အာတိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန်နှင့် ရုရှားတို့ ဆွေးနွေး

346

Pika (NP News) - မတ် ၂
ရုရှားနှင့် အမေရိကန်တို့သည် မကြာသေးမီက လုပ်ဆောင်ခဲ့သော နှစ်နိုင်ငံကြား အပြန်အလှန် ဆက်သွယ်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အာတိတ်ဒေသတွင် အလားအလာရှိသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Bloomberg သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က ဆော်ဒီအာရေးဗျနိုင်ငံတွင် ရုရှားနှင့် အမေရိကန်တို့၏ကိုယ်စားလှယ် အဖွဲ့များကြား အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်မှုအပြီး နှစ်နိုင်ငံကြားဆက်ဆံရေးပိုမိုအား ကောင်းလာမှုနှင့်အတူ အဆိုပါ ဆွေးနွေးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်နှင့် ရုရှားတို့၏ ဆွေးနွေးမှုများအတွင်း သဘာဝအရင်း အမြစ်ရှာဖွေရေး၊ ကုန်သွယ်မှုလမ်းကြောင်းများနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများတွင် ပူးတွဲပရောဂျက်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
အာတိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှုကို ၎င်း၏အဓိကစီးပွားရေးပြိုင်ဘက်ဖြစ်သော တရုတ်နှင့် ရုရှားကြား ကွဲထွက်မှုများဖြစ်ပေါ်စေရန် အလားအလာရှိသော နည်းလမ်းတစ်ခုအဖြစ် အမေရိကန်က ရှုမြင်ထားကြောင်း သတင်းရင်းမြစ်တစ်ခုက Bloomberg သတင်းဌာနသို့ ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါရလဒ်သည် ရုရှားနှင့် တရုတ်နိုင်ငံကြား နက်ရှိုင်းသော စီးပွားရေးအရ ဆက်ဆံရေးကို ပေးစွမ်းနိုင်ဖွယ်မရှိကြောင်း ယင်းသတင်းရင်းမြစ်က ဝန်ခံခဲ့သည်။
အဆိုပါအစီရင်ခံစာများနှင့်ပတ်သက်ပြီး အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ သို့မဟုတ် ရုရှားအစိုးရတို့က လက်ရှိအချိန်အထိ မှတ်ချက်ပြု ပြောဆိုခြင်းမျိုး မရှိကြောင်းလည်းသိရသည်။ ပြီးခဲ့သည့်သီတင်းပတ်က ဆော်ဒီ အာရေးဗျနိုင်ငံတွင် လုပ်ဆောင်ခဲ့သော ဆွေးနွေးပွဲများအပြီး ရုရှား၏ နိုင်ငံ တကာအထူးစီးပွားရေး သံတမန်ဖြစ် သည့် ကီရေးဒီမီထရိဗ်က အမေရိကန်နှင့် ရုရှားတို့သည် အာတိတ်ဒေသကို ပူးပေါင်းဆောင်ရွက်မှုအတွက် အလား အလာရှိသောဒေသတစ်ခုအဖြစ် အတိအကျ ဆွေးနွေးခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့သည်။
Zawgyi Version:
အာတိတ္ေဒသ ပူးေပါင္းေဆာင္႐ြက္မႈကို အေမရိကန္ႏွင့္ ႐ုရွားတို႔ ေဆြးေႏြး
Pika (NP News) - မတ္ ၂
႐ုရွားႏွင့္ အေမရိကန္တို႔သည္ မၾကာေသးမီက လုပ္ေဆာင္ခဲ့ေသာ ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ ဆက္သြယ္မႈမ်ား၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ အာတိတ္ေဒသတြင္ အလားအလာရွိေသာ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈကို ေဆြးေႏြးခဲ့ေၾကာင္း သတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး Bloomberg သတင္းဌာနက ေရးသားေဖာ္ျပခဲ့သည္။
ၿပီးခဲ့သည့္သီတင္းပတ္က ေဆာ္ဒီအာေရးဗ်ႏိုင္ငံတြင္ ႐ုရွားႏွင့္ အေမရိကန္တို႔၏ကိုယ္စားလွယ္ အဖြဲ႕မ်ားၾကား အဆင့္ျမင့္ေတြ႕ဆုံေဆြးေႏြးမႈလုပ္ေဆာင္မႈအၿပီး ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးပိုမိုအား ေကာင္းလာမႈႏွင့္အတူ အဆိုပါ ေဆြးေႏြးမႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ အေမရိကန္ႏွင့္ ႐ုရွားတို႔၏ ေဆြးေႏြးမႈမ်ားအတြင္း သဘာဝအရင္း အျမစ္ရွာေဖြေရး၊ ကုန္သြယ္မႈလမ္းေၾကာင္းမ်ားႏွင့္ စြမ္းအင္ပူးေပါင္းေဆာင္႐ြက္မႈမ်ားတြင္ ပူးတြဲပေရာဂ်က္မ်ားကို အဓိကထား ေဆြးေႏြးခဲ့ၾကေၾကာင္း သတင္းရင္းျမစ္မ်ား၏ ေျပာၾကားခ်က္အရ သိရသည္။
အာတိတ္ေဒသ ပူးေပါင္းေဆာင္႐ြက္မႈကို ၎၏အဓိကစီးပြားေရးၿပိဳင္ဘက္ျဖစ္ေသာ တ႐ုတ္ႏွင့္ ႐ုရွားၾကား ကြဲထြက္မႈမ်ားျဖစ္ေပၚေစရန္ အလားအလာရွိေသာ နည္းလမ္းတစ္ခုအျဖစ္ အေမရိကန္က ရႈျမင္ထားေၾကာင္း သတင္းရင္းျမစ္တစ္ခုက Bloomberg သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း အဆိုပါရလဒ္သည္ ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံၾကား နက္ရႈိင္းေသာ စီးပြားေရးအရ ဆက္ဆံေရးကို ေပးစြမ္းႏိုင္ဖြယ္မရွိေၾကာင္း ယင္းသတင္းရင္းျမစ္က ဝန္ခံခဲ့သည္။
အဆိုပါအစီရင္ခံစာမ်ားႏွင့္ပတ္သက္ၿပီး အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီ သို႔မဟုတ္ ႐ုရွားအစိုးရတို႔က လက္ရွိအခ်ိန္အထိ မွတ္ခ်က္ျပဳ ေျပာဆိုျခင္းမ်ိဳး မရွိေၾကာင္းလည္းသိရသည္။ ၿပီးခဲ့သည့္သီတင္းပတ္က ေဆာ္ဒီ အာေရးဗ်ႏိုင္ငံတြင္ လုပ္ေဆာင္ခဲ့ေသာ ေဆြးေႏြးပြဲမ်ားအၿပီး ႐ုရွား၏ ႏိုင္ငံ တကာအထူးစီးပြားေရး သံတမန္ျဖစ္ သည့္ ကီေရးဒီမီထရိဗ္က အေမရိကန္ႏွင့္ ႐ုရွားတို႔သည္ အာတိတ္ေဒသကို ပူးေပါင္းေဆာင္႐ြက္မႈအတြက္ အလား အလာရွိေသာေဒသတစ္ခုအျဖစ္ အတိအက် ေဆြးေႏြးခဲ့ေၾကာင္း အတည္ျပဳေျပာဆိုခဲ့သည္။