မြောက်ကိုရီးယားက မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်

460

Pika (NP News) - မတ် ၁
မြောက်ကိုရီးယားဟာ ၎င်းရဲ့နျူကလီးယားတန်ပြန်တိုက်ခိုက်မှုစွမ်းရည်ကို ပြသဖို့အတွက် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မှုကို လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ KCNAက ဖေဖော်ဝါရီလ(၂၈)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရက ပစ်လွှတ်လိုက်တဲ့ ခရုဇ်ဒုံးကျည်တွေဟာ အကွာအဝေး(၁၅၈၇)ကီလိုမီတာလောက် ပျံသန်းခဲ့ပြီး ၎င်းတို့ရဲ့ပစ်မှတ်ဆီကို ရောက်ရှိဖို့အတွက် အချိန်(၂)နာရီကျော်လောက် ကြာမြင့်ခဲ့တယ်လို့ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီစမ်းသပ်ပစ်လွှတ်မှုဟာ ယခုနှစ်အတွင်း မြောက်ကိုရီးယားအစိုးရက လုပ်ဆောင်ခဲ့တဲ့ (၄)ကြိမ်မြောက် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဖြစ်ပြီး ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီး နောက်ပိုင်း ဒုတိယအကြိမ်မြောက် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဖြစ်တယ်လို့လည်း သိရပါတယ်။ KCNA က “မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မှုဟာ မြောက်ကိုရီးယားရဲ့လုံခြုံရေးပတ်ဝန်းကျင်ကို ပြင်းထန်စွာချိုးဖောက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုပတ်ဝန်းကျင်ကို ကြီးထွားလာအောင် လုပ်ဆောင်နေတဲ့ရန်သူတွေကို သတိပေးဖို့အတွက်ဖြစ်ပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက စမ်းသပ်ပစ်လွှတ်မှုကို စောင့်ကြည့်နေချိန်မှာ ခရုဇ်ဒုံးကျည်တစ်စင်း ဟာ ကိုရီးယားအနောက်ပင်လယ်ကို ပျံသန်းသွားခဲ့ပြီး ပစ်မှတ်ကို ထိမှန်ကာ ဖျက်ဆီးပစ်ခဲ့တာကို KCNA က ထုတ်ပြန်ထားတဲ့ဓါတ်ပုံတွေမှာ တွေ့မြင်ခဲ့ရပါတယ်။ ဒါ့ပြင် ကင်ဂျုံအန်းဟာ ခရုဇ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး ကျေနပ်အားရမိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး မြောက်ကိုရီးယားစစ်တပ်ဟာ ၎င်းရဲ့ နျူကလီးယားလက်နက်တွေကို ဖြန့်ကျက်ချထားဖို့အတွက် အဆင်သင့်ဖြစ်မှုတွေကို အပြည့်အဝထိန်းသိမ်းထားရ မယ်လို့ အလေးပေးပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယားက မဟာဗ်ဴဟာေျမာက္ ခ႐ုဇ္ဒုံးက်ည္ေတြကို စမ္းသပ္ပစ္လႊတ္
Pika (NP News) - မတ္ ၁
ေျမာက္ကိုရီးယားဟာ ၎ရဲ႕န်ဴကလီးယားတန္ျပန္တိုက္ခိုက္မႈစြမ္းရည္ကို ျပသဖို႔အတြက္ မဟာဗ်ဴဟာေျမာက္ ခ႐ုဇ္ဒုံးက်ည္ေတြ စမ္းသပ္ပစ္လႊတ္မႈကို လုပ္ေဆာင္ခဲ့တယ္လို႔ ႏိုင္ငံပိုင္သတင္းေအဂ်င္စီ KCNAက ေဖေဖာ္ဝါရီလ(၂၈)ရက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။
ေျမာက္ကိုရီးယားအစိုးရက ပစ္လႊတ္လိုက္တဲ့ ခ႐ုဇ္ဒုံးက်ည္ေတြဟာ အကြာအေဝး(၁၅၈၇)ကီလိုမီတာေလာက္ ပ်ံသန္းခဲ့ၿပီး ၎တို႔ရဲ႕ပစ္မွတ္ဆီကို ေရာက္ရွိဖို႔အတြက္ အခ်ိန္(၂)နာရီေက်ာ္ေလာက္ ၾကာျမင့္ခဲ့တယ္လို႔ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲဒီစမ္းသပ္ပစ္လႊတ္မႈဟာ ယခုႏွစ္အတြင္း ေျမာက္ကိုရီးယားအစိုးရက လုပ္ေဆာင္ခဲ့တဲ့ (၄)ႀကိမ္ေျမာက္ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈျဖစ္ၿပီး ေဒၚနယ္ထရမ့္က အေမရိကန္သမၼတအျဖစ္ တာဝန္ယူၿပီး ေနာက္ပိုင္း ဒုတိယအႀကိမ္ေျမာက္ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈျဖစ္တယ္လို႔လည္း သိရပါတယ္။ KCNA က “မဟာဗ်ဴဟာေျမာက္ ခ႐ုဇ္ဒုံးက်ည္ေတြ စမ္းသပ္ပစ္လႊတ္မႈဟာ ေျမာက္ကိုရီးယားရဲ႕လုံၿခဳံေရးပတ္ဝန္းက်င္ကို ျပင္းထန္စြာခ်ိဳးေဖာက္ၿပီး ထိပ္တိုက္ရင္ဆိုင္မႈပတ္ဝန္းက်င္ကို ႀကီးထြားလာေအာင္ လုပ္ေဆာင္ေနတဲ့ရန္သူေတြကို သတိေပးဖို႔အတြက္ျဖစ္ပါတယ္” လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက စမ္းသပ္ပစ္လႊတ္မႈကို ေစာင့္ၾကည့္ေနခ်ိန္မွာ ခ႐ုဇ္ဒုံးက်ည္တစ္စင္း ဟာ ကိုရီးယားအေနာက္ပင္လယ္ကို ပ်ံသန္းသြားခဲ့ၿပီး ပစ္မွတ္ကို ထိမွန္ကာ ဖ်က္ဆီးပစ္ခဲ့တာကို KCNA က ထုတ္ျပန္ထားတဲ့ဓါတ္ပုံေတြမွာ ေတြ႕ျမင္ခဲ့ရပါတယ္။ ဒါ့ျပင္ ကင္ဂ်ဳံအန္းဟာ ခ႐ုဇ္ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈနဲ႔ ပတ္သက္ၿပီး ေက်နပ္အားရမိတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ေျမာက္ကိုရီးယားစစ္တပ္ဟာ ၎ရဲ႕ န်ဴကလီးယားလက္နက္ေတြကို ျဖန႔္က်က္ခ်ထားဖို႔အတြက္ အဆင္သင့္ျဖစ္မႈေတြကို အျပည့္အဝထိန္းသိမ္းထားရ မယ္လို႔ အေလးေပးေျပာၾကားခဲ့တယ္လို႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။