USAID အတွက် ခွင့်ပြုငွေထဲမှ (၉၀)ရာခိုင်နှုန်းကို အမေရိကန်အစိုးရက ပြန်လည်လျှော့ချဖြတ်တောက်မည်

206

Pika (NP News) - မတ် ၂
သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့သည် လက်ရှိအချိန်တွင် အမေရိကန်အစိုးရအဖွဲ့၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (USAID) ကို ခွင့်ပြုထားသည့်ငွေကြေးများအနက်မှ (၉၀)ရာခိုင်နှုန်းအထိ လျှော့ချဖြတ်တောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် USAID မှ နိုင်ငံတကာအကူအညီပေးမှုအဖြစ် ကူညီပေးနေသည့် ခွင့်ပြုသုံးစွဲငွေများအနက် မှ အမေရိကန်ဒေါ်လာ (၆၀)ဘီလျံကျော်ကို လျှော့ချမည်ဖြစ်ကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်သမ္မတ အဖြစ် တာဝန်ယူပြီး နောက်ပိုင်း အမေရိကန်နိုင်ငံ၏ ပြည်ပနိုင်ငံများ အကူအညီပေးနေခြင်းများကို ပြန်လည်သုံးသပ်ရန် အတွက် သုံးလကြာဆိုင်းငံ့ခဲ့ကြောင်းသိရသည်။ အမေရိကန်သမ္မတအသစ်သည် အမေရိကန်နိုင်ငံကို “America first’’ ဖြစ်ရမည်ဆိုသော ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော်မည်ဖြစ်ရာ ပြည်ပနိုင်ငံများသို့ အကူအညီ ပေးခြင်းများကို လျှော့ချခြင်း၊ ဆိုင်းငံ့ခြင်းများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
လက်ရှိအချိန်တွင် USAID နှင့် စာချုပ်ချုပ်ဆိုထားသော NGOs အဖွဲ့များနှင့် လူမှုရေးအဖွဲ့အစည်းများသည် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အမေရိကန်အစိုးရကို တရားစွဲရန်စီစဉ်နေကြောင်း သိရသည်။ USAID နှင့် စာချုပ်ချုပ်ဆို ထားသော NGOs အဖွဲ့များနှင့် လူမှုရေးအဖွဲ့အစည်းများသည် ခွင့်ပြုထားသည့် ရန်ပုံငွေများကို ထုတ်သုံးခွင့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။
အမေရိကန်အစိုးရသည် လက်ရှိအချိန်တွင် USAID နှင့် စာချုပ်ချုပ်ဆိုထားသော စာချုပ်များမှ (၉၀)ရာခိုင်နှုန်းကို ပြန်လည်လျှော့ချခြင်း၊ ရုတ်သိမ်းခြင်းများ လုပ်ဆောင်ထားကြောင်း သိရသည်။ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီး နောက် ကမ္ဘာကျော်ဘီလျံနာ အီလွန်မက်စ်ကို အမေရိကန်အစိုးရ၏ အသုံးစရိတ်နှင့် စွမ်းဆောင်ရည်ပိုင်းကို အကဲဖြတ်မည့်ဌာနအကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပြီး အမေရိကန်အစိုးရ၏ စွမ်းဆောင်ရည်ပိုင်းကို လေ့လာ စောင့်ကြည့်စေခဲ့ကြောင်း သိရ သည်။
အီလွန်မက်စ် ဦးဆောင်သော အမေရိကန်အစိုးရ၏ စွမ်းဆောင်ရည်အကဲဖြတ်မှုအဖွဲ့သည် USAID အဖွဲ့နှင့် အငြင်းပွားမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ အီလွန်မတ်က USAID အဖွဲ့သည် အမေရိကန်ပြည်သူများ၏ အခွန်ငွေများကို အလွဲသုံးစားလုပ်ဆောင်နေသကဲ့သို့ အကျင့်ပျက်လာဘ်စားမှုများ လုပ်ဆောင်နေကြောင်း မကြာသေးမီက ဝေဖန်ခဲ့သည်။

