တောင်ကိုရီးယားလေယာဉ်တွေမှာ မတ်လ ၁ ရက်နေ့ကစ Power bank တွေကို ခရီးဆောင်အိတ်ထဲ သယ်ဆောင်ခွင့်မပြု

515

ရောင်နီ(NP News) - မတ်လ ၂
တောင်ကိုရီးယားနိုင်ငံ၊ လေကြောင်းခရီးစဉ်တွေမှာ မတ် ၁ ရက်ကစ ဘတ္ထရီနဲ့ အားသွင်းကိရိယာတွေကို ခရီးဆောင်အိတ်တွေထဲ ထည့်သယ်ဆောင်ခြင်းထက် လက်ကိုင်အိတ်တွေမှာ ပြောင်းရွှေသယ်ဆောင်ကြဖို့ မြေယာ၊ အခြေခံအဆောက်အအုံနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီစည်းမျည်းစည်းကမ်းဟာ ဇန်နဝါရီလ ၂၈ ရက်က ဂင်ဟေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ power bank ကြောင့် အဲယားဘူဆန်လေယာဉ်တစ်စင်း မီးလောင်မှုဖြစ်ခဲ့ပြီးနောက် အသစ်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
စည်းမျဉ်းအသစ်အရ power bank နဲ့ အားသွင်းကိရိယာအပြင် အီးစီးကရက်တွေကို လက်ကိုင်အိတ်တွေနဲ့ ဆက်လက် သယ်ဆောင်ဖို့ ခွင့်ပြုထားပေမယ့် ခရီးဆောင်အိတ် luggage တွေမှာ သယ်ဆောင်ခြင်းကိုတော့ တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ ဒါအပြင် ပါဝါဘဏ် Watt အားကိုလည်း ခရီးသည်တစ်ဦးကို အများဆုံး 100 watt-hour (Wh) အထိသာ သယ်ဆောင်နိုင်မှာဖြစ်ပြီး 160Wh အထက်ရှိ ဘက်ထရီတွေကိုတော့ လေယာဉ်ပေါ်သယ်ဆောင်ခြင်းမှ လုံးဝ တားမြစ်မယ်လို့ သိရပါတယ်။
စံကန့်သတ်ချက်ထက်ကျော်လွန်တဲ့ power bank တွေ သယ်ဆောင်လာရင် ခရီးသည်များအနေနဲ့ လေကြောင်းလိုင်း check-in ကောင်တာတွေမှာ အတည်ပြုချက် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖြတ်သန်းရမယ်လို့ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားေလယာဥ္ေတြမွာ မတ္လ ၁ ရက္ေန႔ကစ Power bank ေတြကို ခရီးေဆာင္အိတ္ထဲ သယ္ေဆာင္ခြင့္မျပဳ
ေရာင္နီ(NP News) - မတ္လ ၂
ေတာင္ကိုရီးယားႏိုင္ငံ၊ ေလေၾကာင္းခရီးစဥ္ေတြမွာ မတ္ ၁ ရက္ကစ ဘတၳရီနဲ႔ အားသြင္းကိရိယာေတြကို ခရီးေဆာင္အိတ္ေတြထဲ ထည့္သယ္ေဆာင္ျခင္းထက္ လက္ကိုင္အိတ္ေတြမွာ ေျပာင္းေ႐ႊသယ္ေဆာင္ၾကဖို႔ ေျမယာ၊ အေျခခံအေဆာက္အအုံနဲ႔ ပို႔ေဆာင္ေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၂၈ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။
ဒီစည္းမ်ည္းစည္းကမ္းဟာ ဇန္နဝါရီလ ၂၈ ရက္က ဂင္ေဟးအျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ power bank ေၾကာင့္ အဲယားဘူဆန္ေလယာဥ္တစ္စင္း မီးေလာင္မႈျဖစ္ခဲ့ၿပီးေနာက္ အသစ္ထြက္ေပၚလာျခင္းျဖစ္ပါတယ္။
စည္းမ်ဥ္းအသစ္အရ power bank နဲ႔ အားသြင္းကိရိယာအျပင္ အီးစီးကရက္ေတြကို လက္ကိုင္အိတ္ေတြနဲ႔ ဆက္လက္ သယ္ေဆာင္ဖို႔ ခြင့္ျပဳထားေပမယ့္ ခရီးေဆာင္အိတ္ luggage ေတြမွာ သယ္ေဆာင္ျခင္းကိုေတာ့ တင္းတင္းၾကပ္ၾကပ္တားျမစ္ထားပါတယ္။ ဒါအျပင္ ပါဝါဘဏ္ Watt အားကိုလည္း ခရီးသည္တစ္ဦးကို အမ်ားဆုံး 100 watt-hour (Wh) အထိသာ သယ္ေဆာင္ႏိုင္မွာျဖစ္ၿပီး 160Wh အထက္ရွိ ဘက္ထရီေတြကိုေတာ့ ေလယာဥ္ေပၚသယ္ေဆာင္ျခင္းမွ လုံးဝ တားျမစ္မယ္လို႔ သိရပါတယ္။
စံကန႔္သတ္ခ်က္ထက္ေက်ာ္လြန္တဲ့ power bank ေတြ သယ္ေဆာင္လာရင္ ခရီးသည္မ်ားအေနနဲ႔ ေလေၾကာင္းလိုင္း check-in ေကာင္တာေတြမွာ အတည္ျပဳခ်က္ လုပ္ငန္းစဥ္ အဆင့္ဆင့္ကို ျဖတ္သန္းရမယ္လို႔ သိရပါတယ္။