ေတြနဲ႔ ဆက္စပ္ပစၥည္းေတြကို ေရာင္းခ်ေပးဖို႔ အေမရိကန္အစိုးရက ယခုလအေစာပိုင္းမွာ အတည္ျပဳခဲ့ၿပီးေနာက္ ယခုလိုေရာင္းခ်ဖို႔ အတည္ျပဳမႈေတြ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.