Zawgyi Version:
USAID အတြက္ ခြင့္ျပဳေငြထဲမွ (၉၀)ရာခိုင္ႏႈန္းကို အေမရိကန္အစိုးရက ျပန္လည္ေလွ်ာ့ခ်ျဖတ္ေတာက္မည္
Pika (NP News) - မတ္ ၂
သမၼတေဒၚနယ္ထရမ့္ ဦးေဆာင္ေသာ အေမရိကန္အစိုးရအဖြဲ႕သည္ လက္ရွိအခ်ိန္တြင္ အေမရိကန္အစိုးရအဖြဲ႕၏ ႏိုင္ငံတကာဖြံ႕ၿဖိဳးတိုးတက္ေရးဌာန (USAID) ကို ခြင့္ျပဳထားသည့္ေငြေၾကးမ်ားအနက္မွ (၉၀)ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ျဖတ္ေတာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အေမရိကန္အစိုးရသည္ USAID မွ ႏိုင္ငံတကာအကူအညီေပးမႈအျဖစ္ ကူညီေပးေနသည့္ ခြင့္ျပဳသုံးစြဲေငြမ်ားအနက္ မွ အေမရိကန္ေဒၚလာ (၆၀)ဘီလ်ံေက်ာ္ကို ေလွ်ာ့ခ်မည္ျဖစ္ေၾကာင္းသိရသည္။ ေဒၚနယ္ထရမ့္သမၼတ အျဖစ္ တာဝန္ယူၿပီး ေနာက္ပိုင္း အေမရိကန္ႏိုင္ငံ၏ ျပည္ပႏိုင္ငံမ်ား အကူအညီေပးေနျခင္းမ်ားကို ျပန္လည္သုံးသပ္ရန္ အတြက္ သုံးလၾကာဆိုင္းငံ့ခဲ့ေၾကာင္းသိရသည္။ အေမရိကန္သမၼတအသစ္သည္ အေမရိကန္ႏိုင္ငံကို “America first’’ ျဖစ္ရမည္ဆိုေသာ ရည္မွန္းခ်က္မ်ားအတိုင္း အေကာင္အထည္ေဖာ္မည္ျဖစ္ရာ ျပည္ပႏိုင္ငံမ်ားသို႔ အကူအညီ ေပးျခင္းမ်ားကို ေလွ်ာ့ခ်ျခင္း၊ ဆိုင္းငံ့ျခင္းမ်ား လုပ္ေဆာင္ရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ USAID ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုထားေသာ NGOs အဖြဲ႕မ်ားႏွင့္ လူမႈေရးအဖြဲ႕အစည္းမ်ားသည္ သမၼတ ေဒၚနယ္ထရမ့္ႏွင့္ အေမရိကန္အစိုးရကို တရားစြဲရန္စီစဥ္ေနေၾကာင္း သိရသည္။ USAID ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆို ထားေသာ NGOs အဖြဲ႕မ်ားႏွင့္ လူမႈေရးအဖြဲ႕အစည္းမ်ားသည္ ခြင့္ျပဳထားသည့္ ရန္ပုံေငြမ်ားကို ထုတ္သုံးခြင့္ေပးရန္ ေတာင္းဆိုထားေၾကာင္း သိရသည္။
အေမရိကန္အစိုးရသည္ လက္ရွိအခ်ိန္တြင္ USAID ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္မ်ားမွ (၉၀)ရာခိုင္ႏႈန္းကို ျပန္လည္ေလွ်ာ့ခ်ျခင္း၊ ႐ုတ္သိမ္းျခင္းမ်ား လုပ္ေဆာင္ထားေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္ သမၼတျဖစ္လာခဲ့ၿပီး ေနာက္ ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မက္စ္ကို အေမရိကန္အစိုးရ၏ အသုံးစရိတ္ႏွင့္ စြမ္းေဆာင္ရည္ပိုင္းကို အကဲျဖတ္မည့္ဌာနအႀကီးအကဲအျဖစ္ ခန႔္အပ္ခဲ့ၿပီး အေမရိကန္အစိုးရ၏ စြမ္းေဆာင္ရည္ပိုင္းကို ေလ့လာ ေစာင့္ၾကည့္ေစခဲ့ေၾကာင္း သိရ သည္။
အီလြန္မက္စ္ ဦးေဆာင္ေသာ အေမရိကန္အစိုးရ၏ စြမ္းေဆာင္ရည္အကဲျဖတ္မႈအဖြဲ႕သည္ USAID အဖြဲ႕ႏွင့္ အျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ အီလြန္မတ္က USAID အဖြဲ႕သည္ အေမရိကန္ျပည္သူမ်ား၏ အခြန္ေငြမ်ားကို အလြဲသုံးစားလုပ္ေဆာင္ေနသကဲ့သို႔ အက်င့္ပ်က္လာဘ္စားမႈမ်ား လုပ္ေဆာင္ေနေၾကာင္း မၾကာေသးမီက ေဝဖန္ခဲ့သည္။