ဥရောပသမဂ္ဂက ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုနှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း ရုရှားအစိုးရ ဝေဖန်

472

Pika (NP News) - မတ် ၂
ဥရောပသမဂ္ဂသည် ရုရှားကိုဆက်လက်တိုက်ခိုက်ရန် ယူကရိန်းကို တွန်းအားပေးခြင်းဖြင့် ယူကရိန်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကိုနှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ပြောကြား ခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၄)ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုခဲ့သော ယူကရိန်းပဋိပက္ခ အမြန်ဆုံးအဆုံးသတ်ရန် တောင်းဆိုထားသည့် အမေရိကန်က ရေးဆွဲထားသော ဆုံးဖြတ်ချက် တစ်ခုကို ဆာဂေးလာရော့ဗ်က အလေးအနက်ထားစဉ်းစားမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
ယူကရိန်းအပေါ်ကျူးကျော်တိုက်ခိုက်မှု များနှင့်ပတ်သက်ပြီး ရုရှားကိုပြစ်တင်ရှုတ်ချရန် ငြင်းဆိုခဲ့သော အမေရိ ကန်သမ္မတဒေါ်နယ်ထရမ့်က ရန်လိုမှုများကို တားဆီးရန်ပျက်ကွက်ခဲ့မှုအတွက် ယူကရိန်းကို ပြစ်တင်ဝေဖန်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆာဂေးလာရော့ဗ်က ‘‘ယူကရိန်းပဋိပက္ခနဲ့ပတ်သက်တဲ့နိုင်ငံရေးအခင်းအကျင်းတွေ စတင်ပြောင်းလဲလာတာနဲ့ တစ်ပြိုင်နက် ဥရောပသမဂ္ဂဟာ အဲဒီလမ်းကြောင်းကို ပျက်ပြားစေဖို့ ကြိုးပမ်းမှုတွေကို ချက်ချင်းလုပ်ဆောင်ခဲ့ ပါတယ်။ ဥရောပသမဂ္ဂဟာ ယူကရိန်းအတွက် ကြီးမားတဲ့စစ်ရေးအကူအညီ ပက်ကေ့ချ်အသစ်တွေကို ထုတ်ပြန် ကြေညာပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် အကျပ်အတည်းများကို ဖော်ဆောင်ရာတွင် ၎င်း၏အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ရာစုနှစ်များအတွင်း ရရှိခဲ့ သော ဥရောပသမဂ္ဂ၏ ဂုဏ်သတင်းမှာ မပြောင်းလဲဘဲရှိကြောင်း ဆာဂေးလာရော့ဗ်က ဝေဖန်ပြောဆိုခဲ့သည်